သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္နီးခ်င္းသုံးႏိုင္ငံက အလုပ္သမား ၈၀,၀၀၀ ေက်ာ္ ေခၚယူဖို႔ ထိုင္းစီစဥ္


ထုိင္းႏုိင္ငံ ဖူးခက္မွာ ကိုဗစ္ကာကြယ္ေဆး အထိုးခံေနတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတဦး။ (ဇြန္ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံအတြင္း တရားမဝင္လုပ္သားေတြ ဝင္ေရာက္မႈ ေလ်ာ့နည္းေအာင္ ေရႊ႕ေျပာင္းအလုပ္သမားေတြကို ႏွစ္ႏိုင္ငံ သေဘာတူမႈစာခၽြန္လႊာ (MOU) လက္မွတ္ထိုးၿပီး အလုပ္သမား ၈၀,၀၀၀ ေလာက္ကုိ ပထမဦးဆံုးအသုတ္နဲ႔ ေခၚယူဖုိ႔ စီစဥ္ေနပါတယ္။ ျမန္မာ၊ လာအို၊ ကေမၻာဒီးယား ၃ ႏိုင္ငံက အလုပ္သမားေတြကုိ ၂၀၂၂ ခုႏွစ္ဆန္းပိုင္းမွာ စတင္ေခၚယူသြားမယ္လို႔ ထိုင္းအလုပ္သမားဝန္ႀကီးက ေျပာဆိုခဲ့ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ ေမအးေအးမာ တင္ျပေပးထားပါတယ္။

ကိုဗစ္ကပ္ေဘးေၾကာင့္ အိမ္နီးခ်င္းနယ္စပ္ေတြကို ပိတ္ထားတဲ့ ထိုင္းႏုိင္ငံက ၂၀၂၂ ခုႏွစ္ ႏွစ္စပိုင္းမွာ ျပန္ဖြင့္ဖုိ႔ ထုိင္းအစိုးရက ရည္မွန္းထားပါတယ္။ နယ္စပ္ေတြ ျပန္ဖြင့္ၿပီးရင္ ႏုိင္ငံအတြင္း အလုပ္သမား လုိအပ္ခ်က္ကို ျဖည့္ႏိုင္ဖုိ႔ MOU နားလည္မႈ စာခၽြန္လႊာနဲ႔ ျမန္မာ၊ လာအို၊ ကေမၻာဒီးယား စတဲ့ ၃ ႏိုင္ငံက ေရႊ႕ေျပာင္းအလုပ္သမားေတြကို ေခၚယူသြားမယ္လုိ႔ ထုိင္းအလုပ္သမားဝန္ႀကီးက ေျပာပါတယ္။ ပထမအသုတ္အေနနဲ႔ အလုပ္သမား ၈၀,၀၀၀ ေခၚယူသြားမယ့္ အစီအစဥ္နဲ႔ ပတ္သက္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမုိးႀကိဳးက အခုလုိေျပာပါတယ္။

“ထိုင္းအလုပ္သမားဝန္ႀကီး Mr Suchart Chomklin ေခါင္းေဆာင္တဲ့ အထူးအစည္းအေဝး လုပ္တယ္။ ထိုင္းလုပ္ငန္းရွင္ေတြက ေတာင္းဆိုခ်က္ေပါ့။ ကၽြမ္းက်င္လုပ္သား ရွားပါးမႈကို ထုိင္းႏုိင္ငံက ခံေနရတယ္။ ကိုဗစ္ကာလကလည္း ၁၉ လရွိလာၿပီ။ ကၽြမ္းက်င္လုပ္သား ရွားပါးမႈျပႆနာကို အလွ်င္အျမန္ ျဖည့္တင္းဖို႔ လိုအပ္လာၿပီ ဆိုတာကို ထုိင္းအစိုးရက သေဘာေပါက္ေတာ့ လုပ္ငန္းရွင္ေတြနဲ႔ ညိႇႏႈိင္းေဆြးေႏြးၿပီးေတာ့ လာမယ့္ဒီဇင္ဘာလ ေနာက္ဆံုးပတ္မွာ ပထမဆံုး ျမန္မာႏုိင္ငံက အလုပ္အကုိင္ ရွာေဖြေရးေအဂ်င္စီ ၄ ခုနဲ႔ စတင္ေဆြးေႏြးမယ္။ ၂၀၂၂ လာမယ့္ႏွစ္ဆန္းပိုင္းေတြမွာ အျခားျခားေသာ ေအဂ်င္စီေတြနဲ႔ ေဆြးေႏြးၿပိီးေတာ့ ျမန္မာ၊ လာအို၊ ကေမၻာဒီးယား အလုပ္သမား ပထမဆံုး ၈၀,၀၀၀ သြင္းမယ္။ ေနာက္ဆံုးအလုပ္သမား ၄၀၀,၀၀၀ ထိျပည့္ေအာင္ ၃ ႏုိင္ငံက အလုပ္သမားေတြ သြင္းသြားမယ္။ ထုိင္းအစိုးရရဲ႕ ရည္မွန္းခ်က္ေပါ့။”

MOU နဲ႔ လုပ္သားေခၚယူေရးအတြက္ ထိုင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဌာနက အတည္ျပဳထားေၾကာင္း ထိုင္းအလုပ္သမားဝန္ႀကီးက ေျပာဆုိခဲ့ပါတယ္။ ေရႊ႕ေျပာင္းအလုပ္သမား ေခၚယူမႈမွာေတာ့ ကိုဗစ္ကာကြယ္ေဆး ထုိးႏွံၿပီးစီးမႈအေပၚမွာ မူတည္ၿပီးေတာ့ ေခၚယူဖို႔ ထုိင္းႏုိင္ငံဘက္က ရည္ရြယ္ထားပါတယ္။ ထိုင္းႏုိင္ငံ တာ့ခ္ျပည္နယ္ထဲက စီးပြားေရးဇုန္ေတြမွာ လုပ္သားလိုအပ္ခ်က္ေတြ ရိွတဲ့အတြက္ ေခၚယူဖို႔အတြက္ စဥ္းစားခဲ့ၾကေပမယ့္ ကုိဗစ္ကပ္ေဘးေၾကာင့္ တရားဝင္ MOU ႏွစ္ႏုိင္ငံသေဘာတူမႈနဲ႔သာ ေခၚယူသြားဖို႔ ဆုံးျဖတ္ၾကတာေတြရွိေၾကာင္း ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတုိးတက္ေရးအဖြဲ႔က အလုပ္သမားေရးရာတာဝန္ခံ ဦးမင္းဦးက အခုလို ေျပာပါတယ္။

“မဲေဆာက္မွာ အထူးစီးပြားဇုန္ဆိုတာ ရွိတယ္။ SEZ ေတြမွာ ထုိင္းနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံလံုးမွာ အရင္အစိုးရလက္ထက္မွာ စီမံကိန္းဆဲြထားတာ SEZ မွာ အလုပ္သမားေတြ လာလုပ္ဖို႔ လုပ္ထားတာ။ ကိုဗစ္ျဖစ္သြားေတာ့ ျပႆနာတက္ကုန္ေရာ။ နယ္စပ္ကုန္သြယ္ေရး စီးပြားေရးေတြက်ေတာ့ လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းကေပါ့ ဒီကိစၥနဲ႔ပတ္သက္လို႔ နယ္စပ္ဖြင့္မယ္၊ အလုပ္သမားေတြကို အခြင့္အလမ္းေပးမယ္၊ အထူးသျဖင့္ ေရႊ႕ေျပာင္းလုပ္သားေတြကိုေပါ့၊ SEZ စပါယ္ရွယ္စီးပြားဇုန္မွာ အလုပ္ေပးမယ္ေပါ့။ စီမံကိန္းနဲ႔ပတ္သက္တဲ့ ဒါ႐ုိက္တာေတြ သက္ဆုိင္ရာ အစိုးရတာဝန္ရွိသူေတြ နယ္ေျမမွာ ဆင္းစစ္တယ္။ ဒါေပမယ့္ အဲဒါဖြင့္မယ္ဆုိရင္ စိန္ေခၚမႈက ျပႆနာက ကိုဗစ္ကိစၥ ဘယ္လိုထိန္းခ်ဳပ္မလဲေပါ့။ တရားမဝင္ ျပႆနာကို ဘယ္လိုရွင္းမလဲဆိုတာ အဲဒါေၾကာင့္ တရားဝင္အေနနဲ႔ လက္ခံၾကမယ္။ အေရာင္ ၃ ေရာင္ခဲြလိုက္မယ္။ ေဆး ၂ လံုးထိုးၿပီးသားက အစိမ္းေရာင္၊ ဒါကေတာ့ ဦးစားေပးနံပါတ္ ၁ ေပါ့။”

ပထမဆံုးအေနနဲ႔ ေခၚယူမယ့္ လုပ္သားေတြဟာ ကာကြယ္ေဆး ၂ ႀကိမ္ ထုိးႏွံၿပီးသား ျဖစ္ရမယ့္အျပင္ ကာကြယ္ေဆးထိုးၿပီး ၁ လျပည့္ၿပီးသား အလုပ္မားေတြ ျဖစ္ရမယ္လို႔ ေျပာပါတယ္။ အဲဒီအုပ္စုကိုေတာ့ အစိမ္းေရာင္အုပ္စုအျဖစ္ သတ္မွတ္ထားပါတယ္။

ဒုတိယအုပ္စုကေတာ့ ကာကြယ္ေဆး ၂ လံုး ထိုးႏွံထားၿပီးေပမယ့္ ေဆးထိုးၿပီးတာ တလမၾကာေသးတဲ့ လုပ္သားမ်ား ျဖစ္ပါတယ္။ သူတို႔ကိုေတာ့ ဒုတိယဦးစားေပး အဝါေရာင္အုပ္စုအျဖစ္ သတ္မွတ္ထားပါတယ္။

တတိယအုပ္စုကေတာ့ ကာကြယ္ေဆး တႀကိမ္ထိုးၿပီးသားနဲ႔ ကာကြယ္ေဆး မထိုးႏွံရေသးတဲ့ အုပ္စုျဖစ္ၿပီး သူတုိ႔ကိုေတာ့ အနီေရာင္အုပ္စုအျဖစ္ သတ္မွတ္ထားပါတယ္။ နယ္စပ္ဂိတ္ေတြ ဖြင့္တဲ့အခါမွာေတာ့ ပထမဦးစားေပး အုပ္စုကို စတင္ေခၚယူသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ထိုင္းႏုိင္ငံမွာ တရားဝင္ေရာ တရားမဝင္ပါ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္းရွိၿပီး တရားမဝင္ ေနထုိင္ေနသူ သိန္းနဲ႔ခ်ီ ရွိေနပါတယ္။ ဒီလပိုင္းေတြ အတြင္းမွာလည္း ထိုင္း-ျမန္မာ နယ္စပ္လမ္းေတြကေန ျမန္မာႏုိင္ငံသားေတြဟာ အလုပ္အကုိင္ရွာေဖြဖို႔ ေန႔စဥ္ ရာနဲ႔ခ်ီ အစုလိုက္အၿပံဳလိုက္ တရားမဝင္ နည္းလမ္းေတြနဲ႔ ဝင္လာေနၾကပါတယ္။ ဒါေၾကာင့္ ၁၀ လအတြင္း အေထာက္အထားမဲ့ ေရႊ႕ေျပာင္းအလုပ္သမား ၃၀,၀၀၀ ေက်ာ္ ဖမ္းမိတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာဆုိထားပါတယ္။ ဒီအတြက္ တရားမဝင္ ဝင္လာသူေတြကို ေလွ်ာ့ခ်ႏိုင္ဖုိ႔ ႏွစ္ႏုိ္င္ငံသေဘာတူခ်က္ MOU နဲ႔ တရားဝင္ အလုပ္သမားေတြ ေခၚယူႏိုင္ေအာင္ ထုိင္းအစိုးရက စီစဥ္ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အိမ်နီးချင်းသုံးနိုင်ငံက အလုပ်သမား ၈၀,၀၀၀ ကျော် ခေါ်ယူဖို့ ထိုင်းစီစဉ်

ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သားတွေ ဝင်ရောက်မှု လျော့နည်းအောင် ရွှေ့ပြောင်းအလုပ်သမားတွေကို နှစ်နိုင်ငံ သဘောတူမှုစာချွန်လွှာ (MOU) လက်မှတ်ထိုးပြီး အလုပ်သမား ၈၀,၀၀၀ လောက်ကို ပထမဦးဆုံးအသုတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံက အလုပ်သမားတွေကို ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာ စတင်ခေါ်ယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေအးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် အိမ်နီးချင်းနယ်စပ်တွေကို ပိတ်ထားတဲ့ ထိုင်းနိုင်ငံက ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ ပြန်ဖွင့်ဖို့ ထိုင်းအစိုးရက ရည်မှန်းထားပါတယ်။ နယ်စပ်တွေ ပြန်ဖွင့်ပြီးရင် နိုင်ငံအတွင်း အလုပ်သမား လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ MOU နားလည်မှု စာချွန်လွှာနဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။ ပထမအသုတ်အနေနဲ့ အလုပ်သမား ၈၀,၀၀၀ ခေါ်ယူသွားမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းအလုပ်သမားဝန်ကြီး Mr Suchart Chomklin ခေါင်းဆောင်တဲ့ အထူးအစည်းအဝေး လုပ်တယ်။ ထိုင်းလုပ်ငန်းရှင်တွေက တောင်းဆိုချက်ပေါ့။ ကျွမ်းကျင်လုပ်သား ရှားပါးမှုကို ထိုင်းနိုင်ငံက ခံနေရတယ်။ ကိုဗစ်ကာလကလည်း ၁၉ လရှိလာပြီ။ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာကို အလျှင်အမြန် ဖြည့်တင်းဖို့ လိုအပ်လာပြီ ဆိုတာကို ထိုင်းအစိုးရက သဘောပေါက်တော့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ လာမယ့်ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ပထမဆုံး မြန်မာနိုင်ငံက အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၄ ခုနဲ့ စတင်ဆွေးနွေးမယ်။ ၂၀၂၂ လာမယ့်နှစ်ဆန်းပိုင်းတွေမှာ အခြားခြားသော အေဂျင်စီတွေနဲ့ ဆွေးနွေးပြီးတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမား ပထမဆုံး ၈၀,၀၀၀ သွင်းမယ်။ နောက်ဆုံးအလုပ်သမား ၄၀၀,၀၀၀ ထိပြည့်အောင် ၃ နိုင်ငံက အလုပ်သမားတွေ သွင်းသွားမယ်။ ထိုင်းအစိုးရရဲ့ ရည်မှန်းချက်ပေါ့။”

MOU နဲ့ လုပ်သားခေါ်ယူရေးအတွက် ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးဌာနက အတည်ပြုထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူမှုမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအပေါ်မှာ မူတည်ပြီးတော့ ခေါ်ယူဖို့ ထိုင်းနိုင်ငံဘက်က ရည်ရွယ်ထားပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ထဲက စီးပွားရေးဇုန်တွေမှာ လုပ်သားလိုအပ်ချက်တွေ ရှိတဲ့အတွက် ခေါ်ယူဖို့အတွက် စဉ်းစားခဲ့ကြပေမယ့် ကိုဗစ်ကပ်ဘေးကြောင့် တရားဝင် MOU နှစ်နိုင်ငံသဘောတူမှုနဲ့သာ ခေါ်ယူသွားဖို့ ဆုံးဖြတ်ကြတာတွေရှိကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလို ပြောပါတယ်။

“မဲဆောက်မှာ အထူးစီးပွားဇုန်ဆိုတာ ရှိတယ်။ SEZ တွေမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးမှာ အရင်အစိုးရလက်ထက်မှာ စီမံကိန်းဆွဲထားတာ SEZ မှာ အလုပ်သမားတွေ လာလုပ်ဖို့ လုပ်ထားတာ။ ကိုဗစ်ဖြစ်သွားတော့ ပြဿနာတက်ကုန်ရော။ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးတွေကျတော့ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကပေါ့ ဒီကိစ္စနဲ့ပတ်သက်လို့ နယ်စပ်ဖွင့်မယ်၊ အလုပ်သမားတွေကို အခွင့်အလမ်းပေးမယ်၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေကိုပေါ့၊ SEZ စပါယ်ရှယ်စီးပွားဇုန်မှာ အလုပ်ပေးမယ်ပေါ့။ စီမံကိန်းနဲ့ပတ်သက်တဲ့ ဒါရိုက်တာတွေ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ နယ်မြေမှာ ဆင်းစစ်တယ်။ ဒါပေမယ့် အဲဒါဖွင့်မယ်ဆိုရင် စိန်ခေါ်မှုက ပြဿနာက ကိုဗစ်ကိစ္စ ဘယ်လိုထိန်းချုပ်မလဲပေါ့။ တရားမဝင် ပြဿနာကို ဘယ်လိုရှင်းမလဲဆိုတာ အဲဒါကြောင့် တရားဝင်အနေနဲ့ လက်ခံကြမယ်။ အရောင် ၃ ရောင်ခွဲလိုက်မယ်။ ဆေး ၂ လုံးထိုးပြီးသားက အစိမ်းရောင်၊ ဒါကတော့ ဦးစားပေးနံပါတ် ၁ ပေါ့။”

ပထမဆုံးအနေနဲ့ ခေါ်ယူမယ့် လုပ်သားတွေဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသား ဖြစ်ရမယ့်အပြင် ကာကွယ်ဆေးထိုးပြီး ၁ လပြည့်ပြီးသား အလုပ်မားတွေ ဖြစ်ရမယ်လို့ ပြောပါတယ်။ အဲဒီအုပ်စုကိုတော့ အစိမ်းရောင်အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။

ဒုတိယအုပ်စုကတော့ ကာကွယ်ဆေး ၂ လုံး ထိုးနှံထားပြီးပေမယ့် ဆေးထိုးပြီးတာ တလမကြာသေးတဲ့ လုပ်သားများ ဖြစ်ပါတယ်။ သူတို့ကိုတော့ ဒုတိယဦးစားပေး အဝါရောင်အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။

တတိယအုပ်စုကတော့ ကာကွယ်ဆေး တကြိမ်ထိုးပြီးသားနဲ့ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ အုပ်စုဖြစ်ပြီး သူတို့ကိုတော့ အနီရောင်အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။ နယ်စပ်ဂိတ်တွေ ဖွင့်တဲ့အခါမှာတော့ ပထမဦးစားပေး အုပ်စုကို စတင်ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ မြန်မာအလုပ်သမား ၃ သန်းထက်မနည်းရှိပြီး တရားမဝင် နေထိုင်နေသူ သိန်းနဲ့ချီ ရှိနေပါတယ်။ ဒီလပိုင်းတွေ အတွင်းမှာလည်း ထိုင်း-မြန်မာ နယ်စပ်လမ်းတွေကနေ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်ရှာဖွေဖို့ နေ့စဉ် ရာနဲ့ချီ အစုလိုက်အပြုံလိုက် တရားမဝင် နည်းလမ်းတွေနဲ့ ဝင်လာနေကြပါတယ်။ ဒါကြောင့် ၁၀ လအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀,၀၀၀ ကျော် ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။ ဒီအတွက် တရားမဝင် ဝင်လာသူတွေကို လျှော့ချနိုင်ဖို့ နှစ်နိုင်ငံသဘောတူချက် MOU နဲ့ တရားဝင် အလုပ်သမားတွေ ခေါ်ယူနိုင်အောင် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG