သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းရိုင္မွာ ျမန္မာေရႊ႕ေျပာင္းလုပ္သား ၃,၀၀၀ ေက်ာ္ ကိုဗစ္ကာကြယ္ေဆးထိုးၿပီး


ခ်င္းရိုင္ျပည္နယ္ထဲမွာ ကာကြယ္ေဆးထိုးဖို့ ေစာင့္ဆုိင္းေနၾကတဲ့ ေရႊေျပာင္းအလုပ္သမားမ်ား ၅-၁၀-၂၁ ( CJ)

{Zawgyi/Unicode}

ထိုင္းႏုိင္ငံ၊ ခ်င္း႐ိုင္ျပည္နယ္အတြင္းက ေ႐ႊ႕ေျပာင္းလုပ္သား ၃,၀၀၀ ေက်ာ္ကို မယ္ဆိုင္ျမိဳ႕နယ္အတြင္းမွာ ေအာက္တိုဘာလ ၄ ရက္ေန႔ကစျပီး ၃ ရက္ၾကာ ကုိဗစ္ကာကြယ္ေဆးထိုးေပးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက ေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္း႐ိုင္ျပည္နယ္၊ မယ္ဆိုင္ၿမိဳ႕နယ္ထဲမွာရွိတဲ့ ထုိင္းႏိုင္ငံသား အေထာက္အထား လက္မွတ္ကုိင္ေဆာင္ထားသူ ျမန္မာႏိုင္ငံသားေတြနဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ၃ ရက္ၾကာ ကာကြယ္ေဆးထိုးႏွံေပးရာမွာ ေရႊ႕ေျပာင္းအလုပ္သမားအမ်ားအျပား လာထိုးတာေၾကာင့္္ အေရးေပၚ ကုိဗစ္ေရာဂါရွိမရွိ စစ္ေဆးေပးတာေတြပါ လုပ္ခဲ့ရတယ္လို႔ ျမန္မာေရႊေျပာင္းအလုပ္သမား ေရး လုပ္ေဆာင္ေနတဲ့ AAC မဟာမိတ္အဖဲြ႔ ေျပာေရးဆုိခြင့္ရွိသူ ကိုရဲမင္းကေျပာပါတယ္။

"ဒီရက္ပုိင္းမွာ ထုိင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းရိုင္ခရိုင္၊ မယ္ဆိုင္ျမိဳ႕ပတ္ဝန္းက်င္က ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားေတြကို ၃ ရက္ႀကာ ကာကြယ္ေဆးထုိးေပးတဲ့ အစီအစဥ္လုပ္ပါတယ္။ အဲဒီမွာ ေအာက္ တုိဘာ ၄ ရက္ေန့က ၁,၂၀၀ ဦး၊ ေအာက္တုိဘာလ ၅ ရက္ေန့က ၁,၂၀၀၊ ေအာက္တိုဘာလ ၆ ရက္ ေန့ကေတာ့ ၇၀၀ ဦးထိုးေပးတယ္လို့ ထုိင္းဘက္က စာရင္းဇယားအရသိရပါတယ္။ ၃ ရက္ပဲထုိးတယ္ဆုိေတာ့ ေရႊေျပာင္းအလုပ္သမားေတြက လူအမ်ားႀကီး အလံုးအရင္းနဲ့ အုပ္စုလိုက္ လာထုိးၾကေတာ့ ထုိင္းအာဏာပိုင္ေတြက စနစ္တက်ျဖစ္ဖို့ တန္းစီိခိုင္းတာလုပ္ေပးရသလို လူေတြအမ်ားႀကီး လာထုိးေတာ့ ATK ကရိယာေတြနဲ့ ကိုဗစ္ ၁၉ စစ္ေဆးေပးတာေတြ ေန့ခ်င္းျပီး လုပ္ေပးတာေတြ ေတြ႔ရတယ္။"

အခုဆိုရင္ ထုိင္းႏိုင္ငံမွာရွိတဲ့လူဦးေရရဲ ့၃၀% ေက်ာ္ေလာက္ပဲ ကိုဗစ္ကာကြယ္ေဆးထိုးႏွံျပီးတာမို႔ ကာကြယ္ေဆးမထိုးရေသးတဲ့ထဲမွာ ျမန္မာေတြ အမ်ားႀကီးက်န္ေနပါေသးတယ္။ တရားဝင္ အေထာက္ အထားရွိသူေတြအေနနဲ႔ လူမႈဖူလံုေရးေၾကး ေပးသြင္းထားတယ္ဆုိရင္ အခမဲ့ ေဆးထိုးႏိုင္ေပမယ့္ စာရင္းေပးသြင္းထားသူမ်ားတဲ့အတြက္ အခုထိ မထုိးရေသးေၾကာင္း၊ သိန္းနဲ့ခ်ီတဲ့လူဦးေရကို ေစာင့္ရမွာျဖစ္ေႀကာင္း ခ်င္းရိုင္ျပည္နယ္ထဲက ေရႊ႕ေျပာင္းအလုပ္သမားတဦးက ေျပာပါတယ္။

"မထုိးရေသးဘူးရွင့္။ စာရင္းေပးထားတာ ၂ သိန္းေက်ာ္ထဲမွာ က်တယ္။ စာရင္းေပးထားတယ္။ ပကန္ဆန္ခြန္း (လူမႈဖူလံုေရးအာမခံေၾကး) ေပးသြင္းထားတဲ့ေနရာမွာ စာရင္းသြင္းထားတယ္ရွင့္။"

အခုဆိုရင္ တရားဝင္အေထာက္အထားရိွသူေတြေတာင္ စာရင္းေပးသြင္းျပီး ကာကြယ္ေဆးထိုးႏွံဖို့ အခက္အခဲရွိေနခ်ိန္မွာ တရားမဝင္ အေထာက္အထားမဲ့ေတြအတြက္ေတာ့ ကာကြယ္ေဆးရဖို့ ခက္ခဲေနဆဲပါ။ အေထာက္အထားမဲ့ေတြအတြက္လည္း ကာကြယ္ေဆးထိုးႏိုင္ဖို့ လုပ္ေဆာင္ေပးေစခ်င္တယ္လို့ ကိုရဲမင္းကေျပာပါတယ္။

"တျခားေသာ ေနထုိင္ခြင့္မျပည့္စံုသူေတြကို ထုိးေပးဖို့လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကိုဗစ္ ကပ္ေရာဂါက တရားဝင္ပဲျဖစ္ျဖစ္၊ တရားမဝင္သူပဲျဖစ္ျဖစ္ ဒီအစီစဥ္မွာ အားလံုးထုိးေပးေစခ်င္ပါတယ္။ လူသားခ်င္းစာနာေရးကိုၾကည့္ျပီး တိုက္တြန္းေတာင္းဆိုခ်င္ပါတယ္။ တရားဝင္သူေတြေကာ တရားမဝင္တဲ့ျမန္မာေတြအားလံုးကို က်ေနာ္တို့က ကာကြယ္ေဆး ထုိးေပးေစခ်င္ပါတယ္။ ေဆးမထုိးရေသးတဲ့ ေရႊ႕ေျပာင္းလုပ္သား ရာခိုင္ႏွံုးက ပုိမ်ားပါတယ္။ အဲဒီထဲမွာ ေနထုိင္ခြင့္ အေထာက္အထား မရွိသူေတြလည္းပါပါတယ္။"

ထိုင္းႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁,၆၆၇,၀၀၀ ေက်ာ္ရွိေနျပီး ေအာက္တုိဘာလ ၇ ရက္ေန့တေန့တည္း ကူးစက္လူနာက ၁၁,၀၀၀ ေက်ာ္ရွိပါတယ္။

ျပီးခဲ့တဲ့လေတြကေတာ့ ေသာင္းနဲ့ခ်ီ ကူးစက္မူေတြရွိတာေၾကာင့္ လက္ရိွမွာ ကူးစက္မႈ ေလ်ာ့က်သြားတယ္ဆုိေပမယ့္ သိသိသာသာႀကီး ေလ်ာ့က်တာမ်ိဳးေတာ့ မရွိေသးပါဘူး။ အခုခ်ိန္ထိဆိုရင္ ေသဆံုးသူေပါင္း ၁၇,၃၀၅ ေယာက္ရွိၿပီလို့ ထုိင္းက်န္းမာေရး၀န္ႀကီးဌာနက တရားဝင္ ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့လကစျပီး ၄ လအတြင္း တႏိုင္ငံလံုးအႏွံ႔ ကိုဗစ္ကာကြယ္ေဆးထိုးဖို့ ထိုင္းအစိုးရက ရည္မွန္းထားေပမယ့္ အခုခ်ိန္ထိေတာ့ ကာကြယ္ေဆးထုိးႏိုင္တဲ့ အေရအတြက္ နည္းေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

ချင်းရိုင်မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃,၀၀၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်အတွင်းက ရွှေ့ပြောင်းလုပ်သား ၃,၀၀၀ ကျော်ကို မယ်ဆိုင်မြို့နယ်အတွင်းမှာ အောက်တိုဘာလ ၄ ရက်နေ့ကစပြီး ၃ ရက်ကြာ ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့နယ်ထဲမှာရှိတဲ့ ထိုင်းနိုင်ငံသား အထောက်အထား လက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ၃ ရက်ကြာ ကာကွယ်ဆေးထိုးနှံပေးရာမှာ ရွှေ့ပြောင်းအလုပ်သမားအများအပြား လာထိုးတာကြောင့် အရေးပေါ် ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးပေးတာတွေပါ လုပ်ခဲ့ရတယ်လို့ မြန်မာရွှေပြောင်းအလုပ်သမား ရေး လုပ်ဆောင်နေတဲ့ AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကပြောပါတယ်။

"ဒီရက်ပိုင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ပတ်ဝန်းကျင်က ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို ၃ ရက်ကြာ ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်လုပ်ပါတယ်။ အဲဒီမှာ အောက် တိုဘာ ၄ ရက်နေ့က ၁,၂၀၀ ဦး၊ အောက်တိုဘာလ ၅ ရက်နေ့က ၁,၂၀၀၊ အောက်တိုဘာလ ၆ ရက် နေ့ကတော့ ၇၀၀ ဦးထိုးပေးတယ်လို့ ထိုင်းဘက်က စာရင်းဇယားအရသိရပါတယ်။ ၃ ရက်ပဲထိုးတယ်ဆိုတော့ ရွှေပြောင်းအလုပ်သမားတွေက လူအများကြီး အလုံးအရင်းနဲ့ အုပ်စုလိုက် လာထိုးကြတော့ ထိုင်းအာဏာပိုင်တွေက စနစ်တကျဖြစ်ဖို့ တန်းစီခိုင်းတာလုပ်ပေးရသလို လူတွေအများကြီး လာထိုးတော့ ATK ကရိယာတွေနဲ့ ကိုဗစ် ၁၉ စစ်ဆေးပေးတာတွေ နေ့ချင်းပြီး လုပ်ပေးတာတွေ တွေ့ရတယ်။"

အခုဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့လူဦးရေရဲ့၃၀% ကျော်လောက်ပဲ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးတာမို့ ကာကွယ်ဆေးမထိုးရသေးတဲ့ထဲမှာ မြန်မာတွေ အများကြီးကျန်နေပါသေးတယ်။ တရားဝင် အထောက် အထားရှိသူတွေအနေနဲ့ လူမှုဖူလုံရေးကြေး ပေးသွင်းထားတယ်ဆိုရင် အခမဲ့ ဆေးထိုးနိုင်ပေမယ့် စာရင်းပေးသွင်းထားသူများတဲ့အတွက် အခုထိ မထိုးရသေးကြောင်း၊ သိန်းနဲ့ချီတဲ့လူဦးရေကို စောင့်ရမှာဖြစ်ကြောင်း ချင်းရိုင်ပြည်နယ်ထဲက ရွှေ့ပြောင်းအလုပ်သမားတဦးက ပြောပါတယ်။

"မထိုးရသေးဘူးရှင့်။ စာရင်းပေးထားတာ ၂ သိန်းကျော်ထဲမှာ ကျတယ်။ စာရင်းပေးထားတယ်။ ပကန်ဆန်ခွန်း (လူမှုဖူလုံရေးအာမခံကြေး) ပေးသွင်းထားတဲ့နေရာမှာ စာရင်းသွင်းထားတယ်ရှင့်။"

အခုဆိုရင် တရားဝင်အထောက်အထားရှိသူတွေတောင် စာရင်းပေးသွင်းပြီး ကာကွယ်ဆေးထိုးနှံဖို့ အခက်အခဲရှိနေချိန်မှာ တရားမဝင် အထောက်အထားမဲ့တွေအတွက်တော့ ကာကွယ်ဆေးရဖို့ ခက်ခဲနေဆဲပါ။ အထောက်အထားမဲ့တွေအတွက်လည်း ကာကွယ်ဆေးထိုးနိုင်ဖို့ လုပ်ဆောင်ပေးစေချင်တယ်လို့ ကိုရဲမင်းကပြောပါတယ်။

"တခြားသော နေထိုင်ခွင့်မပြည့်စုံသူတွေကို ထိုးပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ် ကပ်ရောဂါက တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်သူပဲဖြစ်ဖြစ် ဒီအစီစဉ်မှာ အားလုံးထိုးပေးစေချင်ပါတယ်။ လူသားချင်းစာနာရေးကိုကြည့်ပြီး တိုက်တွန်းတောင်းဆိုချင်ပါတယ်။ တရားဝင်သူတွေကော တရားမဝင်တဲ့မြန်မာတွေအားလုံးကို ကျနော်တို့က ကာကွယ်ဆေး ထိုးပေးစေချင်ပါတယ်။ ဆေးမထိုးရသေးတဲ့ ရွှေ့ပြောင်းလုပ်သား ရာခိုင်နှုံးက ပိုများပါတယ်။ အဲဒီထဲမှာ နေထိုင်ခွင့် အထောက်အထား မရှိသူတွေလည်းပါပါတယ်။"

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁,၆၆၇,၀၀၀ ကျော်ရှိနေပြီး အောက်တိုဘာလ ၇ ရက်နေ့တနေ့တည်း ကူးစက်လူနာက ၁၁,၀၀၀ ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့လတွေကတော့ သောင်းနဲ့ချီ ကူးစက်မူတွေရှိတာကြောင့် လက်ရှိမှာ ကူးစက်မှု လျော့ကျသွားတယ်ဆိုပေမယ့် သိသိသာသာကြီး လျော့ကျတာမျိုးတော့ မရှိသေးပါဘူး။ အခုချိန်ထိဆိုရင် သေဆုံးသူပေါင်း ၁၇,၃၀၅ ယောက်ရှိပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လကစပြီး ၄ လအတွင်း တနိုင်ငံလုံးအနှံ့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းအစိုးရက ရည်မှန်းထားပေမယ့် အခုချိန်ထိတော့ ကာကွယ်ဆေးထိုးနိုင်တဲ့ အရေအတွက် နည်းနေဆဲဖြစ်ပါတယ်။

#COVID #MyanmarMigrants #ThailandMigrants #voaburmese #ကိုဗစ် #ရွှေ့ပြောင်းလုပ်သား #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG