သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥပေဒမဲ႔ ဝင္ေရာက္သူျမန္မာ တေန႔တည္း ၂ဝဝ ေက်ာ္ထိုင္းဖမ္းမိ


ႏို၀င္ဘာလ၂၅ရက္ေန က ဖြတ္ဖရျမိဳနယ္ထဲမွာ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား

{{Zawgyi/Unicode}}

ထိုင္း၊ ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ ဖြတ္ဖရ မယ္လမျမိဳနယ္ေတြအတြင္းမွာ ႏို၀င္ဘာလ၂၅ ရက္ေန႔ တေန႔ထဲ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား ၂၀၀ ေလာက္ကို ထိုင္းအာဏာပိုင္ေတြ ဖမ္းဆီးခဲ့ပါတယ္။ အဲဒီဖမ္းမိသူေတြထဲမွာ အလုပ္အကိုင္႐ွာေဖြခ်င္သူေတြအျပင္ ႏိုင္ငံေရးအျခအေနေတြေၾကာင့္ ေနရပ္ေတြမွာ မေနရဲၾကေတာ့တဲ့ လူငယ္ေတြအမ်ားအျပားပါ၀င္ေနတယ္လို႔ အလုပ္သမားအေရးလုပ္သူေတြက ေျပာျပပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္။

ျမန္မာႏိုင္ငံဘက္ကေန အေထာက္အထားစာ႐ြက္ စာတမ္းမပါဘဲ ထိုင္းႏုိင္ငံဘက္ဝင္ေရာက္လာသူေတြမ်ားေနလို႔ ထိုင္းနယ္စပ္ေတြမွာ လံုၿခံဳေရးတင္းၾကပ္ထားတဲ့ၾကားကပဲ ရာနဲ႔ခ်ီ အစုလိုက္ အၿပံဳလိုက္ဝင္လာတဲ့ ျမန္မာႏိုင္ငံသားေတြ ေန႔စဥ္႐ွိေနပါတယ္။တာ့ခ္ျပည္နယ္ထဲက မဲေဆာက္ ၊ ဖြတ္ဖရ၊ မယ္လမ စတဲ့ေနရာေတြမွာ ဒီေန႔ ႏို၀င္ဘာလ၂၅ ရက္ေန႔ တေန႔ထဲ ၂၀၀ နီးပါးကို ထိုင္းနယ္ျခားေစာင့္တပ္က ဖမ္းမိခဲ့ပါတယ္။ ဒါနဲ႔ပါတ္သက္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမႈ ေကာ္မတီဥကၠ႒ ဦးမိုးႀကိဳးက ခုလိုေျပာျပပါတယ္။

" ၁၈၄ ေယာက္ကေတာ့ ဒီေန႔ မနက္အေစာပိုင္း မဲေဆာက္ခရိုင္ေတာင္ဘက္မွာရွိတဲ့ ဖြတ္ဖရျမိဳနယ္ထဲက လ ွ်ဳိေျမာင္ထဲမွာအမ်ိဳးသား ၁၁၁ ေယာက္ အမ်ိဳးသမီး ၇၃ ေယာက္ပုန္းေအာင္းေနတဲ့ လ်ွိဳေျမာင္ထဲမွာ ထုိင္းစစ္တပ္က သတင္းအရေရွာင္တခင္စစ္ေဆး၀င္ေရာက္ဖမ္းဆိီးခဲ့တာျဖစ္ပါတယ္။ စုစုေပါင္း ၁၈၄ ေယာက္ပါ ။သူတို႔ကိုစစ္ေဆးတဲ့အခါမွာ ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္လုိ့မသၤကာစရာက်န္းမာေရးနဲပတ္တာတစံုတရာမေတြ ့ရွိဘူး။ ဒီအတြက္ နယ္ျခားေစာင့္တပ္ရဲ ့အခ်ဳပ္စခန္းမွ ာခနထားပါတယ္။ ျပီးမွ လိုအပ္သလို အေရးယူေဆာင္ရြက္သြားပါမယ္လို႔၊ နယ္ျခားေစာင့္တပ္ဖဲြက သတင္းထုတ္ျပန္ခ်က္မွာပါတယ္။ မဲေဆာက္ထဲမွာလဲ ရ ေယာက္ဖမ္းမိတယ္ အမွတ္ (၁) နဲ ့ (၂) ေလွဆိပ္နားမွာဖမး္မိတယ္။ သူတို႔ကေတာ့ မဲေဆာက္ရဲစခန္းကို ေရာက္သြားတယ္။ မဲေဆာက္ေျမာက္ဖက္ မယ္လမမွာလည္းျမန္မာ ၉ ေယာက္ဖမ္းမိတယ္။ ဒီေန႔ တေန႔ တည္းမွာပဲ စုစုေပါင္း ၂၀၀ နီးပါးေလာက္ဖမ္းမိတယ္"

ဖမ္းမိသူ အမ်ားစုဟာ လူငယ္ပိုင္းေတြျဖစ္ၾကပါတယ္။ ျမန္မာျပည္ထဲမွာအလုပ္အကုိင္ရွားပါးတာအျပင္ သူတို႔ရဲ႕ ေနထုိင္ရာ ျမိဳ႕နယ္ေက်းရြာေတြမွာ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက လူငယ္ေတြကိုအေႀကာင္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးမူေတြေၾကာင့္ မေနရဲၾကေတာ့တာမို႔ ထြက္ေျပးတိမ္းေရွာင္လာၾကသူေတြ မ်ားတယ္လို႔လည္းဦးမိုးႀကိဳးက ေျပာျပပါတယ္။

" ေတာ္ေတာ္မ်ားမ်ားက အသက္ ၁၈ နဲ႔ ၃၀ႀကားလူငယ္ေတြလည္းပါတယ္။ တဆက္တည္းမွာလဲ အသက္ ၃၀နဲ့ ၄၅ႀကားလူလတ္ပုိင္းေတြလည္းပါတယ္။ သူတို့ေတြဟာျမန္မာႏိုင္ငံမွာ အလုပ္အကုိင္ရွားပါးတာလည္းအပါအ၀င္ ျမန္မာျပည္မွာစစ္တပ္အုပ္ခ်ဳပ္ေနတဲ့အတြက္ အသက္ေဘးကုိစိုးရိမ္လို႔လည္း ထြက္ေျပးတိမ္းေရွာင္လာၾကတာလည္းပါတယ္။ ျမန္မာႏိုင္ငံကေန ပံုစံမ်ိဳးစံုနဲ႔ တိမ္းေရွာင္လာၾကတဲ့ လူငယ္ပုိ္င္း လူလတ္ပုိင္းေတြျဖစ္ၾကပါတယ္"

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးနဲ႔ပတ္သက္တယ္ဆိုၿပီး မသကၤာလို႔ ဖမ္ဆီးခံရသူတဲ့လူငယ္ေတြမွာ ႏွိပ္စက္ညွင္ပမ္းခံရတာအျပင္ ဖမ္းဆီးခံရျပီး နာရီပိုင္း၊ ရက္ပုိင္းအတြင္းမွာတင္ ေသဆံုးမူေတြရွိေနတဲ့အတြက္ လူငယ္ေတြဟာ တိမ္းေရွာင္ၾကရင္းနဲ႔ ေနရပ္ကိုစြန္ခြါျပီး နယ္စပ္ေတြဘက္ ေရာက္ရွိလာၾကသူေတြလည္းရွိၾကပါတယ္။

အခုဆိုရင္ ႏို၀င္ဘာလ တလအတြင္းမွာပဲ ထုိင္းျမန္မာနယ္စပ္ေတြအပါအ၀င္ ျပည္နယ္ ၁၀ ခုေလာက္မွာဖမ္းမိတဲ့ ႏိုင္ငံျခားသား ၁၀၀၀၀ ၀န္းက်င္အထိရွိလာျပီး ဒီထဲမွာျမန္မာႏိုင္ငံသားေတြကအမ်ားစုျဖစ္ပါတယ္။ ထုိင္းႏိုင္ငံတြင္းကုိ ျမန္မာေတြ အစုလိုက္အျပဳံလိုက္ ၀င္ေရာက္ေနမူေတြေႀကာင့္ နယ္စပ္လံုျခံဳေရးကုိ ပိုမိုတင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္ေနသလို၊ လူကုန္ကူးမူနဲ႔ ပတ္သက္လုိ႔ ဆိုး၀ါးတဲ့ႏိုင္ငံအဆင့္အျဖစ္ ထုိင္းႏိုင္ငံ သတ္မွတ္ မခံရေအာင္ သတိထားဖို႔ ထုိင္း၀န္ႀကီးခ်ဳပ္ကလည္း သတိေပးထားပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်း၊ မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက် ဖွတ်ဖရ မယ်လမမြိုနယ်တွေအတွင်းမှာ နိုဝင်ဘာလ၂၅ ရက်နေ့ တနေ့ထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖမ်းမိသူတွေထဲမှာ အလုပ်အကိုင်ရှာဖွေချင်သူတွေအပြင် နိုင်ငံရေးအခြအနေတွေကြောင့် နေရပ်တွေမှာ မနေရဲကြတော့တဲ့ လူငယ်တွေအများအပြားပါဝင်နေတယ်လို့ အလုပ်သမားအရေးလုပ်သူတွေက ပြောပြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဘက်ကနေ အထောက်အထားစာရွက် စာတမ်းမပါဘဲ ထိုင်းနိုင်ငံဘက်ဝင်ရောက်လာသူတွေများနေလို့ ထိုင်းနယ်စပ်တွေမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲ ရာနဲ့ချီ အစုလိုက် အပြုံလိုက်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်ရှိနေပါတယ်။တာ့ခ်ပြည်နယ်ထဲက မဲဆောက် ၊ ဖွတ်ဖရ၊ မယ်လမ စတဲ့နေရာတွေမှာ ဒီနေ့ နိုဝင်ဘာလ၂၅ ရက်နေ့ တနေ့ထဲ ၂၀၀ နီးပါးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ပါတယ်။ ဒါနဲ့ပါတ်သက်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ခုလိုပြောပြပါတယ်။

" ၁၈၄ ယောက်ကတော့ ဒီနေ့ မနက်အစောပိုင်း မဲဆောက်ခရိုင်တောင်ဘက်မှာရှိတဲ့ ဖွတ်ဖရမြိုနယ်ထဲက လ ျှိုမြောင်ထဲမှာအမျိုးသား ၁၁၁ ယောက် အမျိုးသမီး ၇၃ ယောက်ပုန်းအောင်းနေတဲ့ လျှိုမြောင်ထဲမှာ ထိုင်းစစ်တပ်က သတင်းအရရှောင်တခင်စစ်ဆေးဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ၁၈၄ ယောက်ပါ ။သူတို့ကိုစစ်ဆေးတဲ့အခါမှာ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့မင်္သကာစရာကျန်းမာရေးနဲပတ်တာတစုံတရာမတွေ့ရှိဘူး။ ဒီအတွက် နယ်ခြားစောင့်တပ်ရဲ့အချုပ်စခန်းမှ ာခနထားပါတယ်။ ပြီးမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားပါမယ်လို့၊ နယ်ခြားစောင့်တပ်ဖွဲက သတင်းထုတ်ပြန်ချက်မှာပါတယ်။ မဲဆောက်ထဲမှာလဲ ရ ယောက်ဖမ်းမိတယ် အမှတ် (၁) နဲ့ (၂) လှေဆိပ်နားမှာဖမ်းမိတယ်။ သူတို့ကတော့ မဲဆောက်ရဲစခန်းကို ရောက်သွားတယ်။ မဲဆောက်မြောက်ဖက် မယ်လမမှာလည်းမြန်မာ ၉ ယောက်ဖမ်းမိတယ်။ ဒီနေ့ တနေ့ တည်းမှာပဲ စုစုပေါင်း ၂၀၀ နီးပါးလောက်ဖမ်းမိတယ်"

ဖမ်းမိသူ အများစုဟာ လူငယ်ပိုင်းတွေဖြစ်ကြပါတယ်။ မြန်မာပြည်ထဲမှာအလုပ်အကိုင်ရှားပါးတာအပြင် သူတို့ရဲ့ နေထိုင်ရာ မြို့နယ်ကျေးရွာတွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက လူငယ်တွေကိုအကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးမူတွေကြောင့် မနေရဲကြတော့တာမို့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ များတယ်လို့လည်းဦးမိုးကြိုးက ပြောပြပါတယ်။

" တော်တော်များများက အသက် ၁၈ နဲ့ ၃၀ကြားလူငယ်တွေလည်းပါတယ်။ တဆက်တည်းမှာလဲ အသက် ၃၀နဲ့ ၄၅ကြားလူလတ်ပိုင်းတွေလည်းပါတယ်။ သူတို့တွေဟာမြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာလည်းအပါအဝင် မြန်မာပြည်မှာစစ်တပ်အုပ်ချုပ်နေတဲ့အတွက် အသက်ဘေးကိုစိုးရိမ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာကြတာလည်းပါတယ်။ မြန်မာနိုင်ငံကနေ ပုံစံမျိုးစုံနဲ့ တိမ်းရှောင်လာကြတဲ့ လူငယ်ပိုင်း လူလတ်ပိုင်းတွေဖြစ်ကြပါတယ်"

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး မသင်္ကာလို့ ဖမ်ဆီးခံရသူတဲ့လူငယ်တွေမှာ နှိပ်စက်ညှင်ပမ်းခံရတာအပြင် ဖမ်းဆီးခံရပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်းမှာတင် သေဆုံးမူတွေရှိနေတဲ့အတွက် လူငယ်တွေဟာ တိမ်းရှောင်ကြရင်းနဲ့ နေရပ်ကိုစွန်ခွါပြီး နယ်စပ်တွေဘက် ရောက်ရှိလာကြသူတွေလည်းရှိကြပါတယ်။

အခုဆိုရင် နိုဝင်ဘာလ တလအတွင်းမှာပဲ ထိုင်းမြန်မာနယ်စပ်တွေအပါအဝင် ပြည်နယ် ၁၀ ခုလောက်မှာဖမ်းမိတဲ့ နိုင်ငံခြားသား ၁၀၀၀၀ ဝန်းကျင်အထိရှိလာပြီး ဒီထဲမှာမြန်မာနိုင်ငံသားတွေကအများစုဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းကို မြန်မာတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်နေမူတွေကြောင့် နယ်စပ်လုံခြုံရေးကို ပိုမိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေသလို၊ လူကုန်ကူးမူနဲ့ ပတ်သက်လို့ ဆိုးဝါးတဲ့နိုင်ငံအဆင့်အဖြစ် ထိုင်းနိုင်ငံ သတ်မှတ် မခံရအောင် သတိထားဖို့ ထိုင်းဝန်ကြီးချုပ်ကလည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG