သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ MoU နဲ့ ထိုင်းလက်ခံမည်
နောက်ဆုံးရသတင်း

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ MoU နဲ့ ထိုင်းလက်ခံမည်


မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြောင်းရွှေ့ပေးနေပုံ။ CJ
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြောင်းရွှေ့ပေးနေပုံ။ CJ

{{Zawgyi/Unicode}}

ထိုင်းအစိုးရအနေနဲ့ လုပ်သားတွေလိုအပ်နေတဲ့အတွက် နှစ်နိုင်ငံသဘောတူစာချွန်လွှာ MOU စံနစ်နဲ့ မြန်မာ လာအိုဝ် ကမ္ဘောဒီးယား ၃နိုင်ငံကအလုပ်သမား တွေကို အမြန်ဆုံးခေါ်ယူဖို့အတွက် ဒီဇင်ဘာလ ၁ရက်နေ့ကစတင်လက်ခံဖို့ ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် က နိုဝင်ဘာလ၂၆ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ ၂နှစ်ခန့်အကြာ စီးပွားရေးတွေ နလံထူနိုင်ဖို့ လုပ်ငန်းတွေပြန်စနိုင်ဖို့အတွက် ရွှေပြောင်းအလုပ်သမားလိုအပ်ချက်တွေ ရှိနေတာကြောင့် တရားဝင်နှစ်နိုင်ငံသဘောတူစာချွန်လွှာ MOU စံနစ်နဲ့ မြန်မာ လာအိုဝ် ကမ္ဘောဒီးယား ၃နိုင်ငံကအလုပ်သမား တွေကို အမြန်ဆုံးခေါ်ယူတော့မှာပါ။ အလုပ်သမားတွေကို ဒီဇင်ဘာလ ၁ရက်နေ့စတင်ပြီး အလုပ်ခေါ်စာ လက်ခံသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကပြောဆိုကြောင်း မြန်မာပြည်သားများအရေးပူးတွဲ လှုုပ်ရှားမူ့ကော်မတီဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းအစိုးရက ၂၀၂၁ခုနှစ်ဒီဇင်ဘာလက ၁ရက်နေ့ကစပြီး မြန်မာ လာအိုဝ် ကမ္ဘောဒီးယား ၃နိုင်ငံက MOU လုပ်သားတွေ အထူးသဖြင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖူးတဲ့ ကျွမ်းကျင်လုပ်သားတွေကိုပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကနေ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄ခု အရင်ဆုံးဦးပါဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံက နေ အဲဒီလုပ်သားတွေအတွက် စောင့်ကြည့်စင်တာ ရ ရက်ဆို ၇ ရက် ၁၄ရက်ဆို ၁၄ရက် ကုန်ကျစရိပ်တွေကို ထိုင်းနိုင်ငံဘက်က လုပ်သားခေါ်ယူတဲ့အေဂျင်စီက ကျခံပေးရမှာဖြစ်တယ်။လုပ်သားတွေရဲ့လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စ လူမူ့ဖူလုံရေးစရိတ်တွေကို ထိုင်းဘက်က ခေါ်ယူတဲ့ကုမ္ပဏီက ကျခံပေးသွားရမှာဖြစ်ပါတယ် "

ထိုင်းနိုင်ငံရဲ့ကိုဗစ်ကပ်ဘေးကာလမှာ မြန်မာနိုင်ငံကို ပြန်သွားတဲ့အလုပ်သမား ၂သိန်းဝန်းကျင်ရှိပြီး ဒီကာလအတွင်းမှာ မြန်မာဘက်မှာလည်းကိုဗစ်ကပ်ရောဂါတွေဖြစ်တာကြောင့် ထိုင်းဘက်က နယ်စပ်တံတားတွေပြန်ပိတ်ခဲ့ပြီး အလုပ်သမားတွေလည်း ပြန်လာလို့မရတဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ် ။ ဒီနောက်မှာတော့ နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ခေါ်ယူဖို့ လုပ်ခဲ့ပေမယ့် လုပ်ငန်းရှင်တွေဘက်က ကပ်ဘေးကာလကုန်ကျစရိတ်တွေကို မတတ်နိုင်တာကြောင့်ရော နယ်စပ်မှာ ကိုဗစ်ကူးစက်မူတွေမြှင့်တက်နေတာကြောင့်ပါ အလုပ်သမားတွေကို ခေါ်ယူဖို့ကြန့်ကြာနေခဲ့ပါတယ်။ အခုအခါမှာတော့ ဒီဇင်ဘာ၁ရက်နေ့ကစလို့ MOUအလုပ်သမားတွေခေါ်ယူရေးစတင်လက်ခံတော့မယ်လို့ ထိုင်းအစိုးရကကြေညာခဲ့တာပါ။ ထိုင်းနိုင်ငံမှာလိုအပ်ချက်ရှိနေတဲ့ လုပ်ငန်းခွင်တွေနဲပတ်သက်လို့ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"အဓိကလိုအပ်ချက်တော့ စက်ရုံအလုပ်ရုံလုပ်ငန်းခွင် ရေနဲ့ပင်လယ်စာထုတ်တဲ့လုပ်ငန်း ငါးဖမ်းလှေလိုက်တဲ့လုပ်ငန်းတွေပါမယ်။ လယ်ယာစိုက်ပျိုးတဲ့လုပ်ငန်းခွင်တွေနိုင်ငံခြားသားတွေ အတွက်ဧည့်ခံတဲ့ စားပွဲထိုးလိုဟာမျိုးတွေ ထိုင်တောင်ပိုင်း ဖူးခက်တိုလို ထိုင်းအလယ်ပိုင်း ချွန်ဘူရီတို့လိုမှာ နိုင်ငံခြားသားတွေကိုဧည့်ခံတဲ့ လုပ်ငန်းမှာလိုအပ်တဲ့ကျွမ်းကျင်လုပ်သားတွေပြန်လည်ဖြည့်တင်းတာ"

MOU နဲ့လာကြမယ့်အလုပ်သမားတွေနဲ့ပတ်သက်လို့ ကွာရန်တင်း စောင့်ကြည့်ရေးစင်တာကိုဝင်ရမယ့်ကုန်ကျစရိတ်ကိုတာဝန်ယူရန် အသင့်ရှိတဲ့အလုပ်ရှင်တွေအနေနဲ့ ချက်ချက်ခေါ်ယူနိုင်ကြောင်းနဲ့ အလုပ်သမားတဦးကို ခေါ်ယူမယ့် ခန့် မှန်းချေ ကုန်ကျစရိတ်ကတော့ ထိုင်းဘတ်ငွေ ၁၁၄၉၀ ကနေ ၂၂၀၄၀ အထိရှိတယ်လို့ဆိုပါတယ် ။ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိတဲ့လုပ်သားတွေအတွက်ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေ ကာကွယ်ဆေးထိုးဖို့စီစဉ်ပေးမှာဖြစ်သလို့ စောင့်ကြည့်စင်တာဝင်နေတဲ့ နောက်ဆုံးရက်မှာကာကွယ်ဆေးတကြိမ် စတင်ထိုးပေးမယ်လို့ဆိုပါတယ် ဒုတိယတကြိမ်ကိုတော့ သက်ဆိုင်ရာခရိုင်ပြည့်သူကျန်းမာရေးဌာနက နေ ထိုးနှံပေးဖို့ညှိနှိုင်းပေးသွားမယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးကပြောဆိုသွားပါတယ်ရှင်။

.........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG