သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏို၀င္ဘာလအတြင္း ထိုင္းနယ္စပ္မွာ ဖမ္းမိတဲ႔ အေထာက္အထားမဲ႔ ျမန္မာ ၄၀၀၀ ေက်ာ္ၿပီ


ထိုင္းႏိုင္ငံ Prachuap Khiri Khan ျပည္နယ္ထဲမွာ ကေလးတဦးအပါအ၀င္ ျမန္မာႏိုင္ငံသား ၂၀ ကို လူေမွာင္ခို သယ္ေဆာင္လာတဲ့ ကားတစီး ႏို၀င္ဘာလ ၁၅ ရက္ တနလၤာေန႔က သစ္ပင္နဲ႔ ၀င္တုိက္photo - Thai Police

ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ျဖစ္တဲ့ ထိုင္းႏိုင္ငံ Prachuap Khiri Khan ျပည္နယ္ထဲမွာ ကေလးတဦးအပါအ၀င္ ျမန္မာႏိုင္ငံသား ၂၀ ကို လူေမွာင္ခို သယ္ေဆာင္လာတဲ့ ကားတစီး ႏို၀င္ဘာလ ၁၅ ရက္ တနလၤာေန႔က သစ္ပင္နဲ႔ ၀င္တုိက္မိပါတယ္။ အဲဒီလို ဝင္တုိက္မိၿပီးေနာက္မွာ ယာဥ္ေမာင္းက ကားနဲ႔ တရားမဝင္ေခၚလာသူေတြကို စြန္႔ပစ္ ထြက္ေျပးသြားပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္လုိ့ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ထိုင္းျမန္မာနယ္စပ္ Kanchanaburi ျပည္နယ္ Prachuap Khiri Khan ျပည္နယ္ Ranong ျပည္နယ္ေတြထဲကုိ တရားမ၀င္ ၀င္လာေနတဲ့ ျမန္မာေတြ ေနစဥ္နီးပါး ရာနဲ႔ခ်ီကို ထိုင္းဘက္က ဖမ္းဆီးေနပါတယ္။ Prachuap Khiri Khanျပည္နယ္ထဲမွာဆုိရင္ အေထာက္အထားမဲ့ ျမန္မာေတြကို ေခၚလာတဲ့ လူေမွာင္ခုိကား သစ္ပင္ကို ဝင္တုိက္မိၿပီးေနာက္ ယာဥ္ေမာင္း ထြက္ေျပးသြားတယ္လို႔ ေရႊေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႔ ဥကၠဌ ဦးေအာင္ေက်ာ္က အခုလိုေျပာပါတယ္။

"အလုပ္သမား အေယာက္၂၀ Prachuap Khiri Khan ခရိုင္ဘက္မွာနယ္စပ္ျဖတ္ေက်ာ္ျပီးခိုး၀င္လာတယ္ ကားသမားက သစ္ပင္တပင္ကုိ ၀င္တုိက္ျပိီးမွ အခင္းျဖစ္ပြားတဲ့ေနရာမွာပဲ ေမာ္ေတာ္ကားနဲ့ ေရႊေျပာင္းအလုပ္သမားခိုး၀င္လာတဲ့ျမန္မာေတြကို ထားခဲ့ျပီးကားသမားကထြက္ေျပးသြားတယ္လို့သိရပါတယ္ ။အေယာက္ ၂၀ထဲမွာအရြယ္ေရာက္တဲ့သူ က၁၉ဦးကေလးကတဦးလို့သိရပါတယ္ ကံေကာင္းတယ္ေျပာရမွာက အခုလိုယာဥ္တုိက္မူ့ျဖစ္ျပီးမွ ယာဥ္ေပၚမွာပါလာတဲ့ ကေလးတဦးအပါအ၀င္ ကားေပၚမွာပါလာတဲ့ အေယာက္၂၀လံုးက အသက္အႏၱရယ္ထိခိုက္မူ့မရွိတာကိုက ကံေကာင္းတယ္လို့ေျပာရပါမယ္။"

ျမန္မာႏိုင္ငံသားအေထာက္အထားမဲ့ေတြကို လူေမွာင္ခိုသယ္ေဆာင္လာတဲ့ ကားသမားကိုေတာ့ ထိုင္းအာဏာပုိင္ေတြက လိုက္လံရွာေဖြေနတယ္လို႔လည္း ဦးေအာင္ေက်ာ္ကေျပာပါတယ္။

"ေလာေလာဆည္က ထိုင္းအစုိးရဘက္ကေႀကျငာတယ္ ထြက္ေျပးတိမ္းေရွာင္သြားတဲ့ကားသမား ကိုလိုက္လံရွာေဖြေနတယ္လို့သိရပါတယ္။ ဒီကားနံပါတ္နဲ့လိုင္စင္နံပါတ္ အေသအခ်ာလိုက္ရင္ေတာ့ထြက္ေျပးတိမ္းေရွာင္သြားတဲ့ကားသမားကိုျပန္ျပီးအမူ့တည္ေဆာက္လို့ရမွာပါ။"

အလားတူထိုင္းႏိုင္ငံ တာ့ခ္ျပည္နယ္နဲ႔ နီးတဲ့ ကမ္ဖယ္ဖက္ျပည္နယ္ ထဲမွာ ျမန္မာႏို္င္ငံသားေတြကို လူကုန္ကူးေတြ တင္ေဆာင္လာတဲ့ကားတစီးႏို၀င္ဘာလ ၅ ရက္ေန့က တိမ္းေမွာက္ခဲ့ဘူပါတယ္ ဒီကားတိမ္းေမွာက္တာေႀကာင့္ ဒဏ္ရာရလူနာေတြ အပါအ၀င္လူ၂၃ ဦးကို လူကုန္ကူးသူေတြကစြန့္ပစ္သြားခဲ့တာေႀကာင့္ လူ၃ဦးေသဆံုးျပီး ၄ ဦးကေတာ့ျပင္းထန္တဲ့ဒဏ္ရာေတြရခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္ကေန ထိုင္းႏိုင္ငံမွာ အလုပ္အကိုင္အခြင့္အလမ္းအတြက္ တရားမဝင္ ဝင္ေရာက္ဖုိ႔ ႀကိဳးစားသူေတြ ပိုမ်ားလာေနတာနဲ႔အတူ ထုိင္းအာဏာပိုင္ေတြဘက္ကလည္း လံုၿခံဳေရးတုိးျမွင့္ၿပီး တားဆီးေနပါတယ္။ ႏိုင္ဝင္ဘာ ၁၃ ရက္ေန႔တုန္းက ကမ္ခ်နဘူရီျပည္နယ္ စိုင္ယို႔နယ္စပ္မွာ အေထာက္အထားမဲ့ ၁၃၀ေက်ာ္ကို ႏို၀င္ဘာလ ဖမ္းမိခဲ့ပါတယ္။ အဲဒီတေန႔ထဲမွာပဲ တနသၤာရီ ေမာေထာင္နယ္စပ္၀င္လာတဲ့ ျမန္မာႏိုင္ငံသား ၇၇ ဦးကိုလည္း ဖမ္းမိခဲ့ပါတယ္။ ခ်င္းမိုင္ျပည္နယ္ Fang ျမိဳနယ္ထဲမွာလည္း ျမန္မာႏိုင္ငံသား ၆၀ေက်ာ္ဖမ္းမိခဲ့သလို တာ့ခ္ျပည္နယ္ထဲမွာလည္း နယ္စပ္ကေန ၀င္လာတဲ့ အေထာက္အထားမဲ့ေတြ ဆယ္ဂဏန္းေလာက္အုပ္စုေလးေတြနဲ႔ ဖမ္းမိေနပါတယ္။

ထုိင္းႏို္င္ငံအတြင္းမွာ၂၀၂၁ ႏွစ္စကေန ၁၀ လအတြင္း အေထာက္အထားမဲ့ ေရႊေျပာင္းအလုပ္သမား ၃ ေသာင္းေက်ာ္ ဖမ္းမိတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာဆုိထားပါတယ္။ ႏို၀င္ဘာလ၁ရက္ေန့ကစျပီး သီတင္းႏွစ္ပါတ္အတြင္း ထိုင္းျမန္မာနယ္စပ္ေတြကေန တရားမဝင္ ဝင္လာတဲ့ ျမန္မာႏိုင္ငံသား ၄၀၀၀ ထက္မနည္းဖမ္းဆီးခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

နိုဝင်ဘာလအတွင်း ထိုင်းနယ်စပ်မှာ ဖမ်းမိတဲ့ အထောက်အထားမဲ့ မြန်မာ ၄၀၀၀ ကျော်ပြီ

မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ်ထဲမှာ ကလေးတဦးအပါအဝင် မြန်မာနိုင်ငံသား ၂၀ ကို လူမှောင်ခို သယ်ဆောင်လာတဲ့ ကားတစီး နိုဝင်ဘာလ ၁၅ ရက် တနင်္လာနေ့က သစ်ပင်နဲ့ ဝင်တိုက်မိပါတယ်။ အဲဒီလို ဝင်တိုက်မိပြီးနောက်မှာ ယာဉ်မောင်းက ကားနဲ့ တရားမဝင်ခေါ်လာသူတွေကို စွန့်ပစ် ထွက်ပြေးသွားပါတယ် ဒီသတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းမြန်မာနယ်စပ် Kanchanaburi ပြည်နယ် Prachuap Khiri Khan ပြည်နယ် Ranong ပြည်နယ်တွေထဲကို တရားမဝင် ဝင်လာနေတဲ့ မြန်မာတွေ နေစဉ်နီးပါး ရာနဲ့ချီကို ထိုင်းဘက်က ဖမ်းဆီးနေပါတယ်။ Prachuap Khiri Khanပြည်နယ်ထဲမှာဆိုရင် အထောက်အထားမဲ့ မြန်မာတွေကို ခေါ်လာတဲ့ လူမှောင်ခိုကား သစ်ပင်ကို ဝင်တိုက်မိပြီးနောက် ယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

"အလုပ်သမား အယောက်၂၀ Prachuap Khiri Khan ခရိုင်ဘက်မှာနယ်စပ်ဖြတ်ကျော်ပြီးခိုးဝင်လာတယ် ကားသမားက သစ်ပင်တပင်ကို ဝင်တိုက်ပြီးမှ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ မော်တော်ကားနဲ့ ရွှေပြောင်းအလုပ်သမားခိုးဝင်လာတဲ့မြန်မာတွေကို ထားခဲ့ပြီးကားသမားကထွက်ပြေးသွားတယ်လို့သိရပါတယ် ။အယောက် ၂၀ထဲမှာအရွယ်ရောက်တဲ့သူ က၁၉ဦးကလေးကတဦးလို့သိရပါတယ် ကံကောင်းတယ်ပြောရမှာက အခုလိုယာဉ်တိုက်မူ့ဖြစ်ပြီးမှ ယာဉ်ပေါ်မှာပါလာတဲ့ ကလေးတဦးအပါအဝင် ကားပေါ်မှာပါလာတဲ့ အယောက်၂၀လုံးက အသက်အန္တရယ်ထိခိုက်မူ့မရှိတာကိုက ကံကောင်းတယ်လို့ပြောရပါမယ်။"

မြန်မာနိုင်ငံသားအထောက်အထားမဲ့တွေကို လူမှောင်ခိုသယ်ဆောင်လာတဲ့ ကားသမားကိုတော့ ထိုင်းအာဏာပိုင်တွေက လိုက်လံရှာဖွေနေတယ်လို့လည်း ဦးအောင်ကျော်ကပြောပါတယ်။

"လောလောဆည်က ထိုင်းအစိုးရဘက်ကကြေငြာတယ် ထွက်ပြေးတိမ်းရှောင်သွားတဲ့ကားသမား ကိုလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။ ဒီကားနံပါတ်နဲ့လိုင်စင်နံပါတ် အသေအချာလိုက်ရင်တော့ထွက်ပြေးတိမ်းရှောင်သွားတဲ့ကားသမားကိုပြန်ပြီးအမူ့တည်ဆောက်လို့ရမှာပါ။"

အလာတူထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နဲ့ နီးတဲ့ ကမ်ဖယ်ဖက်ပြည်နယ် ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးတွေ တင်ဆောင်လာတဲ့ကားတစီးနိုဝင်ဘာလ ၅ ရက်နေ့က တိမ်းမှောက်ခဲ့ဘူပါတယ် ဒီကားတိမ်းမှောက်တာကြောင့် ဒဏ်ရာရလူနာတွေ အပါအဝင်လူ၂၃ ဦးကို လူကုန်ကူးသူတွေကစွန့်ပစ်သွားခဲ့တာကြောင့် လူ၃ဦးသေဆုံးပြီး ၄ ဦးကတော့ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းအတွက် တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေ ပိုများလာနေတာနဲ့အတူ ထိုင်းအာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးတိုးမြှင့်ပြီး တားဆီးနေပါတယ်။ နိုင်ဝင်ဘာ ၁၃ ရက်နေ့တုန်းက ကမ်ချနဘူရီပြည်နယ် စိုင်ယို့နယ်စပ်မှာ အထောက်အထားမဲ့ ၁၃၀ကျော်ကို နိုဝင်ဘာလ ဖမ်းမိခဲ့ပါတယ်။ အဲဒီတနေ့ထဲမှာပဲ တနင်္သာရီ မောထောင်နယ်စပ်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၇ ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ ချင်းမိုင်ပြည်နယ် Fang မြိုနယ်ထဲမှာလည်း မြန်မာနိုင်ငံသား ၆၀ကျော်ဖမ်းမိခဲ့သလို တာ့ခ်ပြည်နယ်ထဲမှာလည်း နယ်စပ်ကနေ ဝင်လာတဲ့ အထောက်အထားမဲ့တွေ ဆယ်ဂဏန်းလောက်အုပ်စုလေးတွေနဲ့ ဖမ်းမိနေပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ၂၀၂၁ နှစ်စကနေ ၁၀ လအတွင်း အထောက်အထားမဲ့ ရွှေပြောင်းအလုပ်သမား ၃ သောင်းကျော် ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။ နိုဝင်ဘာလ၁ရက်နေ့ကစပြီး သီတင်းနှစ်ပါတ်အတွင်း ထိုင်းမြန်မာနယ်စပ်တွေကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG