သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ရက္အတြင္း ႐ိုဟင္ဂ်ာအပါအဝင္ အေထာက္အထားမဲ့ ျမန္မာ ၅၀၀ ထက္မနည္း ထိုင္းဖမ္းဆီး


ကမ္ခ်နဘူရီျပည္နယ္ထဲမွာ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံအတြင္းကို ျမန္မာႏိုင္ငံကလာတဲ့ အေထာက္အထားမဲ့ေတြ တပတ္အတြင္း ၂,၈၀၀ ေက်ာ္ ဝင္လာၿပီးတဲ့ေနာက္ လုံၿခံဳေရးကုိ ပုိမုိတင္းက်ပ္ဖုိ႔ ထုိင္းဝန္ႀကီးခ်ဳပ္ Mr. Prayut Chan-o-cha က သတိေပးလိုက္ၿပီးေနာက္ အခု ၂ ရက္အတြင္း ႐ုိဟင္ဂ်ာတခ်ိဳ႕ အပါအဝင္ ျမန္မာႏုိင္ငံကေန ဝင္ေရာက္လာသူ ၅၀၀ ထက္မနည္း ဖမ္းမိခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံအတြင္းကို ျမန္မာျပည္တြင္းက အေထာက္အထားမဲ့ေတြဟာ ထုိင္း-ျမန္မာနယ္စပ္ေတြကေနတဆင့္ တပတ္အတြင္း လူ ၃,၀၀၀ နီးပါး အလံုးအရင္းနဲ႔ ဝင္လာတဲ့အတြက္ ထုိင္းဝန္ႀကီးခ်ဳပ္က နယ္စပ္ေတြမွာ လံုၿခံဳေရးကို ပုိမိုတင္းက်ပ္ဖုိ႔ သတိေပးခဲ့တာပါ။ ဒါေပမယ့္လည္း ၂ ရက္အတြင္း ျမန္မာႏုိင္ငံဘက္က ဝင္လာသူ ႐ုိဟင္ဂ်ာေတြ အပါအဝင္ ၅၀၀ နီးပါးေလာက္ ဖမ္းမိခဲ့တယ္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။

“ဒီရက္ပိုင္းအတြင္းမွာေတာ့ တာ့ခ္ျပည္နယ္ထဲမွာေတာ့ ႐ုိဟင္ဂ်ာ ၁၀ ေယာက္ ဝင္လာတယ္။ ရခိုင္ျပည္နယ္ဘက္ကေန လာၾကတာ။ သူတို႔ဝင္လာတဲ့ လမ္းေၾကာင္းႀကီးက ရွည္လ်ားတယ္။ ဒါက ဒုတိယအႀကိမ္ ဝင္ေရာက္မႈေလ။ ၿပီးခဲ့တဲ့လတုန္းကလည္း ႐ုိဟင္ဂ်ာ ၁၀ ဦးထက္မနည္း ဝင္ေရာက္တယ္။ ဒါကတခု။ ေနာက္တခုက Sangkhlaburi ေပါ့၊ Kanchanaburi ျပည္နယ္ထဲမွာ ျမန္မာ ၂၁၈ ေယာက္ကို ဆီအုန္းၿခံထဲမွာ အစုလိုက္အၿပံဳလို္က္ ဖမ္းမိတယ္။ ထုိနည္းလည္းေကာင္းပဲ Prachuap Khiri Khan ထိုင္း-တနသၤာရီနယ္စပ္ကလည္း လူ ၁၀၀ ေလာက္ ဝင္လာသလို ခ်င္း႐ုိင္ျပည္နယ္မွာလည္း လူ ၅၀ ေက်ာ္ ဝင္လာတယ္။ ထုိင္း ရေနာင္းနဲ႔နီးတဲ့ ခ်ံဳေဖာ္ခ႐ုိင္မွာလည္း လူ ၅၀ ေက်ာ္ ဝင္လာတယ္။

“ေျပာမယ္ဆိုရင္ ကားနဲ႔ဝင္လာတာလည္း ရွိတယ္။ လူေမွာင္ခိုကား တိ္မ္းေမွာက္တယ္။ ဗင္ကားနဲ႔ ဝင္လာတယ္၊ ျမန္မာ ၁၈ ေယာက္ပါ့။ အဲဒီထဲမွာ ျမန္မာ ၁၈ ေယာက္ထဲက ၂ ေယာက္က ထြက္ေျပးသြားတယ္။ ၁၆ ေယာက္ အဖမ္းခံရတယ္။ ေသတဲ့သူမရွိတာ ကံေကာင္းသြားတယ္။ ခ်ံဳၿပီးေျပာရရင္ ထုိင္းဝန္ႀကီးခ်ဳပ္က အဖမ္းအဆီးေတြကို ဒီထက္ပုိၿပီး အဆင့္ျမႇင့္ၿပီး ျပဳလုပ္မယ္။ နယ္စပ္မွာ ေျမျပင္ကုိေရာ ေဝဟင္ကေနပါ ပိုမိုတင္းက်ပ္ၿပီး အေရးယူေဆာင္ရြက္မယ္လုိ႔ ေျပာၿပီးတဲ့ေနာက္ပိုင္းမွာ ပိုၿပိီးဝင္လာတယ္။”

ခ်င္းမိုုင္ျပည္နယ္ထဲမွာ ျမန္မာႏုိင္ငံသား ၆၀ ေက်ာ္ကုိ မေန႔ကပဲ ထပ္ၿပိီး ဖမ္းမိခဲ့ပါတယ္။ ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရး မတည္ၿငိမ္မႈနဲ႔ အလုပ္အကုိင္ ရွားပါးမႈေတြ ႀကံဳေနတာက အဓိကအခ်က္ျဖစ္တယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေထာက္ျပၾကပါတယ္။ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္နဲ႔ လာဖို႔ ေစာင့္ဆုိင္းေနၾကတဲ့ ျမန္မာအလုပ္သမားေတြဟာလည္း ကိုဗစ္ကပ္ေဘးေၾကာင့္ ထိုင္း-ျမန္မာ နယ္စပ္တံတားေတြ ပိတ္ထားတဲ့အတြက္ ရတဲ့နည္းလမ္းေတြနဲ႔ ထုိင္းထဲကို ဝင္လာၾကတာလည္း ရွိတယ္လို႔ ဦးမုိးႀကိဳးက ေျပာပါတယ္။

“ဒါေတြအားလံုးက ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရး မၿငိမ္သက္တာက တခ်က္၊ ျမန္မာႏုိင္ငံမွာ အလုပ္အကိုင္ရွားပါးၿပီး ဝင္ေငြနည္းတာက တခ်က္္၊ ျမန္မာႏုိင္ငံဘက္မွာ MOU စနစ္နဲ႔ လာမယ္ဆုိၿပီး အားလံုးျပင္ဆင္ၿပီးခါမွ ထိုင္းမွာ ကုိဗစ္ေၾကာင့္ ၂ ႏွစ္နီးပါး ၾကာတဲ့အတြက္ မေစာင့္ဆိုင္းႏိုင္ဘဲ အတင္းဇြတ္ဝင္လာတာက တခ်က္ေပါ့။”

ထုိင္းႏုိင္ငံအတြင္းမွာ ၂၀၂၁ ႏွစ္စကေန ၁၀ လအတြင္း အေထာက္အထားမဲ့ ေရႊ႕ေျပာင္းအလုပ္သမား ၃၀,၀၀၀ ေက်ာ္ ဖမ္းမိတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာဆုိထားပါတယ္။ ႏုိဝင္ဘာလ ၁ ရက္ေန႔ကစၿပီး သီတင္းတပတ္အတြင္း တရားမဝင္ ဝင္လာတဲ့ ျမန္မာႏုိင္ငံသား ၂,၈၀၀ ေက်ာ္ ဖမ္းမိခဲ့ပါတယ္။ အခု ေနာက္ထပ္လည္း ၂ ရက္အတြင္း ျမန္မာႏုိင္ငံဘက္က ဝင္လာသူ ၅၀၀ ထက္မနည္း ဖမ္းဆီးခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

နှစ်ရက်အတွင်း ရိုဟင်ဂျာအပါအဝင် အထောက်အထားမဲ့ မြန်မာ ၅၀၀ ထက်မနည်း ထိုင်းဖမ်းဆီး

ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံကလာတဲ့ အထောက်အထားမဲ့တွေ တပတ်အတွင်း ၂,၈၀၀ ကျော် ဝင်လာပြီးတဲ့နောက် လုံခြုံရေးကို ပိုမိုတင်းကျပ်ဖို့ ထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က သတိပေးလိုက်ပြီးနောက် အခု ၂ ရက်အတွင်း ရိုဟင်ဂျာတချို့ အပါအဝင် မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ ၅၀၀ ထက်မနည်း ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို မြန်မာပြည်တွင်းက အထောက်အထားမဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်တွေကနေတဆင့် တပတ်အတွင်း လူ ၃,၀၀၀ နီးပါး အလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က နယ်စပ်တွေမှာ လုံခြုံရေးကို ပိုမိုတင်းကျပ်ဖို့ သတိပေးခဲ့တာပါ။ ဒါပေမယ့်လည်း ၂ ရက်အတွင်း မြန်မာနိုင်ငံဘက်က ဝင်လာသူ ရိုဟင်ဂျာတွေ အပါအဝင် ၅၀၀ နီးပါးလောက် ဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာတော့ တာ့ခ်ပြည်နယ်ထဲမှာတော့ ရိုဟင်ဂျာ ၁၀ ယောက် ဝင်လာတယ်။ ရခိုင်ပြည်နယ်ဘက်ကနေ လာကြတာ။ သူတို့ဝင်လာတဲ့ လမ်းကြောင်းကြီးက ရှည်လျားတယ်။ ဒါက ဒုတိယအကြိမ် ဝင်ရောက်မှုလေ။ ပြီးခဲ့တဲ့လတုန်းကလည်း ရိုဟင်ဂျာ ၁၀ ဦးထက်မနည်း ဝင်ရောက်တယ်။ ဒါကတခု။ နောက်တခုက Sangkhlaburi ပေါ့၊ Kanchanaburi ပြည်နယ်ထဲမှာ မြန်မာ ၂၁၈ ယောက်ကို ဆီအုန်းခြံထဲမှာ အစုလိုက်အပြုံလိုက် ဖမ်းမိတယ်။ ထိုနည်းလည်းကောင်းပဲ Prachuap Khiri Khan ထိုင်း-တနင်္သာရီနယ်စပ်ကလည်း လူ ၁၀၀ လောက် ဝင်လာသလို ချင်းရိုင်ပြည်နယ်မှာလည်း လူ ၅၀ ကျော် ဝင်လာတယ်။ ထိုင်း ရနောင်းနဲ့နီးတဲ့ ချုံဖော်ခရိုင်မှာလည်း လူ ၅၀ ကျော် ဝင်လာတယ်။

“ပြောမယ်ဆိုရင် ကားနဲ့ဝင်လာတာလည်း ရှိတယ်။ လူမှောင်ခိုကား တိမ်းမှောက်တယ်။ ဗင်ကားနဲ့ ဝင်လာတယ်၊ မြန်မာ ၁၈ ယောက်ပါ့။ အဲဒီထဲမှာ မြန်မာ ၁၈ ယောက်ထဲက ၂ ယောက်က ထွက်ပြေးသွားတယ်။ ၁၆ ယောက် အဖမ်းခံရတယ်။ သေတဲ့သူမရှိတာ ကံကောင်းသွားတယ်။ ချုံပြီးပြောရရင် ထိုင်းဝန်ကြီးချုပ်က အဖမ်းအဆီးတွေကို ဒီထက်ပိုပြီး အဆင့်မြှင့်ပြီး ပြုလုပ်မယ်။ နယ်စပ်မှာ မြေပြင်ကိုရော ဝေဟင်ကနေပါ ပိုမိုတင်းကျပ်ပြီး အရေးယူဆောင်ရွက်မယ်လို့ ပြောပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးဝင်လာတယ်။”

ချင်းမိုင်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၆၀ ကျော်ကို မနေ့ကပဲ ထပ်ပြီး ဖမ်းမိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေ ကြုံနေတာက အဓိကအချက်ဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ လာဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာအလုပ်သမားတွေဟာလည်း ကိုဗစ်ကပ်ဘေးကြောင့် ထိုင်း-မြန်မာ နယ်စပ်တံတားတွေ ပိတ်ထားတဲ့အတွက် ရတဲ့နည်းလမ်းတွေနဲ့ ထိုင်းထဲကို ဝင်လာကြတာလည်း ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

“ဒါတွေအားလုံးက မြန်မာနိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်တာက တချက်၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းတာက တချက်၊ မြန်မာနိုင်ငံဘက်မှာ MOU စနစ်နဲ့ လာမယ်ဆိုပြီး အားလုံးပြင်ဆင်ပြီးခါမှ ထိုင်းမှာ ကိုဗစ်ကြောင့် ၂ နှစ်နီးပါး ကြာတဲ့အတွက် မစောင့်ဆိုင်းနိုင်ဘဲ အတင်းဇွတ်ဝင်လာတာက တချက်ပေါ့။”

ထိုင်းနိုင်ငံအတွင်းမှာ ၂၀၂၁ နှစ်စကနေ ၁၀ လအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀,၀၀၀ ကျော် ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး သီတင်းတပတ်အတွင်း တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂,၈၀၀ ကျော် ဖမ်းမိခဲ့ပါတယ်။ အခု နောက်ထပ်လည်း ၂ ရက်အတွင်း မြန်မာနိုင်ငံဘက်က ဝင်လာသူ ၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG