သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံတြင္း အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၃,၀၀၀ နီးပါး တပတ္အတြင္း ဖမ္းဆီးမိ


ကန္ခ်နဘူရီျပည္နယ္ထဲမွာ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုုင္း-ျမန္မာနယ္စပ္လမ္းေတြကေန တပတ္အတြင္း တရားမဝင္ ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား ၂,၈၀၀ ေက်ာ္ ဖမ္းဆီးမိတာေၾကာင့္ ထိုင္းဝန္ႀကီးခ်ဳပ္ Mr. Prayut Chan-o-cha က တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ေျဖရွင္းဖို႔ သက္ဆုိင္ရာ အာဏာပုိင္ေတြကို ညႊန္ၾကားခဲ့ပါတယ္။ အခုရက္ပိုင္း ထုိင္းႏုိင္ငံထဲ တရားမဝင္ ဝင္လာတဲ့ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ကို ထိုင္းစစ္တပ္က Prachuap Khiri Khan ျပည္နယ္ထဲကေန ျမန္မာႏုိင္ငံဘက္ကို ျပန္လဲႊေျပာင္းေပးခဲ့ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

အလုပ္အကိုင္ရွာေဖြဖုိ႔ ထုိင္းႏုိင္ငံထဲ တရားမဝင္ ဝင္လာၾကတဲ့ ျမန္မာႏုိင္ငံသား ၂,၈၀၀ ေက်ာ္ကုိ ထုိင္းအာဏာပိုင္ေတြ အခုသီတင္းပတ္ထဲမွာ ဖမ္းဆီးခဲ့ပါတယ္။ အခုလို ျမန္မာႏုိင္ငံသားေတြ ေထာင္နဲ႔ခ်ီ ဝင္ေရာက္လာေနမႈကို တင္းတင္းက်ပ္က်ပ္ ကုိင္တြယ္ေျဖရွင္းဖုိ႔ ထိုင္းဝန္ႀကီးခ်ဳပ္ Mr. Prayut Chan-o-cha က ညႊန္ၾကားထားပါတယ္။ အခုလို နယ္စပ္ေတြကေန ျမန္မာႏုိင္ငံသားေတြ အလံုးအရင္းနဲ႔ ထိုင္းႏုိင္ငံထဲကို ဝင္ေရာက္လာတဲ့အတြက္ နယ္စပ္ကေနဝင္လာတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ဖမ္းဆီးဖို႔ နယ္စပ္တေလွ်က္က တာဝန္ရွိတဲ့ အဖဲြ႔အစည္းအားလံုးကို ညႊန္ၾကားထားတဲ့အေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီး Mr. Prawit Wongsuwan ကလည္း ထိုင္းဘာသာနဲ႔ ေျပာသြားပါတယ္။

“ျမန္မာႏုိင္ငံသားေတြ အမ်ားဆံုး ဝင္ေရာက္လာေနတဲ့ ထိုင္းေတာင္ပိုုင္း၊ ေျမာက္ပိုင္း ေဒသေတြ အားလံုးက နယ္စပ္လမ္းေတြကိုု ၾကပ္ၾကပ္မတ္မတ္ ေစာင့္ၾကည့္ဖို႔ အခ်ိန္ျပည့္ ေစာင္ၾကည့္ၾကဖို႔ သက္ဆို္င္ရာ ဌာနဆိုင္ရာေတြကို အမိန္႔ထုုတ္ျပန္ ညႊန္ၾကားထားေၾကာင္း” တနလၤာေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ထိုင္းကာကြယ္ေရးဝန္ႀကီးက ေျပာဆုိသြားတာပါ။

ထုိင္းအလုုပ္သမားဝန္ႀကီးဌာန၊ ထုိင္းျပည္ထဲေရးနဲ႔ ႏိုင္ငံေတာ္လံုၿခံဳေရးေကာင္စီ အဖဲြ႔ဝင္ေတြဟာ ျမန္မာႏုိင္ငံကေန အေထာက္အထားမဲ့ေတြ အလံုးအရင္းနဲ႔ ဝင္လာေနတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ဘယ္လိုေျဖရွင္းၾကမလဲ ဆိုတာေတြကိုလည္း ေဆြးေႏြး အေျဖရွာေနၾကပါတယ္။

ေဆြးေႏြးပဲြမွာေတာ့ ျမန္မာႏုိင္ငံသားေတြ အခုုလို အလံုးအရင္းနဲ႔ ဝင္ေရာက္လာေနတာကိုု တင္းက်ပ္စြာ ကိုုင္တြယ္ဖို႔အျပင္ အေထာက္အထားမဲ့ အလုုပ္သမားေတြနဲ႔အတူ ပါလာတဲ့ ကိုုဗစ္ကပ္ေရာဂါပိုုး တိုုက္ဖ်က္ေရးနဲ႔ တရားဝင္အလုပ္သမားေတြကို ေခၚယူေရး ကိစၥေတြကိုု ေဆြးေႏြးခဲ့ၾကပါတယ္။

အခုလို ျမန္မာႏုိင္ငံဘက္ကေန ထိုင္းႏုိင္ငံထဲ တရားမဝင္ ဝင္လာသူ အေျမာက္အျမား ရွိေနခ်ိန္ Prachuap Khiri Khan ျပည္နယ္ တာဝန္ရွိသူေတြက အေထာက္အထားမဲ့ ျမန္မာ ၁၀၀ ေက်ာ္ကို ဒီေန႔ ႏုိဝင္ဘာလ ၉ ရက္ေန႔မွာပဲ ျမန္မာႏိုင္ငံဘက္ကို ျပန္လဲႊေျပာင္းေပးခဲ့ပါတယ္။

ထိုင္းစစ္တပ္က ျမန္မာဘက္ လႊဲေပးခဲ့တာနဲ႔ ပတ္သက္လို႔ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖဲြ႔ရဲ႕ အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“ဒါကေတာ့ Prachuap မွာ ပထမဦးဆံုးလို႔ ေျပာလို႔ရတယ္။ ဖမ္းမိတဲ့သူေတြကို ႏွစ္ႏုိင္ငံနယ္စပ္ ညိႇႏႈိင္းၿပီး ျပန္ပို႔တာ နယ္စပ္ကပဲ ျမန္မာဘက္က တာဝန္ရွိသူေတြ စစ္တပ္ကပဲ ေျပာတယ္၊ အဲဒါကို လက္ခံတာေပါ့ေနာ္၊ အားလံုးေပါင္း ၁၀၃ ေယာက္ေပါ့။ အဲဒီဘက္မွာ တာဝန္ယူတဲ့ ထိုင္းတပ္ရင္း ၁၄၆ က ဒီဟာနဲ႔ပတ္သက္လုိ႔ ေကၽြးေမြးထားဖို႔ မတတ္ႏုိင္ဘူး၊ က်န္တဲ့ ေစာင့္ေရွာက္ဖို႔၊ ကုသဖို႔လည္း အခက္အခဲရိွတယ္ေလ။ ဒါေၾကာင့္ အဲဒီလိုမ်ိဳး လုပ္တာေလ။”

ဘန္ေကာက္ စမြတ္ပရာကန္၊ ခ်င္းမိုုင္ နယ္ေျမေတြက အလုုပ္႐ုံေတြ ေစ်းေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးဆက္မႈႏႈန္း အခုရက္ပိုင္း ျပန္ျမင့္တက္လာေနပါတယ္။ ဒါေၾကာင့္ တရားမဝင္ အလုုပ္သမားေတြကုိုလည္း ကိုဗစ္ကာကြယ္ေဆး ထိုးႏွံႏိုင္ဖို႔ေတြကို အဓိက လိုအပ္ေနတယ္လို႔လည္း က်န္းမာေရး တာဝန္ရွိသူေတြက ထိုင္းအစိုးရကုိ တိုက္တြန္း ေျပာၾကားေနၾကပါတယ္။ အခုအခါမွာေတာ့ ကာကြယ္ေဆး ထုိးႏွံၿပီးစီးထားတဲ့ လုပ္သားေတြကိုသာ ငွားရမ္းၾကဖို႔ ထိုင္းအစိုးရက လုပ္ငန္းရွင္ေတြကိုလည္း တုိက္တြန္းထားပါတယ္။

ထုိင္းႏုိင္ငံအတြင္းမွာ ၂၀၂၁ ႏွစ္စကေန ၁၀ လအတြင္း အေထာက္အထားမဲ့ ေရႊ႕ေျပာင္းအလုပ္သမား ၃၀,၀၀၀ ေက်ာ္ ဖမ္းမိတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာဆုိထားပါတယ္။ အခုေနာက္ဆံုးကေတာ့ သီတင္းတပတ္အတြင္း တရားမဝင္ ဝင္လာတဲ့ ျမန္မာႏုိင္ငံသား ၂,၈၀၀ ေက်ာ္ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃,၀၀၀ နီးပါး တပတ်အတွင်း ဖမ်းဆီးမိ

ထိုင်း-မြန်မာနယ်စပ်လမ်းတွေကနေ တပတ်အတွင်း တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂,၈၀၀ ကျော် ဖမ်းဆီးမိတာကြောင့် ထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။ အခုရက်ပိုင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းစစ်တပ်က Prachuap Khiri Khan ပြည်နယ်ထဲကနေ မြန်မာနိုင်ငံဘက်ကို ပြန်လွဲှပြောင်းပေးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

အလုပ်အကိုင်ရှာဖွေဖို့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၂,၈၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ အခုသီတင်းပတ်ထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ဝင်ရောက်လာနေမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က ညွှန်ကြားထားပါတယ်။

အခုလို နယ်စပ်တွေကနေ မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့အတွက် နယ်စပ်ကနေဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးဖို့ နယ်စပ်တလျှေက်က တာဝန်ရှိတဲ့ အဖွဲ့အစည်းအားလုံးကို ညွှန်ကြားထားတဲ့အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Mr. Prawit Wongsuwan ကလည်း ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

“မြန်မာနိုင်ငံသားတွေ အများဆုံး ဝင်ရောက်လာနေတဲ့ ထိုင်းတောင်ပိုင်း၊ မြောက်ပိုင်း ဒေသတွေ အားလုံးက နယ်စပ်လမ်းတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ဖို့ အချိန်ပြည့် စောင်ကြည့်ကြဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အမိန့်ထုတ်ပြန် ညွှန်ကြားထားကြောင်း” တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောဆိုသွားတာပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းပြည်ထဲရေးနဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကနေ အထောက်အထားမဲ့တွေ အလုံးအရင်းနဲ့ ဝင်လာနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာတွေကိုလည်း ဆွေးနွေး အဖြေရှာနေကြပါတယ်။

ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံသားတွေ အခုလို အလုံးအရင်းနဲ့ ဝင်ရောက်လာနေတာကို တင်းကျပ်စွာ ကိုင်တွယ်ဖို့အပြင် အထောက်အထားမဲ့ အလုပ်သမားတွေနဲ့အတူ ပါလာတဲ့ ကိုဗစ်ကပ်ရောဂါပိုး တိုက်ဖျက်ရေးနဲ့ တရားဝင်အလုပ်သမားတွေကို ခေါ်ယူရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အခုလို မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာသူ အမြောက်အမြား ရှိနေချိန် Prachuap Khiri Khan ပြည်နယ် တာဝန်ရှိသူတွေက အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော်ကို ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာပဲ မြန်မာနိုင်ငံဘက်ကို ပြန်လွဲှပြောင်းပေးခဲ့ပါတယ်။

ထိုင်းစစ်တပ်က မြန်မာဘက် လွှဲပေးခဲ့တာနဲ့ ပတ်သက်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ဒါကတော့ Prachuap မှာ ပထမဦးဆုံးလို့ ပြောလို့ရတယ်။ ဖမ်းမိတဲ့သူတွေကို နှစ်နိုင်ငံနယ်စပ် ညှိနှိုင်းပြီး ပြန်ပို့တာ နယ်စပ်ကပဲ မြန်မာဘက်က တာဝန်ရှိသူတွေ စစ်တပ်ကပဲ ပြောတယ်၊ အဲဒါကို လက်ခံတာပေါ့နော်၊ အားလုံးပေါင်း ၁၀၃ ယောက်ပေါ့။ အဲဒီဘက်မှာ တာဝန်ယူတဲ့ ထိုင်းတပ်ရင်း ၁၄၆ က ဒီဟာနဲ့ပတ်သက်လို့ ကျွေးမွေးထားဖို့ မတတ်နိုင်ဘူး၊ ကျန်တဲ့ စောင့်ရှောက်ဖို့၊ ကုသဖို့လည်း အခက်အခဲရှိတယ်လေ။ ဒါကြောင့် အဲဒီလိုမျိုး လုပ်တာလေ။”

ဘန်ကောက် စမွတ်ပရာကန်၊ ချင်းမိုင် နယ်မြေတွေက အလုပ်ရုံတွေ ဈေးတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးဆက်မှုနှုန်း အခုရက်ပိုင်း ပြန်မြင့်တက်လာနေပါတယ်။ ဒါကြောင့် တရားမဝင် အလုပ်သမားတွေကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ဖို့တွေကို အဓိက လိုအပ်နေတယ်လို့လည်း ကျန်းမာရေး တာဝန်ရှိသူတွေက ထိုင်းအစိုးရကို တိုက်တွန်း ပြောကြားနေကြပါတယ်။ အခုအခါမှာတော့ ကာကွယ်ဆေး ထိုးနှံပြီးစီးထားတဲ့ လုပ်သားတွေကိုသာ ငှားရမ်းကြဖို့ ထိုင်းအစိုးရက လုပ်ငန်းရှင်တွေကိုလည်း တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ၂၀၂၁ နှစ်စကနေ ၁၀ လအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀,၀၀၀ ကျော် ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။ အခုနောက်ဆုံးကတော့ သီတင်းတပတ်အတွင်း တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂,၈၀၀ ကျော် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG