(Zawgyi)
နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၄၆ ယောက်ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း လုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာကြီးက ဆိုပါတယ်။
ထိုင်း သံချပ်ကာတပ်စိတ် ၃ က အမျိုးသား ၁၉ ယောက်၊ အမျိုးသမီး အယောက် ၂၀ နဲ့ ကလေး ၇ ယောက်ကို ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ အမှတ် ၄ သံချပ်ကာတပ်ရင်းမှူး ဗိုလ်မှူးကြီး Veerachai Phongkaew က ပြောပါတယ်။
အားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး Mae Ngon မှာရှိတဲ့ Ban Luang ရွာအနီးမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဇန်နဝါရီ ၁ ရက်နေ့က နယ်စပ်ကို ဖြတ်လာခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံ၊ လဲချား၊ မိုင်းကိုင်က လာခဲ့ကြတာပါ။ ချင်းမိုင်နဲ့ ဘန်ကောက်မှာ အလုပ်ရဖို့ မြန်မာပြည်မှာရှိတဲ့ ပွဲစားကို တယောက် ဘတ် ၂၀,၀၀၀ ကနေ ၂၆,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ ရဲဌာနမှာ ဥပဒေကြောင်းကိစ္စတွေ လုပ်ပြီးတာနဲ့ သူတို့ကို မြန်မာပြည် ပြန်ပို့မယ်လို့ သိရပါတယ်။
---------------------------
(Unicode)