သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ၄ ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၇ဝဝ ကျော် ဖမ်းဆီးခံရ


၁၃-၁-၂၂ ရက်နေညက ရ နောင်းပြည်နယ်ထဲမှာ ထိုင်းရေတပ်က ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ (ဓါတ်ပုံ ထိုင်းရဲတပ်ဖွဲ့)
၁၃-၁-၂၂ ရက်နေညက ရ နောင်းပြည်နယ်ထဲမှာ ထိုင်းရေတပ်က ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ (ဓါတ်ပုံ ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံမှာ ၄ ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၇ဝဝ ကျော် ဖမ်းဆီးခံရ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ကမ်ချဘူရီပြည်နယ် ၊ရနောင်းပြည်နယ် ၊ ချင်းမိုင် မယ်ဟောင်ဆောင် တာ့ခ် စတဲ့ပြည်နယ်၇ခုမှာ ၄ရက်အတွင်းလူကုန်ကူးခံရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား၇၀၀ကျော် ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်အကိုင်ရှာဖွေဖို့အတွက် လူကုန်ကူးသူတွေ ခေါ်လာတဲ့မြန်မာနိုင်ငံသားတွေ တရားမဝင်လမ်းတွေကနေတဆင့်ဝင်လာကြတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ပြည်နယ်အသီးသီးမှာဖမ်းဆီးနေတာပါ ။

ထိုင်းမြန်မာနယ်စပ်တွေဖြစ်ကြတဲ့ တာ့ခ်ပြည်နယ် ရနောင်းပြည်နယ် ကမ်ချနဘူရီပြည်နယ် မယ်ဟောင်ဆောင်ပြည်နယ်အပါအဝင် ပြည်နယ် ၇ခုမှာ ၄ရက်အတွင်းဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၇၀၀ကျော်ရှိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

" ရေကြောင်းခရီးကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ရနောင်းပြည်နယ်ဘက်မှာ ဖမ်းဆီးခံရပါတယ်။ ၁၄ရက်နေ့ ဒီနေ့မှာပဲ တောထဲမှာပဲ ၄ရက်လောက် အစာရေစာပြတ်လတ် စွန့်ပစ်ခံရတဲ့မြန်မာ၁၀ယောက် ကမ်ချနဘူရီပြည်နယ်ထဲမှ ာဖမ်းခံရပါတယ် ။ဇန်ဝနဝါရီလ ၁၃ရက်နေ့ မှာတော့ မဲဆောက်ခရိုင်ထဲမှာ တရားမဝင် ၄၉ဦးဖမ်းမိတယ်။ ကမ်ချနဘူရီပြည်ထဲမှာတော့ ၁၅၂ ဖမ်းခံရပါတယ် ။ ၁၂ရက်နေ့မှာတော့ ထိုင်းနဲ့တနင်္သာရီတိုင်းနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာတော့ တရားမဝင်မြန်မာ၆၀ဖမ်းမိပါတယ်။ အဲဒီ ၁၂ရက်နေ့မှာပဲ တာ့ခ်ပြည်နယ်နဲ့ မယ်ဟောင်ဆောင်ပြည်နယ် နေရာ၁၁ခုမှာ တရားမဝင်မြန်မာ၉၄ယောက် ဖမ်းခံရသလို ချင်းမိုင်ပြည်နယ်က နေရာ၁၇ခုမှာ မြန်မာ၂၅၉ယောက်ဖမ်းခံရပါတယ်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့က နေ ၁၄ရက်အတွင်းမြန်မာ ၇၀၁ယောက်အဖမ်းခံရပါတယ်"

ဇန်နဝါရီလ ၁ရက်နေ့ကစပြီး၂ပတ်အတွင်းဖမ်းမိတဲ့မြန်မာနိုင်ငံသား ၁၃၀၀ကျော်လောက်ရှိပြီး သူတို့ကို လူကုန်ကူးလာတဲ့ ထိုင်းနိုင်ငံသား ၁၃ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ဆိုပါတယ် ။

" ပွဲစား၁၃ယောက်ဖမ်းမိပါတယ် ထိုင်းနိုင်ငံသားတွေပါ"

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံး အတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက် ၆ သောင်းကျော်လောက်ရှိမယ်လို့လည်း အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်း ပြုစုထားပါတယ်။ အဲဒီအရေအတွက်မှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်ရှင်။

........................................

တိုက်ရိုက် လင့်ခ်



{{Unicode}}








XS
SM
MD
LG