သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေနရပ္ျပန္ ျမန္မာအလုပ္သမားေတြ ျမဝတီမွာ ဖမ္းဆီးစစ္ေဆးခံေနရ


2021 ႏို၀င္ဘာလက မဲေဆာက္ကေန ျမ၀တီကို ေနရပ္ျပန္ပို့ခံရတဲ့ျမန္မာအလုပ္သမားမ်ား

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ခ်စ္ႀကည္ေရးတံတား(၂)ကေန႔ ေနရပ္ျပန္ႀကတဲ့ျမန္မာအလုပ္သမားေတြကုိ ျမ၀တီျမို့ေရာက္တဲ့အခါမွာ ကုိဗစ္ကပ္ေဘးကာလမို့ ကြာရန္တင္းစင္တာေတြမွာ ထားရွိျပီးသူတို့ရဲ့ ဖုန္းေတြထဲမွာ ႏိုင္ငံေရးနဲ့ပတ္သက္တာေတြကို ထည့္သြင္းထားတာရွိမရွိ စစ္ေဆးတာအျပင္ တခ်ိဳ ့လည္းသံသယနဲ့ ဖမ္းဆီးခံရသူေတြ ရာဂဏန္းေလာက္ရွိေနတယ္လို့ အလုပ္သမားေရးေဆာင္ရြက္ေနသူေတြကဆိုပါတယ္။ ဒီသတင္းကိုဗီြအုိေအသတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေဘးကာလမွ ာစက္ရံုေတြရပ္နားလို့ အလုပ္လက္မဲ့ျဖစ္ေနသူေတြ အေထာက္အထားမျပည့္စံုလို့ ဖမ္းဆီးခံရသူေတြ တရားမ၀င္နယ္စပ္လမ္းေတြကေန ၀င္လာတာေႀကာင့္ ဖမ္းဆီးခံရသူေတြကို ထုိင္းျမန္မာနယ္စပ္မဲေဆာက္ျမိဳ့ကေန ျပည္ေတာ္ျပန္ အစီစဥ္နဲ့ ထိုင္းျမန္မာအာဏာပိုင္ေတြ ညိွႏိုွင္းျပီး အပတ္စဥ္ေနရပ္ျပန္ပို့ေနတာပါ ။ ျမ၀တီျမိဳ ့ေရာက္တဲ့ အခါမွာ ေနရပ္ျပန္သူေတြရဲ ့လက္ကိုင္ဖုန္းေတြထဲမွာ ႏို္င္ငံေရးနဲ႔ ပတ္သက္တဲ့လွဳပ္ရွားမူ ဓါတ္ပံုေတြ အသံဖိုင္ေတြ ဗိီြဒီိယုိဖုိင္ေတြရွိမရွိ စစ္ေဆးတာ သံသယနဲ့ စစ္ေဆးေမးျမန္းတာေတြ အျပင္ စစ္ေကာင္စီဘက္က ဖမ္းဆီးအေရးယူမူရိွတယ္လို့ အလုပ္သမားေရးေဆာင္ရြက္ေနသူတဦးကေျပာျပပါတယ္။

"စကစ(စစ္ေကာင္စီ)ကုိေတာ္လွန္ေနတဲ့ဟာေတြ ေႏြဦးေတာ္လွန္ေရးကိုေထာက္ခံတဲ့ပုိစ့္ေတြ ဒါမ်ိဳးေတြပါသလား။ ဒီသတင္းအခ်က္အလက္ေတြပါသလား။ျပန္လာတဲ့အလုပ္သမားေတြအမ်ားစုေတြလည္း လူငယ္လူရြယ္လူလတ္ပုိင္းေတြမ်ားေတာ့ လက္ကိုင္ဖုန္းေတြရိွေတာ့မင္းကNUG ကုိေထာက္ခံတာ PDF ေတြပဲ "

ေျပာရမယ္ဆိုရင္ ေႏြဦးေတာ္လွန္ေရးကိုေထာက္ခံရင္ NUG ကုိေထာက္ခံတယ္ဆိုျပီးစြတ္စဲြျပီး အဖမ္းခံရတာအေရးယူတာေတြရွိတယ္လို့သိရတယ္ ။ ဒီဇင္ဘာလ၂၂ရက္တုံးက က်ေနာ္တုိ့တိတိက်က် မက္ေဆ့စ္တခုရတာကေတာ့ လူငယ္လူရြယ္ေတြကတခုခုျဖစ္ေအာင္ လွဳပ္ရွားမူျဖစ္ေအာင္ လွံဳေဆာ္တဲ့စာေတြတင္တယ္ဆုိျပီးစဲြထားတဲ့ လူ၂၀၀ေက်ာ္ရွိတယ္လို့သိရတယ္ျမ၀တီအခ်ဳပ္ထဲမွာေနာ္ "

အလုပ္သမားေရး လွဳပ္ရွားသူေနာက္တဦးျဖစ္တဲ့ ဦးမုိးႀကိဳးကလည္း ျမန္မာအလုပ္သမားေတြေနရပ္ျပန္တဲ့အခါမွာ ပဲြစားေတြနဲ့ေတာလမ္းေတြကေန မျပန္ႀကဖို့နဲ့ ဖုန္းေတြထဲမွာ မိမိတို့ရဲ ့ခံယူခ်က္ပံုေတြ မထည့္ထားဖို့သတိေပးေျပာႀကားခဲ့ပါတယ္။

"မိမိတုိ့ရဲ ့ဟန္းဖုန္းေတြထဲမွာ မိမိတို့ခံယူခ်က္ ဘယ္ေလာက္ျပင္းျပင္း မိမိခံယူခ်က္နဲ့ ဆိုင္တဲ့ဟိုပံုဒိီပံုေတြ အသံဖုိင္ေတြ ဗြီဒီယုိဖိုင္ေတြ ထည့္သြင္းမထားပါနဲ့ ။ ျမန္မာႏိုင္ငံေရာက္ရင္ျပသနာတက္ႏုိင္ပါတယ္ "

ျပီးခဲ့တဲ့၂၀၂၁ခုႏွစ္ႀသဂုတ္လ၁ရက္ေန့ကစျပီး ၂၀၂၂ခုႏွစ္ ဇန္န၀ါရီလ ၁၇ရက္ေန့ထိ ေနရပ္ျပန္သူ ၂၃၀၀၀ေ က်ာ္ရွိပါတယ္။ ထုိင္းဘက္ကေနရပ္ျပန္သူေတြထဲမွာ မႀကာေသးခင္လေတြကအဖမ္းဆီးခံရသူေတြကို အဓီကဦးစားေပးျပန္ပို့ေနတာေတြေတြ ့ရေႀကာင္း လက္ရွိမွာေတာ့ တပတ္ကို ၃ရက္နဲ တရက္ကုိလူ၂၀၀ႏွဳန္းနဲ့ျပန္လက္ခံမယ္လို့ ျမန္မာဘက္က ေျပာဆုိထားေပမယ့္ ဇန္န၀ါရီလ၁၇ရက္ေန့ကေတာ့ လူ၈၀ေက်ာ္ကိုသာ လက္ခံခဲ့တယ္လို့လည္း ျမန္မာျပည္သားမ်ားအေရးပူးတဲြလွဳပ္ရွားမူ့ေကာ္မတီရဲ့ ဥကၠဌ ဦးမုိးႀကိဳးကေျပာျပပါတယ္။

"မဲေဆာက္ျမိဳ ့မွာရွိတဲ့ ခ်စ္ႀကည္ေရးတံတားကေန တပတ္ကို ၃ရက္ တရက္ကို လူ၂၀၀ေပါ့ ။ အေျခအေနအရ ျမန္မာျပည္က ခိုး၀င္လာသူေတြကိုပဲ အရင္ပို့ရတာကေတာ့ မေန့က ၈၂ေယာက္ပဲျပန္ရေသးတယ္။ ျပန္ခြင့္ျပဳတာကျမန္မာႏိုင္ငံကလက္ခံႏိုင္တဲ့အေနအထားေပါ့ omicron ေႀကာင့္ဆုိျပီး။အေႀကာင္းျပျပိီးေတာ့။အမွန္ကေတာ့လူ၂၀၀ထိျပန္ခြင့္ျပဳမယ္လို့ေျပာထားတယ္။ခိုး၀င္ေတြကိုဦးစားေပးျပီးလႊတ္တာေလ "

မဲေဆာက္- ျမ၀တီ အမွတ္ (၂) ခ်စ္ၾကည္ေရး တံတားကေန တဆင့္ ျမန္မာဘက္ကို ေရာက္ရွိလာသူေတြကို COVID -19 ကူးစက္ေရာဂါ စစ္ေဆးဖို့အတြက္ သက္ဆိုင္ရာ ကြာရန္တင္း စင္တာေတြမွာထားျပီးစစ္ေကာင္စီ ဝန္ထမ္းမ်ားကဖုန္းမ်ား စစ္ေဆးတာ ခံရတယ္လို့ ေနရပ္ျပန္သူတခ်ိဳ့ကလည္းဆိုပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ ျပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လံုးအတုိင္းအတာနဲ႔ ဖမ္းမိတဲ့ ႏိုင္ငံျခားေရႊေျပာင္း အလုပ္သမားအေရအတြက္ ၆ ေသာင္းေက်ာ္ေလာက္ရိွမယ္လို႔လည္း အလုပ္သမားေရးေဆာင္ရြက္ေနတဲ့ အဖဲြ ့ေတြစုေပါင္းထားတဲ့ Migrant Labour Development Network ကစာရင္း ျပဳစုထားပါတယ္။ အဲဒီအေရအတြက္မွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ထဲမွာေတာ့ စစ္ေကာင္စီက အာဏာသိမ္းခဲ့ျပီးတဲ့ေနာက္ ျမန္မာႏိုင္ငံက ႏိုင္ငံေရးပဋိပကၡေတြတိုက္ပဲြေတြြ အာဏာသိမ္းမႈ ဆန္႔က်င္သူေတြကို အဖမ္းအဆီးေတြျဖစ္လာခဲ့ျပီးေနာက္ ေနရပ္စြန့္ခြါျပီး စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ေတြအတြက္ထိုင္းႏိုင္ငံထဲကို တရားမ၀င္လမ္းကေန လာေရာက္သူ အေျမာက္အမ်ား႐ွိပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ချစ်ကြည်ရေးတံတား(၂)ကနေ့ နေရပ်ပြန်ကြတဲ့မြန်မာအလုပ်သမားတွေကို မြဝတီမြို့ရောက်တဲ့အခါမှာ ကိုဗစ်ကပ်ဘေးကာလမို့ ကွာရန်တင်းစင်တာတွေမှာ ထားရှိပြီးသူတို့ရဲ့ ဖုန်းတွေထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ထည့်သွင်းထားတာရှိမရှိ စစ်ဆေးတာအပြင် တချို့လည်းသံသယနဲ့ ဖမ်းဆီးခံရသူတွေ ရာဂဏန်းလောက်ရှိနေတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလမှ ာစက်ရုံတွေရပ်နားလို့ အလုပ်လက်မဲ့ဖြစ်နေသူတွေ အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးခံရသူတွေ တရားမဝင်နယ်စပ်လမ်းတွေကနေ ဝင်လာတာကြောင့် ဖမ်းဆီးခံရသူတွေကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကနေ ပြည်တော်ပြန် အစီစဉ်နဲ့ ထိုင်းမြန်မာအာဏာပိုင်တွေ ညှိနိုှင်းပြီး အပတ်စဉ်နေရပ်ပြန်ပို့နေတာပါ ။ မြဝတီမြို့ရောက်တဲ့ အခါမှာ နေရပ်ပြန်သူတွေရဲ့လက်ကိုင်ဖုန်းတွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့လှုပ်ရှားမူ ဓါတ်ပုံတွေ အသံဖိုင်တွေ ဗိွီဒီယိုဖိုင်တွေရှိမရှိ စစ်ဆေးတာ သံသယနဲ့ စစ်ဆေးမေးမြန်းတာတွေ အပြင် စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူမူရှိတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတဦးကပြောပြပါတယ်။

"စကစ(စစ်ကောင်စီ)ကိုတော်လှန်နေတဲ့ဟာတွေ နွေဦးတော်လှန်ရေးကိုထောက်ခံတဲ့ပိုစ့်တွေ ဒါမျိုးတွေပါသလား။ ဒီသတင်းအချက်အလက်တွေပါသလား။ပြန်လာတဲ့အလုပ်သမားတွေအများစုတွေလည်း လူငယ်လူရွယ်လူလတ်ပိုင်းတွေများတော့ လက်ကိုင်ဖုန်းတွေရှိတော့ မင်းကNUG ကိုထောက်ခံတာ PDF တွေပဲ "

ပြောရမယ်ဆိုရင် နွေဦးတော်လှန်ရေးကိုထောက်ခံရင် NUG ကိုထောက်ခံတယ်ဆိုပြီးစွတ်စွဲပြီး အဖမ်းခံရတာအရေးယူတာတွေရှိတယ်လို့သိရတယ် ။ ဒီဇင်ဘာလ၂၂ရက်တုံးက ကျနော်တို့တိတိကျကျ မက်ဆေ့စ်တခုရတာကတော့ လူငယ်လူရွယ်တွေကတခုခုဖြစ်အောင် လှုပ်ရှားမူဖြစ်အောင် လှုံဆော်တဲ့စာတွေတင်တယ်ဆိုပြီးစွဲထားတဲ့ လူ၂၀၀ကျော်ရှိတယ်လို့သိရတယ်မြဝတီအချုပ်ထဲမှာနော် "

အလုပ်သမားရေး လှုပ်ရှားသူနောက်တဦးဖြစ်တဲ့ ဦးမိုးကြိုးကလည်း မြန်မာအလုပ်သမားတွေနေရပ်ပြန်တဲ့အခါမှာ ပွဲစားတွေနဲ့တောလမ်းတွေကနေ မပြန်ကြဖို့နဲ့ ဖုန်းတွေထဲမှာ မိမိတို့ရဲ့ခံယူချက်ပုံတွေ မထည့်ထားဖို့သတိပေးပြောကြားခဲ့ပါတယ်။

"မိမိတို့ရဲ့ဟန်းဖုန်းတွေထဲမှာ မိမိတို့ခံယူချက် ဘယ်လောက်ပြင်းပြင်း မိမိခံယူချက်နဲ့ ဆိုင်တဲ့ဟိုပုံဒီပုံတွေ အသံဖိုင်တွေ ဗွီဒီယိုဖိုင်တွေ ထည့်သွင်းမထားပါနဲ့ ။ မြန်မာနိုင်ငံရောက်ရင်ပြသနာတက်နိုင်ပါတယ် "

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်သြဂုတ်လ၁ရက်နေ့ကစပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ထိ နေရပ်ပြန်သူ ၂၃၀၀၀ေ ကျာ်ရှိပါတယ်။ ထိုင်းဘက်ကနေရပ်ပြန်သူတွေထဲမှာ မကြာသေးခင်လတွေကအဖမ်းဆီးခံရသူတွေကို အဓီကဦးစားပေးပြန်ပို့နေတာတွေတွေ့ရကြောင်း လက်ရှိမှာတော့ တပတ်ကို ၃ရက်နဲ တရက်ကိုလူ၂၀၀နှုန်းနဲ့ပြန်လက်ခံမယ်လို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ဇန်နဝါရီလ၁၇ရက်နေ့ကတော့ လူ၈၀ကျော်ကိုသာ လက်ခံခဲ့တယ်လို့လည်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုးကပြောပြပါတယ်။

"မဲဆောက်မြို့မှာရှိတဲ့ ချစ်ကြည်ရေးတံတားကနေ တပတ်ကို ၃ရက် တရက်ကို လူ၂၀၀ပေါ့ ။ အခြေအနေအရ မြန်မာပြည်က ခိုးဝင်လာသူတွေကိုပဲ အရင်ပို့ရတာကတော့ မနေ့က ၈၂ယောက်ပဲပြန်ရသေးတယ်။ ပြန်ခွင့်ပြုတာက မြန်မာနိုင်ငံကလက်ခံနိုင်တဲ့အနေအထားပေါ့ omicron ကြောင့်ဆိုပြီး။အကြောင်းပြပြီးတော့။အမှန်ကတော့လူ၂၀၀ထိပြန်ခွင့်ပြုမယ်လို့ပြောထားတယ်။ခိုးဝင်တွေကိုဦးစားပေးပြီးလွှတ်တာလေ "

မဲဆောက်- မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားကနေ တဆင့် မြန်မာဘက်ကို ရောက်ရှိလာသူတွေကို COVID -19 ကူးစက်ရောဂါ စစ်ဆေးဖို့အတွက် သက်ဆိုင်ရာ ကွာရန်တင်း စင်တာတွေမှာထားပြီး စစ်ကောင်စီ ဝန်ထမ်းများကဖုန်းများ စစ်ဆေးတာ ခံရတယ်လို့ နေရပ်ပြန်သူတချို့ကလည်းဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက် ၆ သောင်းကျော်လောက်ရှိမယ်လို့လည်း အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network ကစာရင်း ပြုစုထားပါတယ်။ အဲဒီအရေအတွက်မှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာတော့ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေ တိုက်ပွဲတွေ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အဖမ်းအဆီးတွေ ဖြစ်လာခဲ့ပြီးနောက် နေရပ်စွန့်ခွါပြီး စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေအတွက် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကနေ လာရောက်သူ အမြောက်အများရှိပါတယ်။

XS
SM
MD
LG