သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းအက်ဥ္းက် လြတ္ရက္ေစ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၁၁၀ ျမန္မာႏိုင္ငံကိုလႊဲေျပာင္း


ေဖေဖၚဝါရီလ ၁ ရက္ေန့က ရေနာင္းကေန ေကာ့ေသာင္းဘက္ကို ျပန္လႊဲေျပာင္းေပးတဲ့ လြတ္ရက္ေစ့ျမန္မာအလုပ္သမားမ်ား။ (ဓာတ္ပံု- Myanmar labour Attache)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံအက်ဥ္းေထာင္ေတြထဲမွာ ျပစ္ဒဏ္က်ခံေနရၿပီး လြတ္ရက္ေစ့လာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၁၀ ကို ထိုင္း-ျမန္မာနယ္စပ္၊ ရေနာင္းျပည္နယ္ကေန ျမန္မာႏိုင္ငံ၊ တနသၤာရီတုိင္း၊ ေကာ့ေသာင္းၿမိဳ႕ဆီ ေဖေဖၚဝါရီလ ၁ ရက္ေန႔က ျပန္လည္လႊဲေျပာင္းေပးလိုက္ပါတယ္။ ဒီသတင္းအျပည့္အစံုကို ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံဘက္က ရေနာင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ျမန္မာဘက္က အလုပ္သမားသံအရာရိွတဦးအပါအဝင္ ထိုင္းျမန္မာနယ္ျခားေကာ္မတီကတာဝန္ရွိသူမ်ား၊ ရေနာင္းခ႐ိုင္လူဝင္မႈ ႀကီးၾကပ္ေရးဌာနတာဝန္ရွိသူေတြဟာ ထိုင္းႏိုင္ငံထဲမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပစ္ဒဏ္က်ခံၿပီး လြတ္ရက္ေစ့တဲ့ ျမန္မာေ႐ႊ႕‌‌ေျပာင္းလုပ္သား ၁၁၀ ကုိ ျမန္မာႏုိင္ငံဘက္ကုိ ျပန္လႊဲေျပာင္းေပးခဲ့ပါတယ္။

နာမက်န္းျဖစ္ေနသူေတြအပါအဝင္ လြတ္ရက္ေစ့သူေတြကို ျပန္လႊတ္ေပးခဲ့တာနဲ႔ပတ္သက္လုိ႔ ပညာေရးနဲ့ ဖြံျဖိဳးတုိးတက္ေရးအဖဲြ႔ရဲ႕ ေကာ့ေသာင္းျမိဳ႕ ေရႊ႕ေျပာင္းအလုပ္သမား ပညာေပးစင္တာ တာဝန္ခံဦးမုိးေဝက အခုလိုေျပာျပပါတယ္။

“အားလံုးဆိုရင္ အမ်ိဳးသမီးက ၄၀။ အမ်ိဳးသားေတြက ၇၀။ အဲဒီ ၇၀ ထဲမွာ က်န္းမာေရးမေကာင္းတဲ့ သူေတြ ၂ ေယာက္ပါတယ္။ ကိုဗစ္ကာလမွာ ဟုိဘက္မွာအခ်ဳပ္က်ျပီး အေၾကာင္းအမ်ိဳးမ်ိဳးေႀကာင့္ အဖမ္းခံရသူေတြပါတယ္။ လေတြၾကာေနတဲ့အတြက္ အခုလက္ခံလို့ အဆင္သင့္ျဖစ္တာနဲ့လက္ခံလိုက္တာပါ။ အားလံုးေပါင္း ၁၁၀ ပါ။ လူနာက ၂ ဦးပါ။”

ထိုိင္းႏိုင္ငံေတာင္ပုိင္းမွာ ဖမ္းဆီးခံရသူေတြအမ်ားအျပားရွိေပမယ့္ ေကာ့ေသာင္းျမိဳ့ကိုျပန္လႊဲေျပာင္းတဲ့အခါ ကိုဗစ္ကပ္ေဘးကာလမို ့ေစာင့္ၾကည္ေရးစင္တာမလံုေလာက္မူေတြေၾကာင့္ လူမ်ားမ်ားကို လက္ခံလို့မရဘူးလို႔ ဆိုပါတယ္။ ဒီအတြက္ ၿပီးခဲ့တဲ့တႏွစ္တာကာလအတြင္း တလမွာ တႀကိမ္ ႏွစ္ႀကိမ္သာ လဲႊေျပာင္းတာေတြရိွခဲ့ျပီး တႏွစ္ေက်ာ္အတြင္း လူဦးေရ တေထာင္ေက်ာ္ေလာက္ပဲ လဲႊေျပာင္းတာရွိတယ္လို့လည္း ဦးမုိးေဝကဆုိပါတယ္။

“တခါတေလဆိုရင္ အလုပ္သမားသံအရာရိွရံုးကေနတဆင့္ ႏိုင္ငံျခားေရးဝန္ႀကီးကိုတင္တယ္။ အဲဒီကေန ျပည္နယ္နဲ့တိုင္း အာဏာပုိင္ေတြကို အေၾကာင္းၾကားတယ္။ တိုင္းကအဆင္သင့္ျဖစ္ျပီဆိုမွ လက္ခံႏိုင္တယ္။ က်ေနာ္တုိ့ တႏွစ္ေက်ာ္အတြင္းမွာေတာ့ လူဦးေရ တေထာင္ေက်ာ္ေလာက္ကို လက္ခံႏိုင္ခဲ့တယ္။”

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္-ျမဝတီလမ္းဘက္မွာေတာ့ ျပစ္ဒဏ္က်ျပီး လြတ္ရက္ေစ့တဲ့သူေတြထဲက ၆ လအတြင္းလူဦးေရ ၂၀,၀၀၀ ေက်ာ္ေလာက္ လဲႊေျပာင္းေပးခဲ့ျပီး အမ်ားစုကေတာ့ လပိုင္းေတြအတြင္း အဖမ္းခံရသူေတြကို ျပန္ပို့ခဲ့တာျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ထိုင်းအကျဉ်းကျ လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၀ မြန်မာနိုင်ငံကိုလွှဲပြောင်း

ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်စေ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၀ ကို ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းပြည်နယ်ကနေ မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ဆီ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံဘက်က ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာဘက်က အလုပ်သမားသံအရာရှိတဦးအပါအဝင် ထိုင်းမြန်မာနယ်ခြားကော်မတီကတာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနတာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့တဲ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား ၁၁၀ ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

နာမကျန်းဖြစ်နေသူတွေအပါအဝင် လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးခဲ့တာနဲ့ပတ်သက်လို့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ တာဝန်ခံဦးမိုးဝေက အခုလိုပြောပြပါတယ်။

“အားလုံးဆိုရင် အမျိုးသမီးက ၄၀။ အမျိုးသားတွေက ၇၀။ အဲဒီ ၇၀ ထဲမှာ ကျန်းမာရေးမကောင်းတဲ့ သူတွေ ၂ ယောက်ပါတယ်။ ကိုဗစ်ကာလမှာ ဟိုဘက်မှာအချုပ်ကျပြီး အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရသူတွေပါတယ်။ လတွေကြာနေတဲ့အတွက် အခုလက်ခံလို့ အဆင်သင့်ဖြစ်တာနဲ့လက်ခံလိုက်တာပါ။ အားလုံးပေါင်း ၁၁၀ ပါ။ လူနာက ၂ ဦးပါ။”

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံရသူတွေအများအပြားရှိပေမယ့် ကော့သောင်းမြို့ကိုပြန်လွှဲပြောင်းတဲ့အခါ ကိုဗစ်ကပ်ဘေးကာလမို့စောင့်ကြည်ရေးစင်တာမလုံလောက်မူတွေကြောင့် လူများများကို လက်ခံလို့မရဘူးလို့ ဆိုပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့တနှစ်တာကာလအတွင်း တလမှာ တကြိမ် နှစ်ကြိမ်သာ လွဲှပြောင်းတာတွေရှိခဲ့ပြီး တနှစ်ကျော်အတွင်း လူဦးရေ တထောင်ကျော်လောက်ပဲ လွဲှပြောင်းတာရှိတယ်လို့လည်း ဦးမိုးဝေကဆိုပါတယ်။

“တခါတလေဆိုရင် အလုပ်သမားသံအရာရှိရုံးကနေတဆင့် နိုင်ငံခြားရေးဝန်ကြီးကိုတင်တယ်။ အဲဒီကနေ ပြည်နယ်နဲ့တိုင်း အာဏာပိုင်တွေကို အကြောင်းကြားတယ်။ တိုင်းကအဆင်သင့်ဖြစ်ပြီဆိုမှ လက်ခံနိုင်တယ်။ ကျနော်တို့ တနှစ်ကျော်အတွင်းမှာတော့ လူဦးရေ တထောင်ကျော်လောက်ကို လက်ခံနိုင်ခဲ့တယ်။”

ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီလမ်းဘက်မှာတော့ ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့တဲ့သူတွေထဲက ၆ လအတွင်းလူဦးရေ ၂၀,၀၀၀ ကျော်လောက် လွဲှပြောင်းပေးခဲ့ပြီး အများစုကတော့ လပိုင်းတွေအတွင်း အဖမ်းခံရသူတွေကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်ရှင်။

#ထိုင်းမြန်မာ #ရွှေ့ပြောင်းအလုပ်သမား #ကိုဗစ် #ကော့သောင်း #ရနောင်း #လွတ်ရက်စေ့ #မြဝတီ #၁၁၀ #ဗွီအိုအေမြန်မာဌာန

=========

XS
SM
MD
LG