သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ရက်အတွင်း အထောက်အထားမဲ့ ဝင်လာသူ မြန်မာ ၁,ဝဝ၀ ကျော် ထိုင်းဖမ်းဆီး


ကမ်ချနဘူရီပြည်နယ်နဲ့ ပရာကျွတ်ခီရီကန်ပြည်နယ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ (ဖေဖော်ဝါရီ ၄၊ ၂၀၂၂။ ဓာတ်ပုံ - ထိုင်းစစ်တပ် PR Center)
ကမ်ချနဘူရီပြည်နယ်နဲ့ ပရာကျွတ်ခီရီကန်ပြည်နယ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ (ဖေဖော်ဝါရီ ၄၊ ၂၀၂၂။ ဓာတ်ပုံ - ထိုင်းစစ်တပ် PR Center)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ ပရာကျွတ်ခီရီကန်ပြည်နယ်၊ တာ့ခ်ပြည်နယ်တွေထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ၆ ရက်နေ့ထိ လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်လောက် အစုလိုက်အပြုံလိုက် အဖမ်းခံခဲ့ရကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ ပရာကျွတ်ခီရီကန်ပြည်နယ်၊ တာ့ခ်ပြည်နယ်တွေထဲမှာ ၆ ရက်အတွင်း လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် အစုလိုက်အပြုံလိုက် အဖမ်းခံရတာပါ။ ဒီ ၆ ရက်အတွင်းမှာ လူကုန်ကူးသူ ၁၇ ယောက်လည်း ဖမ်းမိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ နယ်စပ်ဝင်ပေါက် အမျိုးမျိုးမှာ နေ့စဉ်နဲ့အမျှ ပြည်နယ် ၆ ခုထဲက ပြည်နယ်တခုခုမှာ မြန်မာတွေ တရားမဝင် ဝင်တယ်ပေါ့ဗျာ၊ ဖမ်းဆီးခံရမှုတွေက နေ့စဉ် ဖြစ်ပေါ်နေတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂၅၁ ယောက် ကမ်ချနဘူရီပြည်နယ်မှာ အဖမ်းခံရတယ်။ ၃ ရက်နေ့ တရက်တည်းမှာပဲ ၁၃၆ ယောက်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာပဲ ကမ်ချနဘူရီပြည်နယ်နဲ့ ပရာကျွတ်ခီရီကန် ပြည်နယ်ထဲမှာတော့ ၅၈၆ ယောက်၊ ၆၀၀ နီးပါး အဖမ်းခံရတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တာ့ခ်ပြည်နယ်မှာ လူ ၄၀ အဖမ်းခံရတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ တာ့ခ်ပြည်နယ်မှာပဲ လူ ၃၆ ယောက် အဖမ်းခံရတယ်။ လူ ၁,၀၀၀ ကျော်ပေါ့။ ထိုင်းနယ်ခြားစောင့်တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ လူမှောင်ခိုပွဲစား ၁၇ ယောက် အဖမ်းခံထားရပါတယ်။”

၂၀၂၂ ခုနှစ် နှစ်စ ဇန်နဝါရီလ တလတည်းမှာပဲ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတဲ့ မြန်မာနိုင်ငံသား အရေအတွက်က ၅,၀၀၀ ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၆၀,၀၀၀ ကျော်လောက်ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်းပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)







XS
SM
MD
LG