သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူကုန္ကူးကား ထိုင္းပစ္ခတ္ဖမ္းဆီး၊ ျမန္မာအလုပ္သမားတဦး ေသဆုံး


ပစ္ခတ္ခံရၿပီး ေသဆံုးသြားသူရဲ႕အေေလာင္းကို သယ္ေဆာင္လာတဲ့ ကယ္ဆယ္ေရးအဖဲြ႔။ (ဇန္နဝါရီ ၂၈၊ ၂၀၂၂။ ဓာတ္ပုံ - ကန္ခ်နဘူရီ လူမႈကယ္ဆယ္ေရးအဖဲြ႔)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ စုိင္ယုိ႔နယ္စပ္မွာ ျမန္မာ ၁၀ ဦးကို လူကုန္ကူးတဲ့ ကားတစီးကို စစ္ေဆးဖို႔ ရပ္ခိုင္းတာကို ေမာင္ေျပးခဲ့လို႔ ေက်းရြာလုံၿခဳံေရးက ပစ္ခတ္ခဲ့လို႔ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အမ်ိဳးသားတဦး ေသဆုံးၿပီး အမ်ိဳးသမီးတဦး ဒဏ္ရာရသြားခဲ့ပါတယ္။ အျပည့္အစုုံကုိ ဗြီအိုေအသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ စုိင္ယုိ႔နယ္စပ္မွာ ဇန္နဝါရီလ ၂၈ ရက္ေန႔ မနက္ ၁၀ နာရီခန္႔က ျမန္မာ ၁၀ ဦးကုိ လူကုန္ကူးလာတဲ့ ကားတစီးကို စစ္ေဆး ေမးျမန္းဖို႔ ရပ္ခိုင္းတာကို ေမာင္းေျပးတဲ့အတြက္ ေက်းရြာလံုၿခံဳေရးအဖဲြ႔က ပစ္ခတ္ခဲ့တာပါ။ ကားေနာက္ကေန ပစ္ခတ္ခံရတာေၾကာင့္ ကားေပၚမွာ လိုုက္ပါလာတဲ့ ျမန္မာႏုိင္ငံသား အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသားတဦး ေသဆံုုးခဲ့ၿပီး အသက္ ၂၀ အရြယ္ အမ်ိဳးသမီး ေသနတ္က်ည္ဆန္ထိမွန္ခဲ့ၿပီး အတြင္းလူနာအျဖစ္ ကန္ခ်နဘူရီေဆး႐ုံမွာ ပိုု႔ေဆာင္ကုုသမႈ ခံယူေနရတယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ ပညာေရးနဲ႔ ဖြံ့ၿဖိဳးတုိးတက္ေရးအဖဲြ႔က အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“သူတို႔က ကားကို မရပ္ဘဲနဲ႔ စစ္ေဆးေရးမွာ မရပ္ဘဲ ဂိတ္ကုိျဖတ္ၿပီးေျပးတာ၊ တာဝန္က် လုံၿခံဳေရးအဖြဲ႔ေတြက ပစ္တာ၊ အမ်ိဳးသား ျမန္မာ တရားမဝင္ အလုပ္သမားတဦး ေခါင္းအေနာက္ကေန က်ည္ဆန္မွန္ၿပီး ေရွ႕ကထြက္သြားတယ္။ တေယာက္ကေတာ့ ပဲြခ်င္းၿပီး ေသသြားတယ္။ ေကာင္မေလးကေတာ့ ပခံုး႐ုိးေခၚမွာေပါ့ေနာ္၊ မွန္တယ္၊ ကားသမား ထုိင္းလူမ်ိဳးကိုေတာ့ ဖမ္းထားတယ္။ က်န္တဲ့လူေတြကုိေတာ့ စစ္ေဆးေနတယ္။”

ကန္ခ်နဘူရီ ရဲမွဴး Pairote Khumphai ကေတာ့ ကားေမာင္းသမားေရာ ပစ္ခတ္သူကိုပါ ဖမ္းမိထားေၾကာင္း အခုလို ေျပာသြားပါတယ္။

“ျမန္မာ ၁၀ ဦးပါကား ပစ္ခတ္ခံရမႈမွာ ကားကိုုပစ္ခတ္သူကိုု ရဲစခန္းမွာ ေခၚယူစစ္ေဆးေနၿပီး ထြက္ေျပးသြားတဲ့ ကားေမာင္းသူကိုုပါ ဖမ္းမိခဲ့ပါတယ္။ စုိင္႐ုိ႕ေက်းရြာ အုုပ္ခ်ဳပ္ေရးမွဴးကေတာ့ ပစ္ခတ္ခဲ့တဲ့ ေက်းရြာလံုုၿခံဳေရး အဖဲြ႔ဝင္တဦးကိုု ေခၚယူၿပီး ရဲစခန္းမွာ လာေရာက္အပ္နွံခဲ့ပါတယ္။”

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ထဲမွာ ေန႔စဥ္ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းဆီးခံေနရၿပီး ဇန္နဝါရီလ တလတည္းမွာပဲ လူဦးေရ ၄,၀၀၀ ဝန္းက်င္ေလာက္ ဖမ္းဆီးခံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

လူကုန်ကူးကား ထိုင်းပစ်ခတ်ဖမ်းဆီး၊ မြန်မာအလုပ်သမားတဦး သေဆုံး

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ယို့နယ်စပ်မှာ မြန်မာ ၁၀ ဦးကို လူကုန်ကူးတဲ့ ကားတစီးကို စစ်ဆေးဖို့ ရပ်ခိုင်းတာကို မောင်ပြေးခဲ့လို့ ကျေးရွာလုံခြုံရေးက ပစ်ခတ်ခဲ့လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ယို့နယ်စပ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီခန့်က မြန်မာ ၁၀ ဦးကို လူကုန်ကူးလာတဲ့ ကားတစီးကို စစ်ဆေး မေးမြန်းဖို့ ရပ်ခိုင်းတာကို မောင်းပြေးတဲ့အတွက် ကျေးရွာလုံခြုံရေးအဖွဲ့က ပစ်ခတ်ခဲ့တာပါ။ ကားနောက်ကနေ ပစ်ခတ်ခံရတာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသမီး သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး အတွင်းလူနာအဖြစ် ကန်ချနဘူရီဆေးရုံမှာ ပို့ဆောင်ကုသမှု ခံယူနေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“သူတို့က ကားကို မရပ်ဘဲနဲ့ စစ်ဆေးရေးမှာ မရပ်ဘဲ ဂိတ်ကိုဖြတ်ပြီးပြေးတာ၊ တာဝန်ကျ လုံခြုံရေးအဖွဲ့တွေက ပစ်တာ၊ အမျိုးသား မြန်မာ တရားမဝင် အလုပ်သမားတဦး ခေါင်းအနောက်ကနေ ကျည်ဆန်မှန်ပြီး ရှေ့ကထွက်သွားတယ်။ တယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ ကောင်မလေးကတော့ ပခုံးရိုးခေါ်မှာပေါ့နော်၊ မှန်တယ်၊ ကားသမား ထိုင်းလူမျိုးကိုတော့ ဖမ်းထားတယ်။ ကျန်တဲ့လူတွေကိုတော့ စစ်ဆေးနေတယ်။”

ကန်ချနဘူရီ ရဲမှူး Pairote Khumphai ကတော့ ကားမောင်းသမားရော ပစ်ခတ်သူကိုပါ ဖမ်းမိထားကြောင်း အခုလို ပြောသွားပါတယ်။

“မြန်မာ ၁၀ ဦးပါကား ပစ်ခတ်ခံရမှုမှာ ကားကိုပစ်ခတ်သူကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပြီး ထွက်ပြေးသွားတဲ့ ကားမောင်းသူကိုပါ ဖမ်းမိခဲ့ပါတယ်။ စိုင်ရို့ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ ပစ်ခတ်ခဲ့တဲ့ ကျေးရွာလုံခြုံရေး အဖွဲ့ဝင်တဦးကို ခေါ်ယူပြီး ရဲစခန်းမှာ လာရောက်အပ်နှံခဲ့ပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာ နေ့စဉ် အထောက်အထားမဲ့ မြန်မာတွေ ဖမ်းဆီးခံနေရပြီး ဇန်နဝါရီလ တလတည်းမှာပဲ လူဦးရေ ၄,၀၀၀ ဝန်းကျင်လောက် ဖမ်းဆီးခံနေရပါတယ်။

XS
SM
MD
LG