သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းဘက္ကျပန္ပို႔တဲ့ ျမန္မာႏုိင္ငံသား ၅ လအတြင္း ၂၃,၀၀၀ ေက်ာ္ရွိၿပီ  


ျမ၀တီဘက္ျပန္ပို ့ခံရတဲ့ ျမန္မာနိုင္ငံသားမ်ား ( ၂၆၊၁၊၂၀၂၂) ( ဓာတ္ပံု (JACBA)

ထိုင္းႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္လာသူ အမ်ားစုပါတဲ့ ျမန္မာႏိုင္ငံသားေတြကို ထိုင္းအစိုးရက ျမန္မာႏိုင္ငံဘက္ကို ျပန္ပို႔ေနတာ ၂၀၂၁ ခုႏွစ္ ၾသဂုတ္ကတည္းကဆိုရင္ ၂၃,၀၀၀ ေက်ာ္ ရွိသြားပါၿပီ။ ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ဘက္ကေန ျပန္ပို႔ခံရသူေတြကို ႏိုင္ငံေရးနဲ႔ပတ္သက္သလား စစ္ေဆးၿပီး မသကၤာရင္ ဖမ္းဆီးတာေတြရွိတာေၾကာင့္ သတိထားၾကဖို႔ ျမန္မာ အလုပ္သမားအေရး လုပ္ေနသူက သတိေပးပါတယ္။ အျပည့္အစုံကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္လာသူေတြကို ၂၀၂၁ ခုႏွစ္ ၾသဂုတ္လထဲကစလို႔ ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္- ျမဝတီ ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) ကေန ထိုင္းအစိုးရက သီတင္းတပတ္ကို ၃ ရက္၊ ၁ ရက္ကို လူအေယာက္၂၀၀ ျမန္မာျပည္ ဘက္ ျပန္ပို႔ေနတာပါ။ ျပန္ပို႔ခံရသူအမ်ားစုက ထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္မႈနဲ႔ ျပစ္ဒဏ္အျမန္ခ်ခံရၿပီး ျပန္ပို႔ခံရတာျဖစ္ပါ တယ္။ အဲဒီလို ျမန္မာႏိုင္ငံဘက္ ျပန္ပို႔ခံရသူ ၆ လအတြင္း ၂၃,၀၀၀ ေက်ာ္ရွိၿပီး တခ်ိဳ႕ကေတာ့ ထိုင္းႏိုင္ငံဘက္မွာ အခက္အခဲ ေတြ႕လို႔ ကိုယ္တိုင္ျပန္ခ်င္သူေတြျဖစ္တယ္လို႔ အလုပ္သမားေရးေဆာင္႐ြက္ေနတဲ့ ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈေကာ္မတီဥကၠ႒ ဦးမိုးႀကိဳးက ေျပာပါတယ္။

“တပတ္ကို တနလၤာ၊ ဗုဒၶဟူး၊ စေန တပတ္ ၃ ရက္ တေန႔ကိုလူ ၂၀၀ ပါ။ တရက္ကို လူ၂၀၀မွာ ဘယ္လို အမ်ိဳးအစားေတြအမ်ားဆုံးပါသလဲဆိုေတာ့ ထိုင္းႏိုင္ငံထဲကို အေထာက္အထားမဲ့ေတြ ခိုးဝင္ၾကတဲ့ျမန္မာေတြ အမ်ားဆုံးပါၿပီးေတာ့ ထိုင္းႏိုင္ငံမွာအခက္အခဲေတြ႕တဲ့သူေတြ အၾကပ္အတည္းေတြ႕ၿပီး ျပန္ခ်င္ၾကသူေတြက ထိုင္းလဝကအခ်ဳပ္မွာ အဖမ္းခံၿပီးအခ်ဳပ္သားအေနနဲ႔ျပန္ၾကသူေတြလည္းရွိတယ္ ။ၿပီးခဲ့တဲ့ ၂၀၂၁ ၾသဂုတ္လ (၁)ရက္ေန႔ကေန ၂၀၂၂ခုႏွစ္ဇန္နဝါရီလ (၂၇)ရက္ေန႔ထိ ၂၃၈၅၇ ေယာက္ေနရပ္ျပန္ခဲ့ၾကပါတယ္။”

ထိုင္းႏိုင္ငံဘက္က အခုလိုျပန္ပို႔သူေတြ ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ဘက္ေရာက္တဲ့အခါ ႏိုင္ငံေရးနဲ႔ ပတ္သက္မႈ ရွိမရွိ စစ္ေဆးၿပီး မသကၤာသူတခ်ိဳ႕ ဖမ္းဆီးခံရတာလည္းရွိပါတယ္။ ဒါေၾကာင့္ အႏၲရာယ္ကင္းေအာင္ ကိုယ့္ရဲ႕လက္ကိုင္ဖုန္းထဲမွာ ထည့္သြင္း ထားတဲ့ ဖိုင္ေတြ အခ်က္အလက္ေတြရွိရင္ ဖ်က္သြားဖို႔ ဦးမိုးႀကိဳးက သတိေပးပါတယ္။

“ခိုးဝင္ၿပီးေတာ့ပဲျပန္ျပန္ ျပစ္ဒဏ္လြတ္ရက္ေစ့လို႔ပဲ ျပန္ရ ျပန္ရ မိမိရဲ႕ဟန္းဖုန္းထဲမွာ မိမိဘယ္ေလာက္ပဲယုံၾကည္ခ်က္ရွိရွိ အသံဖိုင္ေတြပုံေတြ ဗြီဒီယိုဖိုင္ေတြကို မထည့္ထားပါနဲ႔ အႏၲရယ္ရွိပါတယ္ အထူးသတိေပးပါရေစ ဒါက (၁)အခ်က္ပါ ။ နံပါတ္ (၂) အခ်က္ကေတာ့ အြန္လိုင္းကေန ကားစီစဥ္ေပးမယ္။ ေလယာဥ္စီစဥ္ေပးမယ္။ ေငြၾကိဳတင္လႊဲပါဆိုတဲ့ ပြဲစားေတြကို လုံးဝမယုံၾကည္ပါနဲ႔”

ၿပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လုံး အတိုင္းအတာနဲ႔ ဖမ္းမိတဲ့ ႏိုင္ငံျခားသား ေ႐ႊ႕ေျပာင္းအလုပ္သမားအေရအတြက္ ၆၀,၀၀၀ ေက်ာ္ေလာက္ရွိမယ္လို႔လည္း ထိုင္းႏိုင္ငံမွာ အလုပ္သမားေရးေဆာင္႐ြက္ေနတဲ့အဖြဲ႕ေတြ စုေပါင္းထားတဲ့ Migrant Labour Development Network က စာရင္းျပဳစုထားပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆုံးျဖစ္ပါတယ္။ အခု ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ တတိယပတ္အထိ နယ္စပ္ေတြကေန ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားအေရအတြက္ ၃,၀၀ ေက်ာ္ ရွိေနၿပီလို႔ ထိုင္း နယ္ျခားေစာင့္တပ္က သတင္းထုတ္ျပန္ထားပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္

ထိုင်းဘက်ကပြန်ပို့တဲ့ မြန်မာနိုင်ငံသား ၅ လအတွင်း ၂၃,၀၀၀ ကျော်ရှိပြီ

(Unicode)

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူ အများစုပါတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေတာ ၂၀၂၁ ခုနှစ် သြဂုတ်ကတည်းကဆိုရင် ၂၃,၀၀၀ ကျော် ရှိသွားပါပြီ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ကနေ ပြန်ပို့ခံရသူတွေကို နိုင်ငံရေးနဲ့ပတ်သက်သလား စစ်ဆေးပြီး မသင်္ကာရင် ဖမ်းဆီးတာတွေရှိတာကြောင့် သတိထားကြဖို့ မြန်မာ အလုပ်သမားအရေး လုပ်နေသူက သတိပေးပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ၂၀၂၁ ခုနှစ် သြဂုတ်လထဲကစလို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ထိုင်းအစိုးရက သီတင်းတပတ်ကို ၃ ရက်၊ ၁ ရက်ကို လူအယောက်၂၀၀ မြန်မာပြည် ဘက် ပြန်ပို့နေတာပါ။ ပြန်ပို့ခံရသူအများစုက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ပြစ်ဒဏ်အမြန်ချခံရပြီး ပြန်ပို့ခံရတာဖြစ်ပါ တယ်။ အဲဒီလို မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသူ ၆ လအတွင်း ၂၃,၀၀၀ ကျော်ရှိပြီး တချို့ကတော့ ထိုင်းနိုင်ငံဘက်မှာ အခက်အခဲ တွေ့လို့ ကိုယ်တိုင်ပြန်ချင်သူတွေဖြစ်တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“တပတ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ တပတ် ၃ ရက် တနေ့ကိုလူ ၂၀၀ ပါ။ တရက်ကို လူ၂၀၀မှာ ဘယ်လို အမျိုးအစားတွေအများဆုံးပါသလဲဆိုတော့ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့တွေ ခိုးဝင်ကြတဲ့မြန်မာတွေ အများဆုံးပါပြီးတော့ ထိုင်းနိုင်ငံမှာအခက်အခဲတွေ့တဲ့သူတွေ အကြပ်အတည်းတွေ့ပြီး ပြန်ချင်ကြသူတွေက ထိုင်းလဝကအချုပ်မှာ အဖမ်းခံပြီးအချုပ်သားအနေနဲ့ပြန်ကြသူတွေလည်းရှိတယ် ။ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လ (၁)ရက်နေ့ကနေ ၂၀၂၂ခုနှစ်ဇန်နဝါရီလ (၂၇)ရက်နေ့ထိ ၂၃၈၅၇ ယောက်နေရပ်ပြန်ခဲ့ကြပါတယ်။”

ထိုင်းနိုင်ငံဘက်က အခုလိုပြန်ပို့သူတွေ မြန်မာနိုင်ငံ မြဝတီမြို့ဘက်ရောက်တဲ့အခါ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိမရှိ စစ်ဆေးပြီး မသင်္ကာသူတချို့ ဖမ်းဆီးခံရတာလည်းရှိပါတယ်။ ဒါကြောင့် အန္တရာယ်ကင်းအောင် ကိုယ့်ရဲ့လက်ကိုင်ဖုန်းထဲမှာ ထည့်သွင်း ထားတဲ့ ဖိုင်တွေ အချက်အလက်တွေရှိရင် ဖျက်သွားဖို့ ဦးမိုးကြိုးက သတိပေးပါတယ်။

“ခိုးဝင်ပြီးတော့ပဲပြန်ပြန် ပြစ်ဒဏ်လွတ်ရက်စေ့လို့ပဲ ပြန်ရ ပြန်ရ မိမိရဲ့ဟန်းဖုန်းထဲမှာ မိမိဘယ်လောက်ပဲယုံကြည်ချက်ရှိရှိ အသံဖိုင်တွေပုံတွေ ဗွီဒီယိုဖိုင်တွေကို မထည့်ထားပါနဲ့ အန္တရယ်ရှိပါတယ် အထူးသတိပေးပါရစေ ဒါက (၁)အချက်ပါ ။ နံပါတ် (၂) အချက်ကတော့ အွန်လိုင်းကနေ ကားစီစဉ်ပေးမယ်။ လေယာဉ်စီစဉ်ပေးမယ်။ ငွေကြိုတင်လွှဲပါဆိုတဲ့ ပွဲစားတွေကို လုံးဝမယုံကြည်ပါနဲ့”

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံး အတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ၆၀,၀၀၀ ကျော်လောက်ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်းပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။ အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်အထိ နယ်စပ်တွေကနေ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၃,၀၀ ကျော် ရှိနေပြီလို့ ထိုင်း နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG