သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း Total လုပ္ငန္းကို ထိုင္း PTTEP ဝယ္ယူဖို႔ျပင္ဆင္


ကမၻာ့ထိပ္တန္း ေရနံကုမၸဏီၾကီးမ်ား (ဓာတ္ပံု - ရိုက္တာ)

ျပင္သစ္ေအျခစိုက္ စြမ္းအင္ကုမၸဏီ Total က ျမန္မာႏိုင္ငံက ထြက္ခြာဖို႔ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ဆုံးျဖတ္လိုက္တာေၾကာင့္ ထိုင္းႏိုင္ငံေအျခစိုက္ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ တူးေဖာ္ရွာေဖြေရးနဲ႔ ထုတ္လုပ္ေရးကုမၸဏီ PTTEP ဟာ Total ရဲ႕ ကမ္းလြန္ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ တူးေဖာ္ေရးလုပ္ငန္းေတြကို လက္ေျပာင္း ဝယ္ယူဖို႔ ျပင္ဆင္ေနတယ္လို႔ Energy Voice အြန္လိုင္းသတင္းမွာ ေရးပါတယ္။

Total ရဲ႕ ရတနာ စီမံကိန္းနဲ႔ မုတၱမ သဘာဝဓါတ္ေငြ႕ သယ္ယူပို႔ေဆာင္ေရး (MGTC) လုပ္ငန္းေတြကို လက္ေျပာင္းယူဖို႔ သူတို႔ေအနနဲ႔ စိတ္ဝင္စားေၾကာင္း PTTEP က Total ကုမၸဏီကို တနလၤာေန႔မွာ တရားဝင္ ေအၾကာင္းၾကားခဲ့တယ္လို႔ ဆိုပါတယ္။

လုပ္ငန္းေတြ လြဲေျပာင္းလုပ္ကိုင္လိုတဲ့ အစီအစဥ္ကို သူတို႔ေအနနဲ႔ အျပည့္အဝ ပူးေပါင္း ေဆာင္႐ြက္ေပးသြားမယ့္ေအၾကာင္း Total ကုမၸဏီက PTTEP ကို စာေရး အေၾကာင္းျပန္ခဲ့တယ္လို႔ ဆိုပါတယ္။ သူတို႔ေအနနဲ႔ Total ရဲ႕ ျမန္မာႏိုင္ငံကလုပ္ငန္းေတြကို လက္ေျပာင္း ဝယ္ယူမယ္ မယူဘူးဆိုတာကို PTTEP ဘက္က အတည္ျပဳ ေျပဆိုျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ ဒီစီမံကိန္းမွာ Total ကုမၸဏီရဲ႕ လုပ္ေဖာ္ကိုင္ဖက္ျဖစ္တဲ့ Chevron ကလည္း ျမန္မာႏိုင္ငံကထြက္ခြာမယ့္ေအၾကာင္း Total နဲ႔ေမရွးေမႏွာင္းမွာ ေၾကညာလိုက္တာေၾကာင့္ ဒါဟာ တခုတည္းေသာ ျဖစ္ႏိုင္ေျခ နည္းလမ္းျဖစ္တယ္လို႔ ဆိုပါတယ္။

Total စြမ္းအင္ကုမၸဏီဟာ ျမန္မာႏိုင္ငံက ရတနာဓါတ္ေငြ႕တူးေဖာ္ေရးစီမံကိန္းက လုပ္ကြက္ M5 နဲ႔ M6 တို႔မွာ ၁၉၉၂ ခုႏွစ္ကတည္းက စတင္လုပ္ေဆာင္ေနတာျဖစ္ၿပီး စီမံကိန္းရဲ႕ ၃၁.၂၄% ပိုင္ဆိုင္ထားတာပါ။ ဒီလုပ္ကြက္ေတြမွာ Chevron က ၂၈.၂၆% ၊ PTTEP က ၂၅.၅% နဲ႔ ျမန္မာအစိုးရပိုင္ ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္း (MOGE) က ၁၅% အသီးသီး အစုရွယ္ယာ ပိုင္ဆိုင္ၾကပါတယ္။

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနေတြ ဆိုးဝါးလာေနတဲ့အတြက္ ျမန္မာႏိုင္ငံထဲမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြကို ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း ျပင္သစ္ စြမ္းအင္ကုမၸဏီ TOTAL နဲ႔ အေမရိကန္ စြမ္းအင္ကုမၸဏီ Chevron တို႔က ဇန္နဝါရီလ ၂၁ ရက္ေန႔မွာ အသီးသီး ထုတ္ျပန္ေၾကညာခဲ့ၾကတာပါ။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံတွင်း Total လုပ်ငန်းကို ထိုင်း PTTEP ဝယ်ယူဖို့ပြင်ဆင်

(Unicode)

ပြင်သစ်အေခြစိုက် စွမ်းအင်ကုမ္ပဏီ Total က မြန်မာနိုင်ငံက ထွက်ခွာဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆုံးဖြတ်လိုက်တာကြောင့် ထိုင်းနိုင်ငံအေခြစိုက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးကုမ္ပဏီ PTTEP ဟာ Total ရဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေကို လက်ပြောင်း ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ Energy Voice အွန်လိုင်းသတင်းမှာ ရေးပါတယ်။

Total ရဲ့ ရတနာ စီမံကိန်းနဲ့ မုတ္တမ သဘာဝဓါတ်ငွေ့ သယ်ယူပို့ဆောင်ရေး (MGTC) လုပ်ငန်းတွေကို လက်ပြောင်းယူဖို့ သူတို့အေနနဲ့ စိတ်ဝင်စားကြောင်း PTTEP က Total ကုမ္ပဏီကို တနင်္လာနေ့မှာ တရားဝင် အေကြာင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ငန်းတွေ လွဲပြောင်းလုပ်ကိုင်လိုတဲ့ အစီအစဉ်ကို သူတို့အေနနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးသွားမယ့်အေကြာင်း Total ကုမ္ပဏီက PTTEP ကို စာရေး အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အေနနဲ့ Total ရဲ့ မြန်မာနိုင်ငံကလုပ်ငန်းတွေကို လက်ပြောင်း ဝယ်ယူမယ် မယူဘူးဆိုတာကို PTTEP ဘက်က အတည်ပြု ပြေဆိုခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဒီစီမံကိန်းမှာ Total ကုမ္ပဏီရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Chevron ကလည်း မြန်မာနိုင်ငံကထွက်ခွာမယ့်အေကြာင်း Total နဲ့မေရှးမေနှာင်းမှာ ကြေညာလိုက်တာကြောင့် ဒါဟာ တခုတည်းသော ဖြစ်နိုင်ခြေ နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

Total စွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံက ရတနာဓါတ်ငွေ့တူးဖော်ရေးစီမံကိန်းက လုပ်ကွက် M5 နဲ့ M6 တို့မှာ ၁၉၉၂ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး စီမံကိန်းရဲ့ ၃၁.၂၄% ပိုင်ဆိုင်ထားတာပါ။ ဒီလုပ်ကွက်တွေမှာ Chevron က ၂၈.၂၆% ၊ PTTEP က ၂၅.၅% နဲ့ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) က ၁၅% အသီးသီး အစုရှယ်ယာ ပိုင်ဆိုင်ကြပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးလာနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြတာပါ။

XS
SM
MD
LG