သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝ ဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ဖို့ ကရင်လူမှုအဖွဲ့အစည်းတွေ တောင်းဆို


ပြင်သစ် Total ရေနံကုမ္ပဏီဌာနချုပ် (Photo by ERIC PIERMONT / AFP)
ပြင်သစ် Total ရေနံကုမ္ပဏီဌာနချုပ် (Photo by ERIC PIERMONT / AFP)

သဘာဝ ဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ဖို့ ကရင်လူမှုအဖွဲ့အစည်းတွေ တောင်းဆို

{{Zawgyi/Unicode}}

မြန်မာစစ်အာဏာပိုင်တွေအပေါ် ထိရောက်အောင် ဖိအားပေးနိုင်ဖို့ စစ်တပ်အတွက် အဓိကဝင်ငွေရနေတဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ နိုင်ငံတကာရောက် ကရင်တိုင်းရင်းသား အဖွဲ့အစည်းတွေ စုပေါင်းတောင်းဆိုလိုက်ကြပါတယ်။

အာဏာသိမ်းထားတာ ၁ နှစ်လောက် ရှိလာတဲ့ အခုအချိန်အထိ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတွေဟာ စစ်တပ်အတွက် ဝင်ငွေရနေတဲ့ စွမ်းအင်လုပ်ငန်းတွေကို ဆက်လက်ခွင့်ပြုထားတာဟာ စိတ်ပျက်စရာ ဖြစ်ရကြောင်းလည်း အမေရိကန်သမ္မတ Joe Biden နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ကို ရည်ညွှန်းပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်တွေ၊ ဆက်စပ်ပတ်သက်နေသူတွေနဲ့ လုပ်ငန်းတွေကိုတော့ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့သလို၊ မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှုတွေကို နိုင်ငံတကာ အတိုင်းအတာနဲ့ တားမြစ်ဖို့လည်း တိုက်တွန်းနေတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ကြိုဆိုပေမဲ့ မြန်မာစစ်တပ်အပေါ် လက်တွေ့ဖိအားတွေ ဖြစ်လာဖို့ စွမ်းအင်လုပ်ငန်းက ရရှိနေတဲ့ ဝင်ငွေတွေကို ဖြတ်တောက်ဖို့ လိုအပ်ကြောင်းလည်း တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုခဲ့ကြတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကြောင့် နေရပ်စွန့်ခွာရသူ ၃ သိန်းကျော်ရှိခဲ့ပြီး အများစုဟာ တိုင်းရင်းသား ဒေသတွေက ဖြစ်ကြသလို၊ ကရင်ပြည်နယ်မှာ ခန့်မှန်းချေ ၈ သောင်းခွဲလောက် ရှိနေကြောင်းလည်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ အခြေစိုက်ထားတဲ့ ကရင်တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}



XS
SM
MD
LG