သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္ၿမိဳ႕သစ္အနီးတိုက္ပြဲေၾကာင့္ ဒုကၡသည္ ၃,၀၀၀ ေက်ာ္ ထိုင္းဘက္ ထပ္ေျပးလာ


လူသားခ်င္းစာနာမႈအကူအညီ လက္ခံရယူေနတဲ့ စစ္ေဘးေရွာင္ ကေလးမ်ား။ (ဇန္နဝါရီ ၄၊ ၂၀၂၂/ ဓာတ္ပံု-OIA)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ KNU ထိန္းခ်ဳပ္ရာေလးေက့ေကာ္ၿမိဳ႕သစ္ ေဒသတဝိုက္မွာ ဇန္နဝါရီ ၃ ရက္နဲ႔ ၄ ရက္ ႏွစ္ရက္ဆက္တုိက္ျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေျပးဒုကၡသည္ ၃,၀၀၀ ေက်ာ္ ထိုင္းဘက္ကို တိမ္းေရွာင္လာၾကတယ္လို႔ ဒုကၡသည္အကူအညီေပးေနသူေတြကေျပာပါတယ္။ ဒီအေၾကာင္း VOA ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခရိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ကရင္ အမ်ိဳးသားကာကြယ္ေရးတပ္၊ NUG လက္ေအာက္ခံ ျပည္သူ့ကာကြယ္ေရးတပ္-စတဲ့ပူးေပါင္းတပ္ဖဲြ႔ေတြဟာ ဇန္နဝါရီလ ၃ ရက္ေန့ညေနပိုင္းနဲ့ ၄ ရက္ေန့မနက္ပိုင္းေတြမွာလည္း တိုက္ပဲြေတြဆက္ျဖစ္ေနပါတယ္။ ၂ ရက္အတြင္းျဖစ္ေနတဲ့တုိက္ပဲြေတြေၾကာင့္ ေဒသခံ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ၃,၀၀၀ ေက်ာ္ ထုိင္းဘက္ကုိ ထပ္ျပီး ထြက္ေျပးလာတယ္လို့ ဒုကၡသည္ေတြကို အကူညီေပးေနသူတဦးက အခုလိုေျပာပါတယ္။

“မေန့က ညေန ၂ နာ၇ီေလာက္မွာ တုိက္ပဲြျဖစ္တယ္။ တိုက္ပဲြက ဖလူးေလးဘက္မွာျဖစ္တယ္။ မင္းလက္ပံ ဆိုတဲ့ ေနရာျဖစ္တယ္။ တိုက္ပဲြျဖစ္ျပီးမၾကာခင္မွာပဲ ထုိင္းဘက္ကုိ စစ္ေျပးဒုကၡသည္ေတြ ထြက္ေျပးလာၾကတယ္။ ထြက္ေျပးလာၾကတဲ့သူေတြက မယ့္ကုိကင္းဂိတ္ဘက္ကုိ ထြက္ေျပးလာတယ္။ ဒိီေန့ သတင္းၾကားရတာက ထပ္ျပီးတိုးလာတာေတြရွိတယ္။ အတြင္းဂိတ္နဲ့အျပင္ဂိတ္ေပါင္းေပါ့။ အတြင္းဂိတ္ က ၄ ခုရွိတယ္။ အျပင္ဂိတ္က ၃ ခုရွိတယ္။ အတြင္းဂိတ္ဆိုတာ ထုိင္းစစ္တပ္ဂိတ္ ၂ ဂိတ္ျဖတ္ျပီး ႏြားျခံကို ေက်ာ္ျပီး ေရာက္သြားတဲ့ဂိတ္ေတြေပါ့။ အျပင္ဂိတ္ဆိုတာကေတာ့ မယ့္ကိုကင္းေက်းရြာအနီးက ရြာေတြေပါ့။ ထုိင္းစစ္တပ္ေတြကိုမျဖတ္ရဘူး။ အတြင္းဂိတ္ ၄ ခုမွာက စစ္ေရွာင္လူဦးေရ ၁,၇၀၀ ေက်ာ္ေလာက္ရွိတယ္။ အျပင္ဂိတ္ဘက္ ၃ ခုမွာကေတာ့ စစ္ေရွာင္ ၁,၅၀၀ ေက်ာ္လာက္ရွိတယ္။ ၂ ခုေပါင္း စစ္ေရွာင္ဒုကၡသည္ ၃,၄၀၀ ဝန္းက်င္ေလာက္ ရိွတယ္။”

တိုက္ပဲြေတြက ေန႔စဥ္လိုလိုျဖစ္ေနျပီး မေန့ကေတာ့ ေနလယ္ပုိင္းကစျပီး တို္က္ပဲြေတြျဖစ္ခဲ့ပါတယ္။ ဒီကေန့မွာလည္း တိုက္ပဲြေတြျဖစ္ေနတယ္လို့ ျပည္သူ့ကာကြယ္ေရးတပ္ဖဲြ႔ ေခါင္းေဆာင္တဦးျဖစ္တ့ဲကိုေစာမြန္က ေျပာပါတယ္။

“မေန့က ႀကိဳ႕ၾကားျဖစ္တယ္။ ဒီေန့မွာေတာ့ ခပ္ၾကမ္းၾကမ္းပစ္ခတ္ၾကတယ္။ ေလးေက့ေကာ္တဝိုက္မွာပါပဲ။ ရေသ့ဂူရြာနားမွာေလ။”

ကရင္ျပည္နယ္ ျမဝတီခရိုင္ထဲကတုိက္ပဲြေတြအတြင္း စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ့ပစ္ခတ္တာေၾကာင့္ ဖလူးေက်းရြာက အသက္ ၄၀ အရြယ္ စစ္ေဘးေရွာင္ဒုကၡသည္ အမ်ိဳးသမီးတဦး လက္နက္ႀကီးက်ည္ဆံထိမွန္ျပီး မေန့ကေသဆံုးခဲ့ပါတယ္။ စစ္ေဘးေရွာင္သူေတြဟာ လက္နက္ႀကီးေတြ၊ အေျမာက္ဆံေတြကိုလည္း ေၾကာက္ရြံ႕ေနရသလို အိမ္ေတြလည္း ဖ်က္ဆီးခံထားရျပီး ပစၥည္းေတြ လုယက္ခံထားရတာေၾကာင့္ ေနရပ္ကို ျပန္ၾကည့္ဖို့လာရင္းနဲ့ အခုလို က်ည္ဆံထိမွန္ျပီး ေသဆံုးခ့ဲရတာလို့ ေဒသခံေတြကဆိုပါတယ္။ အခုဆိုရင္ ထုိင္းဘက္ကုိမလာဘဲ ေသာင္ရင္းျမစ္အနီးတဝိုက္မွာ ခိုလွံုေနထုိင္ေနတဲ့ ျမန္မာဘက္ျခမ္းက စစ္ေရွာင္ဒုကၡသည္ေတြဟာ ဝမ္းပ်က္ဝမ္းေလ်ာေရာဂါေတြျဖစ္ေနတာေၾကာင့္ ထုိင္းဘက္က လူမႈကူညီေရးအဖဲြ႔ေတြထံကို ေဆးဝါးအကူအညီ ေတာင္းခံလာတယ္လို့လည္း ဒုကၡသည္ေတြကို အကူညီေပးေနသူတဦးကေျပာပါတယ္။

ျမန္မာျပည္ဘက္အျခမ္းမွာေပါ့။ ေကာ့မေငးလို့ေခၚတယ္။ အဲဒီဘက္ျခမ္းမွာ ကေလးလူႀကီးေတြ ဝမ္းေရာဂါေတြ အျဖစ္မ်ားေနလို့။ မက္ထရိုတို့၊ ဓါတ္ဆားတို့၊ သူတို့စာရင္းနဲ့မွာလာလို့ အဲဒါေတြသြားေပးဖို့ရွိတယ္။”

ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ ၆ နယ္ေျမေတြျဖစ္တဲ့ ေလးေက့ေကာ္ျမိဳ႕သစ္တဝိုက္သာမက ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ႀကီး၊ ဘုရားသုံးဆူေဒသ အပါအဝင္ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမသစ္မွာလည္း စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ့ကာကြယ္ေရးတပ္ စတဲ့ပူးေပါင္းတပ္ေတြနဲ့တုိက္ပဲြေတြဆက္ျဖစ္ေနပါတယ္။ အလားတူ ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ ၅ ထိ္န္းခ်ဳပ္ရာ ဖာပြန္ခရိုင္( မူေၾတာ္ခ႐ိုင္) ဒြယ္လိုးၿမိဳ႕နယ္ထဲမွာ စာသင္ေက်ာင္းေတြ၊ ေဒသခံေဆးရံုေတြကို စစ္ေကာင္စီဘက္က ဇန္္န၀ါရီလ မနက္ ၁နာရီေက်ာ္မွာ ရဟတ္ယာဥ္ေတြနဲ႔ လာေရာက္ပစ္ခတ္သြားတယ္လို့လည္း ကရင္သတင္းစဥ္မွာေဖာ္ျပခဲ့ပါတယ္။အခုဆိုရင္ေတာ့ ကရင္ျပည္နယ္ ျမဝတီခရို္င္တခုတည္းမွာပဲ ရက္ေပါင္း၂၀ ၾကာ ႏွစ္ဘက္တုိက္ပဲြေတြအတြင္း စစ္ေရွာင္ ဒုကၡသည္ ၂၀,၀၀၀ ေက်ာ္ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲကြောင့် ဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းဘက် ထပ်ပြေးလာ

ကရင်ပြည်နယ် မြဝတီခရိုင် KNU ထိန်းချုပ်ရာလေးကေ့ကော်မြို့သစ် ဒေသတဝိုက်မှာ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်ဆက်တိုက်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းဘက်ကို တိမ်းရှောင်လာကြတယ်လို့ ဒုက္ခသည်အကူအညီပေးနေသူတွေကပြောပါတယ်။ ဒီအကြောင်း VOA ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင် အမျိုးသားကာကွယ်ရေးတပ်၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်-စတဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၃ ရက်နေ့ညနေပိုင်းနဲ့ ၄ ရက်နေ့မနက်ပိုင်းတွေမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ၂ ရက်အတွင်းဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံ စစ်ဘေးရှောင်ဒုက္ခသည်တွေ ၃,၀၀၀ ကျော် ထိုင်းဘက်ကို ထပ်ပြီး ထွက်ပြေးလာတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“မနေ့က ညနေ ၂ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲက ဖလူးလေးဘက်မှာဖြစ်တယ်။ မင်းလက်ပံ ဆိုတဲ့ နေရာဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးမကြာခင်မှာပဲ ထိုင်းဘက်ကို စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးလာကြတယ်။ ထွက်ပြေးလာကြတဲ့သူတွေက မယ့်ကိုကင်းဂိတ်ဘက်ကို ထွက်ပြေးလာတယ်။ ဒီနေ့ သတင်းကြားရတာက ထပ်ပြီးတိုးလာတာတွေရှိတယ်။ အတွင်းဂိတ်နဲ့အပြင်ဂိတ်ပေါင်းပေါ့။ အတွင်းဂိတ် က ၄ ခုရှိတယ်။ အပြင်ဂိတ်က ၃ ခုရှိတယ်။ အတွင်းဂိတ်ဆိုတာ ထိုင်းစစ်တပ်ဂိတ် ၂ ဂိတ်ဖြတ်ပြီး နွားခြံကို ကျော်ပြီး ရောက်သွားတဲ့ဂိတ်တွေပေါ့။ အပြင်ဂိတ်ဆိုတာကတော့ မယ့်ကိုကင်းကျေးရွာအနီးက ရွာတွေပေါ့။ ထိုင်းစစ်တပ်တွေကိုမဖြတ်ရဘူး။ အတွင်းဂိတ် ၄ ခုမှာက စစ်ရှောင်လူဦးရေ ၁,၇၀၀ ကျော်လောက်ရှိတယ်။ အပြင်ဂိတ်ဘက် ၃ ခုမှာကတော့ စစ်ရှောင် ၁,၅၀၀ ကျော်လာက်ရှိတယ်။ ၂ ခုပေါင်း စစ်ရှောင်ဒုက္ခသည် ၃,၄၀၀ ဝန်းကျင်လောက် ရှိတယ်။”

တိုက်ပွဲတွေက နေ့စဉ်လိုလိုဖြစ်နေပြီး မနေ့ကတော့ နေလယ်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်က ပြောပါတယ်။

“မနေ့က ကြို့ကြားဖြစ်တယ်။ ဒီနေ့မှာတော့ ခပ်ကြမ်းကြမ်းပစ်ခတ်ကြတယ်။ လေးကေ့ကော်တဝိုက်မှာပါပဲ။ ရသေ့ဂူရွာနားမှာလေ။”

ကရင်ပြည်နယ် မြဝတီခရိုင်ထဲကတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်န က်ကြီးနဲ့ပစ်ခတ်တာကြောင့် ဖလူးကျေးရွာက အသက် ၄၀ အရွယ် စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသမီးတဦး လက်နက်ကြီးကျည်ဆံထိမှန်ပြီး မနေ့ကသေဆုံးခဲ့ပါတယ်။ စစ်ဘေးရှောင်သူတွေဟာ လက်နက်ကြီးတွေ၊ အမြောက်ဆံတွေကိုလည်း ကြောက်ရွံ့နေရသလို အိမ်တွေလည်း ဖျက်ဆီးခံထားရပြီး ပစ္စည်းတွေ လုယက်ခံထားရတာကြောင့် နေရပ်ကို ပြန်ကြည့်ဖို့လာရင်းနဲ့ အခုလို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ရတာလို့ ဒေသခံတွေကဆိုပါတယ်။ အခုဆိုရင် ထိုင်းဘက်ကိုမလာဘဲ သောင်ရင်းမြစ်အနီးတဝိုက်မှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာဘက်ခြမ်းက စစ်ရှောင်ဒုက္ခသည်တွေဟာ ဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်နေတာကြောင့် ထိုင်းဘက်က လူမှုကူညီရေးအဖွဲ့တွေထံကို ဆေးဝါးအကူအညီ တောင်းခံလာတယ်လို့လည်း ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးကပြောပါတယ်။

မြန်မာပြည်ဘက်အခြမ်းမှာပေါ့။ ကော့မငေးလို့ခေါ်တယ်။ အဲဒီဘက်ခြမ်းမှာ ကလေးလူကြီးတွေ ဝမ်းရောဂါတွေ အဖြစ်များနေလို့။ မက်ထရိုတို့၊ ဓါတ်ဆားတို့၊ သူတို့စာရင်းနဲ့မှာလာလို့ အဲဒါတွေသွားပေးဖို့ရှိတယ်။”

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွေဖြစ်တဲ့ လေးကေ့ကော်မြို့သစ်တဝိုက်သာမက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူဒေသ အပါအဝင် မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ အလားတူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်( မူတြော်ခရိုင်) ဒွယ်လိုးမြို့နယ်ထဲမှာ စာသင်ကျောင်းတွေ၊ ဒေသခံဆေးရုံတွေကို စစ်ကောင်စီဘက်က ဇန်နဝါရီလ မနက် ၁နာရီကျော်မှာ ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့လည်း ကရင်သတင်းစဉ်မှာဖော်ပြခဲ့ပါတယ်။အခုဆိုရင်တော့ ကရင်ပြည်နယ် မြဝတီခရိုင်တခုတည်းမှာပဲ ရက်ပေါင်း၂၀ ကြာ နှစ်ဘက်တိုက်ပွဲတွေအတွင်း စစ်ရှောင် ဒုက္ခသည် ၂၀,၀၀၀ ကျော်ရှိနေပါတယ်ရှင်။

#MyanmarViolence #KarenFighting #KNU #VOABurmese#KNU #ပူးပေါင်းတပ်ဖွဲ့ #လေးကေ့ကော် #စစ်ဘေးဒုက္ခသည် #မယ့်ကိုကင်းဂိတ် #ဝမ်းလျှောဝမ်းပျက် #သောင်ရင်းမြစ်ဘေး #ဗွီအိုအေ

==============

XS
SM
MD
LG