သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ ျမဝတီခ႐ိုင္နဲ႔ ဒူးပလာယာခ႐ိုင္တြင္း တိုက္ပြဲမ်ားျပင္းထန္


ရိကၡေဝတဲ့ေနရာကို ကိုယ္တိုင္လာယူတဲ့ အသက္ ၉ ၀ အရြယ္ စစ္ေဘးေရွာင္ ကရင္အဖုိးအို။ (ဗီြအိုေအ)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ထဲက ေကအန္ယူ တပ္မဟာ ၆ ထိန္းခ်ဳပ္ရာ ျမဝတီခရိုင္ ဖလူးႀကီး၊ ဖလူးေလးေဒသနဲ႔ ဒူးပလာယာခရိုင္ထဲက ေကာ့ကရိတ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ႔ကာကြယ္ေရးတပ္- စတဲ့ပူးေပါင္းတပ္ဖဲြ႔ေတြၾကား တိုက္ပဲြေတြ ဆက္ျဖစ္ေနပါတယ္။ တိုက္ပြဲေတြျပင္းထန္ၿပီး စစ္တပ္ဘက္က ေလေၾကာင္းကေနပါ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ စစ္ေျပးဒုကၡသည္ေတြ ခိုလႈံေနတဲ့ ေနရာေတြနားပါ လက္နက္ႀကီးက်ည္ေတြ က်ေနေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ထဲက ေကအန္ယူတပ္မဟာ ၆ ထိန္းခ်ဳပ္ရာ ျမဝတီခ႐ိုင္၊ ဒူးပလာယာခ႐ိုင္တို႔ဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ တပ္ရင္း ၁၈၊ NUG လက္ေအာက္ခံ ျပည္သူကာကြယ္ေရးတပ္ေတြ၊ စတဲ့ပူးေပါင္းတပ္ေတြၾကား ဒီေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာလည္း တိုက္ပဲြေတြဆက္ျဖစ္ေနပါတယ္။ ျမဝတီခ႐ိုင္ထဲက ဖလူးႀကီး၊ ဖလူေလး၊ မင္းလက္ပံ စတဲ့ ေက်း႐ြာေတြအျပင္ ဒူးပလာယာခ႐ိုင္ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ ႏွစ္ဘက္ တုိက္ပဲြေတြျဖစ္ေနပါတယ္။ ေကာကရိတ္ဘက္ တိုက္ပြဲျပင္းထန္ေနၿပီးစစ္တပ္ဘက္က ေလေၾကာင္းကေနပါ တုိက္ခိုက္ေနတယ္လို႔ ျပည္သူ႔ ကာကြယ္ေရးတပ္ဖဲြ႔ ေခါင္းေဆာင္တဦးျဖစ္တဲ့ကိုေစာမြန္က ေျပာပါတယ္။

“ဖလူးဘက္မွာလည္းတိုက္ပဲြျဖစ္တယ္။ ေကာ့ကရိပ္ဘက္မွာကေတာ့ က်ေနာ္တို့ျမိဳ႕ ဟာင္းရြာကို လာဝင္ပစ္တယ္။ ျမိဳ႕ေဟာင္းနဲ႔ တဆက္တည္းျဖစ္ေနတဲ့ ကဒိုးထရြာမွာလည္း တိုက္ပဲြျဖစ္ဆက္ေနတယ္။ သူတို႔က ေလယာဥ္နဲ့ပါလာပစ္တာေပါ့ေနာ္။ ေနာက္ပိုင္း ရဟတ္ယာဥ္နဲ႔က စက္ေသနတ္နဲ႔ လာပစ္တယ္။ က်ေနာ္တို႔ PDF ဘက္က မျပင္းထန္တဲ့ ဒဏ္ရာ ၂ ေယာက္ဒဏ္ရာရတယ္။ ေကအန္ယူလည္းထိခိုက္တာမရွိဘူး။ PDF လည္း က်ဆံုးတာ မရွိဘူး။ အခုခ်ိန္ထိ ႀကိဳ႕ၾကားပစ္ခတ္မႈေတြကေတာ့ ရွိေနတုန္းပဲ။”

ဒီေန႔လက္နက္ႀကီးေတြက်တဲ့ ဖလူးႀကီး၊ ဖလူေလးရြာေတြက စစ္ေဘးဒုကၡသည္ေတြ ခိုလံႈေနၾကတဲ့ ေနရာေတြနဲ႔ နီးတာေၾကာင့္ အဲဒီမွာ ခိုလႈံေနၾကသူေတြ ေၾကာက္လန္႔ တၾကား ထြက္ေျပးေနႀကတာကိုျမင္ရေႀကာင္း ဒုကၡသည္ေတြကို အကူညီေပးေနသူတဦးက ေျပာပါတယ္။

“က်ေနာ္တို့မနက္တုန္းက ထမင္းသြားပို့ခ်ိန္တုန္းကေတာ့ အဓိက ဖလူးေလးေတာင္ေျခေရာက္တယ္။ က်ေနာ္တုိ့ ေရာက္ခ်ိန္ ေန႔လယ္ ၁၂ နာရီ ဝန္းက်င္မွာ လက္နက္ႀကီးက်သံေတြၾကားတယ္။ က်ေနာ္တို့က ေတာင္ကုန္းဒီဘက္ျခမ္း သိပ္မေဝးဘူး။လက္္နက္ႀကီးက်တာက ဟိုဘက္ေတာင္ဘက္ျခမ္းမွာျဖစ္တယ္။က်ေနာ္တုိ့ စစ္ေရွာင္ေတြကိုေတြ ့ရတာကေတာ့အဲဒီ စစ္ေရွာင္စခန္းနဲ့ သိပ္မေဝးတဲ့ေနရာမွာ လက္နက္ႀကီးက်ေတာ့ စစ္ေရွာင္စခန္းထဲကိုေျပးဝင္လာသူေတြလည္းရိွသလို စစ္ေဘးေရွာင္စခန္းကေန ေျပးထြက္သြားတဲ့သူေတြလည္းရွိတယ္။ ေၾကာက္အားလန့္အားနဲ့ သူတို့ရဲ႕ အသက္အႏၱရာယ္အတြက္ လြတ္လိုလြတ္ျငားေပါ့။ လက္နက္ႀကီးက်ေတာ့ ေျပးတဲ့သူေတြလည္းရွိတယ္။ ျမင္ကြင္းကေတာ့ေယာက္ယက္ခတ္ေနတာပဲ။”

ေသာင္ရင္းျမစ္နားက စစ္ေဘးလြတ္ရာ ခိုလႈံေနၾကတဲ့ေနရာမွာေတာ့ လူဦးေရ ၂,၀၀၀ နီးပါးေလာက္ရိွျပိီး သက္ႀကီးရြယ္အိုေတြလည္း႐ွိပါတယ္။ သူတုိ႔ ပုန္းေအာင္းခိုလံႈရာနား လက္နက္ႀကီးက်ည္ေတြက်တိုင္း ေနရာေ ့ေရႊ႕ေျပာင္းေနရတာမို႔ ၂ ရက္ ၃ ရက္ၾကာတဲ့အထိ ထမင္းမစားရတဲ့ သူေတြရွိေနတယ္လို႔လည္း ဆက္ေျပာျပပါတယ္။

“ထမင္းလာပို႔ေတာ့ ထမင္းလာယူတယ္ ။ တခ်ဳိ႕ေတြကဆုိ ထမင္းမစားရတာ၂ ရက္၊ ၃ ရက္ ေလာက္ရွိတဲ့သူေတြလည္းေတြ႔ရတယ္။ အဲဒီမွာအသက္ ၉၀ ေလာက္ရိွတဲ့ ကရင္အဖိုးအိုေတြကိုလည္းေတြ႔ရတယ္။ အဲဒီအဖိုးႀကီးဆို ထမင္းလာေဝေနတာသိေပမယ့္လာမယူရဲလို႔တဲ့။ ဒီေန့မွ အရဲစြန့္ျပီးလာယူလာတာလို့ေျပာတယ္။ လူဘယ္ေလာက္ ရွိလဲေမးႀကည့္ေတာ့ သူတို့အုပ္စုက လူ ၇၀ ေလာက္ရွိတယ္တဲ့။”

ျမဝတီခရိုင္ ေလးေက့ေကာ္ၿမိဳ႕သစ္ကေန စခဲ့တဲ့တုိက္ပဲြေတြေႀကာင့္ အနီးနားက ေက်းရြာေတြကေန ထြက္ေျပးတိမ္းေရွာင္ေနတဲ့ စစ္ေဘးဒုကၡသည္ေတြဟာေသာင္ရင္းျမစ္ အနီးက ျမန္မာႏိုင္ငံဘက္အျခမ္းေနရာေတြမွာ ခိုလွံဳေနထုိင္ေနရဆဲ ျဖစ္ပါတယ္။ စားေသာက္ေရးအခက္အခဲရွိတာေၾကာင့္ ထုိင္းဘက္က ေရႊ႕ေျပာင္းအလုပ္သမားေတြ ျမန္မာမိသားစုေတြက အစားအေသာက္ေတြပို႔ၿပီး အကူညီေပးေနရပါတယ္။ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ စစ္ေျပးဒုကၡသည္ ၂ ေသာင္းထက္မနည္း ေတာေတာင္ေတြထဲမွာ ပုန္းခိုေနၾကသလို ျမန္မာဘက္အျခမ္း ေသာင္ရင္းျမစ္အနီးေနရာေတြခုိလႈံေနၾကရပါတယ္။ ထိုင္းႏုိင္ငံဘက္အျခမ္းထြက္ေျပး ခိုလံႈၾကသူတခ်ဳိ႕လည္း႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

ကရင် မြဝတီခရိုင်နဲ့ ဒူးပလာယာခရိုင်တွင်း တိုက်ပွဲများပြင်းထန်

ကရင်ပြည်နယ်ထဲက ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်ရာ မြဝတီခရိုင် ဖလူးကြီး၊ ဖလူးလေးဒေသနဲ့ ဒူးပလာယာခရိုင်ထဲက ကော့ကရိတ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်- စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတွေပြင်းထန်ပြီး စစ်တပ်ဘက်က လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာတွေနားပါ လက်နက်ကြီးကျည်တွေ ကျနေကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်ထဲက ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်ရာ မြဝတီခရိုင်၊ ဒူးပလာယာခရိုင်တို့ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်ရင်း ၁၈၊ NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်တွေ၊ စတဲ့ပူးပေါင်းတပ်တွေကြား ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မြဝတီခရိုင်ထဲက ဖလူးကြီး၊ ဖလူလေး၊ မင်းလက်ပံ စတဲ့ ကျေးရွာတွေအပြင် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေမှာ နှစ်ဘက် တိုက်ပွဲတွေဖြစ်နေပါတယ်။ ကောကရိတ်ဘက် တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်က ပြောပါတယ်။

“ဖလူးဘက်မှာလည်းတိုက်ပွဲဖြစ်တယ်။ ကော့ကရိပ်ဘက်မှာကတော့ ကျနော်တို့မြို့ ဟာင်းရွာကို လာဝင်ပစ်တယ်။ မြို့ဟောင်းနဲ့ တဆက်တည်းဖြစ်နေတဲ့ ကဒိုးထရွာမှာလည်း တိုက်ပွဲဖြစ်ဆက်နေတယ်။ သူတို့က လေယာဉ်နဲ့ပါလာပစ်တာပေါ့နော်။ နောက်ပိုင်း ရဟတ်ယာဉ်နဲ့က စက်သေနတ်နဲ့ လာပစ်တယ်။ ကျနော်တို့ PDF ဘက်က မပြင်းထန်တဲ့ ဒဏ်ရာ ၂ ယောက်ဒဏ်ရာရတယ်။ ကေအန်ယူလည်းထိခိုက်တာမရှိဘူး။ PDF လည်း ကျဆုံးတာ မရှိဘူး။ အခုချိန်ထိ ကြို့ကြားပစ်ခတ်မှုတွေကတော့ ရှိနေတုန်းပဲ။”

ဒီနေ့လက်နက်ကြီးတွေကျတဲ့ ဖလူးကြီး၊ ဖလူလေးရွာတွေက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ နေရာတွေနဲ့ နီးတာကြောင့် အဲဒီမှာ ခိုလှုံနေကြသူတွေ ကြောက်လန့် တကြား ထွက်ပြေးနေကြတာကိုမြင်ရကြောင်း ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးက ပြောပါတယ်။

“ကျနော်တို့မနက်တုန်းက ထမင်းသွားပို့ချိန်တုန်းကတော့ အဓိက ဖလူးလေးတောင်ခြေရောက်တယ်။ ကျနော်တို့ ရောက်ချိန် နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ လက်နက်ကြီးကျသံတွေကြားတယ်။ ကျနော်တို့က တောင်ကုန်းဒီဘက်ခြမ်း သိပ်မဝေးဘူး။လက်နက်ကြီးကျတာက ဟိုဘက်တောင်ဘက်ခြမ်းမှာဖြစ်တယ်။ကျနော်တို့ စစ်ရှောင်တွေကိုတွေ့ရတာကတော့အဲဒီ စစ်ရှောင်စခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာ လက်နက်ကြီးကျတော့ စစ်ရှောင်စခန်းထဲကိုပြေးဝင်လာသူတွေလည်းရှိသလို စစ်ဘေးရှောင်စခန်းကနေ ပြေးထွက်သွားတဲ့သူတွေလည်းရှိတယ်။ ကြောက်အားလန့်အားနဲ့ သူတို့ရဲ့ အသက်အန္တရာယ်အတွက် လွတ်လိုလွတ်ငြားပေါ့။ လက်နက်ကြီးကျတော့ ပြေးတဲ့သူတွေလည်းရှိတယ်။ မြင်ကွင်းကတော့ယောက်ယက်ခတ်နေတာပဲ။”

သောင်ရင်းမြစ်နားက စစ်ဘေးလွတ်ရာ ခိုလှုံနေကြတဲ့နေရာမှာတော့ လူဦးရေ ၂,၀၀၀ နီးပါးလောက်ရှိပြီး သက်ကြီးရွယ်အိုတွေလည်းရှိပါတယ်။ သူတို့ ပုန်းအောင်းခိုလှုံရာနား လက်နက်ကြီးကျည်တွေကျတိုင်း နေရာေ့ရွှေ့ပြောင်းနေရတာမို့ ၂ ရက် ၃ ရက်ကြာတဲ့အထိ ထမင်းမစားရတဲ့ သူတွေရှိနေတယ်လို့လည်း ဆက်ပြောပြပါတယ်။

“ထမင်းလာပို့တော့ ထမင်းလာယူတယ် ။ တချို့တွေကဆို ထမင်းမစားရတာ၂ ရက်၊ ၃ ရက် လောက်ရှိတဲ့သူတွေလည်းတွေ့ရတယ်။ အဲဒီမှာအသက် ၉၀ လောက်ရှိတဲ့ ကရင်အဖိုးအိုတွေကိုလည်းတွေ့ရတယ်။ အဲဒီအဖိုးကြီးဆို ထမင်းလာဝေနေတာသိပေမယ့်လာမယူရဲလို့တဲ့။ ဒီနေ့မှ အရဲစွန့်ပြီးလာယူလာတာလို့ပြောတယ်။ လူဘယ်လောက် ရှိလဲမေးကြည့်တော့ သူတို့အုပ်စုက လူ ၇၀ လောက်ရှိတယ်တဲ့။”

မြဝတီခရိုင် လေးကေ့ကော်မြို့သစ်ကနေ စခဲ့တဲ့တိုက်ပွဲတွေကြောင့် အနီးနားက ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာသောင်ရင်းမြစ် အနီးက မြန်မာနိုင်ငံဘက်အခြမ်းနေရာတွေမှာ ခိုလှုံနေထိုင်နေရဆဲ ဖြစ်ပါတယ်။ စားသောက်ရေးအခက်အခဲရှိတာကြောင့် ထိုင်းဘက်က ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာမိသားစုတွေက အစားအသောက်တွေပို့ပြီး အကူညီပေးနေရပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ပြေးဒုက္ခသည် ၂ သောင်းထက်မနည်း တောတောင်တွေထဲမှာ ပုန်းခိုနေကြသလို မြန်မာဘက်အခြမ်း သောင်ရင်းမြစ်အနီးနေရာတွေခိုလှုံနေကြရပါတယ်။ ထိုင်းနိုင်ငံဘက်အခြမ်းထွက်ပြေး ခိုလှုံကြသူတချို့လည်းရှိပါတယ်။

#MyanmarViolence #KarenFighting #MyanmarRefugee #VOABurmese

#KNU #ကော့ကရိတ် #ဖလူးကြီး၊ဖလူးလေး #ဒူးပလာယာ #ပူးပေါင်းတပ်ဖွဲ့ #မြဝတီ #စစ်ဘေးရှောင်

=======

XS
SM
MD
LG