သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္မွာ တိုက္ပြဲရွိေနဆဲ


စစ္ေကာင္စီတပ္နဲ႔တုိက္ပြဲျဖစ္ေနတဲ့ေဒသက KNU စစ္သည္တဦး (ဒီဇင္ဘာ ၂၄၊ ၂၀၂၁/ ဓာတ္ပံု KNU)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္အတြင္း ကရင္လက္နက္ကိုင္ KNU တပ္မဟာ ၆ ထိန္းခ်ဳပ္ရာ ေလးေက့ေကာ္ေဒသထဲမွာ KNU နဲ႔ PDF ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား ဒီေန႔ ဒီဇင္ဘာလ ၃၀ ရက္ေန႔မွာ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ အဲဒီတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္တခ်ိဳ႕ကို KNU က ဖမ္းဆီးရမိခဲ့ပါတယ္။ ဒူးပလာယာခ႐ိုင္ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာလည္း တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ကရင္ျပည္နယ္ဘက္က တိုက္ပြဲအေျခအေနကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္ထဲက KNU တပ္မဟာ ၆ ထိန္းခ်ဳပ္ထားတဲ့ ေလးေက့ေကာ္ေဒသမွာ ဒီေန႔ ဒီဇင္ဘာ ၃၀ ရက္ေန႔မွာလည္း တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။ စစ္ေကာင္စီတပ္နဲ႔ ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA တပ္မဟာ ၆ က တပ္ရင္း ၁၈၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO ဗဟိုတပ္ခြဲနဲ႔ NUG လက္ေအာက္ခံ ျပည္သူ႔ကာကြယ္ေရးတပ္က ဆင္ျဖဴတပ္ ရင္းတို႔ၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။

ေလးေက့ေကာ္ အေျမာက္ကုန္း၊ ေလးေက့ေကာ္ အုပ္ခ်ဳပ္ေရး႐ုံး၊ ေလးေက့ေကာ္စာသင္ေက်ာင္း ေနရာေတြမွာ စခန္းထိုင္ထားတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ KNU ပူးေပါင္းတပ္ဖြဲ႕ေတြၾကားမွာ မနက္အေစာႀကီးကတည္းက တိုက္ပြဲေတြျဖစ္ေနတာပါ။ နယ္ျခားေစာင့္ BGF တပ္တခ်ိဳ႕လည္း စစ္ေကာင္စီတပ္နဲ႔ ပူးေပါင္းတိုက္ခိုက္တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္တဦးျဖစ္ တဲ့ ကိုေစာမြန္က ေျပာပါတယ္။

"ေလးေက့ေကာ္က မနက္ကတည္းက တိုက္ပြဲျဖစ္ေနတာ၊ တိုက္ပြဲကေန႔တိုင္းျဖစ္ေနတာ၊ မေန႔ကလည္းျဖစ္တယ္၊ ဒီေန႔လည္းျဖစ္တယ္၊ BGF ကလည္း ဝင္ပါလာတယ္။ ေသာင္ရင္းျမစ္ကမ္း၊ ျမန္မာဘက္မွာခိုေအာင္းေနတဲ့ ဒုကၡသည္ေတြကို ေ႐ႊ႕ေျပာင္းသြားဖို႔နဲ႔ ေလးေက့ေကာ္မွာ ေအးခ်မ္းသြားၿပီ။ ဘာမွမျဖစ္ေတာ့ဘူးဆိုတာတို႔၊ မဲ့ေထာ္သေလးတို႔မွာ ျပန္ေနလို႔ရၿပီဆိုၿပီး အတင္းလာေခၚတယ္။ အဲဒါျပယုဂ္လုပ္တာပါ တကယ္ေတာ့ သူတို႔ထိန္းခ်ဳပ္လို႔ရတာ မဟုတ္ပါဘူး။"

စစ္ေကာင္စီဘက္ကေတာ့ ေလးေက့ေကာ္ေဒသကို လုံၿခဳံေရးအရ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္လို႔ေဒသခံစစ္ေျပးဒုကၡသည္တခ်ိဳ႕ ေနရပ္ျပန္လာေနၾကတယ္လို႔ ဗုဒၶဟူးေန႔က သတင္းထုတ္ျပန္ပါတယ္။

အခုလို ျမဝတီခ႐ိုင္ထဲက ေလးေက့ေကာ္မွာ တိုက္ပြဲျဖစ္သလို ဒူးပလာယာခ႐ိုင္ထဲကေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာလည္း စစ္ေကာင္စီဘက္က ထိုးစစ္ဆင္လာတဲ့အတြက္ တိုက္ပြဲေတြျဖစ္ေနပါတယ္။

"ေကာ့ကရိတ္မွာက ေကာ့ႏြဲကိုေက်ာ္လာရင္ ၿမိဳ႕ေဟာင္းဆိုတာေရာက္တာ၊ ၿမိဳ႕ေဟာင္းကေတာ့ က်ေနာ္တို႔ အရင္ကတည္းကတပ္စြဲထားတယ္။ တပ္စခန္းထိုင္မွာေတာ့ မဟုတ္ဘူး၊ အဲဒီေနရာကို သူတို႔တက္လာေတာ့ တိုက္ပြဲျဖစ္တာေပါ့။ ေကာ့ႏြဲ႕ကိုေက်ာ္လာၿပီး ၿမိဳ႕ေဟာင္းဘက္ က်ေနာ္တို႔ ေကာ့ကရိတ္၊ က်ိဳက္ဒုံ-ေေကာ့ကရိတ္ကားလမ္းရဲ႕အေရွ႕ဘက္ျခမ္းက်မွာေပါ့၊ ႐ြာသားေတြကေတာ့ အင္းေတာႀကီးဘက္ကိုေရွာင္ေျပးရတာေပါ့ ။ သူတို႔စစ္ေၾကာင္းထိုးလာေတာ့ တိုက္ပြဲျဖစ္တယ္။"

စစ္ေကာင္စီတပ္ဘက္က ခလရ ၂၀၁၊ ခလရ ၃၁၀ တပ္ရင္းနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ တပ္မဟာ ၆ဒူးပလာယာခ႐ိုင္က တပ္ရင္း ၁၈၊ တပ္ရင္း ၂၇၊ ျပည္သူ႔ကာကြယ္ေရး PDF တပ္ေတြနဲ႔ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ KNU ပူးေပါင္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကတည္းက စျဖစ္ခဲ့တာပါ။

ေလးေက့ေကာ္ၿမိဳ႕သစ္အတြင္းမွာ ခိုလႈံေနတဲ့ လႊတ္ေတာ္အမတ္ ႏွစ္ဦးနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လုပ္ထားတဲ့ ဝန္ထမ္း ၂၀ ေက်ာ္ကို စစ္ေကာင္စီတပ္ေတြက ဒီဇင္ဘာလ ၁၄ ရက္ မွာ ဝင္ေရာက္ဖမ္းဆီးရာကေန ေနာက္တရက္မွာ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။

ႏွစ္ဘက္တိုက္ပြဲေတြအတြင္း စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ပစ္ခတ္မူအျပင္ ေလယာဥ္နဲ႔ပါ ဗုံးႀကဲတိုက္ခိုက္မႈ ေလးရက္ဆက္တိုက္လုပ္ခဲ့တာေၾကာင့္ ထိုင္းႏိုင္ငံဘက္ကို စစ္ေဘးေရွာင္ဒုကၡသည္ ၁၀,၀၀၀ ေက်ာ္ ထြက္ေျပးခဲ့ၾကရပါတယ္။ ျမန္မာျပည္တြင္းမွာလည္း စစ္ေဘးေရွာင္ ေသာင္းဂဏန္းေလာက္ဟာ အိုးအိမ္စြန႔္ခြါၿပီး ေတာေတာင္ေတြထဲမွာ ပုန္းေအာင္းေနထိုင္ေနရဆဲျဖစ္ပါတယ္။

============

[[Unicode]]

လေးကေ့ကော်မှာ တိုက်ပွဲရှိနေဆဲ

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ကရင်လက်နက်ကိုင် KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေ့ကော်ဒေသထဲမှာ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို KNU က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကရင်ပြည်နယ်ဘက်က တိုက်ပွဲအခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက KNU တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်ဒေသမှာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ ၆ က တပ်ရင်း ၁၈၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဗဟိုတပ်ခွဲနဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်က ဆင်ဖြူတပ် ရင်းတို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

လေးကေ့ကော် အမြောက်ကုန်း၊ လေးကေ့ကော် အုပ်ချုပ်ရေးရုံး၊ လေးကေ့ကော်စာသင်ကျောင်း နေရာတွေမှာ စခန်းထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ မနက်အစောကြီးကတည်းက တိုက်ပွဲတွေဖြစ်နေတာပါ။ နယ်ခြားစောင့် BGF တပ်တချို့လည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတိုက်ခိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ် တဲ့ ကိုစောမွန်က ပြောပါတယ်။

"လေးကေ့ကော်က မနက်ကတည်းက တိုက်ပွဲဖြစ်နေတာ၊ တိုက်ပွဲကနေ့တိုင်းဖြစ်နေတာ၊ မနေ့ကလည်းဖြစ်တယ်၊ ဒီနေ့လည်းဖြစ်တယ်၊ BGF ကလည်း ဝင်ပါလာတယ်။ သောင်ရင်းမြစ်ကမ်း၊ မြန်မာဘက်မှာခိုအောင်းနေတဲ့ ဒုက္ခသည်တွေကို ရွှေ့ပြောင်းသွားဖို့နဲ့ လေးကေ့ကော်မှာ အေးချမ်းသွားပြီ။ ဘာမှမဖြစ်တော့ဘူးဆိုတာတို့၊ မဲ့ထော်သလေးတို့မှာ ပြန်နေလို့ရပြီဆိုပြီး အတင်းလာခေါ်တယ်။ အဲဒါပြယုဂ်လုပ်တာပါ တကယ်တော့ သူတို့ထိန်းချုပ်လို့ရတာ မဟုတ်ပါဘူး။"

စစ်ကောင်စီဘက်ကတော့ လေးကေ့ကော်ဒေသကို လုံခြုံရေးအရ ထိန်းချုပ်နိုင်ပြီဖြစ်လို့ဒေသခံစစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်လာနေကြတယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။

အခုလို မြဝတီခရိုင်ထဲက လေးကေ့ကော်မှာ တိုက်ပွဲဖြစ်သလို ဒူးပလာယာခရိုင်ထဲကကော့ကရိတ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်နေပါတယ်။

"ကော့ကရိတ်မှာက ကော့နွဲကိုကျော်လာရင် မြို့ဟောင်းဆိုတာရောက်တာ၊ မြို့ဟောင်းကတော့ ကျနော်တို့ အရင်ကတည်းကတပ်စွဲထားတယ်။ တပ်စခန်းထိုင်မှာတော့ မဟုတ်ဘူး၊ အဲဒီနေရာကို သူတို့တက်လာတော့ တိုက်ပွဲဖြစ်တာပေါ့။ ကော့နွဲ့ကိုကျော်လာပြီး မြို့ဟောင်းဘက် ကျနော်တို့ ကော့ကရိတ်၊ ကျိုက်ဒုံ-ေကော့ကရိတ်ကားလမ်းရဲ့အရှေ့ဘက်ခြမ်းကျမှာပေါ့၊ ရွာသားတွေကတော့ အင်းတောကြီးဘက်ကိုရှောင်ပြေးရတာပေါ့ ။ သူတို့စစ်ကြောင်းထိုးလာတော့ တိုက်ပွဲဖြစ်တယ်။"

စစ်ကောင်စီတပ်ဘက်က ခလရ ၂၀၁၊ ခလရ ၃၁၀ တပ်ရင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ တပ်မဟာ ၆ဒူးပလာယာခရိုင်က တပ်ရင်း ၁၈၊ တပ်ရင်း ၂၇၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက စဖြစ်ခဲ့တာပါ။

လေးကေ့ကော်မြို့သစ်အတွင်းမှာ ခိုလှုံနေတဲ့ လွှတ်တော်အမတ် နှစ်ဦးနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ဝန်ထမ်း ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁၄ ရက် မှာ ဝင်ရောက်ဖမ်းဆီးရာကနေ နောက်တရက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မူအပြင် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်မှု လေးရက်ဆက်တိုက်လုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ဒုက္ခသည် ၁၀,၀၀၀ ကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာပြည်တွင်းမှာလည်း စစ်ဘေးရှောင် သောင်းဂဏန်းလောက်ဟာ အိုးအိမ်စွန့်ခွါပြီး တောတောင်တွေထဲမှာ ပုန်းအောင်းနေထိုင်နေရဆဲဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #Laykaykaw #Karen #voaburmese #လေးကေ့ကော် #ကရင် #ဗွီအိုအေမြန်မာပိုင်း

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG