သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း ကိုဗစ္ကန္႔သတ္ခ်က္ သက္တမ္းတိုးမႈ ျမန္မာတို႔ အခက္ႀကံဳ


ထုိင္းႏုိင္ငံ ဖူးခက္ၿမိဳ႕မွာ ကုိဗစ္ကာကြယ္ေဆး အထုိးခံေနတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတဦး။ (ဇြန္ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ ကုိဗစ္ကပ္ေဘး အေရးေပၚကာလကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန မတ္လ ၃၁ ရက္ေန႔အထိ ၂ လ ထပ္မံတိုးထားေၾကာင္း ထိုင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဌာနက ထုတ္ျပန္လိုက္ပါတယ္။ အခုလို ကုိဗစ္ကပ္ေဘး အေရးေပၚကာလ ထုတ္ျပန္တဲ့အတြက္ ေရႊ႕ေျပာင္းအလုပ္သမားေတြ အတြက္ေတာ့ ခရီးသြားလာခြင့္ေတြ အခက္အခဲရွိေနဆဲ ျဖစ္ပါတယ္။ အျပည့္အစုံကို ဗြီအုိေအသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံ ကိုဗစ္ကပ္ေဘး အေရးေပၚကာလကို သက္တမ္း ၂ လ တိုးလိုက္ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန မတ္လကုန္ထိ သက္တမ္းတိုးလိုက္တာပါ။ ဒီလိုတိုးလိုက္တဲ့အတြက္ အေထာက္အထား လက္မွတ္လုပ္ဖို႔အတြက္ ခရီးသြားရမယ့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ အခက္အခဲေတြ ရိွေနေၾကာင္း ထိုင္းေတာင္ပုိင္းအေျခစုိက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖဲြ႔က အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“CI (မည္သူမည္ဝါျဖစ္ေၾကာင္း အေထာက္အထားလက္မွတ္) သြားလုပ္မယ္ဆိုရင္ နီးစပ္ရာ ဆဲဗင္းအလဲဗင္း (ေစ်းဝယ္တ့ဲဆိုင္) မွာ စာရင္းသြင္း၊ ပုိက္ဆံ ၃၂၀ သြင္းရမယ္။ အဲဒီလို သြားၿပီးရင္ ေျပစာထြက္လာမယ္။ ကိုယ့္ဖုန္းထဲကို မက္ေဆ့ခ်္ေရာက္မယ္။ သြားလုပ္မယ့္ရက္ခိ်န္း ရမယ္။ ရက္ခ်ိန္းရတာနဲ႔ သြားလုပ္လို႔ မရေသးဘူး။ နယ္ေျမျဖတ္ေက်ာ္ခြင့္ လိုတယ္။ အလုပ္ရွင္က သူ႔အလုပ္သမားကို ေျပစာကိုတင္ျပၿပီး က်ဟန္ငန္ (အလုပ္သမားနဲ႔ အလုပ္အကုိ္င္ရွာေဖြေရး႐ုံး) တင္ျပၿပီး က်ဟန္ငန္ကေပးတဲ့ နယ္ေျမျဖတ္ေက်ာ္ခြင့္စာရြက္ ေတာင္းရမယ္။ အဲဒါမွ အလုပ္သမားက သတ္မွတ္ေပးထားတဲ့ရက္မွာ နယ္ေျမျဖတ္ၿပီး သြားလုပ္လို႔ရမယ္။ အလုပ္သမားေတြအတြက္ အခက္အခဲေပါ့။ နယ္ေျမျဖတ္ေက်ာ္ ဆုိတာကလည္း ကိုဗစ္ေၾကာင့္ နယ္ေျမတားျမစ္ခ်က္ေတြကေတာ့ လိုေနတာပဲ။”

ကိုဗစ္ကာလ အေရးေပၚကန္႔သတ္ခ်က္ေတြ ရွိေပမယ့္ ထုိင္းႏုိင္ငံသားေတြနဲ႔ ႏုိင္ငံျခားသား ခရီးသြားေတြကိုေတာ့ ခရီးသြားခြင့္ေတြကို ခြင့္ျပဳတာေတြရွိၿပီး ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကေတာ့ ကန္႔သတ္ခ်က္ စည္းကမ္းေတြအတုိင္း လိုက္နာေနရတယ္လို႔လည္း ဦးမင္းဦးက ဆုိပါတယ္။

“တားျမစ္ခ်က္ေတြကေတာ့ အတူတူပဲေလ။ ထုိင္းေတြေတာ့ ျပႆနာမရွိဘူး။ ႏုိင္ငံျခားသားေတြလည္း ျပႆနာမရွိဘူး။ ေဆးထုိးေၾကာင္းလက္မွတ္ ျပႏိုင္ဖို႔ပဲ။ ျမန္မာဆိုတာနဲ႔တင္ ျပႆနာတက္ၿပီ။ အလုပ္ရွင္ဘယ္မွာလဲဆိုတာ စၿပီးစစ္တယ္။ အလုပ္သမားေတြအတြက္ေတာ့ ခရီးသြားလာဖို႔ေရာ အလုပ္ေတြ ဘာေတြ ေျပာင္းေရႊ႕ဖို႔ေရာ၊ လည္ပတ္ဖို႔အတြက္ အခက္အခဲျဖစ္တာပဲ။ ကားလက္မွတ္ေတာင္ ဝယ္လို႔မရဘူး။ ေရႊ႕ေျပာင္းအလုပ္သမားတေယာက္က ကားလက္မွတ္ေတာင္ ဝယ္လုိ႔မရဘူး။”

ထိုင္းႏိုင္ငံမွာ ကုိဗစ္ကူးစက္သူ ၂ သန္းေက်ာ္ရွိၿပီး စုစုေပါင္း ေသဆံုးသူကေတာ့ ၂၂,၀၀၀ ေက်ာ္ရွိၿပီ ျဖစ္ပါတယ္။ ဒီအတြက္ ျပည္နယ္အသီးသီးမွာေတာ့ ကန္႔သတ္ခ်က္ေတြ တုိးျမႇင့္ခ်ထားမႈေတြ၊ ေျဖေလ်ာ့မႈေတြရွိၿပီး နယ္ေျမတခုတခု မတူၾကဘူးလို႔လည္း အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ထိုင်း ကိုဗစ်ကန့်သတ်ချက် သက်တမ်းတိုးမှု မြန်မာတို့ အခက်ကြုံ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေး အရေးပေါ်ကာလကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ ၂ လ ထပ်မံတိုးထားကြောင်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အခုလို ကိုဗစ်ကပ်ဘေး အရေးပေါ်ကာလ ထုတ်ပြန်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်တော့ ခရီးသွားလာခွင့်တွေ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်ကပ်ဘေး အရေးပေါ်ကာလကို သက်တမ်း ၂ လ တိုးလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လကုန်ထိ သက်တမ်းတိုးလိုက်တာပါ။ ဒီလိုတိုးလိုက်တဲ့အတွက် အထောက်အထား လက်မှတ်လုပ်ဖို့အတွက် ခရီးသွားရမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိနေကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။

“CI (မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ်) သွားလုပ်မယ်ဆိုရင် နီးစပ်ရာ ဆဲဗင်းအလဲဗင်း (ဈေးဝယ်တဲ့ဆိုင်) မှာ စာရင်းသွင်း၊ ပိုက်ဆံ ၃၂၀ သွင်းရမယ်။ အဲဒီလို သွားပြီးရင် ပြေစာထွက်လာမယ်။ ကိုယ့်ဖုန်းထဲကို မက်ဆေ့ချ်ရောက်မယ်။ သွားလုပ်မယ့်ရက်ချိန်း ရမယ်။ ရက်ချိန်းရတာနဲ့ သွားလုပ်လို့ မရသေးဘူး။ နယ်မြေဖြတ်ကျော်ခွင့် လိုတယ်။ အလုပ်ရှင်က သူ့အလုပ်သမားကို ပြေစာကိုတင်ပြပြီး ကျဟန်ငန် (အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေရေးရုံး) တင်ပြပြီး ကျဟန်ငန်ကပေးတဲ့ နယ်မြေဖြတ်ကျော်ခွင့်စာရွက် တောင်းရမယ်။ အဲဒါမှ အလုပ်သမားက သတ်မှတ်ပေးထားတဲ့ရက်မှာ နယ်မြေဖြတ်ပြီး သွားလုပ်လို့ရမယ်။ အလုပ်သမားတွေအတွက် အခက်အခဲပေါ့။ နယ်မြေဖြတ်ကျော် ဆိုတာကလည်း ကိုဗစ်ကြောင့် နယ်မြေတားမြစ်ချက်တွေကတော့ လိုနေတာပဲ။”

ကိုဗစ်ကာလ အရေးပေါ်ကန့်သတ်ချက်တွေ ရှိပေမယ့် ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေကိုတော့ ခရီးသွားခွင့်တွေကို ခွင့်ပြုတာတွေရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကတော့ ကန့်သတ်ချက် စည်းကမ်းတွေအတိုင်း လိုက်နာနေရတယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ်။

“တားမြစ်ချက်တွေကတော့ အတူတူပဲလေ။ ထိုင်းတွေတော့ ပြဿနာမရှိဘူး။ နိုင်ငံခြားသားတွေလည်း ပြဿနာမရှိဘူး။ ဆေးထိုးကြောင်းလက်မှတ် ပြနိုင်ဖို့ပဲ။ မြန်မာဆိုတာနဲ့တင် ပြဿနာတက်ပြီ။ အလုပ်ရှင်ဘယ်မှာလဲဆိုတာ စပြီးစစ်တယ်။ အလုပ်သမားတွေအတွက်တော့ ခရီးသွားလာဖို့ရော အလုပ်တွေ ဘာတွေ ပြောင်းရွှေ့ဖို့ရော၊ လည်ပတ်ဖို့အတွက် အခက်အခဲဖြစ်တာပဲ။ ကားလက်မှတ်တောင် ဝယ်လို့မရဘူး။ ရွှေ့ပြောင်းအလုပ်သမားတယောက်က ကားလက်မှတ်တောင် ဝယ်လို့မရဘူး။”

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၂ သန်းကျော်ရှိပြီး စုစုပေါင်း သေဆုံးသူကတော့ ၂၂,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ဒီအတွက် ပြည်နယ်အသီးသီးမှာတော့ ကန့်သတ်ချက်တွေ တိုးမြှင့်ချထားမှုတွေ၊ ဖြေလျော့မှုတွေရှိပြီး နယ်မြေတခုတခု မတူကြဘူးလို့လည်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

XS
SM
MD
LG