သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron မ်ိဳးကဲြသစ္ကူးစက္မႈ ထိုင္းမွာေတြ႔ရွိ


ဘန္ေကာက္ၿမိဳ႕မွာ ေရႊ႕ေျပာင္းအလုပ္သမားေတြကို ကိုဗစ္ကာကြယ္ေဆး ထိုးႏံွေပးေနတဲ့ျမင္ကြင္း။ (ေအာက္တုိဘာ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ ဗီဇေျပာင္း ကုိဗစ္ေရာဂါအသစ္ Omicron ပိုးေတြ႔တဲ့လူနာ ေတြ့ရိွၿပီလုိ႔ ထုိင္းက်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီလူနာဟာ စပိန္ႏုိင္ငံကတဆင့္ ဝင္ေရာက္လာတဲ့ အေမရိကန္ ႏိုင္ငံသားတဦးျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံအတြင္း ဗီဇေျပာင္း ကုိဗစ္ေရာဂါအသစ္ Omicron ေစာင့္ၾကည့့္မႈနဲ႔ ပတ္သက္လုိ႔ ျဖစ္ထြန္းတိုးတက္မႈေတြကို ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔မွာပဲ အသိေပး ေၾကညာခဲ့ရာမွာ ဗီဇေျပာင္း ကုိဗစ္ေရာဂါအသစ္ Omicron ပုိးေတြ႔တဲ့လူနာ ေတြ့ရိွၿပီလုိ႔ ဆိုခဲ့ပါတယ္။

ကုသေရးသိပၸံ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ Supakit Sirilak ကေတာ့ ထိုင္းဘာသာနဲ႔ အခုလိုေျပာဆုိသြားပါတယ္။

“ထိုင္းႏုိင္ငံမွာ ပထမဦးဆံုးေတြ႔ရွိတဲ့ ဗီဇေျပာင္း ကုိဗစ္ေရာဂါအသစ္ Omicron လူနာ ျဖစ္ပါတယ္။ ေနာက္ထပ္လည္း ထပ္ၿပီး ေတြ႔ႏုိင္ပါေသးတယ္။ ျပည္သူလူထုအေနနဲ႔ သိပ္ၿပီး စိုရိမ္မႈမျဖစ္ဖို႔ ေျပာခ်င္ပါတယ္လို႔ ေျပာဆုိသြားပါတယ္။”

Omicron ကူးစက္ခံရသူဟာ စပိန္ႏုိင္ငံကေနတဆင့္ ထုိင္းႏုိင္ငံကို ဝင္ေရာက္လာတဲ့ အေမရိကန္ ႏိုင္ငံသားတဦးျဖစ္ၿပီး သူ႔ကို ႏုိဝင္ဘာ ၃၀ ရက္ေန႔မွာ နမူနာစစ္ေဆးရာ ဗီဇေျပာင္း ကုိဗစ္ေရာဂါအသစ္ Omicron ျဖစ္ႏိုင္ေခ် ၉၉ ဒသမ ၉၂ ရာခိုင္ႏႈန္း ျမင့္မားခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီဇင္ဘာ ၃ ရက္ေန႔ ထပ္မံစစ္ေဆးခ်က္အရ ထိုင္းႏုိင္ငံမွာ ပထမဦးဆံုးေတြ့ရွိတဲ့ ဗီဇေျပာင္း ကုိဗစ္ေရာဂါအသစ္ Omicron လူနာအျဖစ္ ေသခ်ာသေလာက္ ျဖစ္ေနၿပီဟု ၫႊန္ခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။

ေဆးသိပၸံဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Supakit Sirilak ေျပာတဲ့အထဲမွာ အသက္ ၃၅ ႏွစ္အရြယ္ အမ်ိဳးသားတဦး ထိုင္းႏိုင္ငံကုိ ေရာက္ရွိလာခ်ိန္မွာ ထိုင္းဘက္က ကိုဗစ္စစ္ေဆးတဲ့ RT-PCR စမ္းသပ္မႈလုပ္ခဲ့ရာမွာ ဗီဇေျပာင္း ကိုဗစ္ေရာဂါ အမ်ိဳးအစားသစ္ကို ေတြ႔ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရးဌာန အႀကီးအကဲ ေဒါက္တာ Opas Karkawinpong ကေတာ့ Omicron ပိုး ကူးစက္ခံရသူ ဒီစီးပြားေရးသမားဟာ ထိုင္းႏိုင္ငံကုိ မေရာက္ရွိခင္ တႏွစ္အလိုမွာ စပိန္မွာေနထိုင္ခဲ့တဲ့ အေမရိကန္ႏိုင္ငံသား ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒီအမ်ိဳးသားဟာ ႏိုဝင္ဘာ ၂၈ ရက္မွာ စပိန္မွာ RT-PCR စမ္းသပ္မႈကို ခံယူခဲ့ၿပီး အာရပ္ေစာ္ဘြားမ်ားႏိုင္ငံကတဆင့္ ထိုင္းႏိုင္ငံသို႔ ထြက္ခြာလာခဲ့ေၾကာင္း ေဒါက္တာ Opas က ေျပာၾကားခဲ့ပါတယ္။ သူဟာ Johnson & Johnson ကာကြယ္ေဆး ထိုးၿပီးထားသူလို႔လည္း ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကေတာ့ သူ႔ကို အေသးစိတ္စစ္ေဆးမႈ လုပ္ခဲ့ၿပီး အခုလက္ရွိ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ထိုင္းႏုိင္ငံမွာေတာ့ ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ Omicron ကုိ အနီးကပ္ ေစာင့္ၾကည့္ႏုိင္ဖို႔ ထိုင္းႏုိင္ငံ နယ္စပ္ေတြရဲ႕ လံုုၿခံဳေရးကိုု တိုုးျမႇင့္ အထူးၾကပ္မတ္စစ္ေဆးဖို႔နဲ႔ ႏုိင္ငံျခားသားေတြကို က်န္းမာေရးအရ ျပန္လည္တင္းက်ပ္စြာ စစ္ေဆးဖို႔ေတြကို ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha က ႏုိဝင္ဘာလ ၃၀ ရက္ေန႔က ဌာနဆိုင္ရာေတြကို ညႊန္ၾကားခ်က္ ထုုတ္ျပန္ထားပါတယ္။

ဗီဇေျပာင္း ကုိဗစ္ေရာဂါပိုးအသစ္ Omicron ထိုင္းႏုိင္ငံထဲ ဝင္ေရာက္ကူးစက္ပ်ံ႕ႏွံ႔မွာ ကာကြယ္တဲ့အေနနဲ႔ အာဖရိကႏုိင္ငံ ၈ ႏိုင္ငံက ခရီးသြားေတြကို ျပည္ဝင္ခြင့္ မျပဳေတာ့ေပမယ့္ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္း အာဖရိကႏိုင္ငံေတြကေန ဝင္လာတဲ့ ခရီးသြား ၈၀၀ နီးပါး ရွိခဲ့တာပါ။ ဒီအတြက္ ထုိင္းျပည္သူေတြၾကား စုိးရိမ္ပူပန္မႈေတြ ရွိေနသလို ျမန္မာအလုပ္သမားေတြၾကားမွာလည္း ကူးစက္မႈအသစ္ေတြ ျဖစ္လာရင္ အရင္လို အလုပ္ေတြ ပိတ္ပစ္လိုက္မွာ၊ အလုပ္ေတြ ထိခိုက္တာေတြ ျဖစ္လာမွာကို စုိးရိမ္္မႈေတြ ရွိေနတယ္လို႔လည္း အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ေျပာဆုိခဲ့ပါတယ္။

ထိုင္းႏုိင္ငံမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃ သန္းထက္မနည္း အလုပ္လုပ္ကိုင္ေနတာျဖစ္ၿပီး ထိုင္းႏုိင္ငံမွာ ကုိဗစ္ကူးစက္မႈ ျဖစ္ခ်ိန္မွာ ျမန္မာအလုပ္သမား သိန္းဂဏန္းေလာက္ ကုိဗစ္ကူးစက္မႈ ျဖစ္ခဲ့ပါတယ္။

Omicron မ်ိဳးကဲြသစ္ကူးစက္မႈ ထိုင္းမွာေတြ႔ရွိ
please wait

No media source currently available

0:00 0:03:29 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

Omicron မျိုးကွဲသစ်ကူးစက်မှု ထိုင်းမှာတွေ့ရှိ

ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron ပိုးတွေ့တဲ့လူနာ တွေ့ရှိပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလူနာဟာ စပိန်နိုင်ငံကတဆင့် ဝင်ရောက်လာတဲ့ အမေရိကန် နိုင်ငံသားတဦးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron စောင့်ကြည့်မှုနဲ့ ပတ်သက်လို့ ဖြစ်ထွန်းတိုးတက်မှုတွေကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာပဲ အသိပေး ကြေညာခဲ့ရာမှာ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron ပိုးတွေ့တဲ့လူနာ တွေ့ရှိပြီလို့ ဆိုခဲ့ပါတယ်။

ကုသရေးသိပ္ပံ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Supakit Sirilak ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောဆိုသွားပါတယ်။

“ထိုင်းနိုင်ငံမှာ ပထမဦးဆုံးတွေ့ရှိတဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron လူနာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ထပ်ပြီး တွေ့နိုင်ပါသေးတယ်။ ပြည်သူလူထုအနေနဲ့ သိပ်ပြီး စိုရိမ်မှုမဖြစ်ဖို့ ပြောချင်ပါတယ်လို့ ပြောဆိုသွားပါတယ်။”

Omicron ကူးစက်ခံရသူဟာ စပိန်နိုင်ငံကနေတဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ အမေရိကန် နိုင်ငံသားတဦးဖြစ်ပြီး သူ့ကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ နမူနာစစ်ဆေးရာ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron ဖြစ်နိုင်ချေ ၉၉ ဒသမ ၉၂ ရာခိုင်နှုန်း မြင့်မားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ ထပ်မံစစ်ဆေးချက်အရ ထိုင်းနိုင်ငံမှာ ပထမဦးဆုံးတွေ့ရှိတဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron လူနာအဖြစ် သေချာသလောက် ဖြစ်နေပြီဟု ညွှန်ချုပ်က ပြောဆိုခဲ့ပါတယ်။

ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် Supakit Sirilak ပြောတဲ့အထဲမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး ထိုင်းနိုင်ငံကို ရောက်ရှိလာချိန်မှာ ထိုင်းဘက်က ကိုဗစ်စစ်ဆေးတဲ့ RT-PCR စမ်းသပ်မှုလုပ်ခဲ့ရာမှာ ဗီဇပြောင်း ကိုဗစ်ရောဂါ အမျိုးအစားသစ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ဒေါက်တာ Opas Karkawinpong ကတော့ Omicron ပိုး ကူးစက်ခံရသူ ဒီစီးပွားရေးသမားဟာ ထိုင်းနိုင်ငံကို မရောက်ရှိခင် တနှစ်အလိုမှာ စပိန်မှာနေထိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအမျိုးသားဟာ နိုဝင်ဘာ ၂၈ ရက်မှာ စပိန်မှာ RT-PCR စမ်းသပ်မှုကို ခံယူခဲ့ပြီး အာရပ်စော်ဘွားများနိုင်ငံကတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့ကြောင်း ဒေါက်တာ Opas က ပြောကြားခဲ့ပါတယ်။ သူဟာ Johnson & Johnson ကာကွယ်ဆေး ထိုးပြီးထားသူလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ သူ့ကို အသေးစိတ်စစ်ဆေးမှု လုပ်ခဲ့ပြီး အခုလက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ် Omicron ကို အနီးကပ် စောင့်ကြည့်နိုင်ဖို့ ထိုင်းနိုင်ငံ နယ်စပ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့် အထူးကြပ်မတ်စစ်ဆေးဖို့နဲ့ နိုင်ငံခြားသားတွေကို ကျန်းမာရေးအရ ပြန်လည်တင်းကျပ်စွာ စစ်ဆေးဖို့တွေကို ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က နိုဝင်ဘာလ ၃၀ ရက်နေ့က ဌာနဆိုင်ရာတွေကို ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် Omicron ထိုင်းနိုင်ငံထဲ ဝင်ရောက်ကူးစက်ပျံ့နှံ့မှာ ကာကွယ်တဲ့အနေနဲ့ အာဖရိကနိုင်ငံ ၈ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့် မပြုတော့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အာဖရိကနိုင်ငံတွေကနေ ဝင်လာတဲ့ ခရီးသွား ၈၀၀ နီးပါး ရှိခဲ့တာပါ။ ဒီအတွက် ထိုင်းပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေသလို မြန်မာအလုပ်သမားတွေကြားမှာလည်း ကူးစက်မှုအသစ်တွေ ဖြစ်လာရင် အရင်လို အလုပ်တွေ ပိတ်ပစ်လိုက်မှာ၊ အလုပ်တွေ ထိခိုက်တာတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ဖြစ်ချိန်မှာ မြန်မာအလုပ်သမား သိန်းဂဏန်းလောက် ကိုဗစ်ကူးစက်မှု ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG