သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္ပိုးသစ္ အႏၲရာယ္အတြက္ ျမန္မာျပင္ဆင္


ရန္ကုန္ၿမိဳ႕ ပန္းဆုိးတန္းဆိပ္ခံတံတားမွာ ခ်ိတ္ဆြဲထားတဲ့ ကုိဗစ္ သတိေပးခ်က္ဆုိင္းဘုတ္နဲ႔ ႏွာေခါင္းစည္းတပ္ သြားလာေနၾကသူမ်ား။ (ဇူလုိင္ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

Omicron ကိုဗစ္ပိုးသစ္ ကူးစက္မႈေတြ ကမၻာ့ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားကို ပ်ံ႕ႏွံ႔လာေနခ်ိန္မွာပဲ ကပ္ေရာဂါဒဏ္က ျပန္လည္နာလန္ထူကာစ ျမန္မာႏုိင္ငံမွာလည္း ကာကြယ္ႏိုင္ဖို႔ ျပင္ဆင္ေစာင့္ၾကည့္ေနတယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ ေတာင္အာဖရိကမွာ စတင္ေတြ႔ရွိခဲ့တဲ့ Omicron ပိုးသစ္ဟာ အခုအခါ ႏိုင္ငံေပါင္း ၃၈ ႏိုင္ငံမွာ ကူးစက္မႈေတြ ေတြ႔ရွိထားေၾကာင္း ကမၻာ့က်န္းမာေရးအဖဲြ႔ (WHO) ကလည္း ေျပာဆိုထားတာပါ။ ျမန္မာႏိုင္ငံအေနနဲ႔ ဘာေတြ ျပင္ဆင္ထားပါသလဲ၊ အမ်ားျပည္သူေတြၾကား ဘယ္လိုကာကြယ္သင့္ပါသလဲ၊ ဒီအေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔ ကူးစက္ေရာဂါဆိုင္ရာ ကၽြမ္းက်င္သူ ေဒါက္တာ သန္းႏိုင္စိုးကို ကိုဝင္းမင္းက ေမးရာမွာ အခုလို စရွင္းျပပါတယ္။

ေဒါက္တာသန္းႏုိင္စုိး - “က်ေနာ္တုိ႔အေနနဲ႔ ျပင္ဆင္ထားတဲ့ အပိုင္းေတြ၊ ဝန္ႀကီးဌာန အေနနဲ႔ လုပ္ေနတဲ့အပုိင္းေတြ အမ်ားႀကီး ရွိပါတယ္။ ဒီဟာေတြ လုပ္ေနတဲ့အတြက္ စုိးရိမ္မႈေတြ မရွိၾကပါနဲ႔။ စုိးရိမ္မႈေတြ ရွိလာတယ္၊ သတိထားမႈေတြ ရွိလာတယ္ဆုိရင္လည္း ဒါကိုပဲ သတိပိုထားၿပီး အဓိကေတာ့ ေရာဂါကာကြယ္ေရး နည္းလမ္းေတြျဖစ္တဲ့ အလွည့္က်ရရွိလာတဲ့ ကာကြယ္ေဆးကို အႀကိမ္ျပည့္ မပ်က္မကြက္ ထုိးႏွံဖုိ႔နဲ႔ ကိုဗစ္ ၁၉ နဲ႔ပတ္သက္တဲ့ အေျခခံ ေရာဂါကာကြယ္ေရး စည္းမ်ဥ္းေတြကို လူတုိင္းလူတုိင္း မပ်က္မကြက္ စနစ္တက် လုိက္နာၾကဖုိ႔ ျဖစ္ပါတယ္။”

ကိုဝင္းမင္း - စုိးရိမ္ရတယ္ဆုိတဲ့ အေနအထားမွာ ဘယ္ေလာက္အထိ စုိးရိမ္ရတယ္လို႔ သုံးသပ္ထားလဲ။

ေဒါက္တာသန္းႏုိင္စုိး - “အဓိကေတာ့ ဒီဗုိင္းရပ္စ္ရဲ႕ သဘာဝေပါ့၊ မ်ဳိးေျပာင္းတဲ့ဟာ သူက ေတာ္ေတာ္ေလး မ်ားတာေပါ့။ ေနာက္တခုက မ်ားေသာအားျဖင့္ ဗုိင္းရပ္စ္ေတြ ေတာ္ေတာ္မ်ားမ်ားက မ်ဳိးကြဲျဖစ္လာၿပီဆုိရင္ ၿပီးေတာ့မွ Variant of Concern ကူးစက္ျဖစ္ပြားႏုိင္တဲ့ အုပ္စုထဲကုိ ဆက္ဝင္တာေပါ့။ ဥပမာဆုိရင္ Delta က အိႏၵိယမွာ စေတြ႔တဲ့အခ်ိန္က ၂၀၂၀ ေအာက္တိုဘာေလာက္ေပါ့၊ အဲဒီကေန ဆက္ၿပီးေတာ့ ၂၀၂၁ ခုႏွစ္ ေမလ ၁၁ ရက္ေန႔၊ စေတြ႔တာနဲ႔ဆုိ ၇ လ၊ ၈ လေလာက္ ၾကာၿပီေပါ့၊ အဲဒီက်ေတာ့မွ စိုးရိမ္ဖြယ္ ျဖစ္ပြားႏုုိင္တဲ့ အုပ္စုထဲကို ဝင္တာဆုိေတာ့၊ Omicron ကေတာ့ ႏုိဝင္ဘာ ၉ ရက္ေန႔ေလာက္က Sample (ေသြးအေျဖပံုစံနမူနာ) မွာေတြ႔တယ္။ ၂၄ ရက္ေန႔မွာ ေတာင္အာဖရိကက သတင္းေပးပုိ႔တယ္။ ၂၆ ရက္ေန႔မွာပဲ ကမၻာ့က်န္းမာေရးအဖြဲ႔က အေရးေပၚအစည္းအေဝး လုပ္ၿပီးတဲ့အခါၾကေတာ့ တန္းၿပီးေတာ့ Variant of Concern ထဲကို ထည့္တယ္။ ထည့္တာလည္း သူ႔မွာ အေၾကာင္းရွိတယ္။ သူ႔မွာလည္း မ်ဳိးေျပာင္းတဲ့ဟာေတြက အရမ္းမ်ားတယ္၊ ေျပာင္းလဲတဲ့ အမ်ဳိးအစားေပါ့။ ဒီလိုမ်ဳိး ေျပာင္းလဲတဲ့ အမ်ဳိးအစား ျဖစ္လာရင္ ဘာေတြ ဆက္ျဖစ္ႏုိင္မလဲဆုိတာ ဒါေတာ့ ပညာရွင္ေတြၾကားမွာ ေဆြးေႏြးတာေပါ့။ တခ်ဳိ႕က်ေတာ့လည္း ဒါ ကူးစက္မႈႏႈန္းေတြ ပိုျမန္ႏုိင္တယ္၊ တခ်ဳိ႕ကာကြယ္ေဆးေတြရဲ႕ ထိေရာက္မႈကို ေရွာင္လႊဲႏုိင္တယ္၊ ေရာဂါျဖစ္ၿပီးသား လူေတြကလည္း ျပန္ျဖစ္ႏုိင္တဲ့ႏႈန္းေတြ တုိးလာႏုိင္တယ္ေပါ့။ ၿပီးတဲ့အခါက်ရင္ ေရာဂါပုိး ဝင္ေရာက္ကူးစက္ႏုိင္တဲ့ႏႈန္းေတြ မ်ားလာႏုိင္တယ္ေပါ့။

“ေရာဂါ ျပင္းျပင္းထန္ထန္ ျဖစ္ပြားတဲ့ အေၾကာင္းနဲ႔ ပတ္သက္လုိ႔ကေတာ့ စစခ်င္းေတာ့ မသိႏုိင္ဘူး။ တကယ့္ကို Community Transmission (ေဒသႏၱရဝန္းက်င္အတြင္း ကူးစက္မႈ) လို႔ေခၚတာေပါ့၊ လူေတြအမ်ားႀကီး အုပ္စုလုိက္ျဖစ္လာတဲ့ အခ်ိန္မွာ ျပင္းျပင္းထန္ထန္ ျဖစ္ပြားတဲ့ႏႈန္းေတြ၊ ေဆး႐ုံတက္ရတဲ့ႏႈန္းေတြ၊ ဒါေတြကေတာ့ ဆက္ၿပီးသိမွာေပါ့။ ဘာပဲေျပာေျပာ ဒီဟာေတြနဲ႔ ပတ္သက္ၿပီး ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး အပါအဝင္ ႏုိင္ငံတကာက ကမၻာ့ထိပ္တန္း က်န္းမာေရး အဖြဲ႔အစည္းေတြ၊ သုေတသန ပညာရွင္ေတြ၊ တကၠသိုလ္ေတြေပါ့ ေနရာေတြ အားလုံးကေတာ့ ေစာင့္ၾကပ္ၾကည့္႐ႈၿပီး မ်က္ျခည္မျပတ္ ရွိတယ္။”

ကိုဝင္းမင္း - က်ေနာ္တုိ႔ အိမ္နီးခ်င္း နယ္စပ္ အိႏၵိယနဲ႔ အာဆီယံေဒသတြင္း စင္ကာပူတုိ႔ မေလးရွားတုိ႔ကိုပါ မ်ဳိးကြဲသစ္က ေရာက္ေနၿပီဆုိတာ ေတြ႔ရွိထားတဲ့ အေနအထားမွာ ျမန္မာႏုိင္ငံအတြက္ေရာ ေစာင့္ၾကည့္မႈ အေနအထားက။

ေဒါက္တာသန္းႏုိင္စိုး - “အဓိကေတာ့ ႏုိင္ငံတကာ ဝင္ေပါက္ေတြနဲ႔ နယ္စပ္ေဒသေတြေပါ့၊ ဒါေတြကေတာ့ ေတာ္ေတာ္ အေရးႀကီးတယ္။ အဲဒီေနရာေတြမွာ လူဝင္လူထြက္ ကိစၥေတြ၊ စစ္ေဆးတဲ့ ကိစၥေတြ၊ လိုအပ္ရင္ RT PCR (စံစမ္းသပ္နည္း) နဲ႔ပါ စစ္ေဆးေပးတဲ့ အခါၾကေတာ့ ထပ္ၿပီးေတာ့ လုိအပ္ရင္လည္း Genomic Sequencing ေပါ့၊ မ်ဳိး႐ုိးဗီဇေတြကို ေလ့လာေစာင့္ၾကည့္တဲ့ ကိစၥေတြ၊ တကယ့္ကို RT PCR နဲ႔စစ္ၿပီးေတာ့ Negative (ပိုးမေတြ႔တာ) ျဖစ္ေတာ့မွ လုံေလာက္တဲ့ Quarantine Period (သီးသန္႔ခြဲေနကာလ) တခု ၿပီးေတာ့မွ ျပည္တြင္းကို ဝင္ခြင့္ျပဳတဲ့ ကိစၥေတြ၊ ဒီ အာဖရိက ေဘာ့ဆြာနာနဲ႔ ေတာင္အာဖရိကေပါ့ အဲဒီက ျမန္မာႏုိင္ငံတြင္း ဝင္ေရာက္လာမယ့္ ခရီးသြားေတြရယ္၊ လြန္ခဲ့တဲ့ ၁၄ ရက္အတြင္း အဲဒီ ၂ ႏုိင္ငံကို ခရီးသြားရာဇဝင္ ရွိတဲ့သူေတြကုိ အသြားအလာ ကန္႔သတ္ထားရွိျခင္းကုိ ၁၄ ရက္ ထားမယ္၊ ဓာတ္ခြဲစစ္ေဆးမႈကို ၃ ႀကိမ္ RT PCR နဲ႔ ေဆာင္ရြက္မယ္။”

ကုိဝင္းမင္း - Genome Sequencing (မ်ိဳး႐ုိးဗီဇ ေလ့လာစာင့္ၾကည့္တာ) ကို ဆရာတို႔ ဘယ္ေလာက္ေလာက္ လုပ္ထားေပးလဲ။

ေဒါက္တာသန္းႏုိင္စုိး - “ဒါကေတာ့ က်ေနာ္တုိ႔ လုပ္ေနတယ္လို႔ပဲ ေျပာပါရေစ။ အတိအက် ကိန္းဂဏန္းေတာ့ သက္ဆုိင္ရာဌာန ေမးၿပီးမွ သိမွာျဖစ္လုိ႔ပါ။”

ကုိဝင္းမင္း - ခန္႔မွန္းေခ်ေလာက္ေရာ။

ေဒါက္တာသန္းႏုိင္စုိး - “ခန္႔မွန္းေခ်လည္း က်ေနာ္ မခန္႔မွန္းတတ္ဘူး။ လုပ္တာေတာ့ Continuous (ေတာက္ေလွ်ာက္) လုပ္ေနတာပါ။ အရင္တည္းက ေတာက္ေလွ်ာက္ နယ္စပ္ေဒသမွာ Sample ေတြယူတယ္၊ ႏုိင္ငံျခားျပန္ေတြဆီက ယူတယ္၊ ၿပီးေတာ့ ျပည္တြင္းမွာလည္း မ်ားမ်ားျဖစ္ပြားတဲ့ဟာေပါ့၊ Cluster လုိသေဘာမ်ဳိး အမ်ားႀကီး ကူးစက္တဲ့ ေနရာေတြက ယူတယ္၊ ၿပီးေတာ့ ျပင္းျပင္းထန္ထန္ ျဖစ္ပြားၿပီးေတာ့ အဲဒီတအိမ္တည္းမွာပဲ မိသားစုထဲမွာပဲ ေသဆုံးမႈမ်ားတဲ့ဟာေတြေပါ့၊ ယူၿပီးေတာ့ က်ေနာ္တု႔ိ ေတာက္ေလွ်ာက္ စမ္းသပ္တယ္။ Genomic (မ်ိး႐ုိးဗီဇဆိုင္ရာ) Surveillance စုံစမ္းတာလုပ္တယ္၊ ေတြ႔တဲ့ဟာေတြလည္း က်ေနာ္တုိ႔ ထုတ္ျပန္ေပးခဲ့တယ္။ ေနာက္ပုိင္းဆုိ က်ေနာ္တုိ႔ထုတ္ျပန္တဲ့ဟာ အကုန္လုံးက Delta ေတြခ်ည္းပဲေပါ့။ အဲေတာ့ Delta ကေတာ့ သူ႔ရဲ႕ ၿခိမ္းေျခာက္မႈက အခုထိ ရွိေနတုန္းပဲ။”

ကုိဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာသန္းႏုိင္စိုးခင္ဗ်။

Omicron ကိုဗစ္ပိုးသစ္ အႏၲရာယ္အတြက္ ျမန္မာျပင္ဆင္
please wait

No media source currently available

0:00 0:04:49 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

Omicron ကိုဗစ်ပိုးသစ် အန္တရာယ်အတွက် မြန်မာပြင်ဆင်

Omicron ကိုဗစ်ပိုးသစ် ကူးစက်မှုတွေ ကမ္ဘာ့နိုင်ငံ တော်တော်များများကို ပျံ့နှံ့လာနေချိန်မှာပဲ ကပ်ရောဂါဒဏ်က ပြန်လည်နာလန်ထူကာစ မြန်မာနိုင်ငံမှာလည်း ကာကွယ်နိုင်ဖို့ ပြင်ဆင်စောင့်ကြည့်နေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ Omicron ပိုးသစ်ဟာ အခုအခါ နိုင်ငံပေါင်း ၃၈ နိုင်ငံမှာ ကူးစက်မှုတွေ တွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ပြောဆိုထားတာပါ။ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ ပြင်ဆင်ထားပါသလဲ၊ အများပြည်သူတွေကြား ဘယ်လိုကာကွယ်သင့်ပါသလဲ၊ ဒီအကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရနဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ သန်းနိုင်စိုးကို ကိုဝင်းမင်းက မေးရာမှာ အခုလို စရှင်းပြပါတယ်။

ဒေါက်တာသန်းနိုင်စိုး - “ကျနော်တို့အနေနဲ့ ပြင်ဆင်ထားတဲ့ အပိုင်းတွေ၊ ဝန်ကြီးဌာန အနေနဲ့ လုပ်နေတဲ့အပိုင်းတွေ အများကြီး ရှိပါတယ်။ ဒီဟာတွေ လုပ်နေတဲ့အတွက် စိုးရိမ်မှုတွေ မရှိကြပါနဲ့။ စိုးရိမ်မှုတွေ ရှိလာတယ်၊ သတိထားမှုတွေ ရှိလာတယ်ဆိုရင်လည်း ဒါကိုပဲ သတိပိုထားပြီး အဓိကတော့ ရောဂါကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ အလှည့်ကျရရှိလာတဲ့ ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံဖို့နဲ့ ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့ အခြေခံ ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို လူတိုင်းလူတိုင်း မပျက်မကွက် စနစ်တကျ လိုက်နာကြဖို့ ဖြစ်ပါတယ်။”

ကိုဝင်းမင်း - စိုးရိမ်ရတယ်ဆိုတဲ့ အနေအထားမှာ ဘယ်လောက်အထိ စိုးရိမ်ရတယ်လို့ သုံးသပ်ထားလဲ။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ ဒီဗိုင်းရပ်စ်ရဲ့ သဘာဝပေါ့၊ မျိုးပြောင်းတဲ့ဟာ သူက တော်တော်လေး များတာပေါ့။ နောက်တခုက များသောအားဖြင့် ဗိုင်းရပ်စ်တွေ တော်တော်များများက မျိုးကွဲဖြစ်လာပြီဆိုရင် ပြီးတော့မှ Variant of Concern ကူးစက်ဖြစ်ပွားနိုင်တဲ့ အုပ်စုထဲကို ဆက်ဝင်တာပေါ့။ ဥပမာဆိုရင် Delta က အိန္ဒိယမှာ စတွေ့တဲ့အချိန်က ၂၀၂၀ အောက်တိုဘာလောက်ပေါ့၊ အဲဒီကနေ ဆက်ပြီးတော့ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့၊ စတွေ့တာနဲ့ဆို ၇ လ၊ ၈ လလောက် ကြာပြီပေါ့၊ အဲဒီကျတော့မှ စိုးရိမ်ဖွယ် ဖြစ်ပွားနိုင်တဲ့ အုပ်စုထဲကို ဝင်တာဆိုတော့၊ Omicron ကတော့ နိုဝင်ဘာ ၉ ရက်နေ့လောက်က Sample (သွေးအဖြေပုံစံနမူနာ) မှာတွေ့တယ်။ ၂၄ ရက်နေ့မှာ တောင်အာဖရိကက သတင်းပေးပို့တယ်။ ၂၆ ရက်နေ့မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အစည်းအဝေး လုပ်ပြီးတဲ့အခါကြတော့ တန်းပြီးတော့ Variant of Concern ထဲကို ထည့်တယ်။ ထည့်တာလည်း သူ့မှာ အကြောင်းရှိတယ်။ သူ့မှာလည်း မျိုးပြောင်းတဲ့ဟာတွေက အရမ်းများတယ်၊ ပြောင်းလဲတဲ့ အမျိုးအစားပေါ့။ ဒီလိုမျိုး ပြောင်းလဲတဲ့ အမျိုးအစား ဖြစ်လာရင် ဘာတွေ ဆက်ဖြစ်နိုင်မလဲဆိုတာ ဒါတော့ ပညာရှင်တွေကြားမှာ ဆွေးနွေးတာပေါ့။ တချို့ကျတော့လည်း ဒါ ကူးစက်မှုနှုန်းတွေ ပိုမြန်နိုင်တယ်၊ တချို့ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို ရှောင်လွှဲနိုင်တယ်၊ ရောဂါဖြစ်ပြီးသား လူတွေကလည်း ပြန်ဖြစ်နိုင်တဲ့နှုန်းတွေ တိုးလာနိုင်တယ်ပေါ့။ ပြီးတဲ့အခါကျရင် ရောဂါပိုး ဝင်ရောက်ကူးစက်နိုင်တဲ့နှုန်းတွေ များလာနိုင်တယ်ပေါ့။

“ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့ အကြောင်းနဲ့ ပတ်သက်လို့ကတော့ စစချင်းတော့ မသိနိုင်ဘူး။ တကယ့်ကို Community Transmission (ဒေသန္တရဝန်းကျင်အတွင်း ကူးစက်မှု) လို့ခေါ်တာပေါ့၊ လူတွေအများကြီး အုပ်စုလိုက်ဖြစ်လာတဲ့ အချိန်မှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့နှုန်းတွေ၊ ဆေးရုံတက်ရတဲ့နှုန်းတွေ၊ ဒါတွေကတော့ ဆက်ပြီးသိမှာပေါ့။ ဘာပဲပြောပြော ဒီဟာတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အပါအဝင် နိုင်ငံတကာက ကမ္ဘာ့ထိပ်တန်း ကျန်းမာရေး အဖွဲ့အစည်းတွေ၊ သုတေသန ပညာရှင်တွေ၊ တက္ကသိုလ်တွေပေါ့ နေရာတွေ အားလုံးကတော့ စောင့်ကြပ်ကြည့်ရှုပြီး မျက်ခြည်မပြတ် ရှိတယ်။”

ကိုဝင်းမင်း - ကျနော်တို့ အိမ်နီးချင်း နယ်စပ် အိန္ဒိယနဲ့ အာဆီယံဒေသတွင်း စင်ကာပူတို့ မလေးရှားတို့ကိုပါ မျိုးကွဲသစ်က ရောက်နေပြီဆိုတာ တွေ့ရှိထားတဲ့ အနေအထားမှာ မြန်မာနိုင်ငံအတွက်ရော စောင့်ကြည့်မှု အနေအထားက။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ နိုင်ငံတကာ ဝင်ပေါက်တွေနဲ့ နယ်စပ်ဒေသတွေပေါ့၊ ဒါတွေကတော့ တော်တော် အရေးကြီးတယ်။ အဲဒီနေရာတွေမှာ လူဝင်လူထွက် ကိစ္စတွေ၊ စစ်ဆေးတဲ့ ကိစ္စတွေ၊ လိုအပ်ရင် RT PCR (စံစမ်းသပ်နည်း) နဲ့ပါ စစ်ဆေးပေးတဲ့ အခါကြတော့ ထပ်ပြီးတော့ လိုအပ်ရင်လည်း Genomic Sequencing ပေါ့၊ မျိုးရိုးဗီဇတွေကို လေ့လာစောင့်ကြည့်တဲ့ ကိစ္စတွေ၊ တကယ့်ကို RT PCR နဲ့စစ်ပြီးတော့ Negative (ပိုးမတွေ့တာ) ဖြစ်တော့မှ လုံလောက်တဲ့ Quarantine Period (သီးသန့်ခွဲနေကာလ) တခု ပြီးတော့မှ ပြည်တွင်းကို ဝင်ခွင့်ပြုတဲ့ ကိစ္စတွေ၊ ဒီ အာဖရိက ဘော့ဆွာနာနဲ့ တောင်အာဖရိကပေါ့ အဲဒီက မြန်မာနိုင်ငံတွင်း ဝင်ရောက်လာမယ့် ခရီးသွားတွေရယ်၊ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီ ၂ နိုင်ငံကို ခရီးသွားရာဇဝင် ရှိတဲ့သူတွေကို အသွားအလာ ကန့်သတ်ထားရှိခြင်းကို ၁၄ ရက် ထားမယ်၊ ဓာတ်ခွဲစစ်ဆေးမှုကို ၃ ကြိမ် RT PCR နဲ့ ဆောင်ရွက်မယ်။”

ကိုဝင်းမင်း - Genome Sequencing (မျိုးရိုးဗီဇ လေ့လာစာင့်ကြည့်တာ) ကို ဆရာတို့ ဘယ်လောက်လောက် လုပ်ထားပေးလဲ။

ဒေါက်တာသန်းနိုင်စိုး - “ဒါကတော့ ကျနော်တို့ လုပ်နေတယ်လို့ပဲ ပြောပါရစေ။ အတိအကျ ကိန်းဂဏန်းတော့ သက်ဆိုင်ရာဌာန မေးပြီးမှ သိမှာဖြစ်လို့ပါ။”

ကိုဝင်းမင်း - ခန့်မှန်းချေလောက်ရော။

ဒေါက်တာသန်းနိုင်စိုး - “ခန့်မှန်းချေလည်း ကျနော် မခန့်မှန်းတတ်ဘူး။ လုပ်တာတော့ Continuous (တောက်လျှောက်) လုပ်နေတာပါ။ အရင်တည်းက တောက်လျှောက် နယ်စပ်ဒေသမှာ Sample တွေယူတယ်၊ နိုင်ငံခြားပြန်တွေဆီက ယူတယ်၊ ပြီးတော့ ပြည်တွင်းမှာလည်း များများဖြစ်ပွားတဲ့ဟာပေါ့၊ Cluster လိုသဘောမျိုး အများကြီး ကူးစက်တဲ့ နေရာတွေက ယူတယ်၊ ပြီးတော့ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးတော့ အဲဒီတအိမ်တည်းမှာပဲ မိသားစုထဲမှာပဲ သေဆုံးမှုများတဲ့ဟာတွေပေါ့၊ ယူပြီးတော့ ကျနော်တု့ိ တောက်လျှောက် စမ်းသပ်တယ်။ Genomic (မျိးရိုးဗီဇဆိုင်ရာ) Surveillance စုံစမ်းတာလုပ်တယ်၊ တွေ့တဲ့ဟာတွေလည်း ကျနော်တို့ ထုတ်ပြန်ပေးခဲ့တယ်။ နောက်ပိုင်းဆို ကျနော်တို့ထုတ်ပြန်တဲ့ဟာ အကုန်လုံးက Delta တွေချည်းပဲပေါ့။ အဲတော့ Delta ကတော့ သူ့ရဲ့ ခြိမ်းခြောက်မှုက အခုထိ ရှိနေတုန်းပဲ။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာသန်းနိုင်စိုးခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG