သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron မ်ိဳးကြဲေၾကာင့္ကိုဗစ္ကူးစက္မႈတိုးလာဖြယ္ အာရွပစိတ္ေဒသကို WHO သတိေပး


ဂ်ပန္ႏုိင္ငံမွာ အိုမီခရြန္ ကိုဗစ္ပိုးသစ္အေၾကာင္းၾကားၿပီးေနာက္ပိုင္း ကာကြယ္ေရးဝတ္စံုျပည့္ ဝတ္ထားတဲ့ ေလဆိပ္အမႈထမ္းမ်ား။ (ႏိုဝင္ဘာ ၃၀၊ ၂၀၂၁)

{{Zawgyi/Unicode}}

အာရွ-ပစိဖိတ္ ႏိုင္္ငံေတြအေနနဲ႔ Omicron ကိုဗစ္ဗီဇမ်ိဳးကြဲ ေပၚလာၿပီးတဲ့ေနာက္ COVID-19 ေရာဂါကူးစက္မႈ ျပန္မ်ားလာမယ့္အေရး အသင့္ျပင္ဆင္ထားရမွာျဖစ္ၿပီး သတိျပဳေစာင့္ၾကည့္သြားရမယ္လို႔ ကမာၻ႔ က်န္းမာေရးအဖြဲ႔ (WHO) က ဒီကေန႔ေျပာပါတယ္။

"COVID-19 ဟာ အခုဆိုရင္ တကမာၻလုံးမွာ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ၿပီး အနာဂတ္မွာ ကူးစက္မႈတိုးလာတာကို ေတြ႔ရရင္ က်ေနာ္တို႔ မအံ့ၾသသင့္ပါဘူး။ ဆက္ၿပီး ကူးစက္ေနတာနဲ႔အမွ် Omicron ေပၚလာသလိုမ်ိဳး ဗိုင္းရပ္စ္ဟာ ဆက္ၿပီး ဗီဇေျပာင္းလဲႏိုင္တာေၾကာင့္ အထူးသတိျပဳဖို႔လိုေနတုန္းပဲဆိုတာ က်ေနာ္တို႔ကို သတိေပးေနပါတယ္" လို႔ WHO ရဲ႕ အေနာက္ပစိဖိတ္ေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Takeshi Kasai က ေျပာပါတယ္။

နယ္စပ္ေတြကို ထိန္းခ်ဳပ္တာကေန အခ်ိန္ပိုရလာႏိုင္ေပမယ့္ ကူးစက္သူ ျပန္မ်ားလာမယ့္အေရး ႏိုင္ငံတိုင္း၊ လူ႔အဖြဲ႔အစည္းတိုင္း ျပင္ဆင္ထားရမယ္လို႔လည္း Kasai ကေျပာပါတယ္။

ေတာင္ကိုရီးယားမွာေတာ့ လူ ခုနစ္ေယာက္နဲ႔အထက္ လူစုတာကို လာမယ့္အပတ္က စၿပီး ပိတ္ပင္လိုက္ပါတယ္။ စားေသာက္ဆိုင္၊ ႐ုပ္ရွင္႐ုံ၊ ျပတိုက္၊ စာၾကည့္တိုက္နဲ႔ အေဆာက္အဦအတြင္းက်င္းပတဲ့ ကိစၥေတြ အားလုံးမွာ ကာကြယ္ေဆးထိုးၿပီးေၾကာင္း တယ္လီဖုန္းအက္ပ္မွာ ျပသရမယ္ လို႔ ျပဌာန္းလိုက္ပါတယ္။

Delta မ်ိဳးကြဲနဲ႔ ရင္ဆိုင္ခဲ့ခ်ိန္က ရခဲ့တဲ့သင္ခန္းစာေတြကို ႏိုင္ငံေတြအေနနဲ႔ အသုံးခ်ရမွာျဖစ္ၿပီး ခိုကိုးရာမဲ့သူေတြကို ကာကြယ္ေဆး အျပည့္အဝထိုးေပးဖို႔၊ ႏွာေခါင္းစည္းတပ္တာ၊ လူခ်င္း ခပ္ခြာခြာေနတာလို ကာကြယ္ေရးနည္းလမ္းေတြကို ခ်မွတ္လုပ္ေဆာင္ဖို႔ Takeshi Kasai က တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

Omicron မျိုးကွဲကြောင့်ကိုဗစ်ကူးစက်မှုတိုးလာဖွယ် အာရှပစိတ်ဒေသကို WHO သတိပေး

အာရှ-ပစိဖိတ် နိုင်ငံတွေအနေနဲ့ Omicron ကိုဗစ်ဗီဇမျိုးကွဲ ပေါ်လာပြီးတဲ့နောက် COVID-19 ရောဂါကူးစက်မှု ပြန်များလာမယ့်အရေး အသင့်ပြင်ဆင်ထားရမှာဖြစ်ပြီး သတိပြုစောင့်ကြည့်သွားရမယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဒီကနေ့ပြောပါတယ်။

"COVID-19 ဟာ အခုဆိုရင် တကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီဖြစ်ပြီး အနာဂတ်မှာ ကူးစက်မှုတိုးလာတာကို တွေ့ရရင် ကျနော်တို့ မအံ့သြသင့်ပါဘူး။ ဆက်ပြီး ကူးစက်နေတာနဲ့အမျှ Omicron ပေါ်လာသလိုမျိုး ဗိုင်းရပ်စ်ဟာ ဆက်ပြီး ဗီဇပြောင်းလဲနိုင်တာကြောင့် အထူးသတိပြုဖို့လိုနေတုန်းပဲဆိုတာ ကျနော်တို့ကို သတိပေးနေပါတယ်" လို့ WHO ရဲ့ အနောက်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Takeshi Kasai က ပြောပါတယ်။

နယ်စပ်တွေကို ထိန်းချုပ်တာကနေ အချိန်ပိုရလာနိုင်ပေမယ့် ကူးစက်သူ ပြန်များလာမယ့်အရေး နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း ပြင်ဆင်ထားရမယ်လို့လည်း Kasai ကပြောပါတယ်။

တောင်ကိုရီးယားမှာတော့ လူ ခုနစ်ယောက်နဲ့အထက် လူစုတာကို လာမယ့်အပတ်က စပြီး ပိတ်ပင်လိုက်ပါတယ်။ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ပြတိုက်၊ စာကြည့်တိုက်နဲ့ အဆောက်အဦအတွင်းကျင်းပတဲ့ ကိစ္စတွေ အားလုံးမှာ ကာကွယ်ဆေးထိုးပြီးကြောင်း တယ်လီဖုန်းအက်ပ်မှာ ပြသရမယ် လို့ ပြဌာန်းလိုက်ပါတယ်။

Delta မျိုးကွဲနဲ့ ရင်ဆိုင်ခဲ့ချိန်က ရခဲ့တဲ့သင်ခန်းစာတွေကို နိုင်ငံတွေအနေနဲ့ အသုံးချရမှာဖြစ်ပြီး ခိုကိုးရာမဲ့သူတွေကို ကာကွယ်ဆေး အပြည့်အဝထိုးပေးဖို့၊ နှာခေါင်းစည်းတပ်တာ၊ လူချင်း ခပ်ခွာခွာနေတာလို ကာကွယ်ရေးနည်းလမ်းတွေကို ချမှတ်လုပ်ဆောင်ဖို့ Takeshi Kasai က တိုက်တွန်းခဲ့ပါတယ်။

#WHO #Omicron #CovidSurge #VOABurmese

#တောင်ကိုရီးယား#ကိုဗစ်ထိန်းချုပ်ရေးစည်းကမ်း#TakeshiKasai

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG