သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပိုးသစ္ေၾကာင့္ ကန္႔သတ္မႈေတြ ၾကံဳရမွာ မေလးရွားေရာက္ ျမန္မာေတြစိုးရိမ္


Zawgyi

ပိုးသစ္ေၾကာင့္ ကန္႔သတ္မႈေတြ ၾကံဳရမွာ မေလးရွားေရာက္ ျမန္မာေတြစိုးရိမ္

မေလးရွားႏိုင္ငံမွာ ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicronကူးစက္သူတဦးကို ဒီဇင္ဘာလ၂ ရက္ေန့မွာစတင္ေတြရွိခဲ့ေႀကာင္းမေလးရွားက်န္းမာေရး၀န္ႀကီးဌာနကေႀကျငာခဲ့ျပီးေနာက္ ကိုဗစ္ကပ္ေရာဂါထိမ္းခ်ဳပ္ေရးအစီအမံမ်ားကို ျပင္ဆင္သြားႏိုင္ဖြယ္ရွိတယ္လို့ဆိုထားပါတယ္ဒီအတြက္ အရင္လို့ ကုိဗစ္စည္းကမ္းေတြနဲ့ကန့္သတ္ပိတ္ဆို့တာေတြကုိ လုပ္လာႏိုင္ဖြယ္ရွိတယ္လို့မေလးရွားေရာက္ျမန္မာေတြကဆိုပါတယ္ ။ဒီသတင္းကို VOA သတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။

‌ေတာင္ဖရိကႏိုင္ငံက လာတဲ့ မေလးရွားႏိုင္ငံသားမဟုတ္တဲ့ခရီးသြားတဦးထံကေန ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicronကူးစက္သူတဦးကို ဒီဇင္ဘာလ၂ ရက္ေန့မွာစတင္ေတြ ့ရွိခဲ့တယ္လို့ မေလးရွား က်န္းမာေရး၀န္ႀကီးဌာနက ေႀကျငာခဲ့တာပါ ။

မေလးရွားႏိုင္ငံရဲ ့သတင္းေတြမွာေတာ့့ အသက္ ၁၉ ႏွစ္အ႐ြယ္ ေက်ာင္းသူ အမ်ိဳး သမီး တစ္ဦးဟာႏိုဝင္ဘာလ ၁၉ ရက္ေန႔မွာ ေတာင္အာဖရိကကေန စကၤာပူကုိ ေရာက္ရွိလာခဲ့ျပီးေနာက္ စကၤာပူကတဆင့္ မေလးရွားႏိုင္ငံကြာလာလမ္ပူ ေလဆိပ္မွာ ကိုဗစ္စစ္ေဆးခံယူခဲ့ရာမွာ ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicron ကို ေတြရွိခဲ့ရတယ္လို့ေဖာ္ျပခဲ့ပါတယ္

မေလးရွားက်န္းမာေရး၀န္ႀကီးဌာနကေတာ့ Omicron နဲ့ပတ္သက္လုိ့အေျခအေနေတြကိုေလ့လာေစာင့္ႀကည့္ေနျပီး ကုိဗစ္ကပ္ေရာဂါထိမ္းခ်ဳပ္ေရးဆိုင္ရာကိစၥေတြန့ဲပတ္သက္လုိ့ျပင္ဆင္ခ်က္ေတြထုတ္သြားမွာျဖစ္တယ္လို့ဆိုထားပါတယ္။

ကုိဗစ္ကူးစက္မူေတြေနစဥ္ လူဦးေရ ၅ေထာင္ထက္မနည္းကူးစက္မူ့ရွိေနတဲ့ မေလးရွားႏိုင္ငံဟာ ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicron နဲ့ပတ္သက္လုိ့ မႀကာခင္မွာ ပိတ္ဆို့ကန့္သတ္မူေတြလုပ္ႏိုင္ဖြယ္ရွိတယ္လို့ဆုိပါတယ္ အာဖရိက ၈ႏိုင္ငံကိုေတာ့ ဒီဇင္ဘာလ၁ရက္ေန့ကစလို့ျပည္၀င္ခြင့္မေပးေတာ့ပဲကန့္သတ္ထားေႀကာင္းမေလးရွား ထိမ္းသိမ္းေရးစခန္းကျမန္မာေတြကိုအကူညီေပးေနတဲ့အလုပ္သမားေရးလွဳပ္ရွားသူဦးသီဟေမာင္ေမာင္ကအခုလိုေျပာျပပါတယ္


"သူတို့အေႏွးနဲ့အျမန္ေႀကျငာဖုိ့ေတာ့ရွိပါတယ္ခင္ဗ် ။ေလာေလာဆည္ပိတ္ထားတာက အ၀င္ကိုပဲပိတ္ထားေသးတယ္ ။ေျဖေလ်ာ့ေပးတာကျပီးခဲ့တဲ့ ၈လပုိင္းေလာက္မွ ေျဖေလ်ာ့ေပးတာအဲဒီတုန္းက ေတာ့ Lock down ေတြကိုေျဖေပးျပီးပံုမွန္သြားလာခြင့္ေတြေပးတယ္။
သြားလာတယ္ဆုိေပမယ့္လည္းကန့္သတ္ခ်က္ေတြအတုိင္း သြားတဲ့အခါ Mask တပ္ရမယ္ စူပါမတ္ကက္ကို၀င္ရင္ ေဆး ၂ႀကိမ္ထုိးျပိီးသားျဖစ္ရမယ္။အပူခ်ိန္တိုင္းရမယ္ စည္းကမ္းခ်က္အတိုင္းေတာ့ျဖစ္ရမယ္ေပါ့ေရာဂါကူးစက္တာက ၅ေထာင္ေက်ာ္ ၆ေထာင္ကေတာ့မေလ်ာ့ေပမယ္ပံုမွန္ သြားလာေနတဲ့အတြက္ အဲဒီလိုဆက္ရွိေနမယ္ ဒီေရာဂါက ကူးစက္တာျမန္မယ္ဆုိရင္ အရင္လို့ ေတာ့ Lock downျပန္ခ်ဖိုအစီစဥ္ရွိလိမ့္မယ္ထင္တယ္။ဒါေတာင္ Case တခုအေနနဲ့ေတြ့ေသးတာေလ။ ေနရာေပါင္းစံုမွာေတြ့ရင္ေတာ့မေျပာတတ္ဘူး။ေနရာေပါင္းစံုမွာေတြ ့ရင္ေတာ့သူတို့ ဒီေရာဂါကိုႏိုင္ေအာင္ဘယ္လိုကုိင္တြယ္မလဲဆိုတာေစာင့္ႀကည့္ရတာေပါ့။"

မေလးရွားက်န္းမာေရး၀န္ႀကီးဌာနကေတာ့ ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicronနဲ့ပတ္သက္လို့ ေဒသတြင္းကူးစက္မႈေတြဘယ္‌ ‌ ‌
ေလာက္ထိအေရအတြက္ရိွမလဲဆိုတာနဲ့ ကိုဗစ္ကာကြယ္ေဆးထိုးႏွံျပီးစီးမူ့အေျခအေနေတြကိုသံုးသပ္သြားမယ္လို့ ဆိုပါတယ္
ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicronနဲ့ပတ္သက္လို့ျမန္မာေတြႀကားမွာ ေတာ့စိုးရိမ္စိတ္ေတြရိွျပီး စီႏိုဗစ္ကုိဗစ္ကာကြယ္ေဆးထုိးႏွံထားသူေတြကေတာ့ တတိယေျမာက္ကာကြယ္ေဆးထိုးႏွံတာေတြရွိတယ္လို့ဆိုပါတယ္။

"ဒီေရာဂါပိုးစေတြ ့ျပီဆိုေတာ့အနည္းနဲ့အမ်ားစိုးရိမ္ပူပန္မူေတြေတာ့ရွိႀကပါတယ္။ တခုပဲ အခု ကာကြယ္ေဆးကိုလည္းတတိယအႀကိမ္ထုိးဖို့ တခ်ိဳ ့ appointment က်တဲ့သူေတြလည္းစေတာ့ထုိးေနရျပီ"

မေလးရွားႏိုင္ငံအေနနဲ့ု ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicronနဲ့ပတ္သက္လို့ အႏၲရာယ္မ်ားတဲ့ ႏိုင္ငံအခ်ိဳ့ကိုခရီးသြားလာတဲ့ကန့္သတ္ခ်က္ေတြ အျပင္ ႀကိဳတင္ကာကြယ္ထိမ္းခ်ဳပ္ေရးအစီအမံမ်ားကိုျပဳလုပ္ေနတယ္လို့လည္းေျပာဆိုထားပါတယ္။

မေလးရွားႏိုင္ငံဟာ ကုိဗစ္ကပ္ေဘးကာလ ၂ ႏွစ္တာအတြင္းမွာ ေက်ာင္းသားေတြ အလုပ္ကိစၥေတြနဲ့ PR ရျပီးသား သူေတြ သံတမန္ေတြကိုသာလက္ခံျပီးအခုခ်ိန္ထိအလည္ဗီဇာနဲ့လာေရာက္တာေတြကိုေတာ့ခြင့္မျပဳေသးပါဘူး။ အခုလို ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ေတြ့ရွိခဲ့အတြက္ ႏိုင္ငံတြင္းကန့္သတ္မူေတြကိုပါအရင္လိုျပန္လုပ္သြားဖြယ္ရွိတယ္လို့မေလးရွားေရာက္ျမန္မာေတြက သံုးသပ္ေျပာဆုိႀကပါတယ္မေလးရွားႏို္င္ငံမွာကုိဗစ္အတည္ျပဳလူနာ ၂သန္း ၆သိန္းေက်ာ္ရွိျပီးေသဆံုးသူက သံုးေသာင္းေက်ာ္ရွိပါတယ္္ရွင္။

တိုက္႐ိုက္ လင့္ခ္

Unicode

ပိုးသစ်ကြောင့် ကန့်သတ်မှုတွေ ကြုံရမှာ မလေးရှားရောက် မြန်မာတွေစိုးရိမ်

မလေးရှားနိုင်ငံမှာ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronကူးစက်သူတဦးကို ဒီဇင်ဘာလ၂ ရက်နေ့မှာစတင်တွေရှိခဲ့ကြောင်းမလေးရှားကျန်းမာရေးဝန်ကြီးဌာနကကြေငြာခဲ့ပြီးနောက် ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေးအစီအမံများကို ပြင်ဆင်သွားနိုင်ဖွယ်ရှိတယ်လို့ဆိုထားပါတယ်ဒီအတွက် အရင်လို့ ကိုဗစ်စည်းကမ်းတွေနဲ့ကန့်သတ်ပိတ်ဆို့တာတွေကို လုပ်လာနိုင်ဖွယ်ရှိတယ်လို့မလေးရှားရောက်မြန်မာတွေကဆိုပါတယ် ။ဒီသတင်းကို VOA သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

‌တောင်ဖရိကနိုင်ငံက လာတဲ့ မလေးရှားနိုင်ငံသားမဟုတ်တဲ့ခရီးသွားတဦးထံကနေ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronကူးစက်သူတဦးကို ဒီဇင်ဘာလ၂ ရက်နေ့မှာစတင်တွေ့ရှိခဲ့တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာခဲ့တာပါ ။

မလေးရှားနိုင်ငံရဲ့သတင်းတွေမှာတော့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူ အမျိုး သမီး တစ်ဦးဟာနိုဝင်ဘာလ ၁၉ ရက်နေ့မှာ တောင်အာဖရိကကနေ စင်္ကာပူကို ရောက်ရှိလာခဲ့ပြီးနောက် စင်္ကာပူကတဆင့် မလေးရှားနိုင်ငံကွာလာလမ်ပူ လေဆိပ်မှာ ကိုဗစ်စစ်ဆေးခံယူခဲ့ရာမှာ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ကို တွေရှိခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်

မလေးရှားကျန်းမာရေးဝန်ကြီးဌာနကတော့ Omicron နဲ့ပတ်သက်လို့အခြေအနေတွေကိုလေ့လာစောင့်ကြည့်နေပြီး ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ပြင်ဆင်ချက်တွေထုတ်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။

ကိုဗစ်ကူးစက်မူတွေနေစဉ် လူဦးရေ ၅ထောင်ထက်မနည်းကူးစက်မူ့ရှိနေတဲ့ မလေးရှားနိုင်ငံဟာ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron နဲ့ပတ်သက်လို့ မကြာခင်မှာ ပိတ်ဆို့ကန့်သတ်မူတွေလုပ်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ် အာဖရိက ၈နိုင်ငံကိုတော့ ဒီဇင်ဘာလ၁ရက်နေ့ကစလို့ပြည်ဝင်ခွင့်မပေးတော့ပဲကန့်သတ်ထားကြောင်းမလေးရှား ထိမ်းသိမ်းရေးစခန်းကမြန်မာတွေကိုအကူညီပေးနေတဲ့အလုပ်သမားရေးလှုပ်ရှားသူဦးသီဟမောင်မောင်ကအခုလိုပြောပြပါတယ်


"သူတို့အနှေးနဲ့အမြန်ကြေငြာဖို့တော့ရှိပါတယ်ခင်ဗျ ။လောလောဆည်ပိတ်ထားတာက အဝင်ကိုပဲပိတ်ထားသေးတယ် ။ဖြေလျော့ပေးတာကပြီးခဲ့တဲ့ ၈လပိုင်းလောက်မှ ဖြေလျော့ပေးတာအဲဒီတုန်းက တော့ Lock down တွေကိုဖြေပေးပြီးပုံမှန်သွားလာခွင့်တွေပေးတယ်။
သွားလာတယ်ဆိုပေမယ့်လည်းကန့်သတ်ချက်တွေအတိုင်း သွားတဲ့အခါ Mask တပ်ရမယ် စူပါမတ်ကက်ကိုဝင်ရင် ဆေး ၂ကြိမ်ထိုးပြီးသားဖြစ်ရမယ်။အပူချိန်တိုင်းရမယ် စည်းကမ်းချက်အတိုင်းတော့ဖြစ်ရမယ်ပေါ့ရောဂါကူးစက်တာက ၅ထောင်ကျော် ၆ထောင်ကတော့မလျော့ပေမယ်ပုံမှန် သွားလာနေတဲ့အတွက် အဲဒီလိုဆက်ရှိနေမယ် ဒီရောဂါက ကူးစက်တာမြန်မယ်ဆိုရင် အရင်လို့ တော့ Lock downပြန်ချဖိုအစီစဉ်ရှိလိမ့်မယ်ထင်တယ်။ဒါတောင် Case တခုအနေနဲ့တွေ့သေးတာလေ။ နေရာပေါင်းစုံမှာတွေ့ရင်တော့မပြောတတ်ဘူး။နေရာပေါင်းစုံမှာတွေ့ရင်တော့သူတို့ ဒီရောဂါကိုနိုင်အောင်ဘယ်လိုကိုင်တွယ်မလဲဆိုတာစောင့်ကြည့်ရတာပေါ့။"

မလေးရှားကျန်းမာရေးဝန်ကြီးဌာနကတော့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronနဲ့ပတ်သက်လို့ ဒေသတွင်းကူးစက်မှုတွေဘယ်‌ ‌ ‌
လောက်ထိအရေအတွက်ရှိမလဲဆိုတာနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမူ့အခြေအနေတွေကိုသုံးသပ်သွားမယ်လို့ ဆိုပါတယ်
ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronနဲ့ပတ်သက်လို့မြန်မာတွေကြားမှာ တော့စိုးရိမ်စိတ်တွေရှိပြီး စီနိုဗစ်ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေကတော့ တတိယမြောက်ကာကွယ်ဆေးထိုးနှံတာတွေရှိတယ်လို့ဆိုပါတယ်။

"ဒီရောဂါပိုးစတွေ့ပြီဆိုတော့အနည်းနဲ့အများစိုးရိမ်ပူပန်မူတွေတော့ရှိကြပါတယ်။ တခုပဲ အခု ကာကွယ်ဆေးကိုလည်းတတိယအကြိမ်ထိုးဖို့ တချို့ appointment ကျတဲ့သူတွေလည်းစတော့ထိုးနေရပြီ"

မလေးရှားနိုင်ငံအနေနဲ့ု ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronနဲ့ပတ်သက်လို့ အန္တရာယ်များတဲ့ နိုင်ငံအချို့ကိုခရီးသွားလာတဲ့ကန့်သတ်ချက်တွေ အပြင် ကြိုတင်ကာကွယ်ထိမ်းချုပ်ရေးအစီအမံများကိုပြုလုပ်နေတယ်လို့လည်းပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံဟာ ကိုဗစ်ကပ်ဘေးကာလ ၂ နှစ်တာအတွင်းမှာ ကျောင်းသားတွေ အလုပ်ကိစ္စတွေနဲ့ PR ရပြီးသား သူတွေ သံတမန်တွေကိုသာလက်ခံပြီးအခုချိန်ထိအလည်ဗီဇာနဲ့လာရောက်တာတွေကိုတော့ခွင့်မပြုသေးပါဘူး။ အခုလို ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ်တွေ့ရှိခဲ့အတွက် နိုင်ငံတွင်းကန့်သတ်မူတွေကိုပါအရင်လိုပြန်လုပ်သွားဖွယ်ရှိတယ်လို့မလေးရှားရောက်မြန်မာတွေက သုံးသပ်ပြောဆိုကြပါတယ်မလေးရှားနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ ၂သန်း ၆သိန်းကျော်ရှိပြီးသေဆုံးသူက သုံးသောင်းကျော်ရှိပါတယ်ရှင်။

XS
SM
MD
LG