သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ျပည္ပလုပ္သားအားလံုး အလုပ္ပါမစ္ေလွ်ာက္ဖို႔ တိုက္တြန္း 


အေထာက္အထားမဲ့ျမန္မာေတြလုိ႔ ယူဆရတဲ့ ေရႊ႕ေျပာင္းေနထုိင္သူေတြကို မေလးရွားႏိုင္ငံ၊ ကြာလာလာမ္ပူၿမိဳ႕ျပင္ ေရတပ္စခန္းရွိရာေခၚေဆာင္သြားစဥ္။ (ေဖေဖၚဝါရီ ၂၃၊ ၂၀၂၁)

{{Zawgyi/Unicode}}

တရားဝင္အေထာက္အထားမရွိတဲ့ ျပည္ပလုပ္သားေတြအားလုံး အလုပ္လုပ္ခြင့္ပါမစ္ ေလွ်ာက္ထားၾကဖို႔ မေလးရွားအစိုးရက တိုက္တြန္းလိုက္ပါတယ္။ ဒီပါမစ္ကို ဒီဇင္ဘာ ၃၁ ရက္အထိပဲ ေနာက္ဆုံးထား လက္ခံမွာျဖစ္ၿပီး ေနာက္ထပ္ သက္တမ္းထပ္ၿပီး တိုးေပးမွာမဟုတ္ဘူးလို႔ မေလးရွားလူဝင္မႈႀကီးၾကပ္ေရး အႀကီးအကဲက ဒီရက္ပိုင္းထဲမွာ အသိေပးထားပါတယ္။ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားေတြၾကားမွာလည္း သက္တမ္းကုန္ ပါမစ္ေတြကို အျမန္ဆုံးျပန္ေလွ်ာက္ၾကဖို႔ အခ်င္းခ်င္း အသိေပး တိုက္တြန္းေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုရန္ႏုိင္က တင္ျပေပးထားပါတယ္။

ခရီးသြားလာေရး အစီအစဥ္ေတြ၊ ျပည္ပလုပ္သားလက္ခံေရး အစီအစဥ္သစ္ေတြကို ေရးဆြဲေနတဲ့ မေလးရွားအစိုးရဟာ “Vaccinated Travel Lane- VTL” ဆိုတဲ့ ခရီးသြားကန္႔သတ္ခ်က္ ေျဖေလွ်ာ့တဲ့အစီအစဥ္ကို စတင္ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ႏိုဝင္ဘာလ ၂၂ ရက္မွာ ေၾကညာထားပါတယ္။ ဒီေၾကညာခ်က္နဲ႔အတူ ယာယီအလုပ္လုပ္ခြင့္ပါမစ္ သက္တမ္းလြန္သြားတဲ့၊ တရားဝင္ အေထာက္အထားမရွိတဲ့ ႏိုင္ငံျခားသားေတြအေနနဲ႔ ဒီဇင္ဘာလ ၃၁ရက္ေန႔ ေနာက္ဆုံးထားၿပီး ေလွ်ာက္ထားၾကဖို႔ မေလးရွားအစိုးရက ထပ္ၿပီးတိုက္တြန္းလိုက္တာပါ။

ဒီရက္ပိုင္းထဲမွာလည္း တရားမဝင္ ေနထိုင္၊ အလုပ္လုပ္ေနသူေတြ ရွိတယ္လို႔ယူဆရတဲ့ စက္႐ုံေတြကို မေလးရွားရဲတပ္ဖြဲ႔က ဝင္ေရာက္ရွာေဖြတာေတြ ရွိေနေၾကာင္း မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕မွာရွိတဲ့ ႏွလုံးလွပရဟိတအဖြဲ႕ရဲ႕တာဝန္ခံ ကိုသက္ကေျပာပါတယ္။

“၁၂ လပိုင္းအထိကို ျပန္ခ်င္တဲ့သူျပန္၊ မျပန္ခ်င္ဘူးဆိုရင္ ပါမစ္လုပ္။ သူေဌးဆီမွာေသာ္လည္းေကာင္း၊ နီးစပ္ရာ နီးစပ္ရာေတြမွာ ပါမစ္လုပ္ဖို႔ သူတို႔ကို သတိေပးထားၿပီးသား။ ၁၂ လပိုင္းမွ မလုပ္တဲ့သူ ေအာ္ပရာစီေတြ (စစ္ေဆးေရးဝင္ၿပီးဖမ္းဆီးတာေတြ) ပိုက္စိပ္တိုက္ၿပီး ဖမ္းမယ္လို႔ သူတို႔ေၾကညာထားၿပီးသား။ အခုျပန္မယ့္သူေတြလည္း တန္းစီျပန္ေနၾကတာပဲ။ လုပ္ေနတဲ့အခ်ိန္မွာကို ကြက္ၾကားကြက္ၾကားေပါ့ စက္႐ုံေတြ၊ ဆိုင္ေတြ၊ ေအာ္ပရာစီေတာ့ ဝင္ေနၾကတယ္။ အခုလက္ရွိဖမ္းေနတယ္ ဒီမွာလည္း။”

မေလးရွားအစိုးရဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ႏွစ္ႏွစ္ေလာက္တုံ႔ဆိုင္းေနတဲ့ သူ႔ရဲ႕စီးပြားေရးကို ျပန္ႏိုးထေအာင္လုပ္ဖို႔ အရွိန္ယူေနပါတယ္။ ကိုဗစ္ေၾကာင့္ လုပ္သားရွားပါးတဲ့ျပႆနာကို ႀကဳံေနရေပမဲ့လည္း တရားဝင္လုပ္သားေတြကိုပဲ မေလးရွားအစိုးရက လက္ခံထားခ်င္ၿပီး ဒီႏွစ္ကုန္ ေရွ႕ႏွစ္ဆန္းမွာ ထူးျခားမႈေတြ ရွိလာႏုိင္တယ္လို႔လည္း ကိုသက္ကေျပာပါတယ္။

“၁၂ လပိုင္းကုန္ၿပီး ၁ လပိုင္းထဲမွာေတာ့ ထူးျခားမႈေတြျဖစ္လိမ့္မယ္။ ရက္တိုးခ်င္လည္းတိုးမယ္ မတိုးရင္လည္း သူတို႔ ပိတ္ခ်င္ပိတ္မွာေပါ့ေနာ္။ ျပန္တဲ့သူေတြလည္း ဒီအတိုင္းပဲ ၁၂ လပိုင္း ဂိတ္ဆုံးေတာ့ ေပးထားတယ္။ အခုမွ နီးကပ္မွေတာ့ ျပန္မယ့္သူေတြေရာ၊ ပါမစ္လုပ္မယ့္သူေတြေရာ ေတြ႕ေနရတယ္ လူေတြေတာ္ေတာ္မ်ားပါတယ္။”

ဇြန္လ တလတည္းမွာတင္ မေလးရွား ႏိုင္ငံတကာေလဆိပ္ကတဆင့္ ေနရပ္ကိုျပန္ပို႔ခံရသူ အေထာက္အထားမဲ့ ႏိုင္ငံျခားသား ၈,၀၀၀ ေက်ာ္ေလာက္ရွိတယ္လို႔ မေလးရွား သတင္းဌာနတခ်ိဳ႕က ေရးသားၾကပါတယ္။ အလုပ္အကိုင္ အတည္တက်မရွိေသးတဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ႕ကေတာ့ ပါမစ္ထပ္မေလွ်ာက္ဘဲ ေနရပ္ျပန္ခဲ့ၾကပါတယ္။

ခုလက္ရွိ မေလးရွားမွာရွိေနေသးတဲ့ ျမန္မာႏိုင္ငံသားေတြထဲမွာကိုပဲ ယာယီအလုပ္လုပ္ခြင့္ပါမစ္ မရွိတဲ့သူ အမ်ားအျပားရွိေနပါတယ္။ ဒါေၾကာင့္ မေလးရွားအစိုးရက ဒီဇင္ဘာ ၃၁ ရက္ေနာက္ပိုင္းမွာ ထပ္ၿပီး သက္တမ္းတိုးေပးႏိုင္တယ္လို႔ မေလးရွားႏိုင္ငံ ပီနန္းၿမိဳ႕မွာရွိတဲ့ ဒါနကုသလပရဟိတအဖြဲ႔က ကိုႏိုင္လင္းက ေျပာပါတယ္။

“တခ်ိဳ႕ အေၾကာင္းေၾကာင္းေၾကာင့္ ေပါ့ေနာ္ မွတ္ပုံတင္မရွိတဲ့ လူေတြက်ေတာ့ သံ႐ုံးမွာ passport စာအုပ္ထုတ္လို႔မရဘူး။ အဲဒါေတြ အခက္အခဲ အမ်ားႀကီးရွိတယ္။ တခ်ိဳ႕က်ေတာ့ မွတ္ပုံတင္ ျမန္မာျပည္မွာရွိတယ္၊ မွတ္ပုံတင္ အသစ္ေလွ်ာက္သမားေတြက်ေတာ့ မွတ္ပုံတင္မူရင္း လိုတယ္ဗ်။ မူရင္းက ျမန္မာျပည္မွာ က်န္ခဲ့တာ အေၾကာင္းေၾကာင္းေၾကာင့္ ေပါ့ဗ်ာ အဲလိုမ်ိဳး အခက္အခဲေတြရွိတယ္။”

မေလးရွားႏိုင္ငံဟာ ၂၀၂၀ ႏိုဝင္ဘာလကေန ၂၀၂၁ ဩဂုတ္လအထိ ၁၀ လအတြင္းမွာ အေထာက္အထားမရွိဘဲ ေနထိုင္ေနသူ ၉၀,၀၀၀ ေက်ာ္ကို သူတို႔ရဲ႕ႏိုင္ငံေတြဆီ ျပန္ပို႔ေပးခဲ့တယ္လို႔ မေလးရွားလူဝင္မႈႀကီးၾကပ္ေရးဌာနရဲ႕ အႀကီးအကဲက မၾကာေသးခင္က ေျပာခဲ့တာပါ။

ျပည္ပလုပ္သားလက္ခံေရး မေလးရွားအစိုးရက အစီအစဥ္သစ္ေတြ ခ်မွတ္တာမွာ သတ္မွတ္ခ်က္တခ်ိဳ႕ကို ေျဖေလွ်ာ့ေပးတာေတြလည္း ဒီရက္ပိုင္းမွာ လုပ္ေနပါတယ္။တခုကေတာ့ ျပည္ပလုပ္သားေတြရဲ႕ အလုပ္လုပ္ခြင့္အသက္ကို အသက္ ၁၈ ႏွစ္ကေန ၄၅ ႏွစ္အထိပဲ အရင္ကသတ္မွတ္ထားေပမဲ့ အခုေတာ့ ၄၉ ႏွစ္အထိ တိုးေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

{{Unicode}}

မလေးရှားရောက် ပြည်ပလုပ်သားအားလုံး အလုပ်ပါမစ်လျှောက်ဖို့ တိုက်တွန်း

တရားဝင်အထောက်အထားမရှိတဲ့ ပြည်ပလုပ်သားတွေအားလုံး အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားကြဖို့ မလေးရှားအစိုးရက တိုက်တွန်းလိုက်ပါတယ်။ ဒီပါမစ်ကို ဒီဇင်ဘာ ၃၁ ရက်အထိပဲ နောက်ဆုံးထား လက်ခံမှာဖြစ်ပြီး နောက်ထပ် သက်တမ်းထပ်ပြီး တိုးပေးမှာမဟုတ်ဘူးလို့ မလေးရှားလူဝင်မှုကြီးကြပ်ရေး အကြီးအကဲက ဒီရက်ပိုင်းထဲမှာ အသိပေးထားပါတယ်။ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကြားမှာလည်း သက်တမ်းကုန် ပါမစ်တွေကို အမြန်ဆုံးပြန်လျှောက်ကြဖို့ အချင်းချင်း အသိပေး တိုက်တွန်းနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ခရီးသွားလာရေး အစီအစဉ်တွေ၊ ပြည်ပလုပ်သားလက်ခံရေး အစီအစဉ်သစ်တွေကို ရေးဆွဲနေတဲ့ မလေးရှားအစိုးရဟာ “Vaccinated Travel Lane- VTL” ဆိုတဲ့ ခရီးသွားကန့်သတ်ချက် ဖြေလျှော့တဲ့အစီအစဉ်ကို စတင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း နိုဝင်ဘာလ ၂၂ ရက်မှာ ကြေညာထားပါတယ်။ ဒီကြေညာချက်နဲ့အတူ ယာယီအလုပ်လုပ်ခွင့်ပါမစ် သက်တမ်းလွန်သွားတဲ့၊ တရားဝင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားကြဖို့ မလေးရှားအစိုးရက ထပ်ပြီးတိုက်တွန်းလိုက်တာပါ။

ဒီရက်ပိုင်းထဲမှာလည်း တရားမဝင် နေထိုင်၊ အလုပ်လုပ်နေသူတွေ ရှိတယ်လို့ယူဆရတဲ့ စက်ရုံတွေကို မလေးရှားရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေတာတွေ ရှိနေကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာရှိတဲ့ နှလုံးလှပရဟိတအဖွဲ့ရဲ့တာဝန်ခံ ကိုသက်ကပြောပါတယ်။

“၁၂ လပိုင်းအထိကို ပြန်ချင်တဲ့သူပြန်၊ မပြန်ချင်ဘူးဆိုရင် ပါမစ်လုပ်။ သူဌေးဆီမှာသော်လည်းကောင်း၊ နီးစပ်ရာ နီးစပ်ရာတွေမှာ ပါမစ်လုပ်ဖို့ သူတို့ကို သတိပေးထားပြီးသား။ ၁၂ လပိုင်းမှ မလုပ်တဲ့သူ အော်ပရာစီတွေ (စစ်ဆေးရေးဝင်ပြီးဖမ်းဆီးတာတွေ) ပိုက်စိပ်တိုက်ပြီး ဖမ်းမယ်လို့ သူတို့ကြေညာထားပြီးသား။ အခုပြန်မယ့်သူတွေလည်း တန်းစီပြန်နေကြတာပဲ။ လုပ်နေတဲ့အချိန်မှာကို ကွက်ကြားကွက်ကြားပေါ့ စက်ရုံတွေ၊ ဆိုင်တွေ၊ အော်ပရာစီတော့ ဝင်နေကြတယ်။ အခုလက်ရှိဖမ်းနေတယ် ဒီမှာလည်း။”

မလေးရှားအစိုးရဟာ ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်လောက်တုံ့ဆိုင်းနေတဲ့ သူ့ရဲ့စီးပွားရေးကို ပြန်နိုးထအောင်လုပ်ဖို့ အရှိန်ယူနေပါတယ်။ ကိုဗစ်ကြောင့် လုပ်သားရှားပါးတဲ့ပြဿနာကို ကြုံနေရပေမဲ့လည်း တရားဝင်လုပ်သားတွေကိုပဲ မလေးရှားအစိုးရက လက်ခံထားချင်ပြီး ဒီနှစ်ကုန် ရှေ့နှစ်ဆန်းမှာ ထူးခြားမှုတွေ ရှိလာနိုင်တယ်လို့လည်း ကိုသက်ကပြောပါတယ်။

“၁၂ လပိုင်းကုန်ပြီး ၁ လပိုင်းထဲမှာတော့ ထူးခြားမှုတွေဖြစ်လိမ့်မယ်။ ရက်တိုးချင်လည်းတိုးမယ် မတိုးရင်လည်း သူတို့ ပိတ်ချင်ပိတ်မှာပေါ့နော်။ ပြန်တဲ့သူတွေလည်း ဒီအတိုင်းပဲ ၁၂ လပိုင်း ဂိတ်ဆုံးတော့ ပေးထားတယ်။ အခုမှ နီးကပ်မှတော့ ပြန်မယ့်သူတွေရော၊ ပါမစ်လုပ်မယ့်သူတွေရော တွေ့နေရတယ် လူတွေတော်တော်များပါတယ်။”

ဇွန်လ တလတည်းမှာတင် မလေးရှား နိုင်ငံတကာလေဆိပ်ကတဆင့် နေရပ်ကိုပြန်ပို့ခံရသူ အထောက်အထားမဲ့ နိုင်ငံခြားသား ၈,၀၀၀ ကျော်လောက်ရှိတယ်လို့ မလေးရှား သတင်းဌာနတချို့က ရေးသားကြပါတယ်။ အလုပ်အကိုင် အတည်တကျမရှိသေးတဲ့ မြန်မာနိုင်ငံသားတချို့ကတော့ ပါမစ်ထပ်မလျှောက်ဘဲ နေရပ်ပြန်ခဲ့ကြပါတယ်။

ခုလက်ရှိ မလေးရှားမှာရှိနေသေးတဲ့ မြန်မာနိုင်ငံသားတွေထဲမှာကိုပဲ ယာယီအလုပ်လုပ်ခွင့်ပါမစ် မရှိတဲ့သူ အများအပြားရှိနေပါတယ်။ ဒါကြောင့် မလေးရှားအစိုးရက ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းမှာ ထပ်ပြီး သက်တမ်းတိုးပေးနိုင်တယ်လို့ မလေးရှားနိုင်ငံ ပီနန်းမြို့မှာရှိတဲ့ ဒါနကုသလပရဟိတအဖွဲ့က ကိုနိုင်လင်းက ပြောပါတယ်။

“တချို့ အကြောင်းကြောင်းကြောင့် ပေါ့နော် မှတ်ပုံတင်မရှိတဲ့ လူတွေကျတော့ သံရုံးမှာ passport စာအုပ်ထုတ်လို့မရဘူး။ အဲဒါတွေ အခက်အခဲ အများကြီးရှိတယ်။ တချို့ကျတော့ မှတ်ပုံတင် မြန်မာပြည်မှာရှိတယ်၊ မှတ်ပုံတင် အသစ်လျှောက်သမားတွေကျတော့ မှတ်ပုံတင်မူရင်း လိုတယ်ဗျ။ မူရင်းက မြန်မာပြည်မှာ ကျန်ခဲ့တာ အကြောင်းကြောင်းကြောင့် ပေါ့ဗျာ အဲလိုမျိုး အခက်အခဲတွေရှိတယ်။”

မလေးရှားနိုင်ငံဟာ ၂၀၂၀ နိုဝင်ဘာလကနေ ၂၀၂၁ ဩဂုတ်လအထိ ၁၀ လအတွင်းမှာ အထောက်အထားမရှိဘဲ နေထိုင်နေသူ ၉၀,၀၀၀ ကျော်ကို သူတို့ရဲ့နိုင်ငံတွေဆီ ပြန်ပို့ပေးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အကြီးအကဲက မကြာသေးခင်က ပြောခဲ့တာပါ။

ပြည်ပလုပ်သားလက်ခံရေး မလေးရှားအစိုးရက အစီအစဉ်သစ်တွေ ချမှတ်တာမှာ သတ်မှတ်ချက်တချို့ကို ဖြေလျှော့ပေးတာတွေလည်း ဒီရက်ပိုင်းမှာ လုပ်နေပါတယ်။တခုကတော့ ပြည်ပလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်အသက်ကို အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိပဲ အရင်ကသတ်မှတ်ထားပေမဲ့ အခုတော့ ၄၉ နှစ်အထိ တိုးပေးလိုက်ပါတယ်။

#MalaysiaMigrants #MyanmarMigrants #voaburmese #မလေးရှား၊မြန်မာ#အလုပ်လုပ်ခွင့်ပါမစ်#ရွှေ့ပြောင်းလုပ်သား #ဗွီအိုအေမြန်မာပိုင်း

========

XS
SM
MD
LG