သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာအကျပ်အတည်းကြောင့် ဒုက္ခသည်တွေ ပိုရောက်လာနိုင်” - မလေးဝန်ကြီးချုပ်

မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob. (သြဂုတ် ၂၇၊ ၂၀၂၁)
မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob. (သြဂုတ် ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာ့နိုင်ငံရေး အကျပ်အတည်း အဖြေရှာနိုင်ရေးဟာ မလေးရှားနိုင်ငံ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်လက်ခံရေး ပြဿနာနဲ့ တိုက်ရိုက်ဆက်နွှယ် ပတ်သက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ဒီကနေ့ ပြောပါတယ်။

"မြန်မာနိုင်ငံတွင်း အကျပ်အတည်းကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားကို ပိုပြီး ရောက်လာနိုင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းကျော်ကို ကျနော်တို့က ခိုလှုံခွင့်ပေးထားတာပါ။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ပြဿနာ အဖြေရှာနိုင်မှသာ မြန်မာပြည်က ထွက်လာပြီး မလေးရှားကို ဝင်လာမယ့် ဒုက္ခသည်အရေအတွက် လျော့နည်းသွားမှာ ဖြစ်ပါတယ်" လို့ မလေးရှား-အင်ဒိုနီးရှား နှစ်နိုင်ငံနယ်စပ် ပြန်ဖွင့်မယ့်အကြောင်း ဂျကာတာမြို့တော်မှာ အင်ဒိုနီးရှားသမ္မတနဲ့ ပူးတွဲကြေညာတဲ့ အခမ်းအနားအတွင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြောသွားတာပါ။

COVID-19 ရောဂါ ကူးစက်မှုတွေရှိမှာကို စိုးရိမ်ပြီး နယ်စပ်ဖြတ်ကျော်တာတွေ လနဲ့ချီ ပိတ်ထားခဲ့ပေမယ့် ကာကွယ်ဆေးထိုးပြီးသား သူတွေကို အခု အပြန်အလှန် လာရောက်ခွင့်ပေးဖို့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ ဒီကနေ့ ဂျကာတာမှာ ကြေညာတာပါ။

သြဂုတ်လအတွင်း မလေးရှားဝန်ကြီးချုပ် Yaakob ကျမ်းသစ္စာကျိန်ဆိုပြီး ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် အင်ဒိုနီးရှားကို သွားတာလည်း ဖြစ်ပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်စပ်တွေ ပြန်ဖွင့်ဖို့ကိစ္စ ဆွေးနွေးကြတဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးကိုပါ ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို အသိအမှတ်မပြုသလို ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်တွေလည်း အကောင်အထည် မဖော်နိုင်သေးတာကြောင့် ဒုက္ခသည်ပြဿနာဟာ ဒေသတွင်း နိုင်ငံတွေအတွက် ခေါင်းခဲစရာတခု ဖြစ်နေပါတယ်။

မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမှုရေးနဲ့ နိုင်ငံရေးအရ ဘေးဖယ်ထားတာကြောင့် ပေါ်လာတဲ့ အကျပ်အတည်းဟာ ဒေသတွင်း လူသားချင်းစာနာမှုနဲ့ လုံခြုံရေးကိစ္စတွေအပေါ် အကြီးအကျယ် ရိုက်ခတ်နေတဲ့အကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








This item is part of
XS
SM
MD
LG