သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ တရားဝင္အေထာက္အထားမဲ့ ျမန္မာလုပ္သားေတြ အဖမ္းခံရ


ေအာက္တိုဘာ ၁ ရက္၊ ေအာ္ပရာစီစစ္ဆင္ေရးမွာ ဖမ္းဆီးခံရတဲ့ ႏို္င္ငံျခားသားအလုပ္သမားမ်ား ( မေလးရွား လဝက)

{Zawgyi/Unicode}


မေလးရွားႏိုင္ငံ၊ Selangor ျပည္နယ္၊ ဘာရမ္နန္းၿမိဳ႕နယ္က ေဆာက္လုပ္ေရးလုပ္ငန္းခြင္တခုကို မေလးရွား တာဝန္ရွိသူေတြ ဝင္ေရာက္စစ္ေဆးၿပီး တရားမဝင္ အလုပ္သမားေတြကို ဖမ္းဆီးခဲ့တဲ့ထဲ ျမန္မာႏုိင္ငံသားေတြလည္း ပါဝင္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
မေလးရွားႏိုင္္ငံ၊ Selangor ျပည္နယ္၊ ဘာရမ္နန္းၿမိဳ႕နယ္ထဲက ေဆာက္လုပ္ေရးလုပ္ငန္းခြင္တခုမွာ ကြန္တင္နာေတြနဲ့ေနထုိင္ေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြကို မေလရွား လဝက အပါအဝင္ အဖဲြ႔စံု တာဝန္ရွိသူေတြက ဝင္စစ္ၿပီး တရားဝင္ အေထာက္အထားမရွိသူေတြကို ဖမ္းဆီးခဲ့တဲ့အေၾကာင္း မေလးရွားႏိုင္ငံမွ အေျခခ်ေနထုိင္သူတဦးျဖစ္တဲ့ ဦးသန္းထြန္းက ဗီြအိုေအကိုေျပာပါတယ္။
"ဒီေန့ မနက္ အေစာပုိိင္းက ေအာ္ပရာစီလုပ္တယ္။ ဆဲလ္လန္းေဂါျပည္နယ္၊ ဘရမ္နန္းျမိဳနယ္ Jalan Eco Majestic ရပ္ကြက္မွာျမန္မာအလုပ္သမားေတြလည္း စုေနႀကတာေပါ့။ ကြန္တိန္နာ ၇ ခုေလာက္ရွိတယ္။ ျမန္မာအလုပ္သမားေတြ စုေနၾကတာေပါ့။ အဲဒါကုိ ေအာ္္ပရာစီဝင္တာေပါ့။ လူေပါင္း ၃၀၀ ေက်ာ္ေလာက္ စစ္ေဆးေတာ့ အေထာက္အထားရွိတဲ့သူေတြကေတာ့ ျပန္လႊတ္တာေပါ့။ ၂၀၀ ေက်ာ္ဖမ္းလိုက္တယ္။ အေထာက္အထားမခိုင္လံုသူေတြ၊ ဗီဇာသက္တမ္း လြန္္ေနသူေတြ၊ ပါမစ္သက္တမ္းလြန္ေနတဲ့သူေတြ ၂၀၀ ေက်ာ္ဖမ္းလိုက္တယ္။ အဲဒီထဲမွာျမန္မာ ၆၆ ေယာက္္ပါတယ္။ အဖမ္းအဆီးက ေန့တုိင္းရွိေနတယ္္။ ႀကီးႀကီးမားမားနဲ့ေသးေသးဖမ္းတာာပဲ ကြာတာာပါ။"
ဖမ္းဆီးခံရတဲ့ နိုင္ငံျခားသားေတြထဲမွာ အင္ဒိုနီးရွားအမ်ဳိးသား ၉၄ ဦးနဲ့ အမ်ိဳးသမီး ၂၈ ဦး၊ ဘဂၤလားေဒ့ရွ္အမ်ိဳးသား ၉၅ ဦး၊ ဂါနာအမ်ိဳးသားတဦး၊ ျမန္မာအမ်ိဳးသား အမ်ဳိးသမီး ၆၆ ဦး၊ ဗီယက္နမ္အမ်ိဳးသား ၆ ဦး နဲ့အမ်ိဳးသမီး ၇ဦးတို့ ဖမ္းဆီးခံရေၾကာင္း မေလးရွား လူဝင္မႈဌာနက သတင္းထုတ္ျပန္ထားပါတယ္။
ကိုဗစ္အေရးေပၚကာလမွာ နယ္စပ္ေတြက ခိုးဝင္ေနသူေတြကိုလည္း ဖမ္းဆီးေနတာျဖစ္ျပီး ႏိုင္ငံျခားသားအလုပ္သမား အမ်ားအျပားေနထုိင္ေနတဲ့ ျပည္နယ္ေတြမွာလည္း ေအာ္ပရာစီစစ္ဆင္ေရးေတြ မၾကာခနလုပ္ေနတာျဖစ္ပါတယ္ ။
မေလးရွားႏို္င္ငံမွာ တရားဝင္ေကာ တရားမဝင္ပါ ျမန္မာအလုပ္သမား ၅ သိန္းခဲြေလာက္ အလုပ္လုပ္ကိုင္ေနတယ္လုိ႔ ခန္႔မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

{Unicode}

မလေးရှားမှာ တရားဝင်အထောက်အထားမဲ့ မြန်မာလုပ်သားတွေ အဖမ်းခံရ


မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ ဘာရမ်နန်းမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို မလေးရှား တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးခဲ့တဲ့ထဲ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ ဘာရမ်နန်းမြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကွန်တင်နာတွေနဲ့နေထိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မလေရှား လဝက အပါအဝင် အဖွဲ့စုံ တာဝန်ရှိသူတွေက ဝင်စစ်ပြီး တရားဝင် အထောက်အထားမရှိသူတွေကို ဖမ်းဆီးခဲ့တဲ့အကြောင်း မလေးရှားနိုင်ငံမှ အခြေချနေထိုင်သူတဦးဖြစ်တဲ့ ဦးသန်းထွန်းက ဗွီအိုအေကိုပြောပါတယ်။
"ဒီနေ့ မနက် အစောပိုင်းက အော်ပရာစီလုပ်တယ်။ ဆဲလ်လန်းဂေါပြည်နယ်၊ ဘရမ်နန်းမြိုနယ် Jalan Eco Majestic ရပ်ကွက်မှာမြန်မာအလုပ်သမားတွေလည်း စုနေကြတာပေါ့။ ကွန်တိန်နာ ၇ ခုလောက်ရှိတယ်။ မြန်မာအလုပ်သမားတွေ စုနေကြတာပေါ့။ အဲဒါကို အော်ပရာစီဝင်တာပေါ့။ လူပေါင်း ၃၀၀ ကျော်လောက် စစ်ဆေးတော့ အထောက်အထားရှိတဲ့သူတွေကတော့ ပြန်လွှတ်တာပေါ့။ ၂၀၀ ကျော်ဖမ်းလိုက်တယ်။ အထောက်အထားမခိုင်လုံသူတွေ၊ ဗီဇာသက်တမ်း လွန်နေသူတွေ၊ ပါမစ်သက်တမ်းလွန်နေတဲ့သူတွေ ၂၀၀ ကျော်ဖမ်းလိုက်တယ်။ အဲဒီထဲမှာမြန်မာ ၆၆ ယောက်ပါတယ်။ အဖမ်းအဆီးက နေ့တိုင်းရှိနေတယ်။ ကြီးကြီးမားမားနဲ့သေးသေးဖမ်းတာာပဲ ကွာတာာပါ။"
ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ အင်ဒိုနီးရှားအမျိုးသား ၉၄ ဦးနဲ့ အမျိုးသမီး ၂၈ ဦး၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၉၅ ဦး၊ ဂါနာအမျိုးသားတဦး၊ မြန်မာအမျိုးသား အမျိုးသမီး ၆၆ ဦး၊ ဗီယက်နမ်အမျိုးသား ၆ ဦး နဲ့အမျိုးသမီး ၇ဦးတို့ ဖမ်းဆီးခံရကြောင်း မလေးရှား လူဝင်မှုဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်အရေးပေါ်ကာလမှာ နယ်စပ်တွေက ခိုးဝင်နေသူတွေကိုလည်း ဖမ်းဆီးနေတာဖြစ်ပြီး နိုင်ငံခြားသားအလုပ်သမား အများအပြားနေထိုင်နေတဲ့ ပြည်နယ်တွေမှာလည်း အော်ပရာစီစစ်ဆင်ရေးတွေ မကြာခနလုပ်နေတာဖြစ်ပါတယ် ။
မလေးရှားနိုင်ငံမှာ တရားဝင်ကော တရားမဝင်ပါ မြန်မာအလုပ်သမား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတယ်လို့ ခန့်မှန်းကြပါတယ်။

#MalaysiaMigrants #MyanmarMigrants #voaburmese #ရွှေ့ပြောင်းလုပ်သား #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG