သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် ဝေဖန်ခံနေရ


{Zawgyi/Unicode}

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းပေါ် ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား နားလည်မှုစာချွန် လွှာ လက်မှတ်ရေးလိုက်တဲ့ကိစ္စအပေါ် သံသဖြစ်စရာတွေ ရှိနေတယ်လို့ Refugees International အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များကူညီရေးအဖွဲ့က ပြောပါတယ်။

ကျွန်းပေါ်မှာရောက်နေကြတဲ့ ဒုက္ခသည်တွေကို UNHCR က စောင့်ကြည့်ရတာအပါအဝင် ဒုက္ခသည်တွေကို အကာကွယ်ပေးရေးဆိုတဲ့အချက်တွေ သဘောတူညီချက်မှာ ပါဝင်နေတာဟာ ကြိုဆိုစရာဖြစ်ပေမယ့် ဒုက္ခသည်တွေအတွက် ဘေးကင်းလုံခြုံမှုနဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ဝေးလံခေါင် ဖျားတဲ့ကျွန်းတခုကို ပို့လိုက်တဲ့ကိစ္စတွေအပေါ် မေးခွန်းထုတ်စရာရှိနေကြောင်း Refugees International က အောက်တိုဘာ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူ့နိုင်ငံအတွင်းရောက်နေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ထောင်နဲ့ချီတဲ့သူတချို့ကို လူမနေတဲ့ Bhasan Char ကျွန်းပေါ်ပြီးခဲ့တဲ့နှစ်အတွင်းဘင်္ဂလားဒေ့ရှ်အစိုးရက ပို့လိုက်တဲ့အပေါ် ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒုက္ခသည်တွေကို သူတို့ သဘောဆန္ဒနဲ့အညီ ပို့ပေးတာလို့ ပြောပါတယ်။

ဒီကျွန်းဟာ သမိုင်းကြောင်းအရ မုန်တိုင်းဖြတ်သန်းတိုက်ခတ်လေ့ရှိတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေသလို ဝေးလံခေါင်ဖျားတဲ့အတွက်လည်း လူသားစာနာမှုဆိုင်ရာ အကူအညီတွေပို့ပေးဖို့ အခက်အခဲရှိတယ်လို့ Refugees International ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒုက္ခသည်တွေ သူတို့သဘောဆန္ဒနဲ့အညီ တကယ်ပြောင်းသွားကြတာ ဟုတ်မဟုတ် UNHCR အနေနဲ့ စိစစ်ဖို့၊ အဲဒီဒုက္ခသည်တွေ ပင်မဒုက္ခသည်စခန်းကို ပြန်လာချင်ရင် ပြန်လာခွင့်ရှိအောင် ဆောင်ရွက်ပေးဖို့၊ နောက်ထပ် ဒုက္ခသည်တွေ ကျွန်းပေါ်ကို ထပ်မပို့ခင် သူတို့အတွက် ဘေးကင်း လုံခြုံမှု ရှိမရှိဆိုတဲ့ မေးခွန်းကို အရင် ဖြေရှင်းဖို့လိုအပ်ကြောင်းလည်း Refugees International ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


-----------

{Unicode}








XS
SM
MD
LG