သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် ၄ လအတွင်း မလေးရှားရောက်မြန်မာ ၁၀၀ ကျော်သေဆုံး


မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုဗစ်ရှိမရှိ စမ်းသပ်စစ်ဆေးစဉ်။
မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုဗစ်ရှိမရှိ စမ်းသပ်စစ်ဆေးစဉ်။

Zawgyi/Unicode

မလေးရှားနိုင်ငံမှာ ၄ လအတွင်း ကိုဗစ်ကြောင့် သေဆုံးတဲ့မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိသွားပြီလို့ မလေးရှားအခြေစိုက် လူမှုကူညီရေးအသင်းကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ ဇွန်လလောက်ကစပြီး ၄ လအတွင်း ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးတဲ့မြန်မာအလုပ်သမား ၁၀၀ ကျော်ရှိသွားပါပြီ။ ကိုဗစ်ကြောင့်သေဆုံးရတဲ့မြန်မာတွေနဲ့ပတ်သက်လို့ မြန်မာပြည်တွင်းက မိသားစုကိုအကြောင်းကြားပေးတာအပြင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးကနေ ခွင့်ပြုစာထုတ်ပေးမှသာ သြင်္ဂီုဟ်ခွင့်ရတဲ့အကြောင်းမလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက အခုလိုပြောပါတယ်။

“၄ လလောက်အတွင်း ဇွန်လ၊ ဇူလိုင်၊ သြဂုတ်လ၊ စက်တင်ဘာလအထိဆို လူဦးရေ ၁၀၀ ကျော်လောက်ဆုံးသွားပါပြီ။ ၄ လလောက်အတွင်းမှာ လူ ၁၀၀ ကျော်လောက်ရှိပါပြီ။ သေဆုံးသွားတဲ့အထဲမှာတော့ မလေးရှားမှာ အပိုင်း ၃ ပိုင်းအရ ပြောရမယ်ဆိုရင် တရားဝင် MOU နှစ်နိုင်ငံသဘောတူ စာချွန်လွှာနဲ့ လာတဲ့အလုပ်သမားတွေလည်းပါသလို တရားမဝင် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားကိုရောက်ရှိနေသူတွေလည်းပါတယ်။ UNHCR ကဒ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေလည်းပါပါတယ်။”

အခုဆိုရင် ကိုဗစ်ကပ်ရောဂါကြောင့် တပတ်ကိုအနည်းဆုံး မြန်မာနိုင်ငံသား၂ ဦးထက်မနည်းတော့ေ သဆုံးတာတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါ အဖြစ်များနေတဲ့အချိန်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေ အများဆုံးသေဆုံးကြတာဖြစ်ပြီး သေဆုံးချိန်မှာ အနားမှာ ကူညီမယ့်သူမရှိတာအပြင် ဆေးရုံဆေးခန်းမသွားနိုင်တာရယ်ကြောင့် သေဆုံးကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“အိမ်ထဲမှာပေါ့- ကိုဗစ် ၁၉ ဖြစ်တယ်ဆိုတော့ သူငယ်ချင်းတွေက ကြောက်လန့်ပြီး ရှောင်ပြေးကြတယ်။ တရားဝင် အလုပ်သမားလည်းမဟုတ်တော့ ရှောင်ပြေးတော့ ရောဂါခံစားနေသူတွေက ဆေးမီးတိုလည်း ကုစရာမရှိဘူး။ ဆေးရုံ ဆေးခန်းသွားဖို့ကလည်း အထောက်အထားတွေမရှိကြတော့ အဲဒါတွေနဲ့ သေဆုံးသွားကြပါတယ်။ အများအားဖြင့်တော့ လူငယ်လူရွယ်ပိုင်းတွေ များကြပါတယ်။”

မလေးရှားနိုင်ငံမှာ သာမန်ဖျားနာပြီး သေဆုံးသူတွေ၊ မတော်တဆထိခိုက်ဒဏ်ရာရလို့သေဆုံးသူတွေကိုတော့ မြန်မာလူမ့ူကူညီရေးအသင်းအဖွဲ့တွေ၊နာရေးကူညီမှုအသင်းတွေက မီးသဂြိုလ်ခွင့်ရှိပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတွေကိုတော့ မလေးရှားနိုင်ငံက သင်တန်းပေးထားတဲ့ မလေးရှားနိုင်ငံရဲ့ နာရေးကိစ္စတွေလုပ်ခွင့်လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေကသာ မီးသဂြိုဟ်ခွင့်ရှိတာပါ။ မြန်မာနိုင်ငံသားတဦး ကိုဗစ်ဖြစ်လို့သေဆုံးတဲ့အခါမှာ မလေးရှားရင်းဂစ်ငွေ ၄,၀၀၀ လောက်ထိ ကုန်ကျစရိတ်တာ ရှိတာမို့ မြန်မာနိုင်ငံသားတွေကပဲ စုပေါင်းအလှူဒါနလုပ်ကြရတယ်လို့လည်း ဆိုပါတယ်။

မလေးရှားရစ်းဂစ်ငွေ ၄,၀၀၀ ကျော်လောက်ထိ ကျတယ်။ နောက်ပိုင်းမှာကျတော ညှိနှိုင်းကြတာ့ တယောက်ကို မလေးရှားငွေ ၂ဝ၀၀၀ ကျော်ကနေ ၃,၀၀၀ ပတ်ဝန်းကျင်ထိပဲကျတော့တယ်။”

မလေးရှားနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၂ သန်း၊ ၂ သိန်းနီးပါး ရှိသွားပြီဖြစ်သလို စုစုပေါင်းသေဆုံးသူကလည်း ၂၅,၄၃၇ ထိရှိလာပြီလို့ မလေးရှားအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

ကူးစက်သူတွေလျော့ကျသွားတယ်ဆိုပေမယ့်လည်း စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကူးစက်သူ ၁၀,၀၀၀ ကျော်နေဆဲဖြစ်ပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေလည်း ကူးစက်ခံရတာတွေရှိပါတယ်။ မလေးရှားနိုင်ငံမှာတော့ တရားဝင်ကော တရားမဝင်ကော မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်ရှင်။

======

Unicode












#Covid19 #MyanmarMigrants #MyanmarMalaysia #VOABurmese

XS
SM
MD
LG