သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကူးစက္မႈတားဆီးေရး အာဖရိကတိုက္သားေတြကို ထိုင္းအထူးျပဳစစ္ေဆး


ထုိင္း-ျမန္္မာေဆာက္လုပ္ေရးအလုပ္သမားေတြေနထုိင္ရာကို ကိုဗစ္ကပ္ေရာဂါကူးစက္မႈေၾကာင့္ ပိတ္ဆို႔ကန္႔သတ္ေၾကာင္းဆုိင္းဘုတ္။ (၀၆-၂၈-၂၁)

Omicron ကူးစက္မႈတားဆီးေရး အာဖရိကတိုက္သားေတြကို ထိုင္းအထူးျပဳစစ္ေဆး

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံထဲက ႏိုဝင္ဘာ ၁၅ ရက္ေန႔ထဲကစလို႔ အာဖရိကႏိုင္ငံေတြက ဝင္ေရာက္လာတဲ့ ခရီးသည္ ရ၈၃ ဦး႐ွိခဲ့တယ္လို႔ ထုိင္းတာဝန္႐ွိသူေတြက ေျပာပါတယ္။ ဗီဇေျပာင္း ကုိဗစ္ေရာဂါပိုးအသစ္ Omicron ဟာ အာဖရိကတိုက္ေတာင္ပိုင္းႏုိင္ငံေတြက စတင္ေတ႔ြ႐ွိထားတဲ့အတြက္ ႏိုင္ငံတကာေလဆိပ္နဲ႔ နယ္စပ္ေတာလမ္းေတြကေန ၀င္လာသူေတြကို ပုိမိုဂရုစုိက္စစ္ေဆးမူ့ေတြလုပ္ဖို့ ထိုင္းလူ၀င္မႈႀကီးၾကပ္ေရး ဗ်ဴရိုကေန အမိန္႔ေပးထားတယ္လို႔ ထိုင္းရဲတပ္ဖဲြ႔ အႀကီးအကဲက ေျပာပါတယ္။ ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာကေျပာျပေပးပါမယ္။

ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicron ထိုင္းႏိုင္ငံထဲဝင္ေရာက္ ကူးစက္ပ်ံ႕ႏွံ႔မွာ ကာကြယ္တဲ့အေနနဲ႔ အာဖရိက ႏိုင္ငံ ၈ ႏိုင္ငံက ခရီးသြားေတြကို ျပည္၀င္ခြင္မျပဳေတာ့ေပမယ့္ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္းအာဖရိက ႏိုင္ငံေတြကေန၀င္လာတဲ့ ခရီးသြား ၈၀၀နီးပါးရွိခဲ့တဲ့အတြက္ ထုိင္းတာဝန္႐ွိသူေတြ စံုစမ္းမႈေတြ လုပ္ေနၾကပါတယ္။ အာဖရိကက လာတဲ့ ကမၻာလွည္ခရီးသြားေတြအေနနဲ့ ဘယ္ျပည္နယ္ ဘယ္ခရိုင္ေတြမွာေနထုိင္ေနၾကသလဲဆိုတာေတြကိုလည္း အခ်က္အလက္ေတြ ရယူေနပါတယ္။

ေလာေလာဆယ္အထိ ထိုင္းႏို္င္ငံထဲမွာ Omicron ကိုဗစ္ပိုးသစ္ ကူးစက္သူ ထိုင္းႏုိင္ငံထဲမွာ မ႐ွိေသးေပမဲ့ ကူးစက္မႈ ကာကြယ္တဲ့အေနနဲ႔ ကုန္းေၾကာင္း ေလေၾကာင္း နယ္စပ္ဂိတ္ေတြမွာ အေသအခ်ာ စစ္ေဆးမႈေတြလုပ္သြားဖုိ႔ ညႊန္ၾကားထားေၾကာင္း ထုိင္းရဲတပ္ဖဲြ႔အႀကီးအကဲ ရဲခ်ဳပ္ Suwat Chaengyodsuk က ထိုင္းဘာသာနဲ႔ အခုလို ေျပာၾကားခ့ဲပါတယ္။

"ဗီဇေျပာင္းကုိဗစ္ေရာဂါပိုးအသစ္ Omicron နဲ႔ ပတ္သက္လုိ႔ ထိုင္းျပည္သူေတြကိုမစိုရိမ္ၾကဖို႔နဲ႔ နယ္စပ္ေတြမွ ာပိုမိုစစ္ေဆးမွုုူေတြျပဳလုုပ္သြားမွာ ျဖစ္ပါတယ္။ ထုိင္းျပည္သူေတြအေနနဲ့စုိးရိမ္ထိပ္လန့္ေတြေတြမျဖစ္ဖို့ ထုိင္းျပည္တဲေရးဌာန ထိုင္းလ၀ကနဲ့ ကပ္ေရာဂါထိမ္းခ်ဳပ္ေရးအဖဲြ ့ ေတြဟာ ႏိုင္ငံတကာေလဆိပ္နဲ့ နယ္ျခားက သဘာ၀ေတာလမ္းေတြမွာ အထူးႀကပ္မတ္ေစာင့္ႀကည့္ေနပါတယ္ ။ ဘာေရာဂါပိုးပဲျဖစ္ပါေစ တိုက္ဖ်က္ႏိုင္ဖို့လုပ္ေဆာင္သြားပါမယ္"

ကိုဗစ္ကူးဆက္မူေတြ ထိမ္းခ်ဳပ္ႏိုင္ဖို့အတြက္ တရားမ၀င္ ၀င္ေရာက္လာတာ သူေတြကို ဖမ္းဆီးျပီး တိုးျမွင့္ စစ္ေဆးမႈေတြ လုပ္သြားမယ္လို႔လည္း သတင္းစာ႐ွင္းပြဲမွာ ေျပာသြားပါတယ္။

ထိုင္းႏိုင္ငံထဲမွာ ၁၁ လတာ ကာလအတြင္း တရားမ၀င္အထာက္အထားမဲ့ ေရႊေျပာင္းအလုပ္သမား ၄ ေသာင္းခဲြေက်ာ္ ဖမ္းမိခဲ့ျပီး အမ်ားစုက ျမန္မာႏိုင္ငံသားေတြျဖစ္ပါတယ္။ လက္ရွိလဲ နယ္စပ္လမ္းေတြကေန အလုပ္အကိုင္ရွာေဖြဖို့အတြက္ျမန္မာေတြ၀င္လာေနႀကဆဲျဖစ္ပါတယ္။ ကိုဗစ္ကူးစက္မူ့ႏွံုးျမင့္တက္ခဲ့တာေႀကာင့္ ထုိင္းျမန္မာနယ္စပ္တံတားေတြ ပိတ္ထားတာလည္း ၂ ႏွစ္နီးပါးရွိျပီျဖစ္ပါတယ္။

ကိုဗစ္ဒုတိယလိွဳင္းမွာေကာ တတိယလိွုင္းမွာပါ ျမန္မာေတြအစုလိုက္အျပံဳလိုက္ကူးစက္မူေတြျဖစ္ခဲ့တာေႀကာင့္ ထုိင္းႏို္င္ငံထဲမွာ႐ွိေနတဲ့ ျမန္မာလူမ်ဳိး ကိုဗစ္ အတည္ျပဳလူနာ သိန္းဂဏန္း ႐ွိပါတယ္။

ထုိင္းအစိုးရေတာ့ အခုခ်ိန္ထိေရႊေျပာင္းအလုပ္သမားေတြကို နယ္စပ္ျဖတ္ေက်ာ္သြားလာခြင့္ေတြ ခြင့္မျပဳေသးသလို ထိုင္းႏိုင္ငံထဲက တရား၀င္ေကာ တရားမ၀င္အေထာက္အထားမဲ့ေတြကုိပါ ကိုဗစ္ကာကြယ္ေဆးေတြ ထိုးႏွံေပးေနပါတယ္ရွင္။

.....................................

တိုက္႐ိုက္ လင့္ခ္

Omicron ကူးစက်မှုတားဆီးရေး အာဖရိကတိုက်သားတွေကို ထိုင်းအထူးပြုစစ်ဆေး
{{Unicode}}
ထိုင်းနိုင်ငံထဲက နိုဝင်ဘာ ၁၅ ရက်နေ့ထဲကစလို့ အာဖရိကနိုင်ငံတွေက ဝင်ရောက်လာတဲ့ ခရီးသည် ရ၈၃ ဦးရှိခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် Omicron ဟာ အာဖရိကတိုက်တောင်ပိုင်းနိုင်ငံတွေက စတင်တေ့ွရှိထားတဲ့အတွက် နိုင်ငံတကာလေဆိပ်နဲ့ နယ်စပ်တောလမ်းတွေကနေ ဝင်လာသူတွေကို ပိုမိုဂရုစိုက်စစ်ဆေးမူ့တွေလုပ်ဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုကနေ အမိန့်ပေးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးပါမယ်။

ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ထိုင်းနိုင်ငံထဲဝင်ရောက် ကူးစက်ပျံ့နှံ့မှာ ကာကွယ်တဲ့အနေနဲ့ အာဖရိက နိုင်ငံ ၈ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင်မပြုတော့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်အတွင်းအာဖရိက နိုင်ငံတွေကနေဝင်လာတဲ့ ခရီးသွား ၈၀၀နီးပါးရှိခဲ့တဲ့အတွက် ထိုင်းတာဝန်ရှိသူတွေ စုံစမ်းမှုတွေ လုပ်နေကြပါတယ်။ အာဖရိကက လာတဲ့ ကမ္ဘာလှည်ခရီးသွားတွေအနေနဲ့ ဘယ်ပြည်နယ် ဘယ်ခရိုင်တွေမှာနေထိုင်နေကြသလဲဆိုတာတွေကိုလည်း အချက်အလက်တွေ ရယူနေပါတယ်။

လောလောဆယ်အထိ ထိုင်းနိုင်ငံထဲမှာ Omicron ကိုဗစ်ပိုးသစ် ကူးစက်သူ ထိုင်းနိုင်ငံထဲမှာ မရှိသေးပေမဲ့ ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ကုန်းကြောင်း လေကြောင်း နယ်စပ်ဂိတ်တွေမှာ အသေအချာ စစ်ဆေးမှုတွေလုပ်သွားဖို့ ညွှန်ကြားထားကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် Suwat Chaengyodsuk က ထိုင်းဘာသာနဲ့ အခုလို ပြောကြားခဲ့ပါတယ်။

"ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron နဲ့ ပတ်သက်လို့ ထိုင်းပြည်သူတွေကိုမစိုရိမ်ကြဖို့နဲ့ နယ်စပ်တွေမှ ာပိုမိုစစ်ဆေးမှုူတွေပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ထိုင်းပြည်သူတွေအနေနဲ့စိုးရိမ်ထိပ်လန့်တွေတွေမဖြစ်ဖို့ ထိုင်းပြည်တဲရေးဌာန ထိုင်းလဝကနဲ့ ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲ့ တွေဟာ နိုင်ငံတကာလေဆိပ်နဲ့ နယ်ခြားက သဘာဝတောလမ်းတွေမှာ အထူးကြပ်မတ်စောင့်ကြည့်နေပါတယ် ။ ဘာရောဂါပိုးပဲဖြစ်ပါစေ တိုက်ဖျက်နိုင်ဖို့လုပ်ဆောင်သွားပါမယ်"

ကိုဗစ်ကူးဆက်မူတွေ ထိမ်းချုပ်နိုင်ဖို့အတွက် တရားမဝင် ဝင်ရောက်လာတာ သူတွေကို ဖမ်းဆီးပြီး တိုးမြှင့် စစ်ဆေးမှုတွေ လုပ်သွားမယ်လို့လည်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ထိုင်းနိုင်ငံထဲမှာ ၁၁ လတာ ကာလအတွင်း တရားမဝင်အထာက်အထားမဲ့ ရွှေပြောင်းအလုပ်သမား ၄ သောင်းခွဲကျော် ဖမ်းမိခဲ့ပြီး အများစုက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ လက်ရှိလဲ နယ်စပ်လမ်းတွေကနေ အလုပ်အကိုင်ရှာဖွေဖို့အတွက်မြန်မာတွေဝင်လာနေကြဆဲဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မူ့နှုံးမြင့်တက်ခဲ့တာကြောင့် ထိုင်းမြန်မာနယ်စပ်တံတားတွေ ပိတ်ထားတာလည်း ၂ နှစ်နီးပါးရှိပြီဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာကော တတိယလှိုင်းမှာပါ မြန်မာတွေအစုလိုက်အပြုံလိုက်ကူးစက်မူတွေဖြစ်ခဲ့တာကြောင့် ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ မြန်မာလူမျိုး ကိုဗစ် အတည်ပြုလူနာ သိန်းဂဏန်း ရှိပါတယ်။

ထိုင်းအစိုးရတော့ အခုချိန်ထိရွှေပြောင်းအလုပ်သမားတွေကို နယ်စပ်ဖြတ်ကျော်သွားလာခွင့်တွေ ခွင့်မပြုသေးသလို ထိုင်းနိုင်ငံထဲက တရားဝင်ကော တရားမဝင်အထောက်အထားမဲ့တွေကိုပါ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်ရှင်။

XS
SM
MD
LG