သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားတွေအတွက် ကိုဗစ်စည်းကမ်းသစ် သမ္မတ Biden ချမှတ်


President Joe Biden speaks about the COVID-19 variant named omicron during a visit to the National Institutes of Health, Thursday, Dec. 2, 2021, in Bethesda, Md.
President Joe Biden speaks about the COVID-19 variant named omicron during a visit to the National Institutes of Health, Thursday, Dec. 2, 2021, in Bethesda, Md.

ခရီးသွားတွေအတွက် ကိုဗစ်စည်းကမ်းသစ် သမ္မတ Biden ချမှတ်

{{Zawgyi/Unicode}}

အမေရိကန် ပြည်ထောင်စုကိုလာမယ့် နိုင်ငံတကာ ခရီးသွားတွေအပေါ် ကိုဗစ်ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့်ဖို့ သမ္မတ Joe Biden ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ ဒီနှစ်ဆောင်းရာသီ အမေရိကန်မှာ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းမယ့် အစီအစဉ်ကိုလည်း သမ္မတက ချပြခဲ့တာပါ။

“သွားလာလှုပ်ရှားမှုတွေ ပိတ်ဆို့တာ၊ ကန့်သတ်တာတွေ မပါပါဘူး။ ဒါပေမဲ့လည်း ကာကွယ်ဆေးနဲ့ နောက်ထပ်အားဖြည့်ဆေး ထိုးတဲ့သူတွေ ပိုများလာဖို့၊ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့နဲ့ တခြားအစီအစဉ်တွေ အများအပြား ပါဝင်ပါတယ်။” လို့ ကြာသပတေးနေ့က အမေရိကန် အမျိုးသား ကျန်းမာရေးဌာနမှာ သမ္မတဘိုင်ဒင် ပြောဆိုလိုက်တာပါ။

စည်းကမ်းသစ်အရ အရင်တုန်းက နိုင်ငံတကာက ခရီးသွားတွေ အမေရိကန်ကို မလာခင် ၃ ရက် အလိုမှာ ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း အထောက်အထား ပြသဖို့ သတ်မှတ်ထားပေမဲ့ အခုအခါ ၁ ရက် အလိုမှာ ပြသရမှာ ဖြစ်ပါတယ်။

စည်းကမ်းသစ်ဟာ ပြည်ပခရီးသွားတွေ သာမက အမေရိကန်နိုင်ငံသားတွေလည်း အကျုံးဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်က အများပြည်သူ သွားလာတဲ့ နေရာတွေနဲ့ လေဆိပ်တွေမှာ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ကြရမယ့် စည်းကမ်းကိုလည်း ဇန်နဝါရီလ ၁၈ ရက်နေ့အထိ သတ်မှတ်ထားတာကို မတ်လ ၁၈ ရက်နေ့အထိ သက်တမ်း တိုးလိုက်ပါတယ်။

Omicron မျိုးကွဲသစ် ကူးစက်သူ အတည်ပြုလူနာ ဒုတိယတယောက် အမေရိကန်မှာ တွေ့ရှိခဲ့တဲ့ ကြာသပတေးနေ့မှာပဲ သမ္မတက စည်းကမ်းသစ်တွေကို ကြေညာလိုက်တာပါ။

သမ္မတ ဘိုင်ဒင်ရဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်မှာတော့ ကာကွယ်ဆေး မထိုးရသေးတဲ့ အမေရိကန် သန်း ၆၀ ကာကွယ်ဆေး ထိုးနှံဖို့နဲ့ ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ သန်း ၁၀၀ လောက်ကိုလည်း အားဖြည့်ဆေး နောက်တလုံး ထပ်ထိုးဖို့လည်း ပါဝင်ပါတယ်။

............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG