သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကူးစက္မႈ တားဆီးေရး ထိုင္း အရွိန္ႁမွင္႔ ေဆာင္ရြက္


Thailand's Prime Minister Prayut Chan-O-Cha attends a signing ceremony for the agreement to purchase AstraZeneca's potential COVID-19 vaccine at Government House in Bangkok on Nov. 27, 2020.

Omicron ကူးစက္မႈ တားဆီးေရး ထိုင္း အရွိန္ႁမွင္႔ ေဆာင္ရြက္

{{Zawgyi/Unicode}}

ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ Omicron ကုိအနီးကပ္ ေစာင့္ၾကည့္ႏိုင္ဖို့ ထိုင္းနိုင္ငံ နယ္စပ္ေတြရဲ ့ လံုုျခံဳေရးကိုတိုးျမွင့္ အထူးၾကပ္မတ္စစ္ေဆးဖို့ နဲ့ႏိုင္ငံျခားသားေတြကို က်န္းမာေရးအရ ျပန္လည္တင္းႀကပ္စြာစစ္ေဆးဖို့ေတြကို ထိုင္း၀န္ႀကီးခ်ဳပ္ Prayut Chan-o-chaက ႏို၀င္ဘာလ၃၀ရက္ေန့က ဌာနဆိုင္ရာေတြကို ညြန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္မေအးေအးမာ ကသတင္းေပးပုိ့ထားပါတယ္ ။

ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ Omicron နဲ့ပတ္သက္လုိ႔ ႏိုင္ငံတ၀ွမ္း စိုးရိမ္ပူပန္မူေတြရိွေနတဲ့အတြက္ထိုင္းအစိုးရအေနနဲ႔ Covid-19 အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနတာပါ။ ဒီအတြက္ထိုင္းႏိုင္ငံအတြင္းက ဝင္ေရာက္လာသူအားလုံးကို လုံၿခဳံေရးနဲ့ က်န္းမာေရး စစ္ေဆးတဲ့အစီအမံမ်ား ကုိတိုးျမႇင့္ေဆာင္႐ြက္ဖို့အတြက္ ထိုင္း၀န္ႀကီးခ်ဳပ္ Prayut Chan-o-chaက ညြန္ႀကားခ်က္ထုတ္ျပန္လိုက္ပါတယ္ ။ႏို၀င္ဘာလ၃၀ရက္ေန့က သတင္းေထာက္ေတြကို ထုိင္း၀န္ႀကီးခ်ဳပ္ကထိုင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္။

ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ Omicron ႏိုင္ငံတကာမွာျပန္ပြားလာတာနဲ ့ပါတ္သက္လို ့ထိုင္းအစိုးရအေနနဲ ့ တိုင္းျပည္တြင္း၀င္လာတဲ့ နိုင္ငံျခားသားေတြကို က်န္းမာေရးဆိုင္ရာစစ္ေဆးမွု ေတြမွာ ျပန္လည္ တင္းၾကပ္စြာစစ္ေဆးမွုေတြ လုပ္ရေတာ့မယ္။ ထိုုင္းအစိုးရအေနနဲ႔လည္း သထိထားေစာင့္ၾကည့္ေနပါတယ္လို ႏို၀င္ဘာလ၃၀ရက္ေန့က သတင္းစာရွင္းပြဲမွာေျပာဆိုသြားပါတယ္ ။

အိမ္နီးခ်င္းႏိုင္ငံေတြကေန ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ Omicron ၀င္လာႏိုင္မယ့္အေရး ထိုင္းနယ္စပ္ေတြကို ပိုမိုလံုျခံဳေရးတင္းႀကပ္စြ ာခ်ထားဖို့ ၀န္ႀကီးခ်ဳပ္က အမိန့္ေပးေနခ်ိန္မွာပဲ ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးသစ္ Omicron စတင္ေတြ ့ရွိရာအာဖရိက ႏို္င္ငံေတြက ၀င္လာသူ ၂၅၀ေက်ာ္ရွိေနတဲ့အတြက္ ထိုင္းအစုိးရက ဒီလူေတြကိုအပူတျပင္းရွာေဖြမူေတြလုပ္ေနရတယ္လို့ ပညာေရးနဲ့ဖြံျဖိဳးတိုးတက္ေရးအဖဲြ ့က အလုပ္သမားေရးရာတာ၀န္ခံဦးမင္ဦးကအခုလိုေျပာပါတယ္။

"Border ေတြနယ္စပ္ေတြကို လံုးျခံုေရးတင္းႀကပ္စြာခ်ခိုင္းတယ္။ တရားမ၀င္တဲ့သူေတြ၀င္လာမွာ အိမ္နီခ်င္းႏိုင္ငံေတြက၀င္လာမယ့္ဟာကိုအထူး ေစာင့္ႀကည့္ရမယ္လို့ ၀န္ႀကီးခ်ဳပ္ကအမိန့္ေပးတယ္။ ဒါေပမယ့္ အာဖရိကမွာ ဒီပိုးကိုေတြ ့တယ္ဆုိေတာ့အာဖရိက ၀င္လာသူေတြကို သူတို့အထူးေစာင့္ႀကည့္ရမွာထိုိင္းသတင္းေတြမွာေတာ့အေယာက္ ၂၅၀ေက်ာ္ရွိတယ္ သူတို့အခုမွ လိုက္ရွာေနရတယ္အသည္းအသန္ပဲ"

နယ္စပ္မွာရွိတဲ့ လုံၿခဳံေရးအရာရွိေတြက ေရာဂါထိန္းခ်ဳပ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို တင္းတင္းက်ပ္က်ပ္ လိုက္နာရမယ္။ ႏိုင္ငံတြင္းကုိ တရားမဝင္ ခိုးဝင္လာတဲ့ ျဖစ္ရပ္ေတြ ေပၚမွာ ဖမ္းဆီးဖို ့ ပ်က္ကြက္တဲ့ တာဝန္ရွိ အရာရွိေတြဟာ အေရးယူခံရမယ္လို့လည္း၀န္ႀကီးခ်ဳပ္က သတိေပးပါတယ္။

ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ Omicronနဲ့ ပတ္သက္လို့ ေနာက္ဆံုးေတြ ့ရွိခ်က္အခ်က္အလက္ေတြကို ေလ့လာေစာင့္ႀကည့္ေနဖို့ သက္ဆိုင္ရာဌာနဆိုင္ရာေတြကိုလည္း ထိုင္းဝန္ႀကီးခ်ဳပ္က ၫႊန္ၾကားထားၿပီး၊ Delta နဲ႔ Alpha လိုမ်ိဳး လူသိမ်ားတဲ့မ်ိဳးကြဲေတြနဲ႔ ယွဥ္ရင္ ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးသစ္ Omicron ရဲ ့ကူးစက္ပ်ံႏွံုမူ့ ေရာဂါလကၡဏာရဲ႕ျပင္းထန္မႈႏႈန္းကို ေသခ်ာသိရွိျပီး အတိအက်လိုက္နာဖို႔ ကိုလည္း ၫႊန္ၾကားထားပါတယ္။

ေတာင္အာဖရိကမွာ ႏိုဝင္ဘာ ၂၄ ရက္က ထုတ္ျပန္ခဲ့တဲ့ မ်ိဳးကြဲဗီဇေျပာင္းကိုဗစ္ေရာဂါပိုးသစ္Omicron တားဆီဖို့ အာဖရိကႏိုင္ငံရွစ္ႏိုင္ငံက ေလေၾကာင္းခရီးသည္ေတြကို ထိုင္းႏိုင္ငံက ဒီဇင္ဘာလကစျပီးပိတ္ပင္သြားမယ္လို့ စေန့ေန့ကေႀကျငာထားပါတယ္

ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးသစ္Omicronနဲ့ပတ္သက္လို့ တိက်တဲ့ အခ်က္အလက္မ်ားကိုလည္း ထိုင္းအစိုးရက ျပည္သူေတြကိုေပးမွာျဖစ္ျပီး ႏိုင္ငံအတြင္း Omicron ကူးစက္မူ့အသစ္ကုိေတြ့ရွိရင္လည္း ျပည္သူမ်ားကုိ ခ်က္ခ်င္း အသိေပးအေၾကာင္းၾကားမယ္ဆုိတဲ့အေႀကာင္းထိုင္းအစိုုးရေျပာေရးဆိုခြင့္ရွိသူ Mr. Thanakorn ကလည္းေျပာဆိုခဲ့ပါတယ္ရွင္။

..................................

တိုက္႐ိုက္ လင့္ခ္

Omicron ကူးစက်မှု တားဆီးရေး ထိုင်း အရှိန်မြှင့် ဆောင်ရွက်

{{Unicode}}

ကိုဗစ်ရောဂါပိုးသစ် Omicron ကိုအနီးကပ် စောင့်ကြည့်နိုင်ဖို့ထိုင်းဝန်ကြီးချုပ် Prayut Chan-o-chaက ဌာနဆိုင်ရာတွေကို ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ ကသတင်းပေးပို့ထားပါတယ် ။

ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ် Omicron နဲ့ပတ်သက်လို့ နိုင်ငံတဝှမ်း စိုးရိမ်ပူပန်မူတွေရှိနေတဲ့အတွက် ထိုင်းအစိုးရအနေနဲ့ Covid-19 အခြေအနေကို အနီးကပ်စောင့်ကြည့်နေတာပါ။ ဒီအတွက်ထိုင်းနိုင်ငံအတွင်းက ဝင်ရောက်လာသူအားလုံးကို လုံခြုံရေးနဲ့ ကျန်းမာရေး စစ်ဆေးတဲ့အစီအမံများ ကိုတိုးမြှင့်ဆောင်ရွက်ဖို့အတွက် ထိုင်းဝန်ကြီးချုပ် Prayut Chan-o-chaကညွန်ကြားချက်ထုတ်ပြန်လိုက်ပါတယ် ။နိုဝင်ဘာလ၃၀ရက်နေ့က သတင်းထောက်တွေကို ထိုင်းဝန်ကြီးချုပ်ကထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ် Omicronနိုင်ငံတကာမှာပြန်ပွားလာတာနဲ့ပါတ်သက်လို့ထိုင်းအစိုးရအနေနဲ့ တိုင်းပြည်တွင်းဝင်လာတဲ့ နိုင်ငံခြားသားတွေကို ကျန်းမာရေးဆိုင်ရာစစ်ဆေးမှု တွေမှာ ပြန်လည် တင်းကြပ်စွာစစ်ဆေးမှုတွေ လုပ်ရတော့မယ်။ ထိုင်းအစိုးရအနေနဲ့လည်း သထိထားစောင့်ကြည့်နေပါတယ်လို နိုဝင်ဘာလ၃၀ရက်နေ့ကသတင်းစာရှင်းပွဲမှာပြောဆိုသွားပါတယ် ။

အိမ်နီးချင်းနိုင်ငံတွေကနေ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ် Omicronဝင်လာနိုင်မယ့်အရေး ထိုင်းနယ်စပ်တွေကို ပိုမိုလုံခြုံရေးတင်းကြပ်စွ ာချထားဖို့ ဝန်ကြီးချုပ်က အမိန့်ပေးနေချိန်မှာပဲ ဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ် Omicron စတင်တွေ့ရှိရာအာဖရိက နိုင်ငံတွေက ဝင်လာသူ ၂၅၀ကျော်ရှိနေတဲ့အတွက် ထိုင်းအစိုးရက ဒီလူတွေကိုအပူတပြင်းရှာဖွေမူတွေလုပ်နေရတယ်လို့ ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံဦးမင်ဦးကအခုလိုပြောပါတယ်။

"Border တွေနယ်စပ်တွေကို လုံးခြုံရေးတင်းကြပ်စွာချခိုင်းတယ်။ တရားမဝင်တဲ့သူတွေဝင်လာမှာ အိမ်နီချင်းနိုင်ငံတွေကဝင်လာမယ့်ဟာကိုအထူး စောင့်ကြည့်ရမယ်လို့ ဝန်ကြီးချုပ်ကအမိန့်ပေးတယ်။ ဒါပေမယ့် အာဖရိကမှာ ဒီပိုးကိုတွေ့တယ်ဆိုတော့အာဖရိက ဝင်လာသူတွေကို သူတို့အထူးစောင့်ကြည့်ရမှာထိုင်းသတင်းတွေမှာတော့အယောက် ၂၅၀ကျော်ရှိတယ် သူတို့အခုမှ လိုက်ရှာနေရတယ်အသည်းအသန်ပဲ"

နယ်စပ်မှာရှိတဲ့ လုံခြုံရေးအရာရှိတွေက ရောဂါထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်။ နိုင်ငံတွင်းကို တရားမဝင် ခိုးဝင်လာတဲ့ ဖြစ်ရပ်တွေ ပေါ်မှာ ဖမ်းဆီးဖို့ ပျက်ကွက်တဲ့တာဝန်ရှိ အရာရှိတွေဟာ အရေးယူခံရမယ်လို့လည်းဝန်ကြီးချုပ်က သတိပေးပါတယ်။

ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ် Omicronနဲ့ ပတ်သက်လို့ နောက်ဆုံးတွေ့ရှိချက်အချက်အလက်တွေကို လေ့လာစောင့်ကြည့်နေဖို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုလည်း ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားပြီး၊Delta နဲ့ Alpha လိုမျိုး လူသိများတဲ့မျိုးကွဲတွေနဲ့ ယှဉ်ရင် ဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ် Omicron ရဲ့ကူးစက်ပျံနှုံမူ့ ရောဂါလက္ခဏာရဲ့ပြင်းထန်မှုနှုန်းကိုသေချာသိရှိပြီး အတိအကျလိုက်နာဖို့ ကိုလည်း ညွှန်ကြားထားပါတယ်။

တောင်အာဖရိကမှာ နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့မျိုးကွဲဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ်Omicron တားဆီဖို့ အာဖရိကနိုင်ငံရှစ်နိုင်ငံက လေကြောင်းခရီးသည်တွေကိုထိုင်းနိုင်ငံက ဒီဇင်ဘာလကစပြီးပိတ်ပင်သွားမယ်လို့ စနေ့နေ့ကကြေငြာထားပါတယ်

ဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ်Omicronနဲ့ပတ်သက်လို့ တိကျတဲ့ အချက်အလက်များကိုလည်း ထိုင်းအစိုးရက ပြည်သူတွေကိုပေးမှာဖြစ်ပြီး နိုင်ငံအတွင်း Omicron ကူးစက်မူ့အသစ်ကိုတွေ့ရှိရင်လည်း ပြည်သူများကို ချက်ချင်း အသိပေးအကြောင်းကြားမယ်ဆိုတဲ့အကြောင်းထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Thanakorn ကလည်းပြောဆိုခဲ့ပါတယ်ရှင်။


XS
SM
MD
LG