သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ ဆန္ဒပြတောင်းဆို


ဘန်ကောက်မြို့မှာ ဘုရင်စနစ် အပြီးသတ်ဖျက်သိမ်းရေး လက်သုံးချောင်းထောင်ပြီး ဆန္ဒပြ နေကြစဉ် ( ဓာတ်ပုံ - REUTERS/Soe Zeya Tun )
ဘန်ကောက်မြို့မှာ ဘုရင်စနစ် အပြီးသတ်ဖျက်သိမ်းရေး လက်သုံးချောင်းထောင်ပြီး ဆန္ဒပြ နေကြစဉ် ( ဓာတ်ပုံ - REUTERS/Soe Zeya Tun )

(Zawgyi/Unicode)

ဒီကနေ့ ကြာသပတေးနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ရာနဲ့ ချီပြီး ဝန်ကြီးချုပ် Prayuth Chan-ocha ရာထူးကနှုတ်ထွက်ပေးရေးနဲ့ စည်းမျဉ်းခံ ဘုရင်စနစ် ကို လွှမ်းမိုးထိန်းချုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး တောင်းဆို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်တားမြစ်မှုတွေရှိတဲ့ ကြားကပဲ ချီတက်ဆန္ဒပြသူတွေဟာ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် အရေးတုံ့ပြန်ကိုင်တွယ်ပုံတွေ၊ နှေးကွေးပြီး နလန်မထူနိုင်သေးတဲ့ စီးပွါးရေး အခြေအနေတွေနဲ့ ကာကွယ်ဆေး ဆိုင်ရာမူဝါဒတွေမှာ ဘုရင်ပိုင် ကုမ္ပဏီပါဝင်ပတ်သက်နေတာတွေ စတာတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ပြည်သူတွေဆီကနေဖြစ်တည်လာရမှာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ တဦးကပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း လူငယ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးတပ်တွေရဲ့ ဖြိုခွဲတာကို ခံခဲ့ရသလို ဆန္ဒပြခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဒီလူငယ်တွေက ဘုရင်နဲ့ တော်ဝင်မိသားစုကို စော်ကားပြောဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ တင်းကြပ်တဲ့ စည်းမျဉ်း၊ အစဉ်အလာတွေကို ချိုးဖောက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ အဲဒီထဲက ဆန္ဒပြခေါင်းဆောင် အတော်များများကို အာမခံနဲ့ ပြန်လွှတ်ပေးထားတာဖြစ်ပါတယ်။ မတ်လတုန်းက ဆန္ဒပြပွဲတွေမှာလည်း ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်နှိမ်နှင်းတာကြောင့် ဆန္ဒပြသူဒါဇင်နဲ့ ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

..............................................................................................


(Unicode)





XS
SM
MD
LG