သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္ေရာဂါပိုးသစ္ကာကြယ္ေရး ထိုင္းျပင္ဆင္


ဘန္ေကာက္ၿမိဳ႕Grand Palace မွာ လာေရာက္လည္ပတ္သူ ကမၻာလွည့္ခရီးသည္တဦး။ (ႏိုဝင္ဘာ ၂၉ ၊၂၀၂၁)

{{Zawgyi/Unicode}}

ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးသစ္ Omicron ကို ကာကြယ္တားဆီးႏိုင္ဖို႔ ထိုင္းအစိုးရက အပူတျပင္းေဆာင္႐ြက္ေနတယ္လို႔ ထိုင္းႏိုင္ငံက က်န္းမာေရး ဒုဝန္ႀကီးက ဒီေန႔တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ေလာေလာဆယ္အထိေတာ့ Omicron ေရာဂါပိုးသစ္ကူးစက္သူ ထိုင္းႏိုင္ငံမွာ မရွိေသးဘူးလို႔လည္း ေျပာပါတယ္။ ခရီးသြားလုပ္ငန္းေတြျပန္လည္ လည္ပါတ္ႏိုင္ေအာင္ႀကိဳးစားေနတဲ့ ထိုင္းႏိုင္ငံက ဗီဇေျပာင္းကိုဗစ္ပိုးသစ္ ကာကြယ္ႏိုင္ဖို႔ ျပင္ဆင္ေနေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ကိုဗစ္ကပ္ေရာဂါကူးစက္မႈ အျမင့္ဆုံးအခ်ိန္ကထက္ ကူးစက္သူ ထက္ဝက္ေလာက္ ေလ်ာ့က်ေနတဲ့ ထိုင္းႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းေတြ၊ အထူးသျဖင့္ ခရီးသြားလုပ္ငန္းေတြ ျပန္လည္ နာလန္ထူႏိုင္ေရးအတြက္ စတင္ေနၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ ငံအပါအဝင္ ႏိုင္ငံေပါင္း ၆၀ ေက်ာ္က ခရီးသြားေတြအတြက္ ကိုဗစ္စည္းကမ္းခ်က္ေတြ ေျဖေလ်ာ့ၿပီး ႏိုဝင္ဘာ ၁ ရက္ေန႔ကတည္းက စတင္ၿပီး ျပန္လည္လက္ခံေနပါတယ္။ ဒီလိုအေျခအေနမွာပဲ ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးအသစ္ Omicron ကိုသတိျပဳရမယ့္ ကိုဗစ္ပိုးသစ္အျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က သတ္မွတ္ လိုက္တာေၾကာင့္ ဒီပိုးသစ္ကို ကာကြယ္ျပင္ဆင္မႈေတြ လုပ္ေနၿပီလို႔ ထိုင္းႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး Satit Pitutechaက ဒီကေန႔ႏိုဝင္ဘာ ၂၉ ရက္မွာ ျပဳလုပ္တဲ့ျပည္သူ႔က်န္းမာေရးဗဟိုဌာန အစည္းအေဝးမွာ အခုလိုေျပာသြားပါတယ္။

“ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးအသစ္ Omicron နဲ႔ပတ္သက္လို႔ထိုင္းႏိုင္ငံအေနနဲ႔ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ သတင္းအခ်က္အလက္ဆိုင္ရာ စုံစမ္းမႈေတြကိုလည္း အပူတျပင္းလုပ္ေနပါတယ္။ ထိုင္းႏိုင္ငံရဲ႕ ဓါတ္ခြဲခန္းေပါင္း ၃၀၀ ေက်ာ္မွာ ေရာဂါရွာေဖြစစ္ေဆးခ်က္အရေတာ့ ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးအသစ္ Omicron နဲ႔ပတ္သက္လို႔ မေတြ႕ရွိေသး”...ေၾကာင္းေျပာဆိုသြားတာပါ။

ထိုင္းႏိုင္ငံကသတ္မွတ္ရာထားခ်က္အတိုင္း ကိုဗစ္ကာကြယ္ေဆးေတြကို တႏိုင္ငံလုံးအႏွံ႔ ထိုးေပးေနတယ္လို႔လည္း ေျပာၾကားသြားပါတယ္။ အာဖရိကတိုက္ေတာင္ပိုင္းႏိုင္ငံေတြမွာ စတင္ေတြ႕ရွိတဲ့ ဗီဇေျပာင္း Omicron ကိုဗစ္ကပ္ေရာဂါပိုးသစ္ ကူးစက္သူေတြ အာရွက ေဟာင္ေကာင္အပါအဝင္ အေမရိကနဲ႔ ဥေရာပႏိုင္ငံတခ်ိဳ႕မွာ ေတြ႔ရွိေနတဲ့အတြက္ ႏိုင္ငံတခ်ိဳ႕က ခရီးသြားကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ေနၾကပါတယ္။ ဂ်ပန္ႏိုင္ငံက ႏိုဝင္ဘာ ၃၀ ရက္ကစၿပီး သူ႔ႏိုင္ငံထဲ ႏိုင္ငံျခားသားလာေရာက္ခြင့္ကို ယာယီပိတ္ပင္ထားမယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကလည္း ဒီေန႔ပဲ ေၾကညာခဲ့ပါတယ္။

“တကမၻာလံုးက ႏိုင္ငံျခားသားေတြ ဂ်ပန္ႏိုင္ငံထဲဝင္လာခြင့္ကို ႏိုဝင္ဘာ ၃၀ ရက္၊ သန္းေခါင္ယံကစလို႔ တားျမစ္မွာျဖစ္တယ္”..လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယို ရွီဒါးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ထုိင္း က်န္းမာေရးဝန္ႀကီးဌာနကေတာ့ အာဖရိက ၈ ႏိုင္ငံက ခရီးသြားေတြကို ဒီဇင္ဘာလကစၿပီး ျပည္ဝင္ခြင့္ မျပဳေတာ့ဘူးလို႔ စေနေန႔က ေၾကညာထားပါတယ္။

ထိုင္းႏိုင္ငံအေနနဲ႔ ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ နယ္စပ္ေတြကို ၂၀၂၂ ခုႏွစ္ထဲ ျပန္ဖြင့္ၿပီး ေ႐ႊေျပာင္းအလုပ္သမားေတြကို တရားဝင္ေခၚယူႏိုင္ဖို႔ အတြက္ စီစဥ္ေဆာင္႐ြက္မႈေတြလည္း ရွိေနပါတယ္။ ေလာေလာဆယ္နယ္စပ္ဂိတ္ေတြ ပိတ္ထားဆဲျဖစ္တာမို႔ ျမန္မာႏိုင္ငံဘက္က တရားမဝင္ ဝင္လာသူေတြလည္း ေန႔စဥ္လို ရွိေနပါတယ္။ ကူးစက္ျမန္ Delta ကိုဗစ္ပိုးသစ္ ကူးစက္မႈကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ထိန္းထားႏိုင္ပုံရေနခ်ိန္မွာ ေနာက္ထပ္ ဗီဇေျပာင္းပိုးသစ္ Omicron ကိုေတ့ြရွိတဲ့အတြက္ ႀကိဳတင္ကာကြယ္တားဆီးႏိုင္ဖို႔ ႏိုင္ငံေတြ ႀကိဳးစားေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

Omicron ကိုဗစ်ရောဂါပိုးသစ်ကာကွယ်ရေး ထိုင်းပြင်ဆင်

ဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ် Omicron ကို ကာကွယ်တားဆီးနိုင်ဖို့ ထိုင်းအစိုးရက အပူတပြင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံက ကျန်းမာရေး ဒုဝန်ကြီးက ဒီနေ့တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ လောလောဆယ်အထိတော့ Omicron ရောဂါပိုးသစ်ကူးစက်သူ ထိုင်းနိုင်ငံမှာ မရှိသေးဘူးလို့လည်း ပြောပါတယ်။ ခရီးသွားလုပ်ငန်းတွေပြန်လည် လည်ပါတ်နိုင်အောင်ကြိုးစားနေတဲ့ ထိုင်းနိုင်ငံက ဗီဇပြောင်းကိုဗစ်ပိုးသစ် ကာကွယ်နိုင်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကူးစက်မှု အမြင့်ဆုံးအချိန်ကထက် ကူးစက်သူ ထက်ဝက်လောက် လျော့ကျနေတဲ့ ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းတွေ ပြန်လည် နာလန်ထူနိုင်ရေးအတွက် စတင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင် ငံအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်က ခရီးသွားတွေအတွက် ကိုဗစ်စည်းကမ်းချက်တွေ ဖြေလျော့ပြီး နိုဝင်ဘာ ၁ ရက်နေ့ကတည်းက စတင်ပြီး ပြန်လည်လက်ခံနေပါတယ်။ ဒီလိုအခြေအနေမှာပဲ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ကိုသတိပြုရမယ့် ကိုဗစ်ပိုးသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ် လိုက်တာကြောင့် ဒီပိုးသစ်ကို ကာကွယ်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Satit Pitutechaက ဒီကနေ့နိုဝင်ဘာ ၂၉ ရက်မှာ ပြုလုပ်တဲ့ပြည်သူ့ကျန်းမာရေးဗဟိုဌာန အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။

“ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron နဲ့ပတ်သက်လို့ထိုင်းနိုင်ငံအနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ သတင်းအချက်အလက်ဆိုင်ရာ စုံစမ်းမှုတွေကိုလည်း အပူတပြင်းလုပ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဓါတ်ခွဲခန်းပေါင်း ၃၀၀ ကျော်မှာ ရောဂါရှာဖွေစစ်ဆေးချက်အရတော့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron နဲ့ပတ်သက်လို့ မတွေ့ရှိသေး”...ကြောင်းပြောဆိုသွားတာပါ။

ထိုင်းနိုင်ငံကသတ်မှတ်ရာထားချက်အတိုင်း ကိုဗစ်ကာကွယ်ဆေးတွေကို တနိုင်ငံလုံးအနှံ့ ထိုးပေးနေတယ်လို့လည်း ပြောကြားသွားပါတယ်။ အာဖရိကတိုက်တောင်ပိုင်းနိုင်ငံတွေမှာ စတင်တွေ့ရှိတဲ့ ဗီဇပြောင်း Omicron ကိုဗစ်ကပ်ရောဂါပိုးသစ် ကူးစက်သူတွေ အာရှက ဟောင်ကောင်အပါအဝင် အမေရိကနဲ့ ဥရောပနိုင်ငံတချို့မှာ တွေ့ရှိနေတဲ့အတွက် နိုင်ငံတချို့က ခရီးသွားကန့်သတ်ချက်တွေ ထုတ်ပြန်နေကြပါတယ်။ ဂျပန်နိုင်ငံက နိုဝင်ဘာ ၃၀ ရက်ကစပြီး သူ့နိုင်ငံထဲ နိုင်ငံခြားသားလာရောက်ခွင့်ကို ယာယီပိတ်ပင်ထားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ကလည်း ဒီနေ့ပဲ ကြေညာခဲ့ပါတယ်။

“တကမ္ဘာလုံးက နိုင်ငံခြားသားတွေ ဂျပန်နိုင်ငံထဲဝင်လာခွင့်ကို နိုဝင်ဘာ ၃၀ ရက်၊ သန်းခေါင်ယံကစလို့ တားမြစ်မှာဖြစ်တယ်”..လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ရှီဒါးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်း ကျန်းမာရေးဝန်ကြီးဌာနကတော့ အာဖရိက ၈ နိုင်ငံက ခရီးသွားတွေကို ဒီဇင်ဘာလကစပြီး ပြည်ဝင်ခွင့် မပြုတော့ဘူးလို့ စနေနေ့က ကြေညာထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်တွေကို ၂၀၂၂ ခုနှစ်ထဲ ပြန်ဖွင့်ပြီး ရွှေပြောင်းအလုပ်သမားတွေကို တရားဝင်ခေါ်ယူနိုင်ဖို့ အတွက် စီစဉ်ဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။ လောလောဆယ်နယ်စပ်ဂိတ်တွေ ပိတ်ထားဆဲဖြစ်တာမို့ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်လာသူတွေလည်း နေ့စဉ်လို ရှိနေပါတယ်။ ကူးစက်မြန် Delta ကိုဗစ်ပိုးသစ် ကူးစက်မှုကို နိုင်ငံတော်တော်များများမှာ ထိန်းထားနိုင်ပုံရနေချိန်မှာ နောက်ထပ် ဗီဇပြောင်းပိုးသစ် Omicron ကိုတေ့ွရှိတဲ့အတွက် ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတွေ ကြိုးစားနေကြပါတယ်။

#Covid19 #ThailandCovid #Omicron #VOABurmese

#အိုမီခရွန်#ထိုင်းကိုဗစ်#နယ်စပ်ပြန်ဖွင့်

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG