သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အုန္းဖ်န္ဒုကၡသည္စခန္း ကိုဗစ္ကူးစက္မႈ မ်ားျပား


အုန္းဖ်န္ဒုကၡသည္စခန္းက ကုိဗစ္လူနာမ်ား။ (ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲက အုန္းဖ်န္ဒုကၡသည္စခန္းမွာ ၂ လအတြင္း ကိုဗစ္ကပ္ေရာဂါ ကူးစက္သူ ၅၀၀ ေက်ာ္အထိ ရွိေနၿပီး ဒုကၡသည္ေတြ မိသားစုလုိက္ ကူးစက္မႈေတြနဲ႔ ကေလးေတြ ကူးစက္တာေတြ ျဖစ္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူကေတာ့ ၂ ဦးရွိၿပီလို႔ ဆုိပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲက အုန္းဖ်န္ဒုကၡသည္စခန္းမွာ ကုိဗစ္ကူးစက္သူ ၂ လအတြင္း ၅၀၀ ေက်ာ္ထိ ရွိေနပါတယ္။

ကိုဗစ္ဒုတိယလႈိင္းမွာတုန္းက ကူးစက္မႈ အနည္းငယ္သာ ရွိခဲ့ေပမယ့္ ကိုဗစ္တတိယလႈိင္းမွာေတာ့ ၂ လအတြင္း ဒုကၡသည္ေတြၾကား ဆက္တုိက္ကူးစက္မႈေတြ ရွိလာၿပီး ႏုိဝင္ဘာလထဲမွာေတာ့ ကူးစက္ခံရသူေတြထဲမွာ ကေလးေတြ မ်ားလာတယ္လို႔ အုန္းဖ်န္ဒုကၡသည္စခန္းက ဒုကၡသည္တဦးက ေျပာျပပါတယ္။

“အုန္းဖ်န္ဒုကၡသည္စခန္းမွာ ကိုဗစ္လူနာေတြကေတာ့ ၂ လအတြင္းမွာ လူ ၅၀၀ ေက်ာ္သြားၿပီ။ ၁၀ လပုိင္းမွာက တေယာက္ေသတယ္၊ ၁၁ လပုိင္းမွာက ၁ ေယာက္ေသတယ္။ မိသားစုလုိုက္ ကူးစက္တာရယ္ ကေလးေတြမွာ ပုိၿပီး ကူးစက္မႈ ျဖစ္လာတယ္။”

ကူးစက္ခံရသူေတြ မ်ားလာတဲ့အတြက္ ဒုကၡသည္စခန္းတြင္းက စာသင္ေက်ာင္းေတြ ဂိုေဒါင္ေတြကို ကုိဗစ္စင္တာအျဖစ္ ေျပာင္းလဲၿပီး ဖြင့္လွစ္ထားတယ္လို႔လည္း ေျပာျပပါတယ္။

“အထက္တန္းေက်ာင္း High School 1 မွာလည္း ထားတယ္။ ကိုဗစ္စင္တာ လုပ္ထားတယ္။ ဇံုေအ ဂိုေဒါင္မွာလည္း ထားတယ္။ ေနာက္ ေဆး႐ုံမွာ အခန္းေတြ ဖြင့္လိုက္တယ္။ အဲဒီလူေတြနဲ႔ ပတ္သက္လို႔ TBC က ဘတ္ ၆၈၀ ေပးတယ္၊ တေယာက္ကုိ။”

အခုဆိုရင္ ကုိဗစ္ကာကြယ္ေဆး ထိုးႏွံေပးတာေတြ ရိွေနၿပီး စခန္းတြင္း ဒုကၡသည္ဦးေရရဲ႕ ထက္ဝက္ေလာက္က ကိုဗစ္ကာကြယ္ေဆး ထိုးႏံွၿပီးစီးခဲ့ၿပီလို႔လည္း ေျပာျပပါတယ္။

“စခန္းရဲ႕ တာဝန္ရွိသူေတြက အသက္ ၁၈ ႏွစ္အထက္ေတြကို ကာကြယ္ေဆးထိုးၾကဖို႔ ဖိတ္ေခၚတယ္၊ တိုက္တြန္းတယ္၊ တဝက္နီးပါးေလာက္ကေတာ့ ကာကြယ္ေဆး ထုိးၿပီးသြားၿပီ။”

ၿပီးခဲ့တဲ့ႏွစ္ကေတာ့ အုန္းဖ်န္ဒုကၡသည္စခန္းမွာ ပထမဆံုး ကိုဗစ္ကပ္ေရာဂါပိုး စတင္ျဖစ္ခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက တဦးစ ႏွစ္ဦးစသာ ကုိဗစ္ျဖစ္ခဲ့ၿပီး အခုလို အစုလိုက္ အၿပံဳလိုက္ ကူးစက္တာေတြ မရွိခဲ့ပါဘူး။ အဲဒီေနာက္ ထမ္ဟင္ဒုကၡသည္စခန္း၊ မယ္လဒုကၡသည္စခန္း၊ မယ္လအူးနဲ႔ မယ္ရာမူစခန္းေတြမွာ ကိုဗစ္ကပ္ေရာဂါေတြ ထပ္ကူးစက္ခဲ့တာပါ။ ထိုင္းအစုိးရကေတာ့ စက္တင္ဘာလက စၿပီး ၄ လအတြင္းမွာ ကိုဗစ္ကာကြယ္ေဆး တႏုိင္ငံလံုး အၿပီးထိုးႏံွႏိုင္ဖို႔ ရည္မွန္းထားပါတယ္။ ဒီအတြက္ ႏုိဝင္ဘာလထဲမွာေတာ့ အုန္းဖ်န္ဒုကၡသည္စခန္းထဲမွာ မည္သူမဆို ကုိဗစ္ကာကြယ္ေဆး ထုိးႏွံႏုိင္ၿပီ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ အႏွစ္ ၃၀ ေက်ာ္ကတည္းက ျပည္တြင္းစစ္နဲ႔ ႏုိင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူေတြဟာ ထုိင္း-ျမန္မာနယ္စပ္မွာ ရွိတဲ့ ဒုကၡသည္စခန္း ၉ ခုမွာ ခိုလႈံေနၾကရပါတယ္။ တာ့ခ္ျပည္နယ္ထဲက အုန္းဖ်န္ဒုကၡသည္စခန္းမွာ လူဦးေရ ၈,၀၀၀ ေလာက္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အုန်းဖျန်ဒုက္ခသည်စခန်း ကိုဗစ်ကူးစက်မှု များပြား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ ၂ လအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၅၀၀ ကျော်အထိ ရှိနေပြီး ဒုက္ခသည်တွေ မိသားစုလိုက် ကူးစက်မှုတွေနဲ့ ကလေးတွေ ကူးစက်တာတွေ ဖြစ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူကတော့ ၂ ဦးရှိပြီလို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ ၂ လအတွင်း ၅၀၀ ကျော်ထိ ရှိနေပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာတုန်းက ကူးစက်မှု အနည်းငယ်သာ ရှိခဲ့ပေမယ့် ကိုဗစ်တတိယလှိုင်းမှာတော့ ၂ လအတွင်း ဒုက္ခသည်တွေကြား ဆက်တိုက်ကူးစက်မှုတွေ ရှိလာပြီး နိုဝင်ဘာလထဲမှာတော့ ကူးစက်ခံရသူတွေထဲမှာ ကလေးတွေ များလာတယ်လို့ အုန်းဖျန်ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပြပါတယ်။

“အုန်းဖျန်ဒုက္ခသည်စခန်းမှာ ကိုဗစ်လူနာတွေကတော့ ၂ လအတွင်းမှာ လူ ၅၀၀ ကျော်သွားပြီ။ ၁၀ လပိုင်းမှာက တယောက်သေတယ်၊ ၁၁ လပိုင်းမှာက ၁ ယောက်သေတယ်။ မိသားစုလိုက် ကူးစက်တာရယ် ကလေးတွေမှာ ပိုပြီး ကူးစက်မှု ဖြစ်လာတယ်။”

ကူးစက်ခံရသူတွေ များလာတဲ့အတွက် ဒုက္ခသည်စခန်းတွင်းက စာသင်ကျောင်းတွေ ဂိုဒေါင်တွေကို ကိုဗစ်စင်တာအဖြစ် ပြောင်းလဲပြီး ဖွင့်လှစ်ထားတယ်လို့လည်း ပြောပြပါတယ်။

“အထက်တန်းကျောင်း High School 1 မှာလည်း ထားတယ်။ ကိုဗစ်စင်တာ လုပ်ထားတယ်။ ဇုံအေ ဂိုဒေါင်မှာလည်း ထားတယ်။ နောက် ဆေးရုံမှာ အခန်းတွေ ဖွင့်လိုက်တယ်။ အဲဒီလူတွေနဲ့ ပတ်သက်လို့ TBC က ဘတ် ၆၈၀ ပေးတယ်၊ တယောက်ကို။”

အခုဆိုရင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတာတွေ ရှိနေပြီး စခန်းတွင်း ဒုက္ခသည်ဦးရေရဲ့ ထက်ဝက်လောက်က ကိုဗစ်ကာကွယ်ဆေး ထိုးနံှပြီးစီးခဲ့ပြီလို့လည်း ပြောပြပါတယ်။

“စခန်းရဲ့ တာဝန်ရှိသူတွေက အသက် ၁၈ နှစ်အထက်တွေကို ကာကွယ်ဆေးထိုးကြဖို့ ဖိတ်ခေါ်တယ်၊ တိုက်တွန်းတယ်၊ တဝက်နီးပါးလောက်ကတော့ ကာကွယ်ဆေး ထိုးပြီးသွားပြီ။”

ပြီးခဲ့တဲ့နှစ်ကတော့ အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပထမဆုံး ကိုဗစ်ကပ်ရောဂါပိုး စတင်ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက တဦးစ နှစ်ဦးစသာ ကိုဗစ်ဖြစ်ခဲ့ပြီး အခုလို အစုလိုက် အပြုံလိုက် ကူးစက်တာတွေ မရှိခဲ့ပါဘူး။ အဲဒီနောက် ထမ်ဟင်ဒုက္ခသည်စခန်း၊ မယ်လဒုက္ခသည်စခန်း၊ မယ်လအူးနဲ့ မယ်ရာမူစခန်းတွေမှာ ကိုဗစ်ကပ်ရောဂါတွေ ထပ်ကူးစက်ခဲ့တာပါ။ ထိုင်းအစိုးရကတော့ စက်တင်ဘာလက စပြီး ၄ လအတွင်းမှာ ကိုဗစ်ကာကွယ်ဆေး တနိုင်ငံလုံး အပြီးထိုးနံှနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီအတွက် နိုဝင်ဘာလထဲမှာတော့ အုန်းဖျန်ဒုက္ခသည်စခန်းထဲမှာ မည်သူမဆို ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကတည်းက ပြည်တွင်းစစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေကြရပါတယ်။ တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ လူဦးရေ ၈,၀၀၀ လောက် ရှိပါတယ်။

XS
SM
MD
LG