သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္မွာ ျမန္မာအလုပ္သမား တသိန္းခြဲ ကိုဗစ္ကာကြယ္ေဆးထိုးႏွံၿပီးစီး


မဲေဆာက္မွာ အေထာက္အထားမဲ့ေနထိုင္သူမ်ား ကိုဗစ္ကာကြယ္ေဆး လာေရာက္ထိုးၾကပံု။ (ႏိုဝင္ဘာ ၂၂၊ ၂၀၂၁)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕မွာ ရွိေနတဲ့ ျမန္မာႏိုင္ငံက ေ႐ႊေျပာင္းအလုပ္သမား ၁ သိန္းခြဲေလာက္ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ထိုးႏွံႏိုင္ခဲ့ၿပီလို႔ အလုပ္သမားေရးေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၂ သိန္းေက်ာ္ရွိတဲ့ထဲက ၁ သိန္းခြဲေလာက္ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးတာျဖစ္ပါတယ္။ ဘာအေထာက္အထားမွ ျပစရာ မလိုဘဲ လူတိုင္းေဆးထိုးႏိုင္တဲ့အေျခအေနအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္းအစိုးရက စက္တင္ဘာလကကစတင္ၿပီး ၄ လ အတြင္း တႏိုင္ငံလုံးအႏွံ႔ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ထိုးႏွံေပးႏိုင္ဖို႔ ရည္မွန္းထားရာမွာ တရားမဝင္ အေထာက္အထားမဲ့ေတြကိုပါ ကိုဗစ္ကာကြယ္ေဆးကို ေနရာအႏွံ႔မွာ လိုက္လံထိုးေပးေနပါတယ္ ။ ၂၀၂၂ ႏွစ္မွာ ထိုင္းျမန္မာနယ္စပ္ေတြ ျပန္ဖြင့္ဖို႔ရည္႐ြယ္ ထားတဲ့ နယ္စပ္က တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕မွာလည္း လူတိုင္းနီးပါး ကိုဗစ္ ကာကြယ္ေဆးထိုးႏွံဖို႔ တိုက္တြန္း ႏႈိးေဆာ္ေနပါတယ္။ အခုဆိုရင္ တာ့ခ္ျပည္နယ္ထဲက မဲေဆက္တခုတည္းမွာ ျမန္မာေတြ တသိန္းခြဲေလာက္ ကိုဗစ္ကာကြယ္ ေဆး ထိုးႏွံႏိုင္ခဲ့ၿပီလို႔ ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈ ေကာ္မတီဥကၠ႒ ဦးမိုးႀကိဳးကအခုလိုေျပာပါတယ္။

“မဲေဆာက္ေဆး႐ုံႀကီးရဲ႕ထုတ္ျပန္ခ်က္အရ တသိန္းေက်ာ္ရွိသြားၿပီ။ တသိန္းခြဲ ဝန္းက်င္ေလာက္က ထိုးၿပီးသားၿပီ။ ျမန္မာအေတာ္မ်ားမ်ားကိုပဲ ထိုးေနတာ ေနရာအႏွံ႔အျပားမွာေတြ႕ရတယ္။ ျမန္မာေတြက ဘာျဖစ္လို႔ တက္တက္ႂကြႂကြထိုးတယ္ဆိုတာ အေၾကာင္း ၂ ခ်က္ရွိတယ္။

ျမန္မာေတြ ကိုင္ေဆာင္ထားတဲ့စာ႐ြက္စာတမ္း လက္မွတ္ေတြ သက္တမ္းတိုးတဲ့အခါ ကိုဗစ္ထိုးၿပီးေၾကာင္း အေထာက္အထားမျပႏိုင္ရင္သက္တမ္းတိုးလို႔ မရဘူး။ လမ္းမွာသြားလာတဲ့အခ်ိန္က ရဲကေမးလို႔ ကိုဗစ္ကာကြယ္ေဆးမထိုးရေသးဘူးဆိုရင္ ေငြညႇစ္ေတာင္းခံေတြလည္းရွိတယ္။ အဲဒါေၾကာင့္ မထိုးမျဖစ္ ထိုးၾကတာ။”

မဲေဆာက္မွာ ခန႔္မွန္းေျခ ျမန္မာ၂ သိန္းထက္မနည္းရွိပါတယ္။ကာကြယ္ေဆး မထိုးႏွံရေသးတဲ့သူေတြကေတာ့ ၿမိဳျပင္နဲ႔ေဝးတဲ့ေနရာေတြက စိုက္ခင္းေတြကလူေတြ ေတာင္ယာေတြမွာ အလုပ္လုပ္ေနၾကသူေတြ ျဖစ္ၾကပါတယ္။ ဒါေပမယ့္လည္း ရပ္ကြက္အလိုက္ လိုက္လံထိုးေပးတဲ့အစီအစဥ္ေတြလည္း လုပ္ေနတာေၾကာင့္ အမ်ားစုကေတာ့ ကိုဗစ္ကာကြယ္ေဆး ထိုးႏိုင္ဖို႔ အခက္အခဲ မရွိႏိုင္ပါဘူး။”

မဲေဆာက္ၿမိဳ႕မွာ လူစည္ကားတဲ့ေနရာေတြမွာ ကိုဗစ္ကာကြယ္ေဆးထိုးေပးမွာျဖစ္ေၾကာင္းအသိေပးေၾကညာထားတဲ့အတြက ္ဘယ္ေနရာ ဘယ္ေဒသ ဘယ္ၿမိဳ႕ နယ္က မဆိုလာသူေတြ ကာကြယ္ေဆးထိုးႏိုင္ပါတယ္။ အေထာက္အထားလည္း မလိုအပ္တာေၾကာင့္ လူတိုင္းထိုးႏွံခြင့္ရၾကပါတယ္။

မဲေဆာက္ၿမိဳ႕မွာရွိတဲ့ အစၥလာမ္စာသင္ေက်ာင္းမွာလူ ၅၀၀ ေလာက္ ကာကြယ္ ေဆး ထိုးခဲ့ၾကသလို တျခားမယ္လမ၊ ဖြတ္ဖ ၿမိဳ႕နယ္ေတြမွာလည္း ျမန္မာေတြ ကာကြယ္ေဆးေတြ ထိုးႏွံတာေတြရွိတယ္လို႔ ပရဟိတ လုပ္ငန္းေတြလုပ္ေနတဲ့ ကိုမန္းမ်ိဳးျမင့္ကလည္းေျပာျပပါတယ္။

“မေန႔က မဲေဆာက္ၿမိဳ႕လယ္ေခါင္မွာရွိတဲ့ အစၥလာမ္စာသင္ေက်ာင္းမွာ ျမန္မာ ႏိုင္ငံသားေတြ အေထာက္အထားရွိရွိ မရွိရွိ လူ ၅၀၀ ေလာက္ကို ဒုတိယအႀကိမ္ ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနတယ္။ ေဆးကေတာ့ AstraZeneca vaccine။ အဲဒီမတိုင္ခင္မွာလည္း မယ္ေတာ္ေဆးခန္းမွာထိုးေပးတယ္။ အခု ထပ္ထိုးေပးဖို႔ရွိတယ္။ အေထာက္အထားရွိရွိ မရွိရွိ ထိုးေပးမွာေၾကာင့္ က်ေနာ္တို႔ စာရင္းေတြႀကိဳပို႔ထားပါတယ္။”

ထိုင္းအစိုးရက ထိုင္းတႏိုင္ငံလုံးအႏွံ႔ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးစီးခဲ့ရင္ ျမန္မအပါအဝင္ နယ္စပ္ေတြကိုလည္း ျပန္ဖြင့္ဖို႔ရည္မွန္းထားပါတယ္။ စုစုေပါင္း ကိုဗစ္ အတည္ျပဳလူနာ ၂ သန္း ၇ ေသာင္းေက်ာ္ရွိတဲ့ ထိုင္းႏိုင္ငံမွာ ကပ္ေရာဂါကာကြယ္ေဆးေတြ ေနရာအႏွံ႔ထိုးေပးေနတာေၾကာင့္ ေန႔စဥ္ အတည္ျပဳလူနာအေရအတြက္လည္း သိသိသာသာ က်ဆင္းသြားၿပီး ဒီေန႔ ႏိုဝင္ဘာ ၂၃ ရက္ အဂၤါေန႔ မွာ အတည္ျပဳလူနာ ၅,၀၀၀ ေက်ာ္သာ ရွိပါတယ္။ အခုလို ကူးစက္မႈေတြ က်လာတဲ့အတြက္ ထိုင္းအစိုးရက ႏိုင္ငံတကာခရီးသြားေတြကိုလည္း ျပန္လည္ ဖိတ္ေခၚေနၿပီး နယ္စပ္ စီးပြားေရးေတြ ျပန္ဖြင့္ႏိုင္ဖို႔အတြက္လည္း စီစဥ္ေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


=================

{{Unicode}}

မဲဆောက်မှာ မြန်မာအလုပ်သမား တသိန်းခွဲ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီး

မြန်မာနိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၁ သိန်းခွဲလောက် ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပြီလို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သိန်းကျော်ရှိတဲ့ထဲက ၁ သိန်းခွဲလောက် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတာဖြစ်ပါတယ်။ ဘာအထောက်အထားမှ ပြစရာမလိုဘဲ လူတိုင်းဆေးထိုးနိုင်တဲ့အခြေအနေအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းအစိုးရက စက်တင်ဘာလကကစတင်ပြီး ၄ လ အတွင်း တနိုင်ငံလုံးအနှံ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားရာမှာ တရားမဝင် အထောက်အထားမဲ့တွေကိုပါ ကိုဗစ်ကာကွယ်ဆေးကို နေရာအနှံ့မှာ လိုက်လံထိုးပေးနေပါတယ် ။ ၂၀၂၂ နှစ်မှာ ထိုင်းမြန်မာနယ်စပ်တွေ ပြန်ဖွင့်ဖို့ရည်ရွယ် ထားတဲ့ နယ်စပ်က တာ့ခ်ပြည်နယ် မဲဆောက်မြို့မှာလည်း လူတိုင်းနီးပါး ကိုဗစ် ကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။ အခုဆိုရင် တာ့ခ်ပြည်နယ်ထဲက မဲဆေက်တခုတည်းမှာ မြန်မာတွေ တသိန်းခွဲလောက် ကိုဗစ်ကာကွယ် ဆေး ထိုးနှံနိုင်ခဲ့ပြီလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“မဲဆောက်ဆေးရုံကြီးရဲ့ထုတ်ပြန်ချက်အရ တသိန်းကျော်ရှိသွားပြီ။ တသိန်းခွဲ ဝန်းကျင်လောက်က ထိုးပြီးသားပြီ။ မြန်မာအတော်များများကိုပဲ ထိုးနေတာ နေရာအနှံ့အပြားမှာတွေ့ရတယ်။ မြန်မာတွေက ဘာဖြစ်လို့ တက်တက်ကြွကြွထိုးတယ်ဆိုတာ အကြောင်း ၂ ချက်ရှိတယ်။

မြန်မာတွေ ကိုင်ဆောင်ထားတဲ့စာရွက်စာတမ်း လက်မှတ်တွေ သက်တမ်းတိုးတဲ့အခါ ကိုဗစ်ထိုးပြီးကြောင်း အထောက်အထားမပြနိုင်ရင်သက်တမ်းတိုးလို့ မရဘူး။ လမ်းမှာသွားလာတဲ့အချိန်က ရဲကမေးလို့ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင် ငွေညှစ်တောင်းခံတွေလည်းရှိတယ်။ အဲဒါကြောင့် မထိုးမဖြစ် ထိုးကြတာ။”

မဲဆောက်မှာ ခန့်မှန်းခြေ မြန်မာ၂ သိန်းထက်မနည်းရှိပါတယ်။ကာကွယ်ဆေး မထိုးနှံရသေးတဲ့သူတွေကတော့ မြိုပြင်နဲ့ဝေးတဲ့နေရာတွေက စိုက်ခင်းတွေကလူတွေ တောင်ယာတွေမှာ အလုပ်လုပ်နေကြသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း ရပ်ကွက်အလိုက် လိုက်လံထိုးပေးတဲ့အစီအစဉ်တွေလည်း လုပ်နေတာကြောင့် အများစုကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ဖို့ အခက်အခဲ မရှိနိုင်ပါဘူး။”

မဲဆောက်မြို့မှာ လူစည်ကားတဲ့နေရာတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးမှာဖြစ်ကြောင်းအသိပေးကြေညာထားတဲ့အတွက ်ဘယ်နေရာ ဘယ်ဒေသ ဘယ်မြို့ နယ်က မဆိုလာသူတွေ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ အထောက်အထားလည်း မလိုအပ်တာကြောင့် လူတိုင်းထိုးနှံခွင့်ရကြပါတယ်။

မဲဆောက်မြို့မှာရှိတဲ့ အစ္စလာမ်စာသင်ကျောင်းမှာလူ ၅၀၀ လောက် ကာကွယ် ဆေး ထိုးခဲ့ကြသလို တခြားမယ်လမ၊ ဖွတ်ဖ မြို့နယ်တွေမှာလည်း မြန်မာတွေ ကာကွယ်ဆေးတွေ ထိုးနှံတာတွေရှိတယ်လို့ ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ ကိုမန်းမျိုးမြင့်ကလည်းပြောပြပါတယ်။

“မနေ့က မဲဆောက်မြို့လယ်ခေါင်မှာရှိတဲ့ အစ္စလာမ်စာသင်ကျောင်းမှာ မြန်မာ နိုင်ငံသားတွေ အထောက်အထားရှိရှိ မရှိရှိ လူ ၅၀၀ လောက်ကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတယ်။ ဆေးကတော့ AstraZeneca vaccine။ အဲဒီမတိုင်ခင်မှာလည်း မယ်တော်ဆေးခန်းမှာထိုးပေးတယ်။ အခု ထပ်ထိုးပေးဖို့ရှိတယ်။ အထောက်အထားရှိရှိ မရှိရှိ ထိုးပေးမှာကြောင့် ကျနော်တို့ စာရင်းတွေကြိုပို့ထားပါတယ်။”

ထိုင်းအစိုးရက ထိုင်းတနိုင်ငံလုံးအနှံ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ရင် မြန်မအပါအဝင် နယ်စပ်တွေကိုလည်း ပြန်ဖွင့်ဖို့ရည်မှန်းထားပါတယ်။ စုစုပေါင်း ကိုဗစ် အတည်ပြုလူနာ ၂ သန်း ၇ သောင်းကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကာကွယ်ဆေးတွေ နေရာအနှံ့ထိုးပေးနေတာကြောင့် နေ့စဉ် အတည်ပြုလူနာအရေအတွက်လည်း သိသိသာသာ ကျဆင်းသွားပြီး ဒီနေ့ နိုဝင်ဘာ ၂၃ ရက် အင်္ဂါနေ့ မှာ အတည်ပြုလူနာ ၅,၀၀၀ ကျော်သာ ရှိပါတယ်။ အခုလို ကူးစက်မှုတွေ ကျလာတဲ့အတွက် ထိုင်းအစိုးရက နိုင်ငံတကာခရီးသွားတွေကိုလည်း ပြန်လည် ဖိတ်ခေါ်နေပြီး နယ်စပ် စီးပွားရေးတွေ ပြန်ဖွင့်နိုင်ဖို့အတွက်လည်း စီစဉ်နေပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #VOABurmese

=================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG