သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုန်းဖျန်ဒုက္ခသည်စခန်းမှာ ကိုဗစ် မိသားစုလိုက်ကူးစက်နေ


မြန်မာ စစ်ဘေးရှောင် တိုင်းရင်းသားဒုက္ခသည်တွေ ခိုလှုံရာ ထိုင်းနိုင်ငံ၊ အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ဆေးရုံ။ (ဓာတ်ပုံ-CJ)
မြန်မာ စစ်ဘေးရှောင် တိုင်းရင်းသားဒုက္ခသည်တွေ ခိုလှုံရာ ထိုင်းနိုင်ငံ၊ အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ဆေးရုံ။ (ဓာတ်ပုံ-CJ)

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် မယ်တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ တလကျော်အတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၃၀၀ ကျော်အထိရှိနေပြီး ဒုက္ခသည်တွေအတွင်း မိသားစုလိုက် ကူးစက်နေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူ ၆၀ကျော် အမျိုးသမီးကြီး တဦးလည်း သေဆုံးသွားခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ တလကျော်အတွင်းကိုဗစ်ကူးစက်သူ ၃၀၀ ကျော်ထိ ရှိနေပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာတုန်းက ကူးစက်မှု အနည်းငယ်သာရှိခဲ့ပေမဲ့ ဒီတလကျော်အတွင်းမှာတော့ ဒုက္ခသည်တွေကြား ဆက်တိုက်ကူးစက်မူတွေ က လူ ၃၀၀ အထိဖြစ်လာပြီး၊ မိသားစုလိုက် ကူးစက်မှုတွေပါ ရှိနေတယ်လို့ အုန်းဖျန် ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကပြောပြပါတယ်။

“၂၉ ရက် ၁၀ လပိုင်းက ၄ ယောက်။ ၃၀ ရက် ၁၀ လပိုင်း ၄ ယောက် ။ ၃၁ ရက်နေ့ ၁၀ လပိုင်း က ၁၈ ယောက်။ ၁ ရက် ၁၁ လပိုင်းက၄ ယောက်။၂ ရက် ၁၁ လပိုင်းက ၄၂ ယောက်။ ၃ ရက် ၁၁ လပိုင်း က ၁၀ ယောက်။ ၄ ရက် ၁၁ လပိုင်းက၈ ယောက်။ ၅ ရက် ၁၁ လပိုင်းက ၂ ယောက် ။ ၆ ရက် ၁၁ လပိုင်းမှာ ၂ ယောက်။ ၇ ရက် ၁၁ လပိုင်းက ၁၄ ယောက်။ ၈ ရက် ၁၁ လပိုင်းက ၉ ယောက်။ အရင် ၁၈၆ ယောက်။ အခု ၁၁၉ ယောက်။ စုစုပေါင်း ၃၀၅ ယောက် ။၃ ရက်နေ့က တယောက်ဆုံးတယ်။ ရပ်ကွက် (၅) ကကိုဗစ်နဲ့ပဲ။”

သေဆုံးသွားသူကတော့ အသက် ၆၀ ကျော် အမျိုးသမီးတဦးဖြစ်ပြီး လမ်းပေါ်မှာ မူးလဲပြီးနောက် ဆေးရုံရောက်တဲ့အခါမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အသက် ၆၀ ကျော် ၇၀ ဝန်းကျင်ပဲ။ လမ်းမှာလာရင်း မတ်တပ်ကပဲ လမ်းမှာလဲတာ။ လဲလို့ အဲဒီကနေ ဆေးရုံကိုခေါ်သွားတယ်။ အဲဒီနောက်သေသွားတယ်။ သေသွားပြီးတဲ့နောက် ပလာ( စခန်းအုပ်ချုပ်ရေးမှူး) က လူနာကို စစ်ခိုင်းတယ်။ စစ်ခိုင်းတော့ ပေါ့စတစ်ဖြစ်တယ်။စစ်ပြီးနောက် အဲဒီလူကို ချက်ချင်းသဂြိုဟ်ခိုင်းလိုက်တယ်။”

ပြီးခဲ့တဲ့နှစ်ကတော့ အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပထမဆုံး ကိုဗစ်ကပ်ရောဂါပိုး စတင်ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက တဦးစ နှစ်ဦးစသာ ကိုဗစ်ဖြစ်ခဲ့ပြီး အခုလို အစုလိုက်အပြုံလိုက် ကူးစက်တာတွေ မရှိခဲ့ပါဘူး။ အဲဒီနောက်ထမ်ဟင်ဒုက္ခသည်စခန်း၊ မယ်လ ဒုက္ခသည်စခန်း၊ မယ်လအူးနဲ့ မယ်ရာမူစခန်းတွေမှာ ကိုဗစ်ကပ်ရောဂါတွေ ထပ်ကူးစက်ခဲ့တာပါ။ ထိုင်းအစိုးရကတော့ စက်တင်ဘာလက စပြီး ၄ လအတွင်းမှာ ကိုဗစ်ကာကွယ်ဆေး တနိုင်ငံလုံး အပြီးထိုးနံှနိုင်ဖို့ရည်မှန်းထားပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်တဲ့ အရေအတွက်က အနည်းအကျဉ်းသာ ရှိသေးပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကိုသာ ဦးစားပေးထိုးနှံနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကတည်းက ပြည်တွင်းစစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဟာထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခု မှာ ခိုလှုံနေကြရပါတယ်။ တာခ့် ပြည်နယ်ထဲကအုန်းဖျန်ဒုက္ခသည်စခန်းမှာ လူဦးရေ ၈ ထောင်လောက် ရှိပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းမှာ ကိုဗစ် မိသားစုလိုက်ကူးစက်နေ
please wait

No media source currently available

0:00 0:02:46 0:00
တိုက်ရိုက် လင့်ခ်


============

{{Unicode}}











============

XS
SM
MD
LG