သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်တေအတွက် J & J ကိုဗစ် ကာကွယ်ဆေး ကန် လှူဒါန်း မည်


အမေရိကန် ပြည်ထောင်စုမှ J&J ကိုဗစ်ကာကွယ်ဆေးများ အကူအညီပေးခဲ့စဉ်
အမေရိကန် ပြည်ထောင်စုမှ J&J ကိုဗစ်ကာကွယ်ဆေးများ အကူအညီပေးခဲ့စဉ်

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေအတွက် Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေကို အမေရိကန် ပြည်ထောင်စုက ရှေ့လ ဒီဇင်ဘာလအတွင်း လှူဒါန်းသွားမယ်လို့ ဝါရှင်တန်ဒီစီ နိုင်ငံရေးလောက အကြောင်း အဓိက ရေးသားနေတဲ့ Politico သတင်းဌာနက ဗုဒ်ဓဟူးနေ့က ဖော်ပြလိုက်ပါတယ်။

ဒါဟာ အမေရိကန် သမ္မတ Joe Biden အစိုးရက ကမ္ဘာ ပဋိပက္ခဖြစ်တဲ့ဒေသတွေဆီကို ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး အကူအညီပေးမယ်လို့ ကတိပေးခဲ့တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း အကောင်အထည်ဖော်မှုဖြစ်ပါတယ်။ အဲဒီလို အကူအညီပေးတာကို ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး ညီတူညီမျှရရှိရေး COVAX အစီအစဉ်ကနေတဆင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံကနေပြန်လာခဲ့တဲ့ အမေရိကန်သံတမန်ဟောင်း Bill Richardson ရဲ့ ပုဂ္ဂိုလိက ခရီးစဉ်မှာလည်း မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ဆိုတာပါဝင်ပါတယ်။ အဲဒီခရီးစဉ်မှာ သူအနေနဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ကူညီနိုင်ရေးနည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

..................................

{{Unicode}}




XS
SM
MD
LG