သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့ ကန် ရေတပ်သားတွေ ခံစားခွင့် ဆုံးရှုံးနိုင်


အမှတ်H ၁၅ ickam ဆေးဘက်ဆိုင်ရာအဖွဲ့က ပထမဆုံး အစုလိုက် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းကို ပုလဲဆိပ်ကမ်းမှာ ထမဆုံး စတင်စဉ်။ (ဖေဖေါ်ဝါရီ ၉ ၊ ၂၀၂၁)
အမှတ်H ၁၅ ickam ဆေးဘက်ဆိုင်ရာအဖွဲ့က ပထမဆုံး အစုလိုက် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းကို ပုလဲဆိပ်ကမ်းမှာ ထမဆုံး စတင်စဉ်။ (ဖေဖေါ်ဝါရီ ၉ ၊ ၂၀၂၁)

{{Zawgyi/Unicode}}

ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်ကြတဲ့ အမေရိကန် ရေတပ်သားတွေအနေနဲ့ မိခင်တပ်ရင်းက သီးခြားခွဲထုတ်ခံထားရနိုင်သလို စစ်မှုထမ်းဟောင်း ခံစားခွင့်တချို့လည်း ဆုံးရှုံးနိုင်ကြောင်း ရေတပ် မူဝါဒသစ်ထုတ်ပြန်ပါတယ်။

ရေတပ်သားတွေအားလုံး အပြည့်အဝ ကာကွယ်ဆေးထိုးရမယ့်နောက်ဆုံးနေ့ကို နိုဝင်ဘာ ၂၈ လို့ သတ်မှတ်ထားပါတယ်။ ဘာသာရေးအရ၊ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတွေအရ ခြွင်းချက်အနေနဲ့ လျှောက်ထားနိုင်ပေမယ့် ဒါကို အငြင်းခံရခဲ့ရင်တော့ ငါးရက်အတွင်း ကာကွယ်ဆေးထိုးရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ငြင်းဆန်တဲ့ ရေတပ်သားတွေဟာ ပညာရေးဆိုင်ရာ ခံစားခွင့်၊ ရာထူးတိုးမြှင့်ခြင်းနဲ့ အပိုဆုကြေးငွေတွေကို ဆုံးရှုံးမှာဖြစ်ပါတယ်။

အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ဆဲ တပ်သား ၉၉ % ကျော်ဟာ အနည်းဆုံး တကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးနေပြီး ၉၅ % ကတော့ ကာကွယ်ဆေး အပြည့်ထိုးပြီးနေပြီးဖြစ်ပါတယ်။ အရံတပ်သားတွေ နောက်ဆုံးထိုးမယ့်နေ့ကိုတော့ ဒီဇင်ဘာ ၂၈ လို့ သတ်မှတ်ထားပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ John Kirby က သတင်းထောက်တွေကို ဗုဒ္ဒဟူးနေ့ကပြောကြားရာမှာတော့ ရေတပ်ရဲ့ အခု နောက်ဆုံးမူဝါဒသစ်ကို ကာကွယ်ရေးဝန်ကြီး Lloyd Austin က ထောက်ခံတယ်လို့ပြောဆိုခဲ့ပါတယ်။

လေတပ်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးရက်နောက်ဆုံးရက်ကတော့ နိုဝင်ဘာ ၂ ရက်နေ့ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကာကွယ်ဆေးမထိုးရသေးတဲ့ တာဝန်ထမ်းဆောင်ဆဲ လေသူရဲ အာကာသတပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့်ရှိနေပြီး တဝက်လောက်ဟာ ဘာသာရေးအရ ချွင်းချက်အဖြစ်လျှောက်ထားကြပါတယ်။ ၈၀၀ လောက်ကတော့ ကာကွယ်ဆေးထိုးဖို့ ငြင်းထားတယ်လို့ လေတပ်က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}










=============

XS
SM
MD
LG