သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကု စမ်းသပ်ဆေးပြား ထုတ်လုပ်ရေး သဘောတူညီမှု ရရှိ


(Zawgyi / Unicode)

နိုင်ငံ ၉၅ နိုင်ငံ အတွက် Pfizer ရဲ့ စမ်းသပ်ဆဲ Covid-19 ဆေးပြားတွေ ထုတ်လုပ်နိုင်ရေး သဘောတူ စာချုပ်ကို ကုလသမဂ္ဂ ထောက်ခံထားတဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အဖွဲ့နဲ့ Pfizer တို့ လက်မှတ်ရေးထိုးလိုက်ပါပြီ။

ကမ ္ဘာ့လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းလောက် ရှိတဲ့ ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ် နိုင်ငံတွေအတွက် ဆေးပြားတွေ ထုတ်လုပ်နိုင်ရေး ဂျီနီဗာ အခြေစိုက် Medicines Patent Pool အဖွဲ့နဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် ဆေးဝါး ကုမ္ပဏီ Pfizer က အင်္ဂါနေ့မှာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု သိပ်ပြီး မပြင်းထန်သူတွေကနေ ပြင်းထန်မှု အလယ်အလတ် အဆင့်လောက် ရှိသူတွေ အတွက် ဆေးရုံတက်ရတဲ့ အခြေအနေနဲ့ သေဆုံးမှုကို အခု ဆေးပြားတွေက ၉၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ကြောင်း Pfizer က ပြောပါတယ်။

Pfizer ရဲ့ စမ်းသပ်မှု ရလဒ်တွေ အပေါ် ကျေနပ်အားရတာကြောင့် လေ့လာမှုကို အဆုံးသတ်ဖို့ သီးခြား လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ Covid-19 ဆေးပြားကို အသုံးပြုခွင့် မရသေးခင်မှာ သဘောတူညီချက် ရရှိခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကို အမြန် အဆုံးသတ်နိုင်ရေး အတွက် အထောက်အကူ ဖြစ်စေနိုင်မယ့် အပေါ်မှာ မျှော်လင့်ချက်တွေလည်း တိုးလာနေပါတယ်။

Pfizer ရဲ့ Covid ဆေးပြားကို အမြန်ဆုံး အသုံးပြုနိုင်ရေး အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန FDA နဲ့ တခြား စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့တွေက အတည်ပြုပေးရေး ဆောင်ရွက်မယ့် အကြောင်းလည်း Pfizer က ပြောဆိုထားပါတယ်။ ဝင်ငွေနည်း နိုင်ငံတွေထံ Pfizer ရဲ့ Covid ဆေးပြား ရောင်းချမှုတွေကနေ ကုမ္ပဏီ အနေနဲ့ ငွေကြေး ရရှိမှာ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG