သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Sinovac ကိုဗစ္ကာကြယ္ေဆး ျမန္မာပုဂၢလိက ကုမၸဏီတခု ပထမဆုံး တင္သြင္းခြင့္ရရွိ


Sinovac ကုိဗစ္ကာကြယ္ေဆး။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ တ႐ုတ္ Sinovac ကာကြယ္ေဆးကို ပထမဆုံး ပုဂၢလိက ကုမၸဏီတခုက တင္သြင္းခြင့္ရလိုက္ၿပီး ဘယ္သူမဆို စစ္ေကာင္စီ အစီအစဥ္နဲ႔ မဟုတ္ဘဲ လုံၿခဳံစြာ ထိုးခြင့္ရေတာ့မယ္လို႔ တာဝန္ရွိသူက ဆိုပါတယ္။ အခု ေသာၾကာေန႔မွာ ပထမဆုံးအသုတ္ ေရာက္လာၿပီး ကာကြယ္ေဆးထိုးခြင့္ရ ေနရာေတြကို ဆက္လက္ျဖန႔္ျဖဴးေပးကာ အခ်ိဳသာဆုံးေဈးႏႈန္းနဲ႔ ျဖန႔္ျဖဴးေပးဖို႔ ရွိတယ္လို႔ Sea Lion Group ကုမၸဏီ ေျပာခြင့္ရက ဆိုပါတယ္။ Sea Lion Group ကုမၸဏီ ကာကြယ္ေဆးမ်ား ေဈးကြက္ျမႇင့္တင္ေရး မန္ေနဂ်ာ ေဒါက္တာရတနာကို ကိုဝင္းမင္း ေမးရာမွာ ထူးျခားမႈကို အခုလို စရွင္းျပပါတယ္။

ေဒါက္တာရတနာ - “COVID-19 Sinovac CoronaVac ကာကြယ္ေဆးကို Private အေနနဲ႔ က်မတုိ႔အေနနဲ႔ ပထမဆုံး တင္သြင္းေရာင္းခ်ခြင့္ရတာ။ FDA က က်မတုိ႔ကုိ ႏုိဝင္ဘာ ၁ ရက္ေန႔မွာ ခြင့္ျပဳခဲ့တာပါ။ ၿပီးေတာ့ MOHS က တရားဝင္ခြင့္ျပဳထားတဲ့ ေဆးထုိးစင္တာ၊ ေဆး႐ုံ ေဆးခန္းေတြကို ေရာင္းခြင့္ရွိတာေပါ့။ သူတုိ႔ေတြကမွတဆင့္ ျပည္သူလူထုကို ျပန္ၿပီး ေရာင္းခ်မွာေပါ့။”

ကိုဝင္းမင္း - ေနာက္ေရာ ထူးျခားမႈရွိေသးလား။

ေဒါက္တာရတနာ - “ျပည္သူလူထုအေနနဲ႔လည္း ဒါက Private ေပးတာ ျဖစ္တဲ့အတြက္ ဘယ္သူမဆုိ ထုိးႏွံႏုိင္တယ္။ ေနာက္တခုက Sinovac ရဲ႕ ထူးျခားမႈအေနနဲ႔ အခုက တ႐ုတ္ႏုိင္ငံနဲ႔ ၆ ႏုိင္ငံမွာ ကေလးေတြကို ၃ ႏွစ္ကေနစၿပီးေတာ့ ထုိးေပးတယ္။ ဒါေပမယ့္ ျမန္မာႏုိင္ငံမွာေတာ့ ၁၂ ႏွစ္နဲ႔အထက္ေတြကို ထုိးေပးေနတယ္ေပါ့။ ၁၂ ႏွစ္နဲ႔အထက္ ကေလးေတြအတြက္ ထုိးႏွံႏုိင္ခြင့္ ျမန္မာႏုိင္ငံမွာ ရရွိတာေပါ့၊ ဒီ Sinovac အေနနဲ႔ၾကေတာ့။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျမန္မာႏုိင္ငံမွာၾကေတာ့ Pfizer တုိ႔ဘာတုိ႔ မရေသးဘူးဆုိေတာ့ ေလာေလာဆယ္ ကေလးေတြအတြက္ကေတာ့ Sinovac ထုိးဖို႔ Chance ရတာေပါ့။”

ကိုဝင္းမင္း - ေရာက္ရွိႏုိင္မႈ အေနအထား ပမာဏအားျဖင့္ေရာ ထူးျခားမႈရွိလား။

ေဒါက္တာရတနာ - “Sinovac ကို Private အေနနဲ႔ဆုိရင္ေတာ့ ၁၂ ရက္ေန႔မွာ ပထမဆုံး ေရာက္မယ္။ Sinovac တရားဝင္တင္သြင္းခြင့္ ရထားတယ္ဆုိေတာ့ ပမာဏအေနနဲ႔ သူတုိ႔ဘက္ကလည္း သတ္မွတ္ထားတာမ်ဳိးေတာ့ မရွိဘူး။ ကုိယ့္ဘက္ကလည္း Demand တက္ရင္ တက္သေလာက္ ထုိးဦးမွာေပါ့။ ေဈးႏႈန္းအေနနဲ႔ဆုိရင္ေတာ့ ညီမတုိ႔က ျပည္သူလူထုအေနနဲ႔ အသက္သာဆုံး အဆင္ေျပဆုံး ထိုးႏွံခြင့္ရမယ့္ ေဈးႏႈန္းမ်ဳိးကုိ ျဖစ္ႏုိင္ေအာင္ စီစဥ္ေပးထားတယ္။”

ကိုဝင္းမင္း - ျမန္တာေပါ့ေနာ္၊ အခုက ရက္ပုိင္းအတြင္း ေရာက္လာမွာဆုိေတာ့။

ေဒါက္တာရတနာ - “က်မတုိ႔စင္တာအေနနဲ႔က ၁၂ ႏွစ္နဲ႔အထက္ကုိ ျမန္မာႏုိင္ငံမွာလည္း အစုိးရအစီအစဥ္နဲ႔ မဟုတ္ဘဲနဲ႔ Private အေနနဲ႔ ထုိးႏွံခ်င္တဲ့သူေတြ အတြက္ကုိ ေစာင့္စရာမလုိေအာင္ ညီမတုိ႔က တဖက္က ႀကိဳးစားထားတာေပါ့။”

ကိုဝင္းမင္း - အခုလို ေရာက္ရွိလာတဲ့အတြက္ အဓိက အက်ဳိးသက္ေရာက္မႈ ဘာကို ေထာက္ျပခ်င္လဲ။

ေဒါက္တာရတနာ - “ကုိဗစ္ဆုိတာကလည္း အကုန္လုံး ကာကြယ္ေဆးထုိးထားမွ Safe ျဖစ္္မွာေလ။ တစုံတေယာက္ က်န္ေနတာနဲ႔လည္း အခ်ိန္မေရြး ျပန္ကူးစက္ႏုိင္တာ ျဖစ္တဲ့အတြက္ ဒါ ကာကြယ္ေဆးထုိးလုိက္ရင္ ရာႏႈန္းျပည့္ ကာကြယ္တယ္ မဟုတ္ဘူး ဆုိေပမယ့္လည္း ေသဆုံးႏႈန္းတို႔ ေရာဂါျပင္းထန္ႏႈန္းတုိ႔ ေလ်ာ့က်လာေအာင္ အဲဒီရည္ရြယ္ခ်က္နဲ႔ အဓိက သြင္းတာေပါ့။ ေနာက္ပုိင္းလည္း အဲဒီလိုပဲ ဒီေဆးကုိထုတ္လုပ္တဲ့ ႏုိင္ငံ တ႐ုတ္ျပည္ကက်ေတာ့ ၃ ႏွစ္ကေန စထုိးတာဆုိေတာ့။ အဲာ့ေတာ့ ေနာက္ပိုင္း National Level က ခြင့္ျပဳသြားမယ္၊ သူ႔ထက္ငယ္တဲ့ ၁၂ ႏွစ္ေအာက္ ခြင့္ျပဳသြားမယ္ဆုိလည္း ထုိးႏွံလုိ႔ရေအာင္ေပါ့။ အသင့္ျဖစ္ေနေအာင္ ကာကြယ္ေဆးကို စီစဥ္ထားတာပါ။”

ကိုဝင္းမင္း - ကာကြယ္ေဆးကို အာနိသင္မျပယ္ေအာင္ ထိန္းသိမ္းႏုိင္မႈ အေနအထားေရာ ကုမၸဏီအေနနဲ႔ ဘယ္လိုမ်ဳိး လုပ္ေဆာင္ထားလဲ။

ေဒါက္တာရတနာ - “အဓိကေတာ့ Cold Chain ေပါ့၊ အေအးထိန္းတဲ့ဟာ၊ အေအးထိန္းတဲ့ဟာ အေရးႀကီးတာ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ အဲဒါအတြက္ကို ညီမတုိ႔ဆီက Sea Lion ရဲ႕ ဆက္စပ္ကုမၸဏီျဖစ္တဲ့ SLDS ေပါ့၊ အဲဒါက ၂၀၂၀ ႏွစ္ကုန္ကေန စၿပီးေတာ့ ျပင္ဆင္တယ္။ ျပင္ဆင္ခဲ့ၿပီးေတာ့ ဒီၾကားထဲမွာ တ႐ုတ္ကုန္သည္ႀကီးမ်ားအသင္းက Sinopharm ေပ့ါ သြင္းလာတဲ့ ေဆးေတြကိုလည္း နယ္ၿမိဳ႕ေတြကို ေဝးလံတဲ့နယ္ၿမိဳ႕ေတြကို Cold Chain မပ်က္ေအာင္ ေဆးအာနိသင္ မပ်က္ေအာင္ ထိန္းသိမ္းေပးရတာလည္း ရွိတယ္၊ သယ္ယူပို႔ေဆာင္ေပးရတာလည္း ရွိတယ္။ Dose ၂၅၀,၀၀၀ အတြက္ကုိ ၿမိဳ႕ေပါင္း ၃၀ ေက်ာ္ကို ပုိ႔ေဆာင္ေပးခဲ့ရတယ္။”

ကိုဝင္းမင္း - အခုတေခါက္မွာလည္း မၾကာခင္ ေသာၾကာေန႔မွာ ေရာက္လာေတာ့မယ္ေပါ့။ အဲဒါေတြအတြက္ေရာ ဘယ္လိုပို႔ေဆာင္ဖို႔ အစီအစဥ္ရွိလဲ။ ျပည္သူေတြအတြက္ ဘယ္ေလာက္အေစာဆုံး ကာကြယ္ေဆး ထုိးလုိ႔ရႏုိင္မလဲ၊ ဘယ္လိုဆက္သြယ္ရမလဲ။

ေဒါက္တာရတနာ - “ပထမဆုံးအသုတ္ အေနနဲ႔ကေတာ့ ညီမတို႔က ရန္ကုန္ၿမိဳ႕က အဓိက။ ရန္ကုန္တုိင္းေဒသႀကီးအတြင္းက က်န္းမာေရးဝန္ႀကီးဌာနက ေဆးထုိးႏွံခြင့္ ခြင့္ျပဳခ်က္ ရထားတဲ့ ေဆး႐ုံ ေဆးခန္းေတြကို အရင္ပုိ႔ေဆာင္မွာေပါ့။ ၿပီးေတာ့မွ ေနာက္ပုိင္း ခြင့္ျပဳမိန္႔ရထားတဲ့ ေဆး႐ုံ စင္တာ နယ္ေတြမွာရွိတယ္ဆုိလည္း အဲဒီဟာေတြေပါ့၊ ဆက္လက္ၿပီးေတာ့ ပုိ႔ေပးမွာေပါ့။”

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

Sinovac ကိုဗစ်ကာကွယ်ဆေး မြန်မာပုဂ္ဂလိက ကုမ္ပဏီတခု ပထမဆုံး တင်သွင်းခွင့်ရရှိ

မြန်မာနိုင်ငံမှာ တရုတ် Sinovac ကာကွယ်ဆေးကို ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီတခုက တင်သွင်းခွင့်ရလိုက်ပြီး ဘယ်သူမဆို စစ်ကောင်စီ အစီအစဉ်နဲ့ မဟုတ်ဘဲ လုံခြုံစွာ ထိုးခွင့်ရတော့မယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ အခု သောကြာနေ့မှာ ပထမဆုံးအသုတ် ရောက်လာပြီး ကာကွယ်ဆေးထိုးခွင့်ရ နေရာတွေကို ဆက်လက်ဖြန့်ဖြူးပေးကာ အချိုသာဆုံးဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးဖို့ ရှိတယ်လို့ Sea Lion Group ကုမ္ပဏီ ပြောခွင့်ရက ဆိုပါတယ်။ Sea Lion Group ကုမ္ပဏီ ကာကွယ်ဆေးများ ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဒေါက်တာရတနာကို ကိုဝင်းမင်း မေးရာမှာ ထူးခြားမှုကို အခုလို စရှင်းပြပါတယ်။

ဒေါက်တာရတနာ - “COVID-19 Sinovac CoronaVac ကာကွယ်ဆေးကို Private အနေနဲ့ ကျမတို့အနေနဲ့ ပထမဆုံး တင်သွင်းရောင်းချခွင့်ရတာ။ FDA က ကျမတို့ကို နိုဝင်ဘာ ၁ ရက်နေ့မှာ ခွင့်ပြုခဲ့တာပါ။ ပြီးတော့ MOHS က တရားဝင်ခွင့်ပြုထားတဲ့ ဆေးထိုးစင်တာ၊ ဆေးရုံ ဆေးခန်းတွေကို ရောင်းခွင့်ရှိတာပေါ့။ သူတို့တွေကမှတဆင့် ပြည်သူလူထုကို ပြန်ပြီး ရောင်းချမှာပေါ့။”

ကိုဝင်းမင်း - နောက်ရော ထူးခြားမှုရှိသေးလား။

ဒေါက်တာရတနာ - “ပြည်သူလူထုအနေနဲ့လည်း ဒါက Private ပေးတာ ဖြစ်တဲ့အတွက် ဘယ်သူမဆို ထိုးနှံနိုင်တယ်။ နောက်တခုက Sinovac ရဲ့ ထူးခြားမှုအနေနဲ့ အခုက တရုတ်နိုင်ငံနဲ့ ၆ နိုင်ငံမှာ ကလေးတွေကို ၃ နှစ်ကနေစပြီးတော့ ထိုးပေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ၁၂ နှစ်နဲ့အထက်တွေကို ထိုးပေးနေတယ်ပေါ့။ ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် ထိုးနှံနိုင်ခွင့် မြန်မာနိုင်ငံမှာ ရရှိတာပေါ့၊ ဒီ Sinovac အနေနဲ့ကြတော့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာကြတော့ Pfizer တို့ဘာတို့ မရသေးဘူးဆိုတော့ လောလောဆယ် ကလေးတွေအတွက်ကတော့ Sinovac ထိုးဖို့ Chance ရတာပေါ့။”

ကိုဝင်းမင်း - ရောက်ရှိနိုင်မှု အနေအထား ပမာဏအားဖြင့်ရော ထူးခြားမှုရှိလား။

ဒေါက်တာရတနာ - “Sinovac ကို Private အနေနဲ့ဆိုရင်တော့ ၁၂ ရက်နေ့မှာ ပထမဆုံး ရောက်မယ်။ Sinovac တရားဝင်တင်သွင်းခွင့် ရထားတယ်ဆိုတော့ ပမာဏအနေနဲ့ သူတို့ဘက်ကလည်း သတ်မှတ်ထားတာမျိုးတော့ မရှိဘူး။ ကိုယ့်ဘက်ကလည်း Demand တက်ရင် တက်သလောက် ထိုးဦးမှာပေါ့။ ဈေးနှုန်းအနေနဲ့ဆိုရင်တော့ ညီမတို့က ပြည်သူလူထုအနေနဲ့ အသက်သာဆုံး အဆင်ပြေဆုံး ထိုးနှံခွင့်ရမယ့် ဈေးနှုန်းမျိုးကို ဖြစ်နိုင်အောင် စီစဉ်ပေးထားတယ်။”

ကိုဝင်းမင်း - မြန်တာပေါ့နော်၊ အခုက ရက်ပိုင်းအတွင်း ရောက်လာမှာဆိုတော့။

ဒေါက်တာရတနာ - “ကျမတို့စင်တာအနေနဲ့က ၁၂ နှစ်နဲ့အထက်ကို မြန်မာနိုင်ငံမှာလည်း အစိုးရအစီအစဉ်နဲ့ မဟုတ်ဘဲနဲ့ Private အနေနဲ့ ထိုးနှံချင်တဲ့သူတွေ အတွက်ကို စောင့်စရာမလိုအောင် ညီမတို့က တဖက်က ကြိုးစားထားတာပေါ့။”

ကိုဝင်းမင်း - အခုလို ရောက်ရှိလာတဲ့အတွက် အဓိက အကျိုးသက်ရောက်မှု ဘာကို ထောက်ပြချင်လဲ။

ဒေါက်တာရတနာ - “ကိုဗစ်ဆိုတာကလည်း အကုန်လုံး ကာကွယ်ဆေးထိုးထားမှ Safe ဖြစ်မှာလေ။ တစုံတယောက် ကျန်နေတာနဲ့လည်း အချိန်မရွေး ပြန်ကူးစက်နိုင်တာ ဖြစ်တဲ့အတွက် ဒါ ကာကွယ်ဆေးထိုးလိုက်ရင် ရာနှုန်းပြည့် ကာကွယ်တယ် မဟုတ်ဘူး ဆိုပေမယ့်လည်း သေဆုံးနှုန်းတို့ ရောဂါပြင်းထန်နှုန်းတို့ လျော့ကျလာအောင် အဲဒီရည်ရွယ်ချက်နဲ့ အဓိက သွင်းတာပေါ့။ နောက်ပိုင်းလည်း အဲဒီလိုပဲ ဒီဆေးကိုထုတ်လုပ်တဲ့ နိုင်ငံ တရုတ်ပြည်ကကျတော့ ၃ နှစ်ကနေ စထိုးတာဆိုတော့။ အဲာ့တော့ နောက်ပိုင်း National Level က ခွင့်ပြုသွားမယ်၊ သူ့ထက်ငယ်တဲ့ ၁၂ နှစ်အောက် ခွင့်ပြုသွားမယ်ဆိုလည်း ထိုးနှံလို့ရအောင်ပေါ့။ အသင့်ဖြစ်နေအောင် ကာကွယ်ဆေးကို စီစဉ်ထားတာပါ။”

ကိုဝင်းမင်း - ကာကွယ်ဆေးကို အာနိသင်မပြယ်အောင် ထိန်းသိမ်းနိုင်မှု အနေအထားရော ကုမ္ပဏီအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ထားလဲ။

ဒေါက်တာရတနာ - “အဓိကတော့ Cold Chain ပေါ့၊ အအေးထိန်းတဲ့ဟာ၊ အအေးထိန်းတဲ့ဟာ အရေးကြီးတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒါအတွက်ကို ညီမတို့ဆီက Sea Lion ရဲ့ ဆက်စပ်ကုမ္ပဏီဖြစ်တဲ့ SLDS ပေါ့၊ အဲဒါက ၂၀၂၀ နှစ်ကုန်ကနေ စပြီးတော့ ပြင်ဆင်တယ်။ ပြင်ဆင်ခဲ့ပြီးတော့ ဒီကြားထဲမှာ တရုတ်ကုန်သည်ကြီးများအသင်းက Sinopharm ပေ့ါ သွင်းလာတဲ့ ဆေးတွေကိုလည်း နယ်မြို့တွေကို ဝေးလံတဲ့နယ်မြို့တွေကို Cold Chain မပျက်အောင် ဆေးအာနိသင် မပျက်အောင် ထိန်းသိမ်းပေးရတာလည်း ရှိတယ်၊ သယ်ယူပို့ဆောင်ပေးရတာလည်း ရှိတယ်။ Dose ၂၅၀,၀၀၀ အတွက်ကို မြို့ပေါင်း ၃၀ ကျော်ကို ပို့ဆောင်ပေးခဲ့ရတယ်။”

ကိုဝင်းမင်း - အခုတခေါက်မှာလည်း မကြာခင် သောကြာနေ့မှာ ရောက်လာတော့မယ်ပေါ့။ အဲဒါတွေအတွက်ရော ဘယ်လိုပို့ဆောင်ဖို့ အစီအစဉ်ရှိလဲ။ ပြည်သူတွေအတွက် ဘယ်လောက်အစောဆုံး ကာကွယ်ဆေး ထိုးလို့ရနိုင်မလဲ၊ ဘယ်လိုဆက်သွယ်ရမလဲ။

ဒေါက်တာရတနာ - “ပထမဆုံးအသုတ် အနေနဲ့ကတော့ ညီမတို့က ရန်ကုန်မြို့က အဓိက။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျန်းမာရေးဝန်ကြီးဌာနက ဆေးထိုးနှံခွင့် ခွင့်ပြုချက် ရထားတဲ့ ဆေးရုံ ဆေးခန်းတွေကို အရင်ပို့ဆောင်မှာပေါ့။ ပြီးတော့မှ နောက်ပိုင်း ခွင့်ပြုမိန့်ရထားတဲ့ ဆေးရုံ စင်တာ နယ်တွေမှာရှိတယ်ဆိုလည်း အဲဒီဟာတွေပေါ့၊ ဆက်လက်ပြီးတော့ ပို့ပေးမှာပေါ့။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG