သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KIO လိုင္ဇာေဒသမွာ ကိုဗစ္ေၾကာင့္ သြားလာကန႔္သတ္မိန႔္ခ်မွတ္


မိုင္ဂ်ာယန္ နယ္ေျမ COVID-19 ကာကြယ္ေရးလုပ္ငန္းေတြကို စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - The Kachin Net၊ Kachin News Group - ဧၿပီလ ၂၅၊ ၂၀၂၀)

{{Zawgyi/Unicode}}

KIO ဌာခ်ဳပ္ လိုင္ဇာၿမိဳ႕မွာ Covid 19 ပိုးကူးစက္သူ ၁၀၀ ေက်ာ္အထိ ျပန္လည္ ျမင့္တက္လာေနတာေၾကာင့္ ဒီေန႔က စတင္ၿပီး လိုင္ဇာေဒသတခုလုံးကို Lockdown ေခၚ အသြားအလာကန႔္သတ္တာေတြ ခ်မွတ္လိုက္ပါတယ္။ ေလာေလာဆယ္ KIO ထိန္းခ်ဳပ္ေဒသ လိုင္ဇာ၊ မိုင္ဂ်ာယန္မွာ ပိုးေတြ႔လူနာေတြ ႐ုတ္တရက္မ်ားျပားလာတာေၾကာင့္ ေနရာထိုင္ခင္းနဲ႔ အစားအစာေတြ လိုအပ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ KIO ေဒသက Covid 19 ကူးစက္မႈအေျခအေနကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ကခ်င္လက္နက္ကိုင္အဖြဲ႔ KIO ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕မွာ Covid 19 ပိုးကူးစက္မႈဟာ ေအာက္တိုဘာ လကုန္ပိုင္းက စတင္ၿပီး ျပန္လည္ျမင့္တက္လာေနတာပါ။ ဒီလိုျမင့္တက္လာတဲ့အေျခအေနေၾကာင့္ လိုင္ဇာေဒသတခုလုံးကို အသြားအလာကန႔္သတ္ပိတ္ဆို႔လိုက္တယ္လို႔ KIO Covid -19 ေရာဂါ တားဆီးႏွိမ္နင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႈးႀကီး ဟိန္းဝမ္က VOA ကို ေျပာပါတယ္။

“ၿပီးခဲ့တဲ့ေအာက္တိုဘာ ၂၉- ၃၀- ၃၁ အေတာအတြင္းမွာ တေယာက္တေလ ေတြ႔လာတယ္။ အဲလိုဆိုေတာ့ လိုင္ဇာတခုလုံးကို Screening လုပ္ဖို႔အစီအစဥ္နဲ႔ တရက္ေန႔မွာ က်ေနာ္တို႔က စလိုက္တယ္။ စလိုက္တဲ့အခါမွာေတာ့ တရက္ေန႔မွာဆိုရင္ ဆယ္ေယာက္ေက်ာ္ ေတြ႔တယ္။ ႏွစ္ရက္ေန႔ဆိုရင္ အေယာက္ ၃၀ ေက်ာ္ေတြ႔တယ္။ ဒီေန႔ဆိုရင္ေတာ့ ၁၀၀ ေက်ာ္သြားၿပီ။ အဲလို အေျခအေန ေရာက္ေနတယ္။ အခု ဒီေန႔ ၃ ရက္ေန႔က စတင္ၿပီး လိုင္ဇာတခုလုံး၊ လိုင္ဇာဝန္းက်င္တခုလုံးကို Lockdown ခ်မွတ္လိုက္တယ္။”

လိုင္ဇာေဒသကို Lockdown ခ်မွတ္တာဟာ ဒါဟာ ဒုတိယအႀကိမ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လဆန္းကလည္း လိုင္ ဇာၿမိဳ႕ကို ဝင္ေရာက္လာသူအခ်ိဳ႕မွာ Covid ပိုးေတြ႔ရွိတာေၾကာင့္ ပထမဆုံးခ်မွတ္ခဲ့ဖူးပါတယ္။

ေလာေလာဆယ္မွာေတာ့ ပိုးေတြ႔ရွိထားသူေတြထဲက နာတာရွည္ေရာဂါရွိသူနဲ႔ အသက္ႀကီးသူေတြကို Covid ကုသေရးေဆာင္မွာ လက္ခံ ကုသေနပါတယ္။အသက္ငယ္သူေတြကိုေတာ့ သူတို႔ေနထိုင္ရာ ရပ္ကြက္က သင့္ေလ်ာ္တဲ့ေနရာမွာ စုထားၿပီး ကုသေပးေနပါတယ္။

KIO ထိန္းခ်ဳပ္ရာ တ႐ုတ္ - ျမန္မာနယ္စပ္က မိုင္ဂ်ာယန္နဲ႔ အင္ဂ်န္းယန္ၿမိဳ႕နယ္ အင္ဂြမ္လ ေက်း႐ြာက အေျခအေနကိုလည္း ဗိုလ္မႉးႀကီး ဟိန္းဝမ္က အခုလို ဆက္ေျပာပါတယ္။

“မိုင္ဂ်ာယန္ဘက္မွာဆိုရင္ Test kit နဲ႔ စစ္တာ၊ ေဆးထိုးရင္းနဲ႔ စစ္တာ၊ ကာကြယ္ေဆးထိုးရင္းနဲ႔ စစ္တာ အဲဒီမွာ တခ်ိဳ႕ေတာ့ ေတြ႔တယ္။ အစမွာဆိုရင္ ၆၀၀ ေက်ာ္ရွိတယ္။ အခုထပ္တိုးရင္လည္း ၇၀၀ ဝန္းက်င္ေတာ့ ရွိမယ္ထင္တယ္။ တပ္မဟာ ၁၊ အင္ဂ်န္းယန္ၿမိဳ႕နယ္ အဲဒီဘက္မွာေတာ့ ၄၀၀ ေက်ာ္။ အခု လက္ရွိ ျပန္စစ္ေတာ့ အခုေတာ့ နည္းနည္းျပန္ၿပီးေတာ့ ေလ်ာ့က်လာၿပီ။ သူတို႔က ေပ်ာက္ကင္းတာ ျမန္တယ္ဆိုေတာ့ ဘယ္လိုလဲဆို က်ေနာ္တို႔က သံသယရွိတယ္။ တကယ္ေကာ ျဖစ္ႏိုင္ပါ့မလားဆိုၿပီးေတာ့ ဒါေပမဲ့ သူတို႔ ေတာ္ေတာ္ေလး သက္သာလာၿပီလို႔ ေျပာၾကတယ္။ ခုက ေလ်ာ့ေတာ့ ေလ်ာ့လာၿပီ။”

လက္ရွိအေျခအေနကိုေတာ့ အင္ဂြန္လ ေက်း႐ြာနဲ႔ အဆက္အသြယ္ရွိတဲ့ ကက္သလစ္ဘာသာ ဘုန္းေတာ္ႀကီး တပါးက အခုလို မိန႔္ၾကားပါတယ္။

“အရင္တုံးက ၄၀၀ ေလာက္ကို အခု အဲဒီလူေတြက အကုန္ေပ်ာက္သြားၿပီတဲ့။ အခုေတာ့ ၂၀ ေလာက္ပဲ က်န္ေတာ့တယ္တဲ့။ အခု ထပ္စစ္တာေတာ့ သိပ္မရွိေတာ့ဘူးတဲ့။”

အင္ဂ်န္းယန္ၿမိဳ႕နယ္က အင္ဂြန္လ ေက်း႐ြာကေတာ့ ေအာက္တိုဘာလ ၂၃ ရက္ေန႔က စတင္ျဖစ္ပြားၿပီး အထက္တန္းေက်ာင္း ေဘာ္ဒါေဆာင္က ေက်ာင္းသား ၄၀၀ ေက်ာ္မွာ ပိုးေတြ႔ခဲ့တာပါ။

KIO ထိန္းခ်ဳပ္နယ္ေျမက လိုင္ဇာနဲ႔ မိုင္ဂ်ာယန္မွာ ပိုးေတြ႔လူနာ မ်ားျပားလာတာေၾကာင့္ သူတို႔ကိုသီးျခားထားဖို႔ ေနရာ အစားအေသာက္ လိုအပ္ခ်က္ေတြ ရွိလာတယ္လို႔ KIO Covid -19 ေရာဂါ တားဆီးႏွိမ္နင္းေရး ေကာ္မတီ အတြင္းေရးမႈး ဗိုလ္မႉးႀကီး ဟိန္းဝမ္က ေျပာပါတယ္။

“အဓိက လူနာက ႐ုတ္တရက္ ရာနဲ႔ ခ်ီမ်ားလာတယ္ဆိုေတာ့ သူတို႔ေနတဲ့ အေဆာင္ေတြ၊ ေနာက္ၿပီး ကုတင္ေတြ၊ အိပ္ယာေတြေတာ့ အေရးတႀကီးလိုေနတယ္။ ေနာက္ၿပီး အစားအေသာက္ဘက္မွာလည္း အစဆိုေတာ့ နည္းနည္း အဲဒါ အခက္အခဲရွိတယ္။ ေနာက္ ၃- ၄ ရက္ဆိုရင္ေတာ့ အဆင္ေျပသြားမယ္။ အဲဒါေတြရွိတယ္။ ေနာက္ၿပီးေတာ့ ဝန္ထမ္းေတြ၊ ဒီမွာ ပါဝင္ကူညီမယ့္ ေဗာ္လံတီယာေတြ အမ်ားႀကီး လိုအပ္တယ္။ အဲလိုမ်ိဳးအခက္အခဲေတြေတာ့ ေတာ္ေတာ္မ်ားပါတယ္ခင္ဗ်။”

မိုင္ဂ်ာယန္ၿမိဳ႕မွာ အခုလည္း Lockdown ခ်ထားရပါတယ္။

မိုင္ဂ်ာယန္ၿမိဳ႕မွာ ဇူလိုင္လေတြက Covid ကူးစက္သူ လူနာ ၄၅၀၀ ေလာက္ရွိခဲ့ၿပီး အသြားအလာ ကန႔္သတ္တာ Lockdownခ်ာတာေတြ ေဆာင္႐ြက္ခဲ့ပါတယ္။ ၾသဂုတ္လကုန္ပိုင္းမွာ ပိုးေတြ႔လူနာ ၂၀၀ ေလာက္သာ က်န္ရွိတာေၾကာင့္ စက္တင္ဘာလ ၁ ရက္ေန႔မွာ အသြားအလာကန႔္သတ္တာကို ေျဖေလ်ာ့ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------------

{{Unicode}}

KIO လိုင်ဇာဒေသမှာ ကိုဗစ်ကြောင့် သွားလာကန့်သတ်မိန့်ချမှတ်

KIO ဌာချုပ် လိုင်ဇာမြို့မှာ Covid 19 ပိုးကူးစက်သူ ၁၀၀ ကျော်အထိ ပြန်လည် မြင့်တက်လာနေတာကြောင့် ဒီနေ့က စတင်ပြီး လိုင်ဇာဒေသတခုလုံးကို Lockdown ခေါ် အသွားအလာကန့်သတ်တာတွေ ချမှတ်လိုက်ပါတယ်။ လောလောဆယ် KIO ထိန်းချုပ်ဒေသ လိုင်ဇာ၊ မိုင်ဂျာယန်မှာ ပိုးတွေ့လူနာတွေ ရုတ်တရက်များပြားလာတာကြောင့် နေရာထိုင်ခင်းနဲ့ အစားအစာတွေ လိုအပ်နေပါတယ်။ ရန်ကုန်ကလာတဲ့ KIO ဒေသက Covid 19 ကူးစက်မှုအခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာ Covid 19 ပိုးကူးစက်မှုဟာ အောက်တိုဘာ လကုန်ပိုင်းက စတင်ပြီး ပြန်လည်မြင့်တက်လာနေတာပါ။ ဒီလိုမြင့်တက်လာတဲ့အခြေအနေကြောင့် လိုင်ဇာဒေသတခုလုံးကို အသွားအလာကန့်သတ်ပိတ်ဆို့လိုက်တယ်လို့ KIO Covid -19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှုးကြီး ဟိန်းဝမ်က VOA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့အောက်တိုဘာ ၂၉- ၃၀- ၃၁ အတောအတွင်းမှာ တယောက်တလေ တွေ့လာတယ်။ အဲလိုဆိုတော့ လိုင်ဇာတခုလုံးကို Screening လုပ်ဖို့အစီအစဉ်နဲ့ တရက်နေ့မှာ ကျနော်တို့က စလိုက်တယ်။ စလိုက်တဲ့အခါမှာတော့ တရက်နေ့မှာဆိုရင် ဆယ်ယောက်ကျော် တွေ့တယ်။ နှစ်ရက်နေ့ဆိုရင် အယောက် ၃၀ ကျော်တွေ့တယ်။ ဒီနေ့ဆိုရင်တော့ ၁၀၀ ကျော်သွားပြီ။ အဲလို အခြေအနေ ရောက်နေတယ်။ အခု ဒီနေ့ ၃ ရက်နေ့က စတင်ပြီး လိုင်ဇာတခုလုံး၊ လိုင်ဇာဝန်းကျင်တခုလုံးကို Lockdown ချမှတ်လိုက်တယ်။”

လိုင်ဇာဒေသကို Lockdown ချမှတ်တာဟာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကလည်း လိုင် ဇာမြို့ကို ဝင်ရောက်လာသူအချို့မှာ Covid ပိုးတွေ့ရှိတာကြောင့် ပထမဆုံးချမှတ်ခဲ့ဖူးပါတယ်။

လောလောဆယ်မှာတော့ ပိုးတွေ့ရှိထားသူတွေထဲက နာတာရှည်ရောဂါရှိသူနဲ့ အသက်ကြီးသူတွေကို Covid ကုသရေးဆောင်မှာ လက်ခံ ကုသနေပါတယ်။အသက်ငယ်သူတွေကိုတော့ သူတို့နေထိုင်ရာ ရပ်ကွက်က သင့်လျော်တဲ့နေရာမှာ စုထားပြီး ကုသပေးနေပါတယ်။

KIO ထိန်းချုပ်ရာ တရုတ် - မြန်မာနယ်စပ်က မိုင်ဂျာယန်နဲ့ အင်ဂျန်းယန်မြို့နယ် အင်ဂွမ်လ ကျေးရွာက အခြေအနေကိုလည်း ဗိုလ်မှူးကြီး ဟိန်းဝမ်က အခုလို ဆက်ပြောပါတယ်။

“မိုင်ဂျာယန်ဘက်မှာဆိုရင် Test kit နဲ့ စစ်တာ၊ ဆေးထိုးရင်းနဲ့ စစ်တာ၊ ကာကွယ်ဆေးထိုးရင်းနဲ့ စစ်တာ အဲဒီမှာ တချို့တော့ တွေ့တယ်။ အစမှာဆိုရင် ၆၀၀ ကျော်ရှိတယ်။ အခုထပ်တိုးရင်လည်း ၇၀၀ ဝန်းကျင်တော့ ရှိမယ်ထင်တယ်။ တပ်မဟာ ၁၊ အင်ဂျန်းယန်မြို့နယ် အဲဒီဘက်မှာတော့ ၄၀၀ ကျော်။ အခု လက်ရှိ ပြန်စစ်တော့ အခုတော့ နည်းနည်းပြန်ပြီးတော့ လျော့ကျလာပြီ။ သူတို့က ပျောက်ကင်းတာ မြန်တယ်ဆိုတော့ ဘယ်လိုလဲဆို ကျနော်တို့က သံသယရှိတယ်။ တကယ်ကော ဖြစ်နိုင်ပါ့မလားဆိုပြီးတော့ ဒါပေမဲ့ သူတို့ တော်တော်လေး သက်သာလာပြီလို့ ပြောကြတယ်။ ခုက လျော့တော့ လျော့လာပြီ။”

လက်ရှိအခြေအနေကိုတော့ အင်ဂွန်လ ကျေးရွာနဲ့ အဆက်အသွယ်ရှိတဲ့ ကက်သလစ်ဘာသာ ဘုန်းတော်ကြီး တပါးက အခုလို မိန့်ကြားပါတယ်။

“အရင်တုံးက ၄၀၀ လောက်ကို အခု အဲဒီလူတွေက အကုန်ပျောက်သွားပြီတဲ့။ အခုတော့ ၂၀ လောက်ပဲ ကျန်တော့တယ်တဲ့။ အခု ထပ်စစ်တာတော့ သိပ်မရှိတော့ဘူးတဲ့။”

အင်ဂျန်းယန်မြို့နယ်က အင်ဂွန်လ ကျေးရွာကတော့ အောက်တိုဘာလ ၂၃ ရက်နေ့က စတင်ဖြစ်ပွားပြီး အထက်တန်းကျောင်း ဘော်ဒါဆောင်က ကျောင်းသား ၄၀၀ ကျော်မှာ ပိုးတွေ့ခဲ့တာပါ။

KIO ထိန်းချုပ်နယ်မြေက လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ ပိုးတွေ့လူနာ များပြားလာတာကြောင့် သူတို့ကိုသီးခြားထားဖို့ နေရာ အစားအသောက် လိုအပ်ချက်တွေ ရှိလာတယ်လို့ KIO Covid -19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ အတွင်းရေးမှုး ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောပါတယ်။

“အဓိက လူနာက ရုတ်တရက် ရာနဲ့ ချီများလာတယ်ဆိုတော့ သူတို့နေတဲ့ အဆောင်တွေ၊ နောက်ပြီး ကုတင်တွေ၊ အိပ်ယာတွေတော့ အရေးတကြီးလိုနေတယ်။ နောက်ပြီး အစားအသောက်ဘက်မှာလည်း အစဆိုတော့ နည်းနည်း အဲဒါ အခက်အခဲရှိတယ်။ နောက် ၃- ၄ ရက်ဆိုရင်တော့ အဆင်ပြေသွားမယ်။ အဲဒါတွေရှိတယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေ၊ ဒီမှာ ပါဝင်ကူညီမယ့် ဗော်လံတီယာတွေ အများကြီး လိုအပ်တယ်။ အဲလိုမျိုးအခက်အခဲတွေတော့ တော်တော်များပါတယ်ခင်ဗျ။”

မိုင်ဂျာယန်မြို့မှာ အခုလည်း Lockdown ချထားရပါတယ်။

မိုင်ဂျာယန်မြို့မှာ ဇူလိုင်လတွေက Covid ကူးစက်သူ လူနာ ၄၅၀၀ လောက်ရှိခဲ့ပြီး အသွားအလာ ကန့်သတ်တာ Lockdownချာတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ သြဂုတ်လကုန်ပိုင်းမှာ ပိုးတွေ့လူနာ ၂၀၀ လောက်သာ ကျန်ရှိတာကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှာ အသွားအလာကန့်သတ်တာကို ဖြေလျော့ခဲ့တာဖြစ်ပါတယ်။

#Covid19 #KachinCovid #VOABurmese

XS
SM
MD
LG