(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါ ဓာတ္ခြဲနမူနာေပါင္း ၁၉,၈၂၄ ခုကုိ စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္သူ ၁,၀၆၇ ေယာက္ရွိခဲ့ၿပီး ေသဆံုးသူ ၂၀ ဦးရွိတယ္လုိ႔ စစ္ေကာင္စီ၊ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီကေန႔ထုတ္ျပန္ခ်က္အရ ကူးစက္ႏႈန္း ၅.၃၈ ရာခုိင္ႏႈန္းရွိၿပီး ဒီလကုန္မွာ ၃ ရာခုိင္ႏႈန္းအထိ ေလ်ာ့က်ေအာင္လုပ္ဖုိ႔ စစ္ေကာင္စီေခါင္းေဆာင္က ေျပာထားပါတယ္။ ဒီေန႔အထိ တရားဝင္ ထုတ္ျပန္ခ်က္ပါ ကူးစက္ႏႈန္းအရ ဆိုရင္ေတာ့ ဒီလကုန္မွာ ၃ ရာခုိင္ႏႈန္းအထိ ေလ်ာ့က်ႏုိင္ေျခက မေရရာလွပါဘူး။
ကိုဗစ္တတိယလိႈင္းအတြင္း ကူးစက္ ေသဆံုးသူ အေရအတြက္ဟာ တရားဝင္ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြထက္ ပိုမ်ားႏုိင္တယ္လို႔ ပရဟိတ လုပ္သားေတြနဲ႔ က်န္းမာေရး ပညာရွင္ေတြက ေျပာထားပါတယ္။
အိမ္နီးခ်င္း ထိုင္းႏုိင္ငံမွာ ကူးစက္သူစုစုေပါင္း ၁၈ သန္းေက်ာ္ရွိၿပီး ေသဆံုးသူက ၁၈,၀၀၀ ေက်ာ္ရွိပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ ကူးစက္သူစုစုေပါင္းက ၅ သန္း မျပည့္ေသးေပမယ့္ ေသဆံုးသူ အေရအတြက္က ထိုင္းႏုိင္ငံနဲ႔ သိပ္မကြာလွတာေၾကာင့္ ေသဆံုးႏႈန္း ပိုျမင့္တယ္လို႔ ဆိုႏိုင္ပါတယ္။
ကာကြယ္ေဆးထိုးလုပ္ငန္းကို စစ္ေကာင္စီက အရွိန္တိုးျမႇင့္ လုပ္ေဆာင္ေနၿပီး အသက္ ၁၂ ႏွစ္အထက္ ေက်ာင္းသားေတြကိုပါ ကာကြယ္ေဆး ထိုးေပးေနတယ္လို႔ စစ္ေကာင္စီ သတင္းေတြမွာ ေဖာ္ျပပါတယ္။
လက္ရွိမွာ အေျခခံပညာေက်ာင္းေတြ ပိတ္ထားတာကိုလည္း ေအာက္တိုဘာလ ၂၅ ရက္ေန႔ကေန ၃၁ ရက္ေန႔အထိ ဆက္ပိတ္ထားမယ္လုိ႔ စစ္ေကာင္စီက ဒီကေန႔ ေၾကညာပါတယ္။
တ႐ုတ္ႏုိင္ငံကေန စစ္ေကာင္စီကဝယ္ထားတဲ့ Sinopharm ကိုဗစ္ကာကြယ္ေဆး ၂၄ သန္းထဲက ပၪၥမအသုတ္ ကာကြယ္ေဆး ၄ သန္း ေသာၾကာေန႔က ေရာက္လာတဲ့အေၾကာင္း ဒီကေန႔ထုတ္ စစ္ေကာင္စီ သတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။ အခုေရာက္လာတဲ့ အေရအတြက္နဲ႔ဆိုရင္ မွာထားတဲ့ အေရအတြက္ ၂၄ သန္းထဲက သန္း ၂၀ ေရာက္ၿပီးၿပီျဖစ္တယ္လုိ႔လည္း သတင္းမွာ ေရးထားပါတယ္။
----------------------
(Unicode)
၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၀၆၇ ဦး၊ သေဆုံး ၂၀ ဦး
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၁၉,၈၂၄ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၁,၀၆၇ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦးရှိတယ်လို့ စစ်ကောင်စီ၊ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်အရ ကူးစက်နှုန်း ၅.၃၈ ရာခိုင်နှုန်းရှိပြီး ဒီလကုန်မှာ ၃ ရာခိုင်နှုန်းအထိ လျော့ကျအောင်လုပ်ဖို့ စစ်ကောင်စီခေါင်းဆောင်က ပြောထားပါတယ်။ ဒီနေ့အထိ တရားဝင် ထုတ်ပြန်ချက်ပါ ကူးစက်နှုန်းအရ ဆိုရင်တော့ ဒီလကုန်မှာ ၃ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ခြေက မရေရာလှပါဘူး။
ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက် သေဆုံးသူ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်တယ်လို့ ပရဟိတ လုပ်သားတွေနဲ့ ကျန်းမာရေး ပညာရှင်တွေက ပြောထားပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကူးစက်သူစုစုပေါင်း ၁၈ သန်းကျော်ရှိပြီး သေဆုံးသူက ၁၈,၀၀၀ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကူးစက်သူစုစုပေါင်းက ၅ သန်း မပြည့်သေးပေမယ့် သေဆုံးသူ အရေအတွက်က ထိုင်းနိုင်ငံနဲ့ သိပ်မကွာလှတာကြောင့် သေဆုံးနှုန်း ပိုမြင့်တယ်လို့ ဆိုနိုင်ပါတယ်။
ကာကွယ်ဆေးထိုးလုပ်ငန်းကို စစ်ကောင်စီက အရှိန်တိုးမြှင့် လုပ်ဆောင်နေပြီး အသက် ၁၂ နှစ်အထက် ကျောင်းသားတွေကိုပါ ကာကွယ်ဆေး ထိုးပေးနေတယ်လို့ စစ်ကောင်စီ သတင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိမှာ အခြေခံပညာကျောင်းတွေ ပိတ်ထားတာကိုလည်း အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ဆက်ပိတ်ထားမယ်လို့ စစ်ကောင်စီက ဒီကနေ့ ကြေညာပါတယ်။
တရုတ်နိုင်ငံကနေ စစ်ကောင်စီကဝယ်ထားတဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေး ၂၄ သန်းထဲက ပဉ္စမအသုတ် ကာကွယ်ဆေး ၄ သန်း သောကြာနေ့က ရောက်လာတဲ့အကြောင်း ဒီကနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အခုရောက်လာတဲ့ အရေအတွက်နဲ့ဆိုရင် မှာထားတဲ့ အရေအတွက် ၂၄ သန်းထဲက သန်း ၂၀ ရောက်ပြီးပြီဖြစ်တယ်လို့လည်း သတင်းမှာ ရေးထားပါတယ်။