သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးနဲ႔ ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံ ကုန္ေသတၱာတင္ လုပ္ငန္းေတြ ထိခိုက္


ေရႊျပည္သာရွိ အထည္ခ်ဳပ္စက္႐ံုတခုျမင္ကြင္း။ (စက္တင္ဘာ ၁၈၊ ၂၀၁၅)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ စီးပြားေရးအေပၚ ႐ိုက္ခတ္လာေနရာမွာ ကုန္စည္ျဖန္႔ျဖဴးတဲ့ လုပ္ငန္းေတြမွာလည္း သိသိသာသာ ထိခိုက္ေနတယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ကုန္ေသတၱာတင္တဲြကား ၅,၀၀၀ ေလာက္နဲ႔ ရန္ကုန္ဆိပ္ကမ္းကေန ႏိုင္ငံအႏွံ႔ ကုန္စည္ျဖန္႔ျဖဴးေနတဲ့ “ကုန္ေသတၱာတင္ ေမာ္ေတာ္ယာဥ္မ်ားအသင္း” ဟာ ဆိုရင္လည္း အခုအခါ လုပ္ငန္း ၄ ပုံ ၁ ပုံေလာက္သာ လည္ပတ္ေနရတယ္လို႔ ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ လုပ္ငန္းရွင္ေတြကို ဆက္သြယ္ေမးျမန္းၿပီး ကုိေဇာ္မုိးေက်ာ္ တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံ ကုန္ေသတၱာတင္ ေမာ္ေတာ္ယာဥ္မ်ားအသင္းမွာ အသင္းဝင္ေရာ အသင္းမဝင္ေရာ ေမာ္ေတာ္ယာဥ္ စုစုေပါင္း ၅,၀၀၀ ေလာက္ရွိပါတယ္။ ကုိဗစ္ပထမလႈိင္းနဲ႔ ဒုတိယလႈိင္းေတြမွာ လုပ္ငန္းေတြ စတင္က်ဆင္းလာၿပီး လုပ္ငန္းေတြရဲ႕ ၂၀ ရာခုိင္ႏႈန္း၊ ၃၀ ရာခုိင္ႏႈန္းေလာက္ ရပ္ဆုိင္း က်ဆင္းသြားတယ္လုိ႔ အသင္းရဲ႕ တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးစုိးႏုိင္က ေျပာပါတယ္။

ဒါေပမယ့္ ႏွစ္ဆန္းပုိင္းေလာက္ကစၿပီး ကုိဗစ္တတိယလႈိင္း ႐ုိက္ခတ္ခဲ့တဲ့အျပင္ ႏုိင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ လုပ္ငန္းေတြဟာ ၇၅ ရာခုိင္ႏႈန္း၊ ၈၀ ရာခုိင္ႏႈန္းေလာက္ ရပ္ဆုိင္းသြားတယ္လုိ႔ ဆုိပါတယ္။ အခုအခါ လုပ္ငန္းအားလုံးရဲ႕ ၂၅ ရာခုိင္ႏႈန္းေလာက္ပဲ လည္ပတ္ႏုိင္ေတာ့တယ္လုိ႔ ဦးစုိးႏုိင္က ေျပာပါတယ္။

“Third Wave က ေတာ္ေတာ္ေလးၾကမ္းတယ္။ ေနာက္ၿပီးေတာ့ အခု ထပ္ေပါင္းလာတာက ႏုိင္ငံေရးျပႆနာေပါ့။ ႏုိင္ငံေရးျပႆနာ ေပါင္းလာတဲ့အတြက္ ယာဥ္ေမာင္းေတြေရာ ဘာေတြေရာ သူတုိ႔ ဆႏၵျပတာတုိ႔ ဘာတုိ႔ ကိစၥလည္းပါတယ္၊ ေနာက္တခါ ျပန္သြားၾကတယ္။ တခ်ဳိ႕က ဒီမွာလည္း လုံၿခဳံမႈမရွိလို႔ ရြာျပန္သြားၾကတယ္။ ၂,၇၀၀ ဆိုတဲ့ကားက က်ေနာ္တုိ႔ဆီမွာ က်န္တာ ယာဥ္ေမာင္းက ၅၀၀၊ ၆၀၀ ေလာက္ပဲ က်န္ေတာ့တယ္။ ေနာက္ လုပ္ငန္းကလည္း ေတာ္ေတာ္ေလးေတာ့ အ သြားတယ္။ အဲဒီအခ်ိန္ကေန အခုအခ်ိန္အထိ ေျပာမယ္ဆုိ ၂၅၊ ၂၀ ရာခုိင္ႏႈန္းက အမ်ားဆုံးပဲ၊ က်ေနာ္တုိ႔ရဲ႕ကားေတြ အလုပ္လုပ္ေနရတာ ၂၅ ရာခုိင္ႏႈန္းက အမ်ားဆုံးပဲ။”

သြင္းကုန္ထုတ္ကုန္ေတြ က်ဆင္းသြားတာ၊ ရပ္ဆုိင္းသြားတာေတြဟာလည္း ကုန္ေသတၱာတင္ ယာဥ္ေတြအတြက္ လုပ္ငန္းေတြ က်ဆင္းသြားရတဲ့ အေၾကာင္းရင္းတခု ျဖစ္ပါတယ္။

“အဓိက သြင္းကုန္ ထုတ္ကုန္နဲ႔ မူတည္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ရန္ကုန္ၿမိဳ႕က ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့အတြက္ ႏုိင္ငံရဲ႕ Import, Export အေပၚ မူတည္ၿပီးေတာ့ က်ေနာ္တုိ႔ရဲ႕ ထိခိုက္မႈက အတူတူပါပဲ။ ဥပမာေျပာမယ္ဆုိ က်ေနာ္က ဒီမွာ ကားအစီး ၅၀ နဲ႔ အလုပ္လုပ္တဲ့လူက တလကုိ အလုံး ၅၀၀ လုပ္တယ္ ဆုိပါေတာ့၊ အခု က်ေနာ္ အလုံး ၁၀၀ ဆုိတာ မနည္းလုပ္ေနရတယ္။ အလုံး ၁၀၀ ရဖုိ႔ဆုိတာေတာင္ မရွိေတာ့ဘူး။ မရွိရတဲ့ အေၾကာင္းရင္းက Import, Export နည္းသြားတာေၾကာင့္။”

ေနာက္တခုကေတာ့ ေလာင္စာဆီေစ်းေတြ တက္သြားတာ၊ ေဒၚလာေစ်း တက္သြားတာေတြဟာလည္း ကုန္စည္ပုိ႔ေဆာင္ေရး လုပ္ငန္းရွင္ေတြအေပၚ အမ်ားႀကီး ႐ုိက္ခတ္မႈ ရွိပါတယ္။ လုပ္ငန္းေတြ ဆက္လက္ရပ္တည္ဖုိ႔ေတာင္ အေတာ္ခက္ခဲသြားတယ္လုိ႔ ဦးစုိးႏုိင္က ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ကေတာ့ ဒီဇယ္နဲ႔ေမာင္းၿပီးသြားတဲ့ကားေတြ ျဖစ္တဲ့အတြက္ အထိဆုံးပဲ ေျပာရမွာေပါ့၊ ထိပ္တုိက္ထိတာပဲ။ ထိတဲ့ေနရာမွာ အလုပ္ပါးျခင္း ျဖစ္တဲ့အတြက္ ေဈးႏႈန္းေတာင္းဖုိ႔လည္း အင္မတန္ခက္တယ္။ ဘယ္လုိမွ အဆင္မေျပတဲ့အတြက္ က်ေနာ္တုိ႔ ညိႇႏႈိင္းမႈေတြနဲ႔ ေဈးႏႈန္းေတာ့ တက္တက္ၿပီး ေတာင္းရတာေပါ့။ ဆီကလည္း အဆမတန္ပဲ ျဖစ္သြားတာေလ။ အရင္တုန္းက တေခါက္ကို ၅၀,၀၀၀ ေလာက္ က်န္တယ္ဆုိရင္ အခုဆုိရင္ ၂၀,၀၀၀ ေလာက္ ၃၀,၀၀၀ ေလာက္ က်န္ဖို႔ေတာင္ မလြယ္ေတာ့ဘူး။ ေနာက္တခု ဒီ ေဒၚလာရဲ႕ Effect ေၾကာင့္ တာယာတို႔၊ ဘက္ထရီတို႔ သူ႔ရဲ႕ Accessories ေပါ့ဗ်ာ၊ ေနာက္က ပစၥည္းနဲ႔ပတ္သက္တာ အကုန္လုံးက တခုမွမက်ဘူး၊ အကုန္ အတက္ခ်ည္းပဲ။ အတက္ခ်ည္းပဲ ျဖစ္တဲ့အတြက္ ရပ္တည္ဖို႔ေတာင္ ေတာ္ေတာ္ေလးေတာ့ ခက္ခက္ခဲခဲ ျဖစ္ေနတာေပါ့။”

သက္ဆုိင္ရာ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေျဖရွင္းတာမ်ိဳးေတြေတာ့ မလုပ္ရေသးဘူးလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အခုေလာေလာဆယ္ ေျဖရွင္းေပးေနတဲ့ အစီအစဥ္တခ်ိဳ႕ ရွိေပမယ့္ အခက္အခဲေတြ အကုန္လုံးအတြက္ေတာ့ အဆင္မေျပႏုိင္ေသးဘူးလုိ႔ ေျပာပါတယ္။

“ေလာေလာဆယ္မွာေတာ့ တင္ျပထားတာေတာ့ မရွိေသးဘူး။ သူတုိ႔ ဟုိတေလာက လုပ္တာေတာ့ ရွိတယ္ဗ်။ ဒါေပမယ့္ ေအာင္ျမင္ျခင္း အျပည့္အဝ မရႏုိင္ပါဘူး။ သူတုိ႔ ေဒၚလာထုတ္ေရာင္းေပးတဲ့အတြက္ ဆီကို ကန္႔သတ္ေဈးနဲ႔ ေရာင္းေပးတဲ့ဆုိင္ေတြ ရွိတယ္။ အဲဒါမ်ဳိးေလး ေရာင္းေပးေနရင္လည္း အဆင္ေျပမယ္။ ဒါေပမယ့္ က်ေနာ္တုိ႔လည္း ဘယ္လိုမ်ဳိး တင္ျပ ေတာင္းဆုိရမယ္ဆုိတာ ေလာေလာဆယ္မွာ က်ေနာ္တုိ႔ေတာင္ ခန္႔မွန္းရ ခက္ေနတယ္။ ျဖစ္ႏုိင္ရင္ေတာ့ က်ေနာ္တုိ႔က ဒီဇယ္ေဈး တည္တည္ၿငိမ္ၿငိမ္နဲ႔ ေဒၚလာေဈး တည္တည္ၿငိမ္ၿငိမ္ဆုိရင္ လုပ္လုိ႔ကုိင္လို႔ အဆင္ေျပမယ္လို႔ ထင္တယ္။ ဒါေပမယ့္ ေရွ႕ လုပ္ငန္းေတြ တုိးတက္လာဖို႔ဆုိတာ အင္မတန္ မွန္းရခဲ့တဲ့အခ်ိန္ ျဖစ္ေနတဲ့အတြက္ က်ေနာ္လည္း ေတြးလို႔ေတာ့ မရေသးဘူး ျဖစ္ေနတာေပါ့။”

လက္ရွိအေျခအေနအတုိင္း ဆက္သြားမယ္ဆုိရင္ေတာ့ အခက္အခဲေတြ ပုိရွိလာႏုိင္ပါတယ္။

“အခုေတာ့ က်ေနာ္တို႔က မိသားစုေပါ့၊ ယာဥ္ေမာင္းရွိတယ္၊ က်ေနာ့္ဝန္ထမ္း အဆင္ေျပ႐ုံေပါ့။ ဒီတုိင္းပဲ ဆက္သြားမယ္ဆုိရင္ေတာ့ က်ေနာ့္အေနနဲ႔လည္း ထမ္းႏုိင္ဖို႔ ခက္သလုိ အားလုံးအေနနဲ႔လည္း ထမ္းႏုိင္ဖုိ႔ ခက္ပါလိမ့္မယ္။ ေရွ႕ကေတာ့ က်ေနာ္တို႔လည္း ဘယ္လုိမွ ခန္႔မွန္းလို႔မရတဲ့ အေနအထားမ်ဳိး ျဖစ္ေနတယ္။”

ကုန္ေသတၱာတင္ယာဥ္မ်ားအသင္းရဲ႕ တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးစုိးႏုိင္ ေျပာျပသြားတာပါ။ ကုန္တင္ယာဥ္ေတြ ေလးငါးေျခာက္စီးေလာက္ပုိင္တဲ့ လုပ္ငန္းရွင္တဦးကလည္း လုပ္ငန္းေတြက်ဆင္း ရပ္ဆုိင္းသြားတာကုိ အခုလုိ ေျပာျပပါတယ္။

“၂၀၂၀ ကိုဗစ္ ဒုတိယလႈိင္း ဝင္ကတည္းက နည္းနည္းပါးသြားတာ။ အထည္ခ်ဳပ္ေတြ ေလ်ာ့သြားေတာ့။ Export, Import နည္းသြားရင္ က်ေနာ္တို႔က ေလ်ာ့သြားတယ္။ ဒီလိုပဲ လုပ္ရတာေပါ့။ တပတ္ကုိ တေခါက္ ႏွစ္ေခါက္ပဲ ရတယ္ ကားတစီးကို။ အခုကေတာ့ ၁၀ ေခါက္ေတာင္ မျပည့္ခ်င္ေတာ့ဘူး ျဖစ္ေနတယ္ တလကုိ။ က်ေနာ္တုိ႔ကေတာ့ ေကာင္းလိမ့္ႏုိး ေကာင္းလိမ့္ႏုိးနဲ႔ပဲ အခုထက္ထိေတာ့ လုပ္ေနရတာေပါ့။ ျပန္ေကာင္းမယ္၊ Export, Import လည္း ဒီ ကြန္တိန္နာနဲ႔ပဲ သြားေတာ့ေလ။ အဲဒီလုိပဲ ေမွ်ာ္လင့္တာေပါ့။”

ကုိဗစ္ကပ္ေရာဂါနဲ႔ လက္ရွိ အက်ပ္အတည္းေတြေၾကာင့္ ကုန္ေသတၱာတင္ယာဥ္လုပ္ငန္းေတြ ထိခုိက္က်ဆင္းရတဲ့အတြက္ လုပ္ငန္းရွင္တခ်ဳိ႕ ဆက္လက္လုပ္ေဆာင္ႏုိင္ျခင္း မရွိေတာ့သလုိ တခ်ိဳ႕လည္း ရွိတဲ့ေမာ္ေတာ္ယာဥ္ အစင္းေရေတြကုိ ေလွ်ာ့ခ်ခဲ့ရပါတယ္။

COVID-19 ကပ္ဆုိးေၾကာင့္ တကမၻာလုံးမွာ စီးပြားေရး ထိခုိက္က်ဆင္းခဲ့ပါတယ္။ ျမန္မာႏုိင္ငံမွာလည္း COVID-19 နဲ႔ ႏုိင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးအေျခအေနဟာ ဆက္လက္က်ဆင္းသြားႏုိင္ပါတယ္။ ကမၻာ့ဘဏ္ရဲ႕ ၿပီးခဲ့တဲ့လပုိင္းက ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ စီးပြားေရး အထိခုိက္ဆုံးလုိ႔ သတ္မွတ္ခံရတဲ့အထဲမွာ ျမန္မာႏုိင္ငံလည္း ပါဝင္ေနၿပီး ျမန္မာ့စီးပြားေရးရဲ႕ ၁၈ ရာခုိင္ႏႈန္း က်ဆင္းသြားမယ္လုိ႔ ကမၻာ့ဘဏ္က ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

နိုင်ငံရေးနဲ့ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ ကုန်သေတ္တာတင် လုပ်ငန်းတွေ ထိခိုက်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ မတည်မငြိမ် အခြေအနေတွေကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနေရာမှာ ကုန်စည်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေမှာလည်း သိသိသာသာ ထိခိုက်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကုန်သေတ္တာတင်တွဲကား ၅,၀၀၀ လောက်နဲ့ ရန်ကုန်ဆိပ်ကမ်းကနေ နိုင်ငံအနှံ့ ကုန်စည်ဖြန့်ဖြူးနေတဲ့ “ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း” ဟာ ဆိုရင်လည်း အခုအခါ လုပ်ငန်း ၄ ပုံ ၁ ပုံလောက်သာ လည်ပတ်နေရတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ လုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းပြီး ကိုဇော်မိုးကျော် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းမှာ အသင်းဝင်ရော အသင်းမဝင်ရော မော်တော်ယာဉ် စုစုပေါင်း ၅,၀၀၀ လောက်ရှိပါတယ်။ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ လုပ်ငန်းတွေ စတင်ကျဆင်းလာပြီး လုပ်ငန်းတွေရဲ့ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်း ကျဆင်းသွားတယ်လို့ အသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစိုးနိုင်က ပြောပါတယ်။

ဒါပေမယ့် နှစ်ဆန်းပိုင်းလောက်ကစပြီး ကိုဗစ်တတိယလှိုင်း ရိုက်ခတ်ခဲ့တဲ့အပြင် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းတွေဟာ ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ အခုအခါ လုပ်ငန်းအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်တော့တယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။

“Third Wave က တော်တော်လေးကြမ်းတယ်။ နောက်ပြီးတော့ အခု ထပ်ပေါင်းလာတာက နိုင်ငံရေးပြဿနာပေါ့။ နိုင်ငံရေးပြဿနာ ပေါင်းလာတဲ့အတွက် ယာဉ်မောင်းတွေရော ဘာတွေရော သူတို့ ဆန္ဒပြတာတို့ ဘာတို့ ကိစ္စလည်းပါတယ်၊ နောက်တခါ ပြန်သွားကြတယ်။ တချို့က ဒီမှာလည်း လုံခြုံမှုမရှိလို့ ရွာပြန်သွားကြတယ်။ ၂,၇၀၀ ဆိုတဲ့ကားက ကျနော်တို့ဆီမှာ ကျန်တာ ယာဉ်မောင်းက ၅၀၀၊ ၆၀၀ လောက်ပဲ ကျန်တော့တယ်။ နောက် လုပ်ငန်းကလည်း တော်တော်လေးတော့ အ သွားတယ်။ အဲဒီအချိန်ကနေ အခုအချိန်အထိ ပြောမယ်ဆို ၂၅၊ ၂၀ ရာခိုင်နှုန်းက အများဆုံးပဲ၊ ကျနော်တို့ရဲ့ကားတွေ အလုပ်လုပ်နေရတာ ၂၅ ရာခိုင်နှုန်းက အများဆုံးပဲ။”

သွင်းကုန်ထုတ်ကုန်တွေ ကျဆင်းသွားတာ၊ ရပ်ဆိုင်းသွားတာတွေဟာလည်း ကုန်သေတ္တာတင် ယာဉ်တွေအတွက် လုပ်ငန်းတွေ ကျဆင်းသွားရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

“အဓိက သွင်းကုန် ထုတ်ကုန်နဲ့ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့က ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် နိုင်ငံရဲ့ Import, Export အပေါ် မူတည်ပြီးတော့ ကျနော်တို့ရဲ့ ထိခိုက်မှုက အတူတူပါပဲ။ ဥပမာပြောမယ်ဆို ကျနော်က ဒီမှာ ကားအစီး ၅၀ နဲ့ အလုပ်လုပ်တဲ့လူက တလကို အလုံး ၅၀၀ လုပ်တယ် ဆိုပါတော့၊ အခု ကျနော် အလုံး ၁၀၀ ဆိုတာ မနည်းလုပ်နေရတယ်။ အလုံး ၁၀၀ ရဖို့ဆိုတာတောင် မရှိတော့ဘူး။ မရှိရတဲ့ အကြောင်းရင်းက Import, Export နည်းသွားတာကြောင့်။”

နောက်တခုကတော့ လောင်စာဆီဈေးတွေ တက်သွားတာ၊ ဒေါ်လာဈေး တက်သွားတာတွေဟာလည်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေအပေါ် အများကြီး ရိုက်ခတ်မှု ရှိပါတယ်။ လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့တောင် အတော်ခက်ခဲသွားတယ်လို့ ဦးစိုးနိုင်က ရှင်းပြပါတယ်။

“ကျနော်တို့ကတော့ ဒီဇယ်နဲ့မောင်းပြီးသွားတဲ့ကားတွေ ဖြစ်တဲ့အတွက် အထိဆုံးပဲ ပြောရမှာပေါ့၊ ထိပ်တိုက်ထိတာပဲ။ ထိတဲ့နေရာမှာ အလုပ်ပါးခြင်း ဖြစ်တဲ့အတွက် ဈေးနှုန်းတောင်းဖို့လည်း အင်မတန်ခက်တယ်။ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် ကျနော်တို့ ညှိနှိုင်းမှုတွေနဲ့ ဈေးနှုန်းတော့ တက်တက်ပြီး တောင်းရတာပေါ့။ ဆီကလည်း အဆမတန်ပဲ ဖြစ်သွားတာလေ။ အရင်တုန်းက တခေါက်ကို ၅၀,၀၀၀ လောက် ကျန်တယ်ဆိုရင် အခုဆိုရင် ၂၀,၀၀၀ လောက် ၃၀,၀၀၀ လောက် ကျန်ဖို့တောင် မလွယ်တော့ဘူး။ နောက်တခု ဒီ ဒေါ်လာရဲ့ Effect ကြောင့် တာယာတို့၊ ဘက်ထရီတို့ သူ့ရဲ့ Accessories ပေါ့ဗျာ၊ နောက်က ပစ္စည်းနဲ့ပတ်သက်တာ အကုန်လုံးက တခုမှမကျဘူး၊ အကုန် အတက်ချည်းပဲ။ အတက်ချည်းပဲ ဖြစ်တဲ့အတွက် ရပ်တည်ဖို့တောင် တော်တော်လေးတော့ ခက်ခက်ခဲခဲ ဖြစ်နေတာပေါ့။”

သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖြေရှင်းတာမျိုးတွေတော့ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ဖြေရှင်းပေးနေတဲ့ အစီအစဉ်တချို့ ရှိပေမယ့် အခက်အခဲတွေ အကုန်လုံးအတွက်တော့ အဆင်မပြေနိုင်သေးဘူးလို့ ပြောပါတယ်။

“လောလောဆယ်မှာတော့ တင်ပြထားတာတော့ မရှိသေးဘူး။ သူတို့ ဟိုတလောက လုပ်တာတော့ ရှိတယ်ဗျ။ ဒါပေမယ့် အောင်မြင်ခြင်း အပြည့်အဝ မရနိုင်ပါဘူး။ သူတို့ ဒေါ်လာထုတ်ရောင်းပေးတဲ့အတွက် ဆီကို ကန့်သတ်ဈေးနဲ့ ရောင်းပေးတဲ့ဆိုင်တွေ ရှိတယ်။ အဲဒါမျိုးလေး ရောင်းပေးနေရင်လည်း အဆင်ပြေမယ်။ ဒါပေမယ့် ကျနော်တို့လည်း ဘယ်လိုမျိုး တင်ပြ တောင်းဆိုရမယ်ဆိုတာ လောလောဆယ်မှာ ကျနော်တို့တောင် ခန့်မှန်းရ ခက်နေတယ်။ ဖြစ်နိုင်ရင်တော့ ကျနော်တို့က ဒီဇယ်ဈေး တည်တည်ငြိမ်ငြိမ်နဲ့ ဒေါ်လာဈေး တည်တည်ငြိမ်ငြိမ်ဆိုရင် လုပ်လို့ကိုင်လို့ အဆင်ပြေမယ်လို့ ထင်တယ်။ ဒါပေမယ့် ရှေ့ လုပ်ငန်းတွေ တိုးတက်လာဖို့ဆိုတာ အင်မတန် မှန်းရခဲ့တဲ့အချိန် ဖြစ်နေတဲ့အတွက် ကျနော်လည်း တွေးလို့တော့ မရသေးဘူး ဖြစ်နေတာပေါ့။”

လက်ရှိအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင်တော့ အခက်အခဲတွေ ပိုရှိလာနိုင်ပါတယ်။

“အခုတော့ ကျနော်တို့က မိသားစုပေါ့၊ ယာဉ်မောင်းရှိတယ်၊ ကျနော့်ဝန်ထမ်း အဆင်ပြေရုံပေါ့။ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ကျနော့်အနေနဲ့လည်း ထမ်းနိုင်ဖို့ ခက်သလို အားလုံးအနေနဲ့လည်း ထမ်းနိုင်ဖို့ ခက်ပါလိမ့်မယ်။ ရှေ့ကတော့ ကျနော်တို့လည်း ဘယ်လိုမှ ခန့်မှန်းလို့မရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။”

ကုန်သေတ္တာတင်ယာဉ်များအသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစိုးနိုင် ပြောပြသွားတာပါ။ ကုန်တင်ယာဉ်တွေ လေးငါးခြောက်စီးလောက်ပိုင်တဲ့ လုပ်ငန်းရှင်တဦးကလည်း လုပ်ငန်းတွေကျဆင်း ရပ်ဆိုင်းသွားတာကို အခုလို ပြောပြပါတယ်။

“၂၀၂၀ ကိုဗစ် ဒုတိယလှိုင်း ဝင်ကတည်းက နည်းနည်းပါးသွားတာ။ အထည်ချုပ်တွေ လျော့သွားတော့။ Export, Import နည်းသွားရင် ကျနော်တို့က လျော့သွားတယ်။ ဒီလိုပဲ လုပ်ရတာပေါ့။ တပတ်ကို တခေါက် နှစ်ခေါက်ပဲ ရတယ် ကားတစီးကို။ အခုကတော့ ၁၀ ခေါက်တောင် မပြည့်ချင်တော့ဘူး ဖြစ်နေတယ် တလကို။ ကျနော်တို့ကတော့ ကောင်းလိမ့်နိုး ကောင်းလိမ့်နိုးနဲ့ပဲ အခုထက်ထိတော့ လုပ်နေရတာပေါ့။ ပြန်ကောင်းမယ်၊ Export, Import လည်း ဒီ ကွန်တိန်နာနဲ့ပဲ သွားတော့လေ။ အဲဒီလိုပဲ မျှော်လင့်တာပေါ့။”

ကိုဗစ်ကပ်ရောဂါနဲ့ လက်ရှိ အကျပ်အတည်းတွေကြောင့် ကုန်သေတ္တာတင်ယာဉ်လုပ်ငန်းတွေ ထိခိုက်ကျဆင်းရတဲ့အတွက် လုပ်ငန်းရှင်တချို့ ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့သလို တချို့လည်း ရှိတဲ့မော်တော်ယာဉ် အစင်းရေတွေကို လျှော့ချခဲ့ရပါတယ်။

COVID-19 ကပ်ဆိုးကြောင့် တကမ္ဘာလုံးမှာ စီးပွားရေး ထိခိုက်ကျဆင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ဆက်လက်ကျဆင်းသွားနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စီးပွားရေး အထိခိုက်ဆုံးလို့ သတ်မှတ်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပြီး မြန်မာ့စီးပွားရေးရဲ့ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG