Zawgyi/Unicode
ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တိုက္က်လာတဲ့ေနာက္ ျပည္တြင္းစီးပြားေရးကို အဓိက ေမာင္းႏွင္ေနတဲ့ အေသးစား၊ အလတ္စား ကုန္ထုတ္လုပ္ငန္းေတြ၊ ေအာက္ေျခ စီးပြားေရး လုပ္ငန္းေတြဟာ ရပ္ဆိုင္းလုနီးနီး ျဖစ္ေနၿပီလို႔ လုပ္ငန္းရွင္ေတြနဲ႔ ပညာရွင္ေတြက ေျပာလိုက္ပါတယ္။ အေမရိကန္ေဒၚလာ ရွားပါးလာတာနဲ႔ အတူ ကုန္ၾကမ္း သြင္းကုန္ ေဈးႏႈန္းေတြ လိုက္တက္လာၿပီး တခ်ိဳ႕လုပ္ငန္းေတြဟာ လက္ရွိအေျခအေနကို ထိန္းမထားႏိုင္ေတာ့ဘဲ လုပ္ငန္းရပ္ဖို႔အထိ စဥ္းစားလာၾကတာပါ။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ဝန္ထမ္းအင္အား အေတာ္အသင့္နဲ႔ ႏွစ္ေပါင္းမ်ားစြာ လည္ပတ္ခဲ့တဲ့ ႀကီးပြားေရးမုန႔္ တိုက္ဟာ သူ႔ရဲ႕လုပ္ငန္းေတြကို မၾကာခင္လုံးဝရပ္နားပစ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ယိမ္းယိုင္လာတဲ့ စီးပြားေရးအေျခအေနေတြေၾကာင့္ ဆက္လက္ရပ္တည္ဖို႔ မျဖစ္ႏိုင္ဘဲ အခုလို ဆုံးျဖတ္လိုက္ရတာလို႔ မုန႔္တိုက္ပိုင္ရွင္ ဦးေဌးႂကြယ္က ေျပာပါတယ္။
လုပ္ငန္းထဲ မျဖစ္မေနထည့္ရတဲ့ ျပည္ပကုန္ၾကမ္းေတြက အေမရိကန္ေဒၚလာေဈးအတိုင္း တရိပ္ရိပ္တက္ေနၿပီး တဘက္မွာ အျမတ္ျပန္ရဖို႔ အေတာ္ေလး ႐ုန္းကန္ေနရတယ္လို႔ သူက ဗြီအိုေအကို ေျပာတာပါ။ ဒီအတိုင္း ဆက္ၿပီးသြားမယ္ဆိုရင္ သူ႔လိုပဲ တျခားအေသးစား လုပ္ငန္းေတြ တျဖည္းျဖည္း လဲၿပိဳသြားႏိုင္တယ္လို႔ ေျပာပါတယ္။
“မုန႔္တိုက္ေတာင္ က်ေနာ္တို႔က အခုေလာေလာဆယ္ ကိုဗစ္အေျခအေနနဲ႔ ပိတ္ ထားရာက အခုနည္းနည္းျပန္ဖြင့္စမွာ အခုလိုျဖစ္ေတာ့ ပိတ္ဖို႔ အစီအစဥ္ ဆြဲေနရတယ္။ Second wave မတိုင္ခင္မွာေကာင္းတယ္၊ ျပန္ၿပီး နည္းနည္း လည္ပတ္ေနတယ္၊ လည္ပတ္ေနတုန္း ႏိုင္ငံေရးေတြဝင္လာေတာ့ ျပန္ၿပီး ပိတ္လိုက္ရတယ္၊ အခုကေတာ့ ေျပာရမယ္ဆိုရင္ လုံးဝအေျခအေန မေကာင္းဘူး။ တျဖည္းျဖည္း ပိတ္ဖို႔လည္း က်ေနာ္တို႔ အစီအစဥ္ ဆြဲေနပါတယ္။ ဒါႀကီး ( လုပ္ငန္းေသးေတြ) ကေတာ့ လုံးဝၿပိဳက်မွာပဲ။ ဘာလို႔လဲဆိုရင္ အကုန္လုံးက ေဈးေတြက လုံးဝ ႏွစ္ဆ၊ သုံးဆဆိုေတာ့။ ၿပီးရင္အဲဒီမွာ က်ေနာ္တို႔က အလုပ္သမားေၾကး၊ ဘာေၾကး ညာေၾကးနဲ႔ ဘယ္လိုမွ အဆင္မေျပႏိုင္ဘူး။”
တခ်ိဳ႕ လုပ္ငန္းေတြကေတာ့ ဆက္လက္ရပ္တည္ႏိုင္ဖို႔ ထုတ္ကုန္ေတြကို ေဈးတင္ လိုက္ရပါတယ္။ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္၊ ဆီ ဒါေတြအားလုံး သယ္ယူပို႔ေဆာင္ ခေၾကာင့္ ေဈးႏွစ္ဆတက္လာၿပီး ေနာက္ဆုံးေတာ့ ကုန္ေဈးႏႈန္းတက္တဲ့ဒဏ္ကို စားသုံးသူကပဲ ခံစားရတယ္လို႔ ျမန္မာႏိုင္ငံ စားေသာက္ဆိုင္ လုပ္ငန္းရွင္မ်ားအသင္းရဲ႕ဥကၠ႒ ဦးေနလင္းက ေျပာပါတယ္။
“ေတာ္ေတာ္ေလးေတာ့ အေျခအေနက မေကာင္းၾကဘူး၊ တခ်ိဳ႕လုပ္ငန္းႀကီးေတြဆိုရင္ စၿပီးေၾကညာၿပီ။ ပစၥည္းေလာေလာဆယ္ အေရာင္းရပ္ထားတယ္ဆိုတဲ့ဟာမ်ိဳးေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေဒၚလာေဈးက ဘယ္ေလာက္အထိ တက္သြားမလဲဆိုတာ မသိသလို ဒီေန႔ေရာင္းၿပီးရင္ ေနာက္ေန႔ ျပန္ဝယ္ဖို႔ေတာင္မွ မလြယ္ေတာ့တဲ့ အေျခအေနဆိုေတာ့ ဥပမာ တခ်ိဳ႕ဂ်ဳံဆိုင္ေတြ ဘာေတြဆိုရင္ သူတို႔ေၾကညာတာ ရွိတယ္။ ဂ်ဳံေတြဆက္ၿပီး supply မလုပ္ႏိုင္ေသးဘူး၊ ယာယီရပ္ထားပါမယ္ဆိုတာ အခုျဖစ္လာတယ္ေပါ့။ အဲဒီေတာ့ စားေသာက္ဆိုင္ေတြအေနနဲ႔လည္း ဒီလိုပဲ၊ ကုန္ၾကမ္းေတြက မရဘူးလားဆိုေတာ့ မဟုတ္ပါဘူး။ ရပါတယ္၊ ဒါေပမဲ့လည္း ေဈးေတြက တအားတက္သြားေတာ့ ဘာျဖစ္လာလဲဆိုေတာ့ menu ေတြမွာ ေဈးႏႈန္းေတြ ျပန္ျပင္ရေတာ့ တခ်ိဳ႕ ကေမာက္ကမေတြ ျဖစ္ၿပီး ေဈးေတြက အမ်ားႀကီး တက္သြားတယ္ေပါ့။ ေနာက္ဆုံး ဘယ္မွာျပန္ထိမလဲဆိုေတာ့ စားသုံးသူမွာပဲ ျပန္ထိမွာေပါ့။ ေသခ်ာတာကေတာ့ အခုလို အက်ပ္အတည္းကာလမွာ စားသုံးသူေတြ နည္းသြားမယ္၊ ငွားရမ္းခေတြနဲ႔ ဝန္ထမ္းစရိတ္ေတြ မႏိုင္တဲ့တခ်ိဳ႕လည္း ႐ုပ္သိမ္းသြားတဲ့ ဆိုင္ေတြလည္း ရွိတယ္ေပါ့။ အဲဒီေတာ့ ဒီ impact ( အက်ိဳးဆက္) ကေတာ့ က်ေနာ္တို႔အားလုံး ထိၾကေတာ့မွာပဲ ဒီအခ်ိန္မွာ။”
အေထြေထြ ကုန္ေဈးႏႈန္းေတြကို ထိန္းထားႏိုင္ဖို႔အတြက္ စီးပြားကူးသန္းဌာနနဲ႔ စက္သုံးဆီ၊ တင္သြင္းျဖန႔္ျဖဴးေရးအသင္းတို႔ ပူးေပါင္းၿပီး စက္တင္ဘာ ၂၂ ရက္ကစလို႔ စက္သုံးဆီကို ျပင္ပေဈးထက္နည္းတဲ့ႏႈန္းနဲ႔ ေရာင္းခ်ေပးေနတာပါ။ ဒီလို ေဈးခ်ၿပီး ေရာင္းေပးမယ့္ကုမၸဏီေတြအတြက္လည္း ဗဟိုဘဏ္က အေမရိကန္ေဒၚလာကို ေဈးေလွ်ာ့ၿပီး ေရာင္းေပးေနတယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ ေဈးကြက္ထဲမွာ စက္သုံးဆီလိုအပ္ခ်က္က မ်ားျပားေနတဲ့အတြက္ ျပင္ပေဈးကြက္မွာေတာ့ ဓာတ္ဆီတလီတာကို က်ပ္ ၁,၅၀၀ ဝန္းက်င္အထိ ေရာက္လာတာပါ။
ေလာင္စာဆီလိုမ်ိဳး အေျခခံအက်ဆုံးသြင္းကုန္ေတြ ေဈးတက္ၿပီဆိုရင္ေတာ့ တျခား စီးပြားေရးက႑ အသီးသီးမွာပါ ဆင့္ပြား ႐ိုက္ခတ္မႈေတြ ျဖစ္လာႏိုင္ေၾကာင္း ျပည္သူ႔ေရးရာမူဝါဒ ေလ့လာသုံးသပ္သူျဖစ္တဲ့ ဦးခိုင္ဝင္းက ေျပာပါတယ္။
“သြင္းကုန္ေတြေပါ့ေနာ္.. ရွားလာေတာ့မယ္။ သူတို႔တက္ၿပီး သိပ္မၾကာခင္မွာပဲ သြင္းကုန္ေတြကို စၿပီးကန႔္သတ္လာရတယ္။ အခု စက္သုံးဆီနဲ႔ စားသုံးဆီတို႔အေပၚမွာ ႐ိုက္ခတ္မယ္၊ အဓိကအခု ဓာတ္ဆီေဈးႏႈန္းေတြ အရမ္းတက္တယ္၊ တက္တဲ့အတြက္လည္း အခု ကိုတာနဲ႔ပုံစံမ်ိဳးေပါ့ တခ်ိဳ႕စက္သုံးဆီသြင္းတဲ့ ကုမၸဏီေတြကို ေရာင္းေပးတယ္၊ အဲဒီကုမၸဏီေတြမွာကို ေဈးက တမ်ိဳးျဖစ္တယ္။ တခ်ိဳ႕ပိတ္ထားၿပီလို႔ေတာင္ ၾကားတယ္၊ မေရာင္းႏိုင္ေတာ့ဘူး။ အဲဒီေတာ့ စက္သုံးဆီတက္ရင္ သယ္ယူပို႔ေဆာင္ေရးတက္ၿပီ၊ ဆိုေတာ့... ကုန္ေဈးႏႈန္းက ျမင့္လာၿပီေပါ့။ အဲဒီေတာ့ အဆိုးသံသရာ ပိုပိုၿပီးေတာ့ လည္လာတဲ့ သေဘာပဲေပါ့။ အခု ဓာတ္ဆီေဈးတက္လို႔ပဲ ဓာတ္ေျမဩဇာ ေဈးတက္ရင္ ဓာတ္ေျမဩဇာ ေရာင္းတာေတြ က်သြားတယ္၊ လယ္သမားေတြကလည္း ဓာတ္ေျမဩဇာကို မထည့္ႏိုင္ေတာ့ဘူး၊ ေဈးေတာ္ေတာ္တက္တယ္ေျပာတယ္ ရခိုင္တို႔ဘာတို႔မွာ။ သူတို႔မရင္းႏိုင္တဲ့ အခါက်ေတာ့ သီးႏွံထြက္ႏႈန္းေတြ က်တယ္၊ လယ္သမားေတြရဲ႕ ဝင္ေငြ နည္းသြားၿပီ၊ လယ္ယာက႑အေပၚမွာ အမ်ားႀကီးမွီခိုေနရတာ။ အဲဒီေတာ့ အလုပ္လက္မဲ့ေတြ ပိုၿပီးေတာ့ ျဖစ္လာၾကမယ္၊ အဲဒီေတာ့ ေနာက္ဆက္တြဲ ေနာက္ဆက္တြဲေတြ ထပ္ျဖစ္မယ္ေပါ့။”
အာရွပစိဖိတ္ေဒသတြင္းမွာလည္း ကူးစက္ျမန္ delta ကိုဗစ္ကပ္ေရာဂါပိုးေၾကာင့္ စီးပြားေရး ဆက္လက္ ေႏွးေကြးေနၿပီး ႏိုင္ငံေတြၾကားမွာ တိုးတက္မႈ မညီမွ်တာေတြ ရွိေနပါတယ္။ ဒီအထဲမွာ စစ္အာဏာသိမ္းခံရတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ပိုမိုဆိုး႐ြားေနတယ္လို႔ ကမာၻ႔ဘဏ္အစီရင္ခံထဲမွာပါရွိပါတယ္။
ကမာၻ႔ဘဏ္ရဲ႕အေရွ႕အာရွ ပစိဖိတ္ေဒသအတြက္ ၂၀၂၁ ခုႏွစ္ ေဆာင္းဦးကာလ ခန႔္မွန္းအစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ စီးပြားေရး အထိခိုက္ဆုံး ႏိုင္ငံေတြထဲမွာပါၿပီး အလုပ္လက္မဲ့ႏႈန္းနဲ႔ ဆင္းရဲႏြမ္းပါးသူေတြ ပိုမ်ားလာလိမ့္မယ္လို႔ ေဖာ္ျပထားပါတယ္။ ႏိုင္ငံ့ စီးပြားေရးကလည္း ၁၈ ရာခိုင္ႏႈန္းအထိ က်ဳံ႕သြားလိမ့္မယ္လို႔ ခန႔္မွန္းလိုက္တာ ျဖစ္ပါတယ္။
--------
Unicode
မြန်မာငွေကြေး တန်ဖိုးကျဆင်းတာနဲ့အတူ လုပ်ငန်းအများအပြား ရပ်လုနီးပါးဖြစ်
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာတဲ့နောက် ပြည်တွင်းစီးပွားရေးကို အဓိက မောင်းနှင်နေတဲ့ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းတွေ၊ အောက်ခြေ စီးပွားရေး လုပ်ငန်းတွေဟာ ရပ်ဆိုင်းလုနီးနီး ဖြစ်နေပြီလို့ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေက ပြောလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ရှားပါးလာတာနဲ့ အတူ ကုန်ကြမ်း သွင်းကုန် ဈေးနှုန်းတွေ လိုက်တက်လာပြီး တချို့လုပ်ငန်းတွေဟာ လက်ရှိအခြေအနေကို ထိန်းမထားနိုင်တော့ဘဲ လုပ်ငန်းရပ်ဖို့အထိ စဉ်းစားလာကြတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ဝန်ထမ်းအင်အား အတော်အသင့်နဲ့ နှစ်ပေါင်းများစွာ လည်ပတ်ခဲ့တဲ့ ကြီးပွားရေးမုန့် တိုက်ဟာ သူ့ရဲ့လုပ်ငန်းတွေကို မကြာခင်လုံးဝရပ်နားပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ယိမ်းယိုင်လာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်ဘဲ အခုလို ဆုံးဖြတ်လိုက်ရတာလို့ မုန့်တိုက်ပိုင်ရှင် ဦးဌေးကြွယ်က ပြောပါတယ်။
လုပ်ငန်းထဲ မဖြစ်မနေထည့်ရတဲ့ ပြည်ပကုန်ကြမ်းတွေက အမေရိကန်ဒေါ်လာဈေးအတိုင်း တရိပ်ရိပ်တက်နေပြီး တဘက်မှာ အမြတ်ပြန်ရဖို့ အတော်လေး ရုန်းကန်နေရတယ်လို့ သူက ဗွီအိုအေကို ပြောတာပါ။ ဒီအတိုင်း ဆက်ပြီးသွားမယ်ဆိုရင် သူ့လိုပဲ တခြားအသေးစား လုပ်ငန်းတွေ တဖြည်းဖြည်း လဲပြိုသွားနိုင်တယ်လို့ ပြောပါတယ်။
“မုန့်တိုက်တောင် ကျနော်တို့က အခုလောလောဆယ် ကိုဗစ်အခြေအနေနဲ့ ပိတ် ထားရာက အခုနည်းနည်းပြန်ဖွင့်စမှာ အခုလိုဖြစ်တော့ ပိတ်ဖို့ အစီအစဉ် ဆွဲနေရတယ်။ Second wave မတိုင်ခင်မှာကောင်းတယ်၊ ပြန်ပြီး နည်းနည်း လည်ပတ်နေတယ်၊ လည်ပတ်နေတုန်း နိုင်ငံရေးတွေဝင်လာတော့ ပြန်ပြီး ပိတ်လိုက်ရတယ်၊ အခုကတော့ ပြောရမယ်ဆိုရင် လုံးဝအခြေအနေ မကောင်းဘူး။ တဖြည်းဖြည်း ပိတ်ဖို့လည်း ကျနော်တို့ အစီအစဉ် ဆွဲနေပါတယ်။ ဒါကြီး ( လုပ်ငန်းသေးတွေ) ကတော့ လုံးဝပြိုကျမှာပဲ။ ဘာလို့လဲဆိုရင် အကုန်လုံးက ဈေးတွေက လုံးဝ နှစ်ဆ၊ သုံးဆဆိုတော့။ ပြီးရင်အဲဒီမှာ ကျနော်တို့က အလုပ်သမားကြေး၊ ဘာကြေး ညာကြေးနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။”
တချို့ လုပ်ငန်းတွေကတော့ ဆက်လက်ရပ်တည်နိုင်ဖို့ ထုတ်ကုန်တွေကို ဈေးတင် လိုက်ရပါတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ဆီ ဒါတွေအားလုံး သယ်ယူပို့ဆောင် ခကြောင့် ဈေးနှစ်ဆတက်လာပြီး နောက်ဆုံးတော့ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို စားသုံးသူကပဲ ခံစားရတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။
“တော်တော်လေးတော့ အခြေအနေက မကောင်းကြဘူး၊ တချို့လုပ်ငန်းကြီးတွေဆိုရင် စပြီးကြေညာပြီ။ ပစ္စည်းလောလောဆယ် အရောင်းရပ်ထားတယ်ဆိုတဲ့ဟာမျိုးပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီဒေါ်လာဈေးက ဘယ်လောက်အထိ တက်သွားမလဲဆိုတာ မသိသလို ဒီနေ့ရောင်းပြီးရင် နောက်နေ့ ပြန်ဝယ်ဖို့တောင်မှ မလွယ်တော့တဲ့ အခြေအနေဆိုတော့ ဥပမာ တချို့ဂျုံဆိုင်တွေ ဘာတွေဆိုရင် သူတို့ကြေညာတာ ရှိတယ်။ ဂျုံတွေဆက်ပြီး supply မလုပ်နိုင်သေးဘူး၊ ယာယီရပ်ထားပါမယ်ဆိုတာ အခုဖြစ်လာတယ်ပေါ့။ အဲဒီတော့ စားသောက်ဆိုင်တွေအနေနဲ့လည်း ဒီလိုပဲ၊ ကုန်ကြမ်းတွေက မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ရပါတယ်၊ ဒါပေမဲ့လည်း ဈေးတွေက တအားတက်သွားတော့ ဘာဖြစ်လာလဲဆိုတော့ menu တွေမှာ ဈေးနှုန်းတွေ ပြန်ပြင်ရတော့ တချို့ ကမောက်ကမတွေ ဖြစ်ပြီး ဈေးတွေက အများကြီး တက်သွားတယ်ပေါ့။ နောက်ဆုံး ဘယ်မှာပြန်ထိမလဲဆိုတော့ စားသုံးသူမှာပဲ ပြန်ထိမှာပေါ့။ သေချာတာကတော့ အခုလို အကျပ်အတည်းကာလမှာ စားသုံးသူတွေ နည်းသွားမယ်၊ ငှားရမ်းခတွေနဲ့ ဝန်ထမ်းစရိတ်တွေ မနိုင်တဲ့တချို့လည်း ရုပ်သိမ်းသွားတဲ့ ဆိုင်တွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ဒီ impact ( အကျိုးဆက်) ကတော့ ကျနော်တို့အားလုံး ထိကြတော့မှာပဲ ဒီအချိန်မှာ။”
အထွေထွေ ကုန်ဈေးနှုန်းတွေကို ထိန်းထားနိုင်ဖို့အတွက် စီးပွားကူးသန်းဌာနနဲ့ စက်သုံးဆီ၊ တင်သွင်းဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက်ကစလို့ စက်သုံးဆီကို ပြင်ပဈေးထက်နည်းတဲ့နှုန်းနဲ့ ရောင်းချပေးနေတာပါ။ ဒီလို ဈေးချပြီး ရောင်းပေးမယ့်ကုမ္ပဏီတွေအတွက်လည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ဈေးလျှော့ပြီး ရောင်းပေးနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ စက်သုံးဆီလိုအပ်ချက်က များပြားနေတဲ့အတွက် ပြင်ပဈေးကွက်မှာတော့ ဓာတ်ဆီတလီတာကို ကျပ် ၁,၅၀၀ ဝန်းကျင်အထိ ရောက်လာတာပါ။
လောင်စာဆီလိုမျိုး အခြေခံအကျဆုံးသွင်းကုန်တွေ ဈေးတက်ပြီဆိုရင်တော့ တခြား စီးပွားရေးကဏ္ဍ အသီးသီးမှာပါ ဆင့်ပွား ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ကြောင်း ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်သူဖြစ်တဲ့ ဦးခိုင်ဝင်းက ပြောပါတယ်။
“သွင်းကုန်တွေပေါ့နော်.. ရှားလာတော့မယ်။ သူတို့တက်ပြီး သိပ်မကြာခင်မှာပဲ သွင်းကုန်တွေကို စပြီးကန့်သတ်လာရတယ်။ အခု စက်သုံးဆီနဲ့ စားသုံးဆီတို့အပေါ်မှာ ရိုက်ခတ်မယ်၊ အဓိကအခု ဓာတ်ဆီဈေးနှုန်းတွေ အရမ်းတက်တယ်၊ တက်တဲ့အတွက်လည်း အခု ကိုတာနဲ့ပုံစံမျိုးပေါ့ တချို့စက်သုံးဆီသွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းပေးတယ်၊ အဲဒီကုမ္ပဏီတွေမှာကို ဈေးက တမျိုးဖြစ်တယ်။ တချို့ပိတ်ထားပြီလို့တောင် ကြားတယ်၊ မရောင်းနိုင်တော့ဘူး။ အဲဒီတော့ စက်သုံးဆီတက်ရင် သယ်ယူပို့ဆောင်ရေးတက်ပြီ၊ ဆိုတော့... ကုန်ဈေးနှုန်းက မြင့်လာပြီပေါ့။ အဲဒီတော့ အဆိုးသံသရာ ပိုပိုပြီးတော့ လည်လာတဲ့ သဘောပဲပေါ့။ အခု ဓာတ်ဆီဈေးတက်လို့ပဲ ဓာတ်မြေဩဇာ ဈေးတက်ရင် ဓာတ်မြေဩဇာ ရောင်းတာတွေ ကျသွားတယ်၊ လယ်သမားတွေကလည်း ဓာတ်မြေဩဇာကို မထည့်နိုင်တော့ဘူး၊ ဈေးတော်တော်တက်တယ်ပြောတယ် ရခိုင်တို့ဘာတို့မှာ။ သူတို့မရင်းနိုင်တဲ့ အခါကျတော့ သီးနှံထွက်နှုန်းတွေ ကျတယ်၊ လယ်သမားတွေရဲ့ ဝင်ငွေ နည်းသွားပြီ၊ လယ်ယာကဏ္ဍအပေါ်မှာ အများကြီးမှီခိုနေရတာ။ အဲဒီတော့ အလုပ်လက်မဲ့တွေ ပိုပြီးတော့ ဖြစ်လာကြမယ်၊ အဲဒီတော့ နောက်ဆက်တွဲ နောက်ဆက်တွဲတွေ ထပ်ဖြစ်မယ်ပေါ့။”
အာရှပစိဖိတ်ဒေသတွင်းမှာလည်း ကူးစက်မြန် delta ကိုဗစ်ကပ်ရောဂါပိုးကြောင့် စီးပွားရေး ဆက်လက် နှေးကွေးနေပြီး နိုင်ငံတွေကြားမှာ တိုးတက်မှု မညီမျှတာတွေ ရှိနေပါတယ်။ ဒီအထဲမှာ စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားနေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံထဲမှာပါရှိပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့အရှေ့အာရှ ပစိဖိတ်ဒေသအတွက် ၂၀၂၁ ခုနှစ် ဆောင်းဦးကာလ ခန့်မှန်းအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ စီးပွားရေး အထိခိုက်ဆုံး နိုင်ငံတွေထဲမှာပါပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဆင်းရဲနွမ်းပါးသူတွေ ပိုများလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံ့ စီးပွားရေးကလည်း ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။
#MyanmarEconomcy #MyanmarBusiness#VOABurmese
#ကြီးပွါးရေးမုန့်တိုက်#ဒေါ်လာဈေးတက်#အခြေခံစားသောက်ကုန်ဈေးတက်#ကိုဗစ်#