သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“ျပည္သူေတြအေနနဲ႔ ျမန္မာက်ပ္ေငြအေပၚယုံၾကည္မႈေလ်ာ့က်” ေဒါက္တာစိုးထြန္း


ရန္ကုန္ၿမိဳ႕ရွိ CB ဘဏ္ ATM တြင္ ေငြထုတ္ရန္ေစာင့္ေနသူမ်ား။ ေမ ၁၃၊ ၂၀၂၁။

Zawgyi/Unicode


ျမန္မာႏိုင္ငံထဲမွာ အေမရိကန္ေဒၚလာေငြလဲလွယ္ႏႈန္းဟာ ဒီလထဲမွာပဲ မႀကံဳစဖူး သမုိင္းဝင္ စံခ်ိန္တင္ျမင့္တက္သြားတာဟာ ပို႔ကုန္သြင္းကုန္ ကြာဟခ်က္ေၾကာင့္ ျဖစ္လာသလို အဓိကအခ်က္ကေတာ့ ျမန္မာက်ပ္ေငြအေပၚမွာ လူထုရဲ႕ယံုၾကည္မႈက်ဆင္းလာတာေၾကာင့္ျဖစ္တယ္လို႔ စီးပြါးေရးလုပ္ငန္းရွင္တဦးက ေထာက္ျပလိုက္ပါတယ္။ ႏိုင္ငံျခားေငြလဲလွယ္ေရးနဲ႔ ျပည္ပေငြလဲႊလုပ္ငန္းေတြလည္းပါဝင္တဲ့ ဝါးခယ္မ ေရာင္းဝယ္ေရးကုမၸဏီရဲ႕ဥကၠ႒ ေဒါက္တာစိုးထြန္းကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေဒါက္တာစိုးထြန္းခင္ဗ်ား၊ အခု က်ေနာ္တို႔ျမန္မာႏိုင္ငံမွာ ေဒၚလာေစ်းက မႀကံဳစဖူး ေတာ္ေတာ္အတက္ၾကမ္းသြားတဲ့အေနအထားမွာ ဘာေၾကာင့္ အဓိက ျဖစ္ရတယ္ထင္သလဲ ဆရာ။

ေဒါက္တာစိုးထြန္း။ ။ ဟုတ္ပါတယ္။ ေဒၚလာေစ်းက်တဲ့ႏႈန္းကေတာ့ ေျပာရမယ္ဆိုရင္ေတာ့ သမုိင္းမွာ မျဖစ္ဖူးတဲ့စံခ်ိန္ ျဖစ္သြားတာေပါ့ေနာ္။ အခ်ိန္တုိအတြင္းမွာ ႐ုတ္တရက္တက္သြားတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ လူေတြအေတာ္မ်ားမ်ားက ေဒၚလာေစ်းတက္တဲ့အေပၚမွာ Shock (ေသြးလန္႔တာ) ရကုန္ၾကတာေပါ့ေနာ္။ အထူးသျဖင့္က စက္တင္ဘာလအတြင္းမွာ တက္တဲ့ႏႈန္းက ပိုမ်ားပါတယ္။ စက္တင္ဘာလအစမွာ ေ ဒၚလာေစ်းက ၁,၇၀၀ ဝန္းက်င္ေလာက္ကေနၿပီး အခု Earning (ပို႔ကုန္ကေဒၚလာဝင္ေငြ) ေစ်းဆို ၂,၄၀၀ ေလာက္ျဖစ္တယ္။ ေဒၚလာအရြက္ (Cash) ေစ်းဆို ၂,၇၀၀ ေလာက္ျဖစ္သြားတယ္။ တက္တဲ့ Percentage (ရာခိုင္ႏႈန္း) အေနနဲ႔ေျပာရရင္ေတာ့ ေတာ္ေတာ္မ်ားျပားတဲ့ ပမာဏလို႔ က်ေနာ္ျမင္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ ဘာေၾကာင့္မို႔လို႔ အဓိက အခုလို ေထာင္တက္သြားရတယ္ ထင္လဲ။

ေဒါက္တာစိုးထြန္း။ ။ အေျခခံကေတာ့ အားလံုးက ေဒၚလာ ေစ်း တက္တယ္ဆိုရင္ Trade Deficit (ကုန္သြယ္ေရးလိုေငြျပမူ) ေတာ့ အရင္ေျပာၾကတာေပါ့ေနာ္။ က်ေနာ္တို႔ဆီမွာက်ေတာ့လည္း Export (ပို႔ကုန္) ကက်တယ္။ အထူးသျဖင့္ နယ္စပ္ကုန္သြယ္ေရးကိုအားကိုးတဲ့ တ႐ုတ္ႏုိင္ငံအေနနဲ႔ ကိုဗစ္ကို အေၾကာင္းျပၿပီး နယ္စပ္ကုန္သြယ္ေရးကို ပိတ္ထားတယ္။ ဒုတိယအခ်က္ကေတာ့ ပင္လယ္ေရေၾကာင္း ကုန္သြယ္ေရးမွာ Container (ကုန္ေသတၱာႀကီး) ခေတြက ေစ်းသံုးဆေလာက္တက္တယ္။ ကြန္တိန္နာ (ကုန္ေသတၱာၾကီး) ရွားပါးမႈျဖစ္တဲ့အတြက္ေၾကာင့္ တင္ပို႔မႈေလ်ာ့က်တယ္ေပါ့ေနာ္။ အဲဒီအခ်ိန္မွာ က်ေနာ္တို႔က ျပည္ပကေနတင္သြင္းတဲ့ဟာက ပံုမွန္ရိွေနတယ္။ ေနာက္တခါ က်ေနာ္တို႔က ကိုဗစ္-19 Third Wave ေၾကာင့္ Medical (ေဆး) ပစၥည္းေတြလည္း တင္သြင္းမႈကေတာ့ ပမာဏ ရုတ္တရက္ထုိးတက္လာတာရွိတယ္။ လိုအပ္ခ်က္ကရွိေနတယ္။ ရွိတဲ့အတြက္ေၾကာင့္မို႔ အၾကမ္းဖ်င္းအားျဖင့္ေတာ့ ေဒၚလာေစ်းကေတာ့ တက္မယ့္အေနအထားေတာ့ ရွိေနတယ္။ ေနာက္ လက္ရွိအေနအထားမွာလည္း နစက (ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ) အာဏာလႊဲေျပာင္းတဲ့အတြက္ေၾကာင့္မို႔လည္း FDI (ႏိုင္ငံျခားတိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ) ဝင္တဲ့ႏႈန္းက ေတာ္ေတာ္ကိုက်လာတယ္ေပါ့ေနာ္။ က်တဲ့အတြက္ေၾကာင့္ လက္ရွိက ေဒၚလာေစ်းက ျမင့္တက္ေစတဲ့အေၾကာင္းရင္းေပါ့။ သို႔ေသာ္လည္း Trade Deficit (ကုန္သြယ္ေရးလိုေငြျပမူ) ေၾကာင့္ျဖစ္တယ္ဆိုလည္း ေဒၚလာေစ်းက ဒီေလာက္အထိေတာ့ တက္စရာမရွိဘူး။ အထူးသျဖင့္ တက္သြားတဲ့အေၾကာင္းရင္းက ျပည္သူေတြအေနနဲ႔ ျမန္မာက်ပ္ေငြအေပၚ ယံုၾကည္မႈ ေလ်ာ့က်သြားတယ္ေပါ့ေနာ္။ ေကာလဟာလတခုလည္း ထြက္လာတာေပါ့။ ျမန္မာက်ပ္ေငြ ဖ်က္သိမ္းတယ္တို႔၊ ဗဟိုဘဏ္က ေငြစကၠဴအသစ္ေတြ ၅ ေသာင္းတန္ေတြ ႐ိုက္ေနတယ္တို႔...ဒါေတြကလည္း လူထုအေနနဲ႔ ဗဟိုဘဏ္အေပၚ ယံုၾကည္မႈ ေလ်ာ့က်တဲ့အပိုင္းလို႔ေတာ့ ျမင္တယ္။ ဒီအခ်က္ေတြေၾကာင့္ က်ေနာ္တို႔က ျပည္သူလူထုအေနနဲ႔ ေဒၚလာကို ပိုၿပီးဝယ္ယူစုေဆာင္းလာၾကတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ႕၊ တက္သြားတဲ့ပမာဏကို ၾကည့္မယ္ဆိုရင္ စက္တင္ဘာလအတြင္းမွာ ထူးထူးျခားျခားေပါ့ေနာ္၊ ဘယ္ေလာက္အထိ ျပင္းထန္သြားတာကို ဆရာတို႔သတိျပဳမိလဲ။

ေဒါက္တာစိုးထြန္း။ ။ ေဒၚလာေစ်းတက္တဲ့ေနရာမွာ က်ေနာ္တို႔က ၾကည့္ေနတယ္။ဘယ္ကေန စတက္သလဲဆိုတာကို ေလ့လာၿပီး ၾကည့္တယ္။ တကယ္တန္း က်ေနာ္တို႔ Import (သြင္းကုန္) လိုအပ္ခ်က္ေၾကာင့္ ျဖစ္တယ္ဆိုရင္ Import သြင္းလို႔ရတဲ့အေကာင့္ထဲက ေငြကို Export Earning (ပို႔ကုန္ကေဒၚလာဝင္ေငြ) ဆိုတဲ့ဟာက ေစ်းတက္ရမွာေပါ့ေနာ္။ အခု လက္ရွိအေနအထားမွာ အျပင္မွာရွိေနတဲ့ Money Changer (ေငြလဲေကာင္တာ) ေတြမွာ ေရာင္းေနတဲ့ Cash - ေဒၚလာအရြက္ေစ်းက ပိုၿပီးတက္တာ ေတြ႔ရတယ္။ တက္တဲ့ေနရာမွာ သူကလည္း ဦးေဆာင္ၿပီးတက္တာေတြ႔တယ္။ ဒါဆုိရင္ေတာ့ က်ေနာ္တို႔က သံုးသပ္တာကေတာ့ ျပည္သူလူထုအေနနဲ႔ က်ပ္ေငြအေပၚ ယံုၾကည္မႈေလ်ာ့က်ၿပီး ေဒၚလာဝယ္ယူစုေဆာင္းမႈရွိေနလို႔ ဒီလိုျဖစ္တယ္လို႔ျမင္တယ္။ လက္ရွိအေနအထားမွာၾကည့္မယ္ဆိုရင္ က်ေနာ္တို႔ Export Earning အေနနဲ႔ ဒီေန႔ဆိုရင္ Export Earning က ၂,၄၀၀ ေလာက္ရွိတဲ့အခ်ိန္မွာ အရြက္ဆိုတဲ့ဆိုတဲ့ ေဒၚလာအရြက္က ၂,၇၀၀၊ ၂,၈၀၀ ေလာက္ ျဖစ္ေနတယ္။ အဲဒီေတာ့ ေျပာရမယ္ဆိုရင္ေတာ့ ျပည္သူလူထုအေနနဲ႔ က်ပ္ေငြအေပၚ ယံုၾကည္မႈေလ်ာ့က်သြားတဲ့ အေျခခံအခ်က္အလက္တခုအေနနဲ႔ ေတာ့ရွိေနပါတယ္။

ကိုဝင္းမင္း။ ။ အဲဒီအခါက်ေတာ့ ဒီျပႆနာကို အဓိက ဘယ္လိုေျဖရွင္းဖို႔ အႀကံျပဳခ်င္သလဲ။

ေဒါက္တာစိုးထြန္း။ ။ ေျဖရွင္းဖို႔ကေတာ့ဗ်ာ- ဒါ ယံုၾကည္မႈေလ်ာ့က်တာကေတာ့ ျပည္သူလူထုေတြ ယံုၾကည္မႈခုိင္မာေအာင္ ေဆာင္ရြက္ဖို႔ေတာ့ လိုတာေပါ့ေနာ္။ လက္ရွိေတာ့လည္း ဗဟုိဘဏ္ အေနနဲ႔လည္း ေဒၚလာေစ်းတည္ၿငိမ္ေအာင္ဆိုၿပီးေတာ့ တရက္ကို ဆယ္သန္း၊ ဆယ့္ငါးသန္းထုတ္ေရာင္းေနတာေတြ႔တယ္။ ဒါေပမယ့္ ေရာင္းတဲ့ေနရာမွာေတာ့ သူက Import (သြင္းကုန္) လုပ္တဲ့ စက္သံုးဆီသြင္းတဲ့လူတခ်ဳိ႕ကိုပဲ ေရာင္းခ်တာေ တြ႔တယ္ေပါ့ေနာ္။ ၿပီးေတာ့မွ ေစ်းႏႈန္းကိုလည္း ေလွ်ာ့ၿပီး ေပါက္ေစ်းမဟုတ္ဘဲနဲ႔ ၁,၇၅၀ နဲ႔ ေလွ်ာ့ေရာင္းေပးတာေတြ႔တယ္။ က်ေနာ့္ ပုဂၢလိကအျမင္မွာေတာ့ အခုနက ေရာင္းတဲ့ပံုစံ - ေလွ်ာ့ေရာင္းတဲ့ပံုစံမ်ဳိးမဟုတ္ဘဲနဲ႔ ေပါက္ေစ်းနဲ႔ ပမာဏမ်ားမ်ားကို လူတိုင္းဝယ္ႏိုင္ေအာင္ စီစဥ္ေပးဖို႔ လိုတယ္လုိ႔ျမင္တယ္။ အဲဒီက်ေတာ့မွ ျပည္သူလူထုအေနနဲ႔ကလည္း ဗဟိုဘဏ္မွာ ေဒၚလာေတြရွိတယ္၊ ေရာင္းခ်ႏိုင္တယ္၊ ေနာက္တခါ ေရႊလိုတယ္ဆိုလည္း သူ႔တို႔မွာေရႊရွိတယ္၊ ေရာင္းခ်ႏိုင္တယ္၊ သူ႔တို႔မွာ ခုိင္္မာတယ္ဆိုတဲ့ဟာ ျပန္ၿပီး တည္ၿငိမ္လာမယ္လို႔က်ေနာ္ျမင္တယ္။ အဲလိုေျဖရွင္းႏုိင္ရင္ေတာ့ လူေတြရဲ႕စိုးရိမ္ေၾကာင့္က်မႈ ေလ်ာ့က်ၿပီးေတာ့မွ ေဒၚလာေစ်းျပန္ၿပီး တည္ၿငိမ္လာမယ္လို႔ေတာ့ ျမင္တယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ေဒါက္တာစိုးထြန္းခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

“ပြည်သူတွေအနေနဲ့ မြန်မာကျပ်ငွေအပေါ်ယုံကြည်မှုလျော့ကျ” ဒေါက်တာစိုးထွန်း

မြန်မာနိုင်ငံထဲမှာ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းဟာ ဒီလထဲမှာပဲ မကြုံစဖူး သမိုင်းဝင် စံချိန်တင်မြင့်တက်သွားတာဟာ ပို့ကုန်သွင်းကုန် ကွာဟချက်ကြောင့် ဖြစ်လာသလို အဓိကအချက်ကတော့ မြန်မာကျပ်ငွေအပေါ်မှာ လူထုရဲ့ယုံကြည်မှုကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ စီးပွါးရေးလုပ်ငန်းရှင်တဦးက ထောက်ပြလိုက်ပါတယ်။ နိုင်ငံခြားငွေလဲလှယ်ရေးနဲ့ ပြည်ပငွေလွဲှလုပ်ငန်းတွေလည်းပါဝင်တဲ့ ဝါးခယ်မ ရောင်းဝယ်ရေးကုမ္ပဏီရဲ့ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒေါက်တာစိုးထွန်းခင်ဗျား၊ အခု ကျနော်တို့မြန်မာနိုင်ငံမှာ ဒေါ်လာဈေးက မကြုံစဖူး တော်တော်အတက်ကြမ်းသွားတဲ့အနေအထားမှာ ဘာကြောင့် အဓိက ဖြစ်ရတယ်ထင်သလဲ ဆရာ။

ဒေါက်တာစိုးထွန်း။ ။ ဟုတ်ပါတယ်။ ဒေါ်လာဈေးကျတဲ့နှုန်းကတော့ ပြောရမယ်ဆိုရင်တော့ သမိုင်းမှာ မဖြစ်ဖူးတဲ့စံချိန် ဖြစ်သွားတာပေါ့နော်။ အချိန်တိုအတွင်းမှာ ရုတ်တရက်တက်သွားတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ လူတွေအတော်များများက ဒေါ်လာဈေးတက်တဲ့အပေါ်မှာ Shock (သွေးလန့်တာ) ရကုန်ကြတာပေါ့နော်။ အထူးသဖြင့်က စက်တင်ဘာလအတွင်းမှာ တက်တဲ့နှုန်းက ပိုများပါတယ်။ စက်တင်ဘာလအစမှာ ေ ဒါ်လာ ဈေးက ၁,၇၀၀ ဝန်းကျင်လောက်ကနေပြီး အခု Earning (ပို့ကုန်ကဒေါ်လာဝင်ငွေ) ဈေးဆို ၂,၄၀၀ လောက်ဖြစ်တယ်။ ဒေါ်လာအရွက် (Cash) ဈေးဆို ၂,၇၀၀ လောက်ဖြစ်သွားတယ်။ တက်တဲ့ Percentage (ရာခိုင်နှုန်း) အနေနဲ့ပြောရရင်တော့ တော်တော်များပြားတဲ့ ပမာဏလို့ ကျနော်မြင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဘာကြောင့်မို့လို့ အဓိက အခုလို ထောင်တက်သွားရတယ် ထင်လဲ။

ဒေါက်တာစိုးထွန်း။ ။ အခြေခံကတော့ အားလုံးက ဒေါ်လာ ဈေး တက်တယ်ဆိုရင် Trade Deficit (ကုန်သွယ်ရေးလိုငွေပြမူ) တော့ အရင်ပြောကြတာပေါ့နော်။ ကျနော်တို့ဆီမှာကျတော့လည်း Export (ပို့ကုန်) ကကျတယ်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးကိုအားကိုးတဲ့ တရုတ်နိုင်ငံအနေနဲ့ ကိုဗစ်ကို အကြောင်းပြပြီး နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားတယ်။ ဒုတိယအချက်ကတော့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှာ Container (ကုန်သေတ္တာကြီး) ခတွေက ဈေးသုံးဆလောက်တက်တယ်။ ကွန်တိန်နာ (ကုန်သေတ္တာကြီး) ရှားပါးမှုဖြစ်တဲ့အတွက်ကြောင့် တင်ပို့မှုလျော့ကျတယ်ပေါ့နော်။ အဲဒီအချိန်မှာ ကျနော်တို့က ပြည်ပကနေတင်သွင်းတဲ့ဟာက ပုံမှန်ရှိနေတယ်။ နောက်တခါ ကျနော်တို့က ကိုဗစ်-19 Third Wave ကြောင့် Medical (ဆေး) ပစ္စည်းတွေလည်း တင်သွင်းမှုကတော့ ပမာဏ ရုတ်တရက်ထိုးတက်လာတာရှိတယ်။ လိုအပ်ချက်ကရှိနေတယ်။ ရှိတဲ့အတွက်ကြောင့်မို့ အကြမ်းဖျင်းအားဖြင့်တော့ ဒေါ်လာဈေးကတော့ တက်မယ့်အနေအထားတော့ ရှိနေတယ်။ နောက် လက်ရှိအနေအထားမှာလည်း နစက (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ) အာဏာလွှဲပြောင်းတဲ့အတွက်ကြောင့်မို့လည်း FDI (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု) ဝင်တဲ့နှုန်းက တော်တော်ကို ကျလာတယ်ပေါ့နော်။ ကျတဲ့အတွက်ကြောင့် လက်ရှိက ဒေါ်လာဈေးက မြင့်တက်စေတဲ့အကြောင်းရင်းပေါ့။ သို့သော်လည်း Trade Deficit (ကုန်သွယ်ရေးလိုငွေပြမူ) ကြောင့်ဖြစ်တယ်ဆိုလည်း ဒေါ်လာဈေးက ဒီလောက်အထိတော့ တက်စရာမရှိဘူး။ အထူးသဖြင့် တက်သွားတဲ့အကြောင်းရင်းက ပြည်သူတွေအနေနဲ့ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျသွားတယ်ပေါ့နော်။ ကောလဟာလတခုလည်း ထွက်လာတာပေါ့။ မြန်မာကျပ်ငွေ ဖျက်သိမ်းတယ်တို့၊ ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ၅ သောင်းတန်တွေ ရိုက်နေတယ်တို့...ဒါတွေကလည်း လူထုအနေနဲ့ ဗဟိုဘဏ်အပေါ် ယုံကြည်မှု လျော့ကျတဲ့အပိုင်းလို့တော့ မြင်တယ်။ ဒီအချက်တွေကြောင့် ကျနော်တို့က ပြည်သူလူထုအနေနဲ့ ဒေါ်လာကို ပိုပြီးဝယ်ယူစုဆောင်းလာကြတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ့၊ တက်သွားတဲ့ပမာဏကို ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်းမှာ ထူးထူးခြားခြားပေါ့နော်၊ ဘယ်လောက်အထိ ပြင်းထန်သွားတာကို ဆရာတို့သတိပြုမိလဲ။

ဒေါက်တာစိုးထွန်း။ ။ ဒေါ်လာဈေးတက်တဲ့နေရာမှာ ကျနော်တို့က ကြည့်နေတယ်။ ဘယ်ကနေ စတက်သလဲဆိုတာကို လေ့လာပြီး ကြည့်တယ်။ တကယ်တန်း ကျနော်တို့ Import (သွင်းကုန်) လိုအပ်ချက်ကြောင့် ဖြစ်တယ်ဆိုရင် Import သွင်းလို့ရတဲ့အကောင့်ထဲက ငွေကို Export Earning (ပို့ကုန်ကဒေါ်လာဝင်ငွေ) ဆိုတဲ့ဟာက ဈေးတက်ရမှာပေါ့နော်။ အခု လက်ရှိအနေအထားမှာ အပြင်မှာရှိနေတဲ့ Money Changer (ငွေလဲကောင်တာ) တွေမှာ ရောင်းနေတဲ့ Cash - ဒေါ်လာအရွက်ဈေးက ပိုပြီးတက်တာ တွေ့ရတယ်။ တက်တဲ့နေရာမှာ သူကလည်း ဦးဆောင်ပြီးတက်တာတွေ့တယ်။ ဒါဆိုရင်တော့ ကျနော်တို့က သုံးသပ်တာကတော့ ပြည်သူလူထုအနေနဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုလျော့ကျပြီး ဒေါ်လာဝယ်ယူစုဆောင်းမှုရှိနေလို့ ဒီလိုဖြစ်တယ်လို့မြင်တယ်။ လက်ရှိအနေအထားမှာကြည့်မယ်ဆိုရင် ကျနော်တို့ Export Earning အနေနဲ့ ဒီနေ့ဆိုရင် Export Earning က ၂,၄၀၀ လောက်ရှိတဲ့အချိန်မှာ အရွက်ဆိုတဲ့ဆိုတဲ့ ဒေါ်လာအရွက်က ၂,၇၀၀၊ ၂,၈၀၀ လောက် ဖြစ်နေတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင်တော့ ပြည်သူလူထုအနေနဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုလျော့ကျသွားတဲ့ အခြေခံအချက်အလက်တခုအနေနဲ့ တော့ရှိနေပါတယ်။

ကိုဝင်းမင်း။ ။ အဲဒီအခါကျတော့ ဒီပြဿနာကို အဓိက ဘယ်လိုဖြေရှင်းဖို့ အကြံပြုချင်သလဲ။

ဒေါက်တာစိုးထွန်း။ ။ ဖြေရှင်းဖို့ကတော့ဗျာ- ဒါ ယုံကြည်မှုလျော့ကျတာကတော့ ပြည်သူလူထုတွေ ယုံကြည်မှုခိုင်မာအောင် ဆောင်ရွက်ဖို့တော့ လိုတာပေါ့နော်။ လက်ရှိတော့လည်း ဗဟိုဘဏ် အနေနဲ့လည်း ဒေါ်လာဈေးတည်ငြိမ်အောင်ဆိုပြီးတော့ တရက်ကို ဆယ်သန်း၊ ဆယ့်ငါးသန်းထုတ်ရောင်းနေတာတွေ့တယ်။ ဒါပေမယ့် ရောင်းတဲ့နေရာမှာတော့ သူက Import (သွင်းကုန်) လုပ်တဲ့ စက်သုံးဆီသွင်းတဲ့လူတချို့ကိုပဲ ရောင်းချတာေ တွ့တယ်ပေါ့နော်။ ပြီးတော့မှ ဈေးနှုန်းကိုလည်း လျှော့ပြီး ပေါက်ဈေးမဟုတ်ဘဲနဲ့ ၁,၇၅၀ နဲ့ လျှော့ရောင်းပေးတာတွေ့တယ်။ ကျနော့် ပုဂ္ဂလိကအမြင်မှာတော့ အခုနက ရောင်းတဲ့ပုံစံ - လျှော့ရောင်းတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ပေါက်ဈေးနဲ့ ပမာဏများများကို လူတိုင်းဝယ်နိုင်အောင် စီစဉ်ပေးဖို့ လိုတယ်လို့မြင်တယ်။ အဲဒီကျတော့မှ ပြည်သူလူထုအနေနဲ့ကလည်း ဗဟိုဘဏ်မှာ ဒေါ်လာတွေရှိတယ်၊ ရောင်းချနိုင်တယ်၊ နောက်တခါ ရွှေလိုတယ်ဆိုလည်း သူ့တို့မှာရွှေရှိတယ်၊ ရောင်းချနိုင်တယ်၊ သူ့တို့မှာ ခိုင်မာတယ်ဆိုတဲ့ဟာ ပြန်ပြီး တည်ငြိမ်လာမယ်လို့ကျနော်မြင်တယ်။ အဲလိုဖြေရှင်းနိုင်ရင်တော့ လူတွေရဲ့စိုးရိမ်ကြောင့်ကျမှု လျော့ကျပြီးတော့မှ ဒေါ်လာဈေးပြန်ပြီး တည်ငြိမ်လာမယ်လို့တော့ မြင်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒေါက်တာစိုးထွန်းခင်ဗျား။

#MyanmarEconomy #MyanmarBusiness #MyanmarCurrency #VOABurmese#ဒေါက်တာစိုးထွန်း#မြန်မာငွေ#ယုံကြည်မှုကျ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG