သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ပ္ေငြတန္ဖိုးက်ၿပီး ကုန္ေစ်းႏႈန္းတက္လုိ႔ သာမန္လူထု အခက္ႀကံဳေန


ရန္ကုန္ အသီးအႏွံေဈးတခုမွာ ေဈးဝယ္ဖုိ႔ ျမန္မာက်ပ္ေငြ ေရတြက္ေနသူတဦး။ (ဧၿပီ ၁၉၊ ၂၀၁၇)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ က်ပ္ေငြတန္ဖိုး ထိုးက်ခဲ့တာေၾကာင့္ အဓိကတင္သြင္းကုန္ေတြ ေစ်းတက္ကုန္ၿပီး စက္ဆီကေန စားဆီအထိ အေျခခံကုန္ပစၥည္းေတြကို သာမန္လူအမ်ားစု ဝယ္ယူႏုိင္ေရး အခက္ႀကံဳၾကရပါတယ္။

ျမန္မာေငြနဲ႔ အေမရိကန္ေဒၚလာ လဲႏႈန္းဟာ ၿပီးခဲ့တဲ့လ စက္တင္ဘာ ေနာက္ဆံုးအပတ္မွာ ထိုးတက္ခဲ့ၿပီး တေဒၚလာကို က်ပ္ ၂,၇၀၀ အထိ စံခ်ိန္တင္ တက္သြားၿပီးေတာ့ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာမသိမ္းခင္ကထက္ ၂ ဆနီးပါး တက္သြားခဲ့တာပါ။

ဒါေၾကာင့္ ေလာင္စာဆီနဲ႔ အထူးသျဖင့္ စားသံုးဆီလို ႏိုင္ငံျခားသြင္းကုန္ေတြ ေစ်းကလည္း ၅၀ ရာခုိင္ႏႈန္းဝန္းက်င္အထိ ထိုးတက္သြားခဲ့ပါတယ္။

ရန္ကုန္က အငွားယာဥ္ေမာင္းသမားေတြရဲ႕ဝင္ေငြ သိသိသာသာ ထိခိုက္ခဲ့ရၿပီး ဆီေစ်းမတတ္ႏိုင္ေတာ့တာေၾကာင့္ အမ်ားအျပား ဆက္မေမာင္းေတာ့ဘဲ ဆီေစ်းသာ ျပန္မက်ရင္ ဒီလုပ္ငန္း ဆက္မလုပ္ေတာ့ဘူးလို႔ အငွားယာဥ္ေမာင္းတခ်ိဳ႕က ဗီြအိုေအကို ေျပာပါတယ္။

ေျမာက္ဒဂုံက ကေလး ၃ ေယာက္ဖခင္၊ အသက္ ၄၀ အရြယ္ တကၠဆီသမား အယ္ဒိုးက "ႀကံဳခဲ့ဖူးသမွ် အဆိုးဆံုးပါပဲ၊ စက္တင္ဘာမတိုင္ခင္တုန္းက တေန႔ဝင္ေငြ က်ပ္ ၃၀,၀၀၀ မွာ ဆီဖိုးက ၆,၀၀၀ ပဲ၊ အခုေတာ့ ဝင္ေငြကမတက္၊ ဆီေစ်းက ၂၀,၀၀၀ ကို တက္သြားတယ္၊ ကားပိုင္ရွင္ကို ၁၀,၀၀၀ သာေပးရရင္ ဘာမွမက်န္ေတာ့ဘူး၊ အခုရက္ပိုင္းတြင္း ကားငွားခမယူလို႔ ဆက္ရွင္သန္ေနေသးတယ္" လို႔ ေျပာပါတယ္။

စစ္အာဏာမသိမ္းခင္က ဓာတ္ဆီတလီတာ က်ပ္ ၇၀၀ ဝန္းက်င္ကေန အခုေတာ့ ၁,၅၀၀ ေက်ာ္ထိ တက္သြားေပမယ့္ တကၠဆီစီးသူေတြဆီက ေငြပိုေတာင္းလို႔ မရတာအျပင္ ေပါက္ကြဲမႈေတြကလည္း မၾကာခန ရွိလာေနတာမို႔ ေငြလံုလံုေလာက္ေလာက္မဝင္ဘဲ အႏၲရာယ္ရွိလာတဲ့အလုပ္ကို ဘယ္သူမွ မလုပ္ခ်င္ေတာ့ဘူးလို႔ အရင္ သတင္းေထာက္အလုပ္ မရွိေတာ့လို႔ တကၠဆီေမာင္းေနသူတဦးကလည္း ေျပာပါတယ္။

စားကုန္ျဖန္႔ျဖဴးသူေတြကလည္း ေဒၚလာေငြလဲႏႈန္း တက္တာေၾကာင့္ စားကုန္တင္သြင္းစရိတ္က ၂၀ ကေန ၅၀ ရာခုိင္ႏႈန္းအထိ တက္သြားခ်ိန္မွာ "စားဆီေစ်းလည္း တပိသာကို ၃ ဆနီးပါးေတာင္ တက္ကုန္ၿပီ၊ အရင္ တပိသာ က်ပ္ ၂,၀၀၀ ကေန အခု ၆,၀၀၀ ဝန္းက်င္အထိပဲ" လို႔ ေပ်ာ္ဘြယ္ၿမိဳ႕က ကုန္သည္ ေဒၚသန္းသန္းျမင့္က ေျပာပါတယ္။

အခုလို စားကုန္ေစ်းေတြ ၂ ဆတက္ကုန္တာေၾကာင့္ ေနျပည္ေတာ္မွာ အစိုးရဝန္ထမ္း ခင္ပြန္းနဲ႔ သားရွိသူ အသက္ ၅၂ ႏွစ္အရြယ္ မသန္းေဌးကလည္း မိသားစုဝင္သံုးဦးအတြက္ အလုပ္မရွိခ်ိန္မွာ လခ က်ပ္ ၄ သိန္းေလးနဲ႔ ဆက္ရင္ဆိုင္ဖို႔ ခက္ေနၿပီလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကျပ်ငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်းတက်လို့ သာမန်လူထု အခက်ကြုံနေ

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ထိုးကျခဲ့တာကြောင့် အဓိကတင်သွင်းကုန်တွေ ဈေးတက်ကုန်ပြီး စက်ဆီကနေ စားဆီအထိ အခြေခံကုန်ပစ္စည်းတွေကို သာမန်လူအများစု ဝယ်ယူနိုင်ရေး အခက်ကြုံကြရပါတယ်။

မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာ လဲနှုန်းဟာ ပြီးခဲ့တဲ့လ စက်တင်ဘာ နောက်ဆုံးအပတ်မှာ ထိုးတက်ခဲ့ပြီး တဒေါ်လာကို ကျပ် ၂,၇၀၀ အထိ စံချိန်တင် တက်သွားပြီးတော့ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းခင်ကထက် ၂ ဆနီးပါး တက်သွားခဲ့တာပါ။

ဒါကြောင့် လောင်စာဆီနဲ့ အထူးသဖြင့် စားသုံးဆီလို နိုင်ငံခြားသွင်းကုန်တွေ ဈေးကလည်း ၅၀ ရာခိုင်နှုန်းဝန်းကျင်အထိ ထိုးတက်သွားခဲ့ပါတယ်။

ရန်ကုန်က အငှားယာဉ်မောင်းသမားတွေရဲ့ဝင်ငွေ သိသိသာသာ ထိခိုက်ခဲ့ရပြီး ဆီဈေးမတတ်နိုင်တော့တာကြောင့် အများအပြား ဆက်မမောင်းတော့ဘဲ ဆီဈေးသာ ပြန်မကျရင် ဒီလုပ်ငန်း ဆက်မလုပ်တော့ဘူးလို့ အငှားယာဉ်မောင်းတချို့က ဗွီအိုအေကို ပြောပါတယ်။

မြောက်ဒဂုံက ကလေး ၃ ယောက်ဖခင်၊ အသက် ၄၀ အရွယ် တက္ကဆီသမား အယ်ဒိုးက "ကြုံခဲ့ဖူးသမျှ အဆိုးဆုံးပါပဲ၊ စက်တင်ဘာမတိုင်ခင်တုန်းက တနေ့ဝင်ငွေ ကျပ် ၃၀,၀၀၀ မှာ ဆီဖိုးက ၆,၀၀၀ ပဲ၊ အခုတော့ ဝင်ငွေကမတက်၊ ဆီဈေးက ၂၀,၀၀၀ ကို တက်သွားတယ်၊ ကားပိုင်ရှင်ကို ၁၀,၀၀၀ သာပေးရရင် ဘာမှမကျန်တော့ဘူး၊ အခုရက်ပိုင်းတွင်း ကားငှားခမယူလို့ ဆက်ရှင်သန်နေသေးတယ်" လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ဓာတ်ဆီတလီတာ ကျပ် ၇၀၀ ဝန်းကျင်ကနေ အခုတော့ ၁,၅၀၀ ကျော်ထိ တက်သွားပေမယ့် တက္ကဆီစီးသူတွေဆီက ငွေပိုတောင်းလို့ မရတာအပြင် ပေါက်ကွဲမှုတွေကလည်း မကြာခန ရှိလာနေတာမို့ ငွေလုံလုံလောက်လောက်မဝင်ဘဲ အန္တရာယ်ရှိလာတဲ့အလုပ်ကို ဘယ်သူမှ မလုပ်ချင်တော့ဘူးလို့ အရင် သတင်းထောက်အလုပ် မရှိတော့လို့ တက္ကဆီမောင်းနေသူတဦးကလည်း ပြောပါတယ်။

စားကုန်ဖြန့်ဖြူးသူတွေကလည်း ဒေါ်လာငွေလဲနှုန်း တက်တာကြောင့် စားကုန်တင်သွင်းစရိတ်က ၂၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ တက်သွားချိန်မှာ "စားဆီဈေးလည်း တပိသာကို ၃ ဆနီးပါးတောင် တက်ကုန်ပြီ၊ အရင် တပိသာ ကျပ် ၂,၀၀၀ ကနေ အခု ၆,၀၀၀ ဝန်းကျင်အထိပဲ" လို့ ပျော်ဘွယ်မြို့က ကုန်သည် ဒေါ်သန်းသန်းမြင့်က ပြောပါတယ်။

အခုလို စားကုန်ဈေးတွေ ၂ ဆတက်ကုန်တာကြောင့် နေပြည်တော်မှာ အစိုးရဝန်ထမ်း ခင်ပွန်းနဲ့ သားရှိသူ အသက် ၅၂ နှစ်အရွယ် မသန်းဌေးကလည်း မိသားစုဝင်သုံးဦးအတွက် အလုပ်မရှိချိန်မှာ လခ ကျပ် ၄ သိန်းလေးနဲ့ ဆက်ရင်ဆိုင်ဖို့ ခက်နေပြီလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG