သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ႊတက်ပ္သား ၂၂သိန္းေက်ာ္၊ တေဒၚလာ ၂,၄၅၀ က်ပ္အထိ ေဈးေပါက္


Zawgyi/Unicode

ျပည္တြင္းမွာ ေ႐ႊေစ်းနဲ႔ ေဒၚလာေစ်းေတြ အခုရက္ပိုင္းအတြင္း အဆမတန္ တက္လာေနပါတယ္။ အကယ္ဒမီ အေခါက္ေ႐ႊ တက်ပ္သားကို ၂၂ သိန္းေက်ာ္ အထိ ရွိခဲ့ၿပီး ေဒၚလာေစ်းကလည္း ျမန္မာေငြ က်ပ္ ၂,၄၅၀ အထိ ေပါက္ေစ်းရွိခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံ အလိမၼာေျပာျပပါမယ္။
ျမန္မာႏိုင္ငံတဝန္း ကပ္ေရာဂါနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြ ျဖစ္ေနခ်ိန္မွာပဲ ေ႐ႊေစ်းနဲ႔ ေဒၚလာေစ်းေတြကလည္း တစထက္တစ တက္လာေနတာပါ။ ဒီကေန႔ အဂၤါေန႔ အေစာပိုင္းတုန္းက အကယ္ဒမီအေခါက္ေ႐ႊ တက်ပ္သားကို ၂,၀၅၀,၀၀၀ နဲ႔ ေစ်းဖြင့္ခဲ့ၿပီး အပိတ္ေစ်းကေတာ့ ၂,၂၁၃,၀၀၀ ျဖစ္ခဲ့ပါတယ္။ ေ႐ႊေစ်းကြက္မွာ ေရာင္းသူထက္ ဝယ္သူကပိုမ်ားေနၿပီး ေစ်းကြက္လိုအပ္ခ်က္ မ်ားလာတယ္လို႔ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က VOA ကိုေျပာပါတယ္။
"အရင္တုန္းက ေရာင္းတဲ့လူက ေ႐ႊတပိုင္းကို ကိုင္ၿပီးေတာ့ သူတို႔ႀကိဳက္တဲ့ေစ်းကို ေခၚေရာင္းတာ။ ဒီေန႔အခ်ိန္က်ေတာ့ အဲလိုမဟုတ္ေတာ့ဘူး။ ေရာင္းတဲ့လူကကို ေစ်းေခၚဝယ္တာ။ အဲဒီမွာတက္သြားတာဗ်။ အရင္ထက္ ၅ ဆေလာက္ အဝယ္က ပိုမ်ားလာတယ္။"
ေ႐ႊေစ်းတက္လာခ်ိန္ကစၿပီး ေစ်းကြက္ကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ရန္ကုန္နဲ႔ မႏၲေလးက ဝယ္လိုအားမ်ားတဲ့ ေ႐ႊဆိုင္ႀကီးေတြကို လက္ထဲပစၥည္းရွိမွ အေရာင္းအဝယ္လုပ္ၾကဖို႔၊ လုပ္ငန္းလုပ္မယ့္ ပန္းထိမ္သမားေတြကိုပဲ ေ႐ႊကိုအကန႔္အသတ္နဲ႔ ေရာင္းခ်ေပးဖို႔ကို ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း တာဝန္ရွိသူေတြက ေမတၱာရပ္ခံထားတယ္လို႔ သိရပါတယ္။ အခုေစ်းကြက္ထဲမွာ ေ႐ႊဝယ္သူေတြမ်ားေနၿပီး ကုန္ၾကမ္းေတြျပန္ဝင္လာဖို႔အတြက္ ေဆာင္႐ြက္ေနတယ္လို႔ ဦးမ်ိဳးျမင့္က ဆက္ေျပာပါတယ္။
"က်ေနာ္တို႔ လုပ္ငန္းအားလုံးက ရပ္ထားၿပီးေတာ့ ဒီေ႐ႊေစ်းမွာ လာၿပီးေတာ့ ေရာင္းၾက၊ ဝယ္ၾက။ ေဒၚလာရရင္ ေဒၚလာဝယ္ၾက၊ ေ႐ႊရရင္ ေ႐ႊဝယ္ၾက၊ အဲလိုလာလုပ္ေနၾကတာ။ ေ႐ႊေစ်းကို ၿငိမ္ေအာင္ေတာ့ က်ေနာ္တို႔ ထိန္းေနပါတယ္။ ထိန္းေနတယ္ ဆိုေပမယ့္လို႔ အရင္ကလို ေ႐ႊက ေ႐ႊသမား၊ ဆိုင္သမား သီးသန႔္ခ်ည္း ဝယ္တာမဟုတ္ဘဲနဲ႔ လုပ္ငန္းေပါင္းစုံကေန လာဝယ္တဲ့အတြက္ ေ႐ႊေစ်းကေတာ့ မတည္မၿငိမ္ျဖစ္တယ္။ ဒါကိုေတာ့ က်ေနာ္တို႔ ေစ်းကြက္မွာ လိုအပ္တဲ့ေ႐ႊကိုလည္း နယ္ကေနၿပီးေတာ့ ေ႐ႊကုန္ၾကမ္းေတြရေအာင္ အခု ဆက္သြယ္ေဆာင္႐ြက္ေနပါတယ္။ ေ႐ႊကုန္ၾကမ္းေတြ ျပန္ဝင္လာလို႔ရွိရင္ေတာ့ ဒီမွာေစ်းကေတာ့ သူ႔ဟာသူ ျပန္က်သြားမွာပါ။ အခုေလာေလာဆယ္ကလည္း ေၾကာက္လန႔္ၿပီးေတာ့ ဝယ္ေနၾကတဲ့သေဘာပါပဲ။ ခဏပါပဲ ဒီေစ်းႏႈန္းေတြက။ အဝယ္ေတြ ရပ္သြားရင္ က်ေနာ္တို႔ေ႐ႊေစ်းက ျပန္က်သြားမွာပါ။"
ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူၿပီးတဲ့ေနာက္ပိုင္း ေငြေၾကးအၾကပ္အတည္းေတြျဖစ္ၿပီး ဘဏ္အပ္ေငြ ထုတ္ယူမႈေတြကို အခုထိ ကန႔္သတ္ထားပါတယ္။ အမ်ားစုက ဘဏ္ထဲက စုေဆာင္းေငြကိုပဲ ထုတ္ယူဖို႔စဥ္းစားေနၾကၿပီး တန္ဖိုးခိုင္မာတယ္လို႔ ယုံၾကည္ရတဲ့ အေမရိကန္ေဒၚလာနဲ႔ အေခါက္ေ႐ႊကို စုေဆာင္းလာတာေၾကာင့္ ေ႐ႊေစ်းနဲ႔ ေဒၚလာေငြလဲႏႈန္းေတြ အဆမတန္တက္လာတာလို႔ ေလ့လာသူေတြက ယူဆပါတယ္။
အေမရိကန္ တေဒၚလာကို ျမန္မာေငြ ၁,၇၅၅ က်ပ္ ဗဟိုဘဏ္က ဒီေန႔ သတ္မွတ္ ခဲ့ၿပီး တရားဝင္ေငြလဲ ေကာင္တာေတြမွာေတာ့ တေဒၚလာကို က်ပ္ ၂,၄၅၀ အထိ ေစ်းေပါက္ခဲ့ပါတယ္။ ေစ်းကြက္ထဲမွာ ေဒၚလာေစ်းအဆမတန္ တက္လာေနလို႔ ေရာင္းအားထက္ ဝယ္အားကပိုမ်ားေနၿပီး တခ်ိဳ႕ေငြလဲေကာင္တာေတြအေနနဲ႔ ဆက္မေရာင္းေတာ့ဘဲ ေစ်းပိတ္ခဲ့တာေတြလည္း ရွိပါတယ္။ ျပည္တြင္းမွာ ႏိုင္ငံျခားေငြလဲႏႈန္း အဆမတန္တက္ေနလို႔ မရွိမျဖစ္လိုအပ္သူေတြအတြက္ေတာ့ ပိုအခက္ႀကဳံလာေနပါတယ္။
"ဝယ္ရတာလည္း ခက္တယ္။ တဘရိတ္တည္းလည္း မဝယ္ႏိုင္ဘူးေလ။ အခုဟာက နည္းနည္းခ်င္းစီ ဝယ္ေနရတာ။ ဒီေစ်းနဲ႔ဆိုရင္ အခုဟာက ၂,၇၀၀ နဲ႔ေတာ့ ဝယ္ေတာ့မဝယ္ရေသးဘူး။ ညီမအခုဝယ္ထားတဲ့ အျမင့္ဆုံးေစ်းႏႈန္းက ၂,၂၀၀ ေပါ့။ ေနာက္ထပ္ လိုေနတဲ့ဟာကလည္း အခုဟာက ဘယ္ေစ်းနဲ႔ဝယ္ရဦးမယ္ ဆိုတာ မသိေသးဘူး။ ေစ်းေတြက အရမ္းျမင့္ေနတာ။ ပုံမွန္အတိုင္းဆိုရင္ေတာင္မွ ညီမတို႔က ေဆးကုဖို႔ ၃၅၀ ေလာက္ ကုန္မယ္ေပါ့ အဲေလာက္မွန္းထားတာ။ အဲဒါေတာင္မွ မနည္း႐ုန္းကန္ေနရတာ။ အခုဟာက ေဒၚလာေစ်း ၂,၇၀၀ ၊ ၃,၀၀၀ အဲလိုသာ ျဖစ္သြားလို႔ရွိရင္ေတာ့ ေဆးကုဖို႔ေတာင္မွ ျပန္စဥ္းစားရမယ့္ပုံ ျဖစ္ေနၿပီ။"
၂၀၂၁ ခုႏွစ္အစပိုင္းမွာ အေမရိကန္ တေဒၚလာကို ျမန္မာေငြ ၁,၃၃၀ က်ပ္ ရွိခဲ့ေပမယ့္ အခု စက္တင္ဘာ လကုန္ပိုင္းမွာေတာ့ ၂,၄၀၀ ေက်ာ္အထိေရာက္လာပါတယ္။ ေငြလဲသူတခ်ိဳ႕ကေတာ့ အေမရိကန္ေဒၚလာအျပင္ ရတဲ့ႏိုင္ငံျခားေငြတိုင္းကို ေရာင္းသေလာက္ လဲယူတာေတြရွိတယ္လို႔ သိရပါတယ္။ ရန္ကုန္မွာဖြင့္လွစ္ ထားတဲ့ ေငြလဲေကာင္တာတခုကလည္း သူတို႔အေနနဲ႔ လိုသေလာက္မလဲေပးႏိုင္ လို႔ အေရအတြက္ကန႔္သတ္ၿပီး ေဆာင္႐ြက္ေပးေနရတယ္လို႔ ေျပာပါတယ္။ ေ႐ႊေစ်းနဲ႔ ေဒၚလာေစ်း အဆမတန္တက္လာတာေတြေၾကာင့္ စက္သုံးဆီနဲ႔ စားသုံးဆီအေပၚ ႐ိုက္ခတ္မႈေတြရွိေနၿပီး ကုန္ေစ်းႏႈန္းတက္လာတာေတြေၾကာင့္ အေျခခံလူတန္းစားေတြအတြက္လည္း စားေသာက္ေရး ပိုအခက္ႀကဳံလာရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======

Unicode

ရွှေတကျပ်သား ၂၂သိန်းကျော်၊ တဒေါ်လာ ၂,၄၅၀ ကျပ်အထိ ဈေးပေါက်

ပြည်တွင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ အခုရက်ပိုင်းအတွင်း အဆမတန် တက်လာနေပါတယ်။ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၂၂ သိန်းကျော် အထိ ရှိခဲ့ပြီး ဒေါ်လာဈေးကလည်း မြန်မာငွေ ကျပ် ၂,၄၅၀ အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံ အလိမ္မာပြောပြပါမယ်။
မြန်မာနိုင်ငံတဝန်း ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်မှာပဲ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေကလည်း တစထက်တစ တက်လာနေတာပါ။ ဒီကနေ့ အင်္ဂါနေ့ အစောပိုင်းတုန်းက အကယ်ဒမီအခေါက်ရွှေ တကျပ်သားကို ၂,၀၅၀,၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပြီး အပိတ်ဈေးကတော့ ၂,၂၁၃,၀၀၀ ဖြစ်ခဲ့ပါတယ်။ ရွှေဈေးကွက်မှာ ရောင်းသူထက် ဝယ်သူကပိုများနေပြီး ဈေးကွက်လိုအပ်ချက် များလာတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က VOA ကိုပြောပါတယ်။
"အရင်တုန်းက ရောင်းတဲ့လူက ရွှေတပိုင်းကို ကိုင်ပြီးတော့ သူတို့ကြိုက်တဲ့ဈေးကို ခေါ်ရောင်းတာ။ ဒီနေ့အချိန်ကျတော့ အဲလိုမဟုတ်တော့ဘူး။ ရောင်းတဲ့လူကကို ဈေးခေါ်ဝယ်တာ။ အဲဒီမှာတက်သွားတာဗျ။ အရင်ထက် ၅ ဆလောက် အဝယ်က ပိုများလာတယ်။"
ရွှေဈေးတက်လာချိန်ကစပြီး ဈေးကွက်ကိုထိန်းချုပ်နိုင်ဖို့ ရန်ကုန်နဲ့ မန္တလေးက ဝယ်လိုအားများတဲ့ ရွှေဆိုင်ကြီးတွေကို လက်ထဲပစ္စည်းရှိမှ အရောင်းအဝယ်လုပ်ကြဖို့၊ လုပ်ငန်းလုပ်မယ့် ပန်းထိမ်သမားတွေကိုပဲ ရွှေကိုအကန့်အသတ်နဲ့ ရောင်းချပေးဖို့ကို ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ အခုဈေးကွက်ထဲမှာ ရွှေဝယ်သူတွေများနေပြီး ကုန်ကြမ်းတွေပြန်ဝင်လာဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဦးမျိုးမြင့်က ဆက်ပြောပါတယ်။
"ကျနော်တို့ လုပ်ငန်းအားလုံးက ရပ်ထားပြီးတော့ ဒီရွှေဈေးမှာ လာပြီးတော့ ရောင်းကြ၊ ဝယ်ကြ။ ဒေါ်လာရရင် ဒေါ်လာဝယ်ကြ၊ ရွှေရရင် ရွှေဝယ်ကြ၊ အဲလိုလာလုပ်နေကြတာ။ ရွှေဈေးကို ငြိမ်အောင်တော့ ကျနော်တို့ ထိန်းနေပါတယ်။ ထိန်းနေတယ် ဆိုပေမယ့်လို့ အရင်ကလို ရွှေက ရွှေသမား၊ ဆိုင်သမား သီးသန့်ချည်း ဝယ်တာမဟုတ်ဘဲနဲ့ လုပ်ငန်းပေါင်းစုံကနေ လာဝယ်တဲ့အတွက် ရွှေဈေးကတော့ မတည်မငြိမ်ဖြစ်တယ်။ ဒါကိုတော့ ကျနော်တို့ ဈေးကွက်မှာ လိုအပ်တဲ့ရွှေကိုလည်း နယ်ကနေပြီးတော့ ရွှေကုန်ကြမ်းတွေရအောင် အခု ဆက်သွယ်ဆောင်ရွက်နေပါတယ်။ ရွှေကုန်ကြမ်းတွေ ပြန်ဝင်လာလို့ရှိရင်တော့ ဒီမှာဈေးကတော့ သူ့ဟာသူ ပြန်ကျသွားမှာပါ။ အခုလောလောဆယ်ကလည်း ကြောက်လန့်ပြီးတော့ ဝယ်နေကြတဲ့သဘောပါပဲ။ ခဏပါပဲ ဒီဈေးနှုန်းတွေက။ အဝယ်တွေ ရပ်သွားရင် ကျနော်တို့ရွှေဈေးက ပြန်ကျသွားမှာပါ။"
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ငွေကြေးအကြပ်အတည်းတွေဖြစ်ပြီး ဘဏ်အပ်ငွေ ထုတ်ယူမှုတွေကို အခုထိ ကန့်သတ်ထားပါတယ်။ အများစုက ဘဏ်ထဲက စုဆောင်းငွေကိုပဲ ထုတ်ယူဖို့စဉ်းစားနေကြပြီး တန်ဖိုးခိုင်မာတယ်လို့ ယုံကြည်ရတဲ့ အမေရိကန်ဒေါ်လာနဲ့ အခေါက်ရွှေကို စုဆောင်းလာတာကြောင့် ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်တက်လာတာလို့ လေ့လာသူတွေက ယူဆပါတယ်။
အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၇၅၅ ကျပ် ဗဟိုဘဏ်က ဒီနေ့ သတ်မှတ် ခဲ့ပြီး တရားဝင်ငွေလဲ ကောင်တာတွေမှာတော့ တဒေါ်လာကို ကျပ် ၂,၄၅၀ အထိ ဈေးပေါက်ခဲ့ပါတယ်။ ဈေးကွက်ထဲမှာ ဒေါ်လာဈေးအဆမတန် တက်လာနေလို့ ရောင်းအားထက် ဝယ်အားကပိုများနေပြီး တချို့ငွေလဲကောင်တာတွေအနေနဲ့ ဆက်မရောင်းတော့ဘဲ ဈေးပိတ်ခဲ့တာတွေလည်း ရှိပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားငွေလဲနှုန်း အဆမတန်တက်နေလို့ မရှိမဖြစ်လိုအပ်သူတွေအတွက်တော့ ပိုအခက်ကြုံလာနေပါတယ်။
"ဝယ်ရတာလည်း ခက်တယ်။ တဘရိတ်တည်းလည်း မဝယ်နိုင်ဘူးလေ။ အခုဟာက နည်းနည်းချင်းစီ ဝယ်နေရတာ။ ဒီဈေးနဲ့ဆိုရင် အခုဟာက ၂,၇၀၀ နဲ့တော့ ဝယ်တော့မဝယ်ရသေးဘူး။ ညီမအခုဝယ်ထားတဲ့ အမြင့်ဆုံးဈေးနှုန်းက ၂,၂၀၀ ပေါ့။ နောက်ထပ် လိုနေတဲ့ဟာကလည်း အခုဟာက ဘယ်ဈေးနဲ့ဝယ်ရဦးမယ် ဆိုတာ မသိသေးဘူး။ ဈေးတွေက အရမ်းမြင့်နေတာ။ ပုံမှန်အတိုင်းဆိုရင်တောင်မှ ညီမတို့က ဆေးကုဖို့ ၃၅၀ လောက် ကုန်မယ်ပေါ့ အဲလောက်မှန်းထားတာ။ အဲဒါတောင်မှ မနည်းရုန်းကန်နေရတာ။ အခုဟာက ဒေါ်လာဈေး ၂,၇၀၀ ၊ ၃,၀၀၀ အဲလိုသာ ဖြစ်သွားလို့ရှိရင်တော့ ဆေးကုဖို့တောင်မှ ပြန်စဉ်းစားရမယ့်ပုံ ဖြစ်နေပြီ။"
၂၀၂၁ ခုနှစ်အစပိုင်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၃၃၀ ကျပ် ရှိခဲ့ပေမယ့် အခု စက်တင်ဘာ လကုန်ပိုင်းမှာတော့ ၂,၄၀၀ ကျော်အထိရောက်လာပါတယ်။ ငွေလဲသူတချို့ကတော့ အမေရိကန်ဒေါ်လာအပြင် ရတဲ့နိုင်ငံခြားငွေတိုင်းကို ရောင်းသလောက် လဲယူတာတွေရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မှာဖွင့်လှစ် ထားတဲ့ ငွေလဲကောင်တာတခုကလည်း သူတို့အနေနဲ့ လိုသလောက်မလဲပေးနိုင် လို့ အရေအတွက်ကန့်သတ်ပြီး ဆောင်ရွက်ပေးနေရတယ်လို့ ပြောပါတယ်။ ရွှေဈေးနဲ့ ဒေါ်လာဈေး အဆမတန်တက်လာတာတွေကြောင့် စက်သုံးဆီနဲ့ စားသုံးဆီအပေါ် ရိုက်ခတ်မှုတွေရှိနေပြီး ကုန်ဈေးနှုန်းတက်လာတာတွေကြောင့် အခြေခံလူတန်းစားတွေအတွက်လည်း စားသောက်ရေး ပိုအခက်ကြုံလာရပါတယ်။

#MyanmarEconomy #MyanmarBusiness #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG