သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာက်ပ္ေငြတန္ဖိုး ၆၀ ရာခိုင္ႏႈန္းက်ဆင္းသြား


Zawgyi/Unicode

ျမန္မာက်ပ္ေငြတန္ဘိုးဟာ စက္တင္ဘာလဆန္းကတည္းကဆိုရင္ ၆၀% ေက်ာ္ က်သြားၿပီး စားေသာက္ကုန္နဲ႔ ေလာင္စာဆီေဈးႏႈန္းေတြ တက္ေနတယ္လို႔ ႐ိုက္တာသတင္းတပုဒ္မွာ ေရးထားပါတယ္။

ႏိုင္ငံတကာ အက်ပ္အတည္းအေျခအေနေတြကို ေစာင့္ၾကည့္ေလ့လာတဲ့ ICG အဖြဲ႔ရဲ႕ ျမန္မာ့အေရးကြၽမ္းက်င္သူ Richard Horsey က "က်ပ္ေငြတန္ဘိုးကို စီးပြားေရးအေျခအေနေပၚ တိုင္းတာမႈတခုအျဖစ္ ျမင္ၾကတာနဲ႔အမွ် ဗိုလ္ခ်ဳပ္ႀကီးေတြဟာ ဒီအေပၚ အေတာ့္ကို အ႐ူးအမူးျဖစ္လြန္းတာမို႔ သူတို႔အတြက္ စိုးရိမ္စရာျဖစ္ေစပါလိမ့္မယ္။ ဒါက သူတို႔အေပၚ အကဲျဖတ္ခ်က္တခုပါပဲ" လို႔ ေျပာပါတယ္။

အေမရိကန္ေဒၚလာနဲ႔ လဲလွယ္ႏႈန္းမွာ က်ပ္ေငြတန္ဘိုး တေန႔ထက္တေန႔ က်လာေနၿပီး ေရာင္းေဈး တေဒၚလာကို ၂,၇၀၀ က်ပ္ ဝန္းက်င္အထိရွိတယ္လို႔ ေငြေၾကးအေရာင္းအဝယ္ေဈးကြက္နဲ႔ နီးစပ္သူေတြက ေျပာၾကေပမယ့္ အဲဒီေဈးနဲ႔ တကယ္တမ္း အေရာင္းအဝယ္ျဖစ္သလားဆိုတာကေတာ့ မေသခ်ာလွပါဘူး။

"ႏုိင္ငံေရးအေျခအေန ပိုဆိုးလာတာနဲ႔အမွ် ေငြလဲႏႈန္းကလည္း ပိုဆိုးလာမွာပဲ" (အမည္မေဖာ္လိုတဲ့ ဘဏ္အရာရွိတဦး)


ေစ်းကြက္ထဲမွာ အေမရိကန္ေဒၚလာ နည္းလာေနၿပီး ေငြလဲလုပ္ငန္းတခ်ဳိ႕ အေရာင္းအဝယ္ရပ္လိုက္ၾကပါတယ္။ ရန္ကုန္ၿမိဳ႕က Northern Breeze ဆိုတဲ့ ေငြလဲလုပ္ ငန္းတခုက လက္ရွိမွာ ေငြေၾကးေစ်းႏႈန္းတည္ၿငိမ္မႈမရွိတာ၊ ဝယ္လိုအား ေရာင္းလိုအား မွ်တမႈမရွိတာေၾကာင့္ သူတို႔ဆိုင္ခြဲအားလံုးကုိ ယာယီပိတ္ထားတယ္လို႔ ေဖ့စ္ဘုတ္မွာ ဒီကေန႔ေရးထားပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္သူေတြက ေဒသတခ်ဳိ႕မွာ လက္နက္ကိုင္ တိုက္ခိုက္တာေတြ ပိုတိုးလာေနတာနဲ႔အမွ် အခုလို ေငြေၾကးေစ်းကြက္နဲ႔ စီးပြားေရးတခုလံုးပါ ယိမ္းယုိင္လာေနတာပါ။

"ႏုိင္ငံေရးအေျခအေန ပိုဆိုးလာတာနဲ႔အမွ် ေငြလဲႏႈန္းကလည္း ပိုဆိုးလာမွာပဲ" လို႔ အမည္မေဖာ္လိုတဲ့ ဘဏ္အရာရွိတဦးက ႐ိုက္တာကိုေျပာပါတယ္။

စီးပြားေရးက်ဆင္းတာကေန စားေသာက္ကုန္ေစ်းႏႈန္းေတြလည္း တက္လာေနၿပီး ျမန္မာလူထု ၃ သန္းပတ္ဝန္းက်င္ဟာ လူသားစာနာမႈအကူအညီ လုိအပ္ေနၿပီလို႔ လူသားစာနာမႈလုပ္ငန္းမ်ား ညွိႏိႈင္းေရးဆိုင္ရာ ကုလသမဂၢ႐ံုးက ဒီသီတင္းပတ္ထဲ ေျပာထားပါတယ္။ အကူအညီလိုအပ္သူ အေရအတြက္ဟာ စစ္အာဏာမသိမ္းခင္က ​၁ သန္းရွိခဲ့တာေၾကာင့္ အခုဆို ပိုတိုးလာတာပါ။

“စီးပြားေရးက်ဆင္းတာကေန စားေသာက္ကုန္ေစ်းႏႈန္းေတြလည္း တက္လာေနၿပီး ျမန္မာလူထု ၃ သန္းပတ္ဝန္းက်င္ဟာ လူသားစာနာမႈအကူအညီ လုိအပ္ေနၿပီ”(လူသားစာနာမႈလုပ္ငန္းမ်ား ညွိႏိႈင္းေရးဆိုင္ရာ ကုလသမဂၢ႐ံုး)

စီးပြားေရးလုပ္ငန္းေတြ ထိခိုက္တဲ့ထဲမွာ ျပည္ပကေန ကုန္ၾကမ္းသြင္းရတဲ့လုပ္ငန္း ေတြ ပိုၿပီး အထိနာၾကပါတယ္။ ရန္ကုန္ၿမိဳ႕က ပလတ္စတစ္အိတ္ထုတ္ လုပ္ငန္းရွင္တဦးက မျဖစ္မေန ေစ်းတင္ေရာင္းရၿပီး ေရာင္းအားက ၃၀% ေလာက္ က်သြားတယ္လုိ႔ ႐ိုက္တာကိုေျပာပါတယ္။

ကမာၻ႔ဘဏ္ရဲ႕ တနလၤာေန႔ထုတ္ အစီရင္ခံစာထဲမွာ ျမန္မာ့စီးပြားေရးဟာ ဒီႏွစ္ထဲ ၁၈% က်ဆင္းမယ္လုိ႔ ခန္႔မွန္းထားၿပီး ကိုေဇာ္ဆိုတဲ့ ရန္ကုန္ၿမိဳ႕ခံတဦးကေတာ့ "လူေတြ ပိုၿပီး ဆင္းရဲလာၾကမွာပါပဲ" လို႔ ႐ိုက္တာကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Unicode

မြန်မာကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းကျဆင်းသွား

မြန်မာကျပ်ငွေတန်ဘိုးဟာ စက်တင်ဘာလဆန်းကတည်းကဆိုရင် ၆၀% ကျော် ကျသွားပြီး စားသောက်ကုန်နဲ့ လောင်စာဆီဈေးနှုန်းတွေ တက်နေတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

နိုင်ငံတကာ အကျပ်အတည်းအခြေအနေတွေကို စောင့်ကြည့်လေ့လာတဲ့ ICG အဖွဲ့ရဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Richard Horsey က "ကျပ်ငွေတန်ဘိုးကို စီးပွားရေးအခြေအနေပေါ် တိုင်းတာမှုတခုအဖြစ် မြင်ကြတာနဲ့အမျှ ဗိုလ်ချုပ်ကြီးတွေဟာ ဒီအပေါ် အတော့်ကို အရူးအမူးဖြစ်လွန်းတာမို့ သူတို့အတွက် စိုးရိမ်စရာဖြစ်စေပါလိမ့်မယ်။ ဒါက သူတို့အပေါ် အကဲဖြတ်ချက်တခုပါပဲ" လို့ ပြောပါတယ်။

"နိုင်ငံရေးအခြေအနေ ပိုဆိုးလာတာနဲ့အမျှ ငွေလဲနှုန်းကလည်း ပိုဆိုးလာမှာပဲ" (အမည်မဖော်လိုတဲ့ ဘဏ်အရာရှိတဦး)


အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ ကျပ်ငွေတန်ဘိုး တနေ့ထက်တနေ့ ကျလာနေပြီး ရောင်းဈေး တဒေါ်လာကို ၂,၇၀၀ ကျပ် ဝန်းကျင်အထိရှိတယ်လို့ ငွေကြေးအရောင်းအဝယ်ဈေးကွက်နဲ့ နီးစပ်သူတွေက ပြောကြပေမယ့် အဲဒီဈေးနဲ့ တကယ်တမ်း အရောင်းအဝယ်ဖြစ်သလားဆိုတာကတော့ မသေချာလှပါဘူး။
ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ နည်းလာနေပြီး ငွေလဲလုပ်ငန်းတချို့ အရောင်းအဝယ်ရပ်လိုက်ကြပါတယ်။ ရန်ကုန်မြို့က Northern Breeze ဆိုတဲ့ ငွေလဲလုပ် ငန်းတခုက လက်ရှိမှာ ငွေကြေးဈေးနှုန်းတည်ငြိမ်မှုမရှိတာ၊ ဝယ်လိုအား ရောင်းလိုအား မျှတမှုမရှိတာကြောင့် သူတို့ဆိုင်ခွဲအားလုံးကို ယာယီပိတ်ထားတယ်လို့ ဖေ့စ်ဘုတ်မှာ ဒီကနေ့ရေးထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေက ဒေသတချို့မှာ လက်နက်ကိုင် တိုက်ခိုက်တာတွေ ပိုတိုးလာနေတာနဲ့အမျှ အခုလို ငွေကြေးဈေးကွက်နဲ့ စီးပွားရေးတခုလုံးပါ ယိမ်းယိုင်လာနေတာပါ။

"နိုင်ငံရေးအခြေအနေ ပိုဆိုးလာတာနဲ့အမျှ ငွေလဲနှုန်းကလည်း ပိုဆိုးလာမှာပဲ" လို့ အမည်မဖော်လိုတဲ့ ဘဏ်အရာရှိတဦးက ရိုက်တာကိုပြောပါတယ်။

စီးပွားရေးကျဆင်းတာကနေ စားသောက်ကုန်ဈေးနှုန်းတွေလည်း တက်လာနေပြီး မြန်မာလူထု ၃ သန်းပတ်ဝန်းကျင်ဟာ လူသားစာနာမှုအကူအညီ လိုအပ်နေပြီလို့ လူသားစာနာမှုလုပ်ငန်းများ ညှိနှိုင်းရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီသီတင်းပတ်ထဲ ပြောထားပါတယ်။ အကူအညီလိုအပ်သူ အရေအတွက်ဟာ စစ်အာဏာမသိမ်းခင်က ၁ သန်းရှိခဲ့တာကြောင့် အခုဆို ပိုတိုးလာတာပါ။

“စီးပွားရေးကျဆင်းတာကနေ စားသောက်ကုန်ဈေးနှုန်းတွေလည်း တက်လာနေပြီး မြန်မာလူထု ၃ သန်းပတ်ဝန်းကျင်ဟာ လူသားစာနာမှုအကူအညီ လိုအပ်နေပြီ”(လူသားစာနာမှုလုပ်ငန်းများ ညှိနှိုင်းရေးဆိုင်ရာ ကုလသမဂ္ဂရုံး)


စီးပွားရေးလုပ်ငန်းတွေ ထိခိုက်တဲ့ထဲမှာ ပြည်ပကနေ ကုန်ကြမ်းသွင်းရတဲ့လုပ်ငန်း တွေ ပိုပြီး အထိနာကြပါတယ်။ ရန်ကုန်မြို့က ပလတ်စတစ်အိတ်ထုတ် လုပ်ငန်းရှင်တဦးက မဖြစ်မနေ ဈေးတင်ရောင်းရပြီး ရောင်းအားက ၃၀% လောက် ကျသွားတယ်လို့ ရိုက်တာကိုပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ တနင်္လာနေ့ထုတ် အစီရင်ခံစာထဲမှာ မြန်မာ့စီးပွားရေးဟာ ဒီနှစ်ထဲ ၁၈% ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး ကိုဇော်ဆိုတဲ့ ရန်ကုန်မြို့ခံတဦးကတော့ "လူတွေ ပိုပြီး ဆင်းရဲလာကြမှာပါပဲ" လို့ ရိုက်တာကို ပြောပါတယ်။

#MyanmarEconomy #MyanmarBusiness #MyanmarCurrency #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG