သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးက်ဆင္းမႈ "လက္ရွိအစိုးရ" ပဲတာဝန္ယူရမယ္လုိ႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာဆို


စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း

Zawgyi/Unicode

လက္ရွိတိုင္းျပည္စီးပြားေရး ယိုယြင္းက်ဆင္းေနတာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက “အခုလက္ရွိအစိုးရကပဲ တာ၀န္ယူရမွာျဖစ္တယ္လို႔” ေျပာသြားပါတယ္။ ဒီေန႔ သတင္းစာရွင္းလင္းပဲြမွာ အခုလို ေျပာသြားတာနဲ႔ ပတ္သက္လို႔ ကိုယ္တိုင္သတင္းသြား ယူခဲ့တဲ့ ကိုစည္သူကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုရန္ႏုိင္။ ။ ဟုတ္ကဲ့။ ကိုစည္သူ၊ ဒီေန႔ ကိုစည္သူက စစ္ေကာင္စီရဲ႕သတင္းစာရွင္းလင္းပြဲကို တက္ေရာက္ခဲ့တယ္၊ စစ္ေကာင္စီဘက္ကလည္း အေၾကာင္းအရာေတြ ေတာ္ေတာ္မ်ားမ်ားကို ရွင္းလင္းေျပာၾကားခဲ့တယ္ဆိုောတ့ ဒီထဲမွာ က်ေနာ္တို႔ အရင္ဆံုးစေမးခ်င္တာကေတာ့ စီးပြါးေရးကိစၥေပါ့ေနာ္။ လက္ရွိတုိင္းျပည္ရဲ႕စီးပြါးေရးအေျခအေနက ေတာ္ေတာ္ေလးကိုလည္း ဆိုးဆုိးဝါးဝါးျဖစ္ေနတယ္။ စီးပါြးေရးလုပ္ငန္းေတြလည္း ပ်က္တယ္။ အေရာင္းအဝယ္ေတြ မရွိတာတို႔၊ ဘာတို႔ အဲဒီအေျခအေနေတြနဲ႔ပတ္သက္ၿပီးေတာ့ ဒီအေျခအေနကို ျပန္ေကာင္းလာေအာင္ စစ္ေကာင္စီဘက္က ဘာေတြလုပ္မယ္လို႔ ေျပာထားတာရွိပါသလဲ။

ကိုစည္သူ။ ။ ဟုတ္ကဲ့ခင္ဗ်။ ဒီေန႔ သတင္းစာရွင္းလင္းပြဲကို ျပည္တြင္းျပည္ပမီဒီယာေတြကို ဖိတ္တယ္။ အဓိက ကေတာ့ သူတို႔လုပ္ေဆာင္ခ်က္ေတြကို ရွင္းျပ၊ ေျပာျပတာေပါ့ေနာ္။ အဲဒီထဲမွာ သတင္းေထာက္ေတြ သိလိုတဲ့ေမးခြန္းေတြကို ေမးေတာ့ အထူးသျဖင့္ေတာ့ စီးပြါးေရးနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြ ေတာ္ေတာ္မ်ားမ်ား အေမးခံရတယ္။ က်ေနာ္တို႔အပါအဝင္ ေမးၾကပါတယ္။ အဲလိုေမးတဲ့အခါမ်ဳိးမွာ စီးပြါးေရးနဲ႔ပတ္သက္လု႔ိ သူတို႔ လုပ္ႏုိင္သမွ် နည္းလမ္းေတြကို ႀကိဳးစားေနတယ္ဆိုတဲ့အေၾကာင္း သူတို႔ ေျပာတယ္။

...အဓိက ကေတာ့ ကိုဗစ္ေၾကာင့္ ပ်က္စီးယိုယြင္းလာတဲ့စီးပြါးေရးေတြက အခုအခ်ိန္မွာ ေတာ္ေတာ္ေလး ဆုတ္ယုတ္တဲ့အေနအထားကို ေရာက္ေနၿပီဆိုတဲ့အေၾကာင္း သူတို႔ ဝန္ခံတယ္။ စစ္ေကာင္စီေျပာခြင့္ရကိုယ္တုိင္ ဝန္ခံတယ္ေပါ့ေနာ္။ ၿပီးေတာ့ တုိင္းျပည္ရဲ႕အေျခအေနဆုတ္ယုတ္မႈဟာ ဘယ္လိုပဲ ျဖစ္လာ ျဖစ္လာ၊ လက္ရွိ တာဝန္ရွိေနတဲ့ အစိုးရက တာဝန္ခံရမယ္ဆိုတာကိုလည္း ေကာင္းေကာင္း သေဘာေပါက္နားလည္တယ္ဆိုတဲ့အေၾကာင္းကို သူက အခုလို ေျပာတယ္ဗ်။

“စီးပြါးေရးလုပ္ငန္းေတြနဲ႔ပတ္သက္ၿပီးေတာ့ ျဖစ္ပ်က္ေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီးေတာ့က်ေတာ့ ကိုယ္ကၽြမ္းက်င္တဲ့ဘာသာရပ္ေတာ့ မဟုတ္ပါဘူး။ သို႔ေသာ္...ေလ့လာတာေပါ့ေနာ္။ ေလ့လာတဲ့အခါမွာ မွန္ပါတယ္။ အခုနကေျပာသလို တိုင္းျပည္ရဲ႕စီးပြါးေရးက်ဆင္းျခင္းကေတာ့ တိုင္းျပည္ရဲ႕ ပထမလိႈင္း၊ ဒုတိယလိႈင္းကာလကတည္းက ျဖစ္ေနတာေပါ့ေလ။ သို႔ေသာ္ ဒီအခ်ိန္မွာ ပိုၿပီး ဆိုးလာတယ္။ ႏုိင္ငံေရး ထိုးႏွက္ခ်က္ေတြလည္း ပါပါတယ္။ ႏိုင္ငံေရးထိုးႏွက္ခ်က္လည္းပါတယ္။ဒိျပင္ ျပည္သူလူထုတရပ္လံုးလည္း သိၿပီးသားျဖစ္မွာပါ။ ႏိုင္ငံျခားမွာ ေငြေတြေရာက္ရွိေနတာလည္း ပါတယ္။ ဒါေတြလည္း ပါႏုိင္ေကာင္း ပါႏိုင္တယ္။ သို႔ေသာ္ ဘယ္လိုပဲျဖစ္ျဖစ္ အခု လက္ရွိတာဝန္ယူထားတဲ့ အစိုးရကပဲ တာဝန္ယူရမွာပဲ။

...အခုနကေျပာသလို မွန္ပါတယ္။ အဓိက ကေတာ့ က်ေနာ္တုိ႔မွည့္ေနတာၾကာၿပီ။ မွည့္ေနတာလည္းၾကာၿပီ။ ေႂကြက်ခါနီးလည္းျဖစ္ေနၿပီ။ ေႂကြက်တာကေတာ့ ဒီအစိုးရလက္ထက္မွာ ေႂကြက်တာေပါ့ေလ။

..ဘယ္လိုပဲျဖစ္ျဖစ္ ခင္ဗ်ားတို႔ေျပာတဲ့စကားအတုိင္းပဲ။ ေႂကြက်သည္ျဖစ္ေစ၊ ေႂကြမက်သည္ျဖစ္ေစ၊ ကိုယ့္လက္ထဲမွာေႂကြက်တာျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ့္ဖာသာကိုယ္ ျပန္ေကာက္ၿပီးေတာ့ ျပန္လည္ထူေထာင္ေအာင္ေတာ့ လုပ္ေပးရမယ့္တာဝန္ရွိပါတယ္။ ဒီအတုိင္းပဲ လုပ္ေဆာင္ေပးမယ္လို႔ က်ေနာ္ ေျပာခ်င္ပါတယ္။”

ကိုရန္ႏိုင္။ ။ ေနာက္တခုက လက္ရွိအေျခအေနမွာေပါ့ေနာ္-အေမရိကန္ေဒၚလာနဲ႔ ေငြလဲလွယ္တဲ့ေနရာမွာ ျမန္မာက်ပ္ေငြတန္ဖိုးက ေတာ္ေတာ္ေလး က်ေနတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ေရာ စစ္ေကာင္စီဘက္က ဘယ္လိုျမင္ထားမယ္၊ ဒီအေျခအေနကို ကုစားဖို႔ကိုေရာ စစ္ေကာင္စီဘက္က ဘာေတြလုပ္ေနတယ္လို႔ေရာ ေျပာလဲဗ်။”

ကိုစည္သူ။ ။ အဲဒီကိစၥမွာလည္း သူတို႔ေျပာတာရွိပါတယ္ဗ်။ အဲဒါ ဘာလဲဆိုေတာ့ တိုင္းျပည္ရဲ႕စီးပြါးေရး က်ဆင္းလာတဲ့အခါမွာ ေဒၚလာေငြေစ်းနဲ႔ဆက္စပ္တဲ့ ျမန္မာေငြေစ်းက်တယ္။ ဒါေၾကာင့္ ႐ိုက္ခတ္မႈအေနနဲ႔ ေလာင္စာဆီေစ်းႏႈန္းေတြ ျမင့္တက္လာတယ္။ အဲဒါေတြကို သူတို႔ ေျဖရွင္းေနတယ္ဆိုတဲ့အေၾကာင္းေျပာတယ္။ အဓိကက အဲဒီမွာလည္း ဝန္ခံခ်က္တခုက ေစ်းကြက္ထဲမွာ ေဒၚလာ လိုေငြျပတာကို ဗဟုိဘဏ္က ေဒၚလာ ေတြကို ထုတ္ေရာင္းတဲ့စနစ္နဲ႔ေျဖရွင္းတယ္။ သို႔ေသာ္ ေစ်းကြက္ထဲမွာ တကယ္လိုတဲ့ေဒၚလာကိုေတာ့ သူတို႔ လံုေလာက္ေအာင္ မေရာင္းႏုိင္ဘူးဆိုတာကိုေတာ့ ဒီဟာ-ဟာ အျဖစ္မွန္တခုျဖစ္ေၾကာင္း ဝန္ခံၿပီး ေရရွည္၊ ေရတို သူတို႔လုပ္ႏုိင္သေလာက္ အစီအစဥ္ေတြခ်မွတ္ၿပီး လုပ္ေနတယ္ဆိုတာကို အခုလို ေျပာတယ္ခင္ဗ်။

“ေဒၚလာေစ်းျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္ဗဟိုဘဏ္ကေနၿပီး ႏုိင္ငံျခားေငြေရာင္းေပးတာေတြ၊ ျပည္ပပို႔ကုန္ ရေငြမ်ား အခ်ိန္မီ ျပန္လည္ဝင္ေရာက္ေအာင္ ေဆာင္ရြက္ေပးတာေတြ။ ပို႔ကုန္ရေငြမ်ား လက္ဝယ္ကိုင္ေဆာင္မႈမ်ားကို အခ်ိန္ကာလသတ္မွတ္ျခင္းနဲ႔ ပို႔ကုန္ျမွင့္တင္ေရး ေဆာင္ရြက္ျခင္းနည္းလမ္းေတြနဲ႔ ေဆာင္ရြက္လွ်က္ရွိပါတယ္။ မေန႔ကလည္း ဗဟိုေကာ္မတီအစည္းအေဝးေပါ့-က်င္းပခဲ့ၿပီး ေဆာင္ရြက္လွ်က္လည္းရွိတယ္။

...ဒီေနရာမွာ က်ေနာ္ေျပာလိုတာကေတာ့ တခ်ဳိ႕လည္း ေျပာတာရွိပါတယ္။ မွန္ပါတယ္။ ဒီ ဗဟိုဘဏ္ကေန ထုတ္ေရာင္းေနတဲ့ ေဒၚလာေတြဟာ ျပည္တြင္းလိုအပ္ခ်က္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ျပည္တြင္းလိုအပ္ခ်က္မွာ လိုအပ္သေလာက္ ျဖည့္ဆီးမေပးႏုိင္ဘူးဆိုတာလည္း ရွိပါတယ္။ ဒါလည္း အျဖစ္မွန္တခုပါ။”

စီးပြားေရးအေျခအေနနဲ႔ ပတ္သက္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာသြားတာပါ။

တိုက္႐ိုက္ လင့္ခ္


======

Unicode

စီးပွားရေးကျဆင်းမှု "လက်ရှိအစိုးရ" ပဲတာဝန်ယူရမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို

လက်ရှိတိုင်းပြည်စီးပွားရေး ယိုယွင်းကျဆင်းနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက “အခုလက်ရှိအစိုးရကပဲ တာဝန်ယူရမှာဖြစ်တယ်လို့” ပြောသွားပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားတာနဲ့ ပတ်သက်လို့ ကိုယ်တိုင်သတင်းသွား ယူခဲ့တဲ့ ကိုစည်သူကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့။ ကိုစည်သူ၊ ဒီနေ့ ကိုစည်သူက စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တယ်၊ စစ်ကောင်စီဘက်ကလည်း အကြောင်းအရာတွေ တော်တော်များများကို ရှင်းလင်းပြောကြားခဲ့တယ်ဆိုောတ့ ဒီထဲမှာ ကျနော်တို့ အရင်ဆုံးစမေးချင်တာကတော့ စီးပွါးရေးကိစ္စပေါ့နော်။ လက်ရှိတိုင်းပြည်ရဲ့စီးပွါးရေးအခြေအနေက တော်တော်လေးကိုလည်း ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ စီးပါွးရေးလုပ်ငန်းတွေလည်း ပျက်တယ်။ အရောင်းအဝယ်တွေ မရှိတာတို့၊ ဘာတို့ အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ဒီအခြေအနေကို ပြန်ကောင်းလာအောင် စစ်ကောင်စီဘက်က ဘာတွေလုပ်မယ်လို့ ပြောထားတာရှိပါသလဲ။

ကိုစည်သူ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပမီဒီယာတွေကို ဖိတ်တယ်။ အဓိက ကတော့ သူတို့လုပ်ဆောင်ချက်တွေကို ရှင်းပြ၊ ပြောပြတာပေါ့နော်။ အဲဒီထဲမှာ သတင်းထောက်တွေ သိလိုတဲ့မေးခွန်းတွေကို မေးတော့ အထူးသဖြင့်တော့ စီးပွါးရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေ တော်တော်များများ အမေးခံရတယ်။ ကျနော်တို့အပါအဝင် မေးကြပါတယ်။ အဲလိုမေးတဲ့အခါမျိုးမှာ စီးပွါးရေးနဲ့ပတ်သက်လု့ိ သူတို့ လုပ်နိုင်သမျှ နည်းလမ်းတွေကို ကြိုးစားနေတယ်ဆိုတဲ့အကြောင်း သူတို့ ပြောတယ်။

...အဓိက ကတော့ ကိုဗစ်ကြောင့် ပျက်စီးယိုယွင်းလာတဲ့စီးပွါးရေးတွေက အခုအချိန်မှာ တော်တော်လေး ဆုတ်ယုတ်တဲ့အနေအထားကို ရောက်နေပြီဆိုတဲ့အကြောင်း သူတို့ ဝန်ခံတယ်။ စစ်ကောင်စီပြောခွင့်ရကိုယ်တိုင် ဝန်ခံတယ်ပေါ့နော်။ ပြီးတော့ တိုင်းပြည်ရဲ့အခြေအနေဆုတ်ယုတ်မှုဟာ ဘယ်လိုပဲ ဖြစ်လာ ဖြစ်လာ၊ လက်ရှိ တာဝန်ရှိနေတဲ့ အစိုးရက တာဝန်ခံရမယ်ဆိုတာကိုလည်း ကောင်းကောင်း သဘောပေါက်နားလည်တယ်ဆိုတဲ့အကြောင်းကို သူက အခုလို ပြောတယ်ဗျ။

“စီးပွါးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျတော့ ကိုယ်ကျွမ်းကျင်တဲ့ဘာသာရပ်တော့ မဟုတ်ပါဘူး။ သို့သော်...လေ့လာတာပေါ့နော်။ လေ့လာတဲ့အခါမှာ မှန်ပါတယ်။ အခုနကပြောသလို တိုင်းပြည်ရဲ့စီးပွါးရေးကျဆင်းခြင်းကတော့ တိုင်းပြည်ရဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းကာလကတည်းက ဖြစ်နေတာပေါ့လေ။ သို့သော် ဒီအချိန်မှာ ပိုပြီး ဆိုးလာတယ်။ နိုင်ငံရေး ထိုးနှက်ချက်တွေလည်း ပါပါတယ်။ နိုင်ငံရေးထိုးနှက်ချက်လည်းပါတယ်။ဒိပြင် ပြည်သူလူထုတရပ်လုံးလည်း သိပြီးသားဖြစ်မှာပါ။ နိုင်ငံခြားမှာ ငွေတွေရောက်ရှိနေတာလည်း ပါတယ်။ ဒါတွေလည်း ပါနိုင်ကောင်း ပါနိုင်တယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အခု လက်ရှိတာဝန်ယူထားတဲ့ အစိုးရကပဲ တာဝန်ယူရမှာပဲ။

...အခုနကပြောသလို မှန်ပါတယ်။ အဓိက ကတော့ ကျနော်တို့မှည့်နေတာကြာပြီ။ မှည့်နေတာလည်းကြာပြီ။ ကြွေကျခါနီးလည်းဖြစ်နေပြီ။ ကြွေကျတာကတော့ ဒီအစိုးရလက်ထက်မှာ ကြွေကျတာပေါ့လေ။

..ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ပြောတဲ့စကားအတိုင်းပဲ။ ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ၊ ကိုယ့်လက်ထဲမှာကြွေကျတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဖာသာကိုယ် ပြန်ကောက်ပြီးတော့ ပြန်လည်ထူထောင်အောင်တော့ လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးမယ်လို့ ကျနော် ပြောချင်ပါတယ်။”

ကိုရန်နိုင်။ ။ နောက်တခုက လက်ရှိအခြေအနေမှာပေါ့နော်-အမေရိကန်ဒေါ်လာနဲ့ ငွေလဲလှယ်တဲ့နေရာမှာ မြန်မာကျပ်ငွေတန်ဖိုးက တော်တော်လေး ကျနေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော စစ်ကောင်စီဘက်က ဘယ်လိုမြင်ထားမယ်၊ ဒီအခြေအနေကို ကုစားဖို့ကိုရော စစ်ကောင်စီဘက်က ဘာတွေလုပ်နေတယ်လို့ရော ပြောလဲဗျ။”

ကိုစည်သူ။ ။ အဲဒီကိစ္စမှာလည်း သူတို့ပြောတာရှိပါတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့ တိုင်းပြည်ရဲ့စီးပွါးရေး ကျဆင်းလာတဲ့အခါမှာ ဒေါ်လာငွေဈေးနဲ့ဆက်စပ်တဲ့ မြန်မာငွေဈေးကျတယ်။ ဒါကြောင့် ရိုက်ခတ်မှုအနေနဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတယ်။ အဲဒါတွေကို သူတို့ ဖြေရှင်းနေတယ်ဆိုတဲ့အကြောင်းပြောတယ်။ အဓိကက အဲဒီမှာလည်း ဝန်ခံချက်တခုက ဈေးကွက်ထဲမှာ ဒေါ်လာ လိုငွေပြတာကို ဗဟိုဘဏ်က ဒေါ်လာ တွေကို ထုတ်ရောင်းတဲ့စနစ်နဲ့ဖြေရှင်းတယ်။ သို့သော် ဈေးကွက်ထဲမှာ တကယ်လိုတဲ့ဒေါ်လာကိုတော့ သူတို့ လုံလောက်အောင် မရောင်းနိုင်ဘူးဆိုတာကိုတော့ ဒီဟာ-ဟာ အဖြစ်မှန်တခုဖြစ်ကြောင်း ဝန်ခံပြီး ရေရှည်၊ ရေတို သူတို့လုပ်နိုင်သလောက် အစီအစဉ်တွေချမှတ်ပြီး လုပ်နေတယ်ဆိုတာကို အခုလို ပြောတယ်ခင်ဗျ။

“ဒေါ်လာဈေးမြင့်တက်လာတာနဲ့ပတ်သက်ပြီး နိုင်ငံတော်ဗဟိုဘဏ်ကနေပြီး နိုင်ငံခြားငွေရောင်းပေးတာတွေ၊ ပြည်ပပို့ကုန် ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်အောင် ဆောင်ရွက်ပေးတာတွေ။ ပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်မှုများကို အချိန်ကာလသတ်မှတ်ခြင်းနဲ့ ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ခြင်းနည်းလမ်းတွေနဲ့ ဆောင်ရွက်လျှက်ရှိပါတယ်။ မနေ့ကလည်း ဗဟိုကော်မတီအစည်းအဝေးပေါ့-ကျင်းပခဲ့ပြီး ဆောင်ရွက်လျှက်လည်းရှိတယ်။

...ဒီနေရာမှာ ကျနော်ပြောလိုတာကတော့ တချို့လည်း ပြောတာရှိပါတယ်။ မှန်ပါတယ်။ ဒီ ဗဟိုဘဏ်ကနေ ထုတ်ရောင်းနေတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းလိုအပ်ချက်မှာ လိုအပ်သလောက် ဖြည့်ဆီးမပေးနိုင်ဘူးဆိုတာလည်း ရှိပါတယ်။ ဒါလည်း အဖြစ်မှန်တခုပါ။”

စီးပွားရေးအခြေအနေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသွားတာပါ။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #MyanmarEconomy #voaburmese #စစ်အာဏာသိမ်းမှု #မြန်မာ့စီးပွားရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG